Saturday, 18 December 2010 12:01 ဒေါက်တာဖေမြတ်ဝင်း
ဒေါက်တာဖေမြတ်ဝင်း၏ ၀ိညာဉ်ရေးမှတ်တမ်းများ စာအုပ် အခန်း(၁၁) တွင် ကွန်ဂိုနိုင်ငံ (ဇိုင်ယာနိုင်ငံ) ၌ ၁၉၉၆-၉၇ တစ်နှစ်တာ သာသနာပြု ဆေးရုံခွဲစိတ်ဆရာဝန်အဖြစ် ထမ်းဆာင်ခဲ့သော မှတ်တမ်းဖြစ်ပါသည်။
ဇိုင်ယာနိုင်ငံသားများသည် အလွန်ဆင်းရဲကြပြီး (မြန်မာပြည်ထက် ဆင်းရဲ၊ချို့တဲ့လှသည်)၊ လူမျိုးစုများစွာနှင့် တိုက်ခိုက်အာဏာလုနေကြသည် များပါသည်။ ဆရာဖေမြတ်ဝင်း အမေရိကန်သာသနာပြုအသင်းနှင့် ၁၃နှစ်တာ အာဖရိက သာသနာပြု ဆရာဝန်အဖြစ် ထမ်းဆောင်ခဲ့စဉ်က နိုင်ငံများစွာရောက်ရှိခဲ့ပါသည်။ အာရှ၊ အမေရိက၊ ဥရောပနိုင်ငံများနှင့် အထူးသဖြင့် အာဖရိကတွင် သယံဇာတကြွယ်ဝသော်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ကွန်ဂို(ဇိုင်ယာ)၊ ချမ်းသာကြွယ်ဝသော တောာင်အဖရိကနိုင်ငံ စသည်တို့ဖြစ်သည်။
ယခု ဇိုင်ယာနိုင်ငံ တစ်နှစ်တာမှာလည်း ၃၅နှစ်တာ အာဏာရှင်အုပ်ချုပ်နေသော သမ္မတမိုဘူတူအား စစ်အင်အားဖြင့်ပြန်လည် တိုက်ခိုက်ဖြုတ်ချ၊ လိုက်သော အချိန်တွင် ဆရာဖေမြတ်ဝင်း ထိုနိုင်ငံတွင် ရောက်ရှိနေပါသည်။ စစ်အစိုးရဟောင်း၊ အာဏာရှင်မိုဘိုတူ ထွက်ပြေးပြီး စစ်အစိုးရသစ် တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်တိုက်ခိုက်စဉ် ၂ဖက်ကြားညှပ်နေသော ချောင်ပိတ်မိနေသည့် ဘ၀ဖြစ်ပါသည်။ ဘုရားရှင်နှင့်သာ အလိုတော်အတိုင်း လက်ခံဆုတောင်း၊ လုပ်ဆောင်မှုများဖြစ်ပါသည်။
ဆရာရေးထားသည်မှ အချို့ ... မြန်မာပြည်ထက် ၃ဆကျယ်ဝန်းပြီး လူဦးရေမှာ ဆတူမျှရှိသည်။ သယံဇာတကြွယ်ဝပြီး ကမ္ဘာပေါ်တွင် လျှင်စစ်အများဆုံးထုတ်နိုင်သော ရေအား ရှိပါသည်။ Belgium Congo ဟု လူသိများသော ပြင်သစ်စကားပြော ခရစ်ယာန်နိုင်ငံ (၇၅ရာနုန်း - ရိုမင်ကကက်သလစ် ၅၀%၊ ပရိုတက်စတင့် ၂၅%၊ မူဆလင် ၁၀%၊ အခြားယုံကြည်သူ ၁၅%) တွင် စစ်ဗိုလ်ချု့ မိုဘူတူ Mobutu အာဏာရရှိပြီး ဇိုင်ယာ Zaire ဟု အမည်ပြောင်းလိုက်ပါသည်။ သူအုပ်စိုးခဲ့သော ၃၅နှစ် အတွင်း နိုင်ငံ၏ ပြောင်းလဲမှုများကို အကောင်းရှာပြရန် မှန်ဘီလူးနှင့် ရှာရမလိုဖြစ်နေပါသည်။ ဇိုင်ယာသည် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဖြစ် ပြောင်းလဲရပြီး မိုဘူတူမှာ ကမ္ဘာအချမ်းသာဆုံးစာရင်းဝင် ဖြစ်သွားပါသည်။ ထို့ကြောင့် သူ့ကို မည်သူမှ မချစ်ကြပါ။ သူပြုတ်ကျမည့်နေ့ကိုသာ တမ်းတနေပါသည် ... ဟုရေးထားပါသည်။ စစ်ဗိုလ်ချုပ်မိုဘူတိုသည် နိုင်ငံငွေစက္ကူတွင် သူ့ရုပ်ပုံထည့်သွင်းသည်အထိ ဘုရင်ပုံစံ အာဏာရှင်ဖြစ်ခဲ့သည်။ ကမ္ဘာကျော် မိုဟာမက်အလီနှင် ဂျော့ခ်ျဖိုမန် လက်ဝှေ့ဗိုလ်လုပွဲကြီးကိုလဲ ငွေကုန်ခံကျင်းပပြီး သြဇာအာဏာကြီးအောင်လုပ်ခဲ့သည်။ ၁၉၉၇ခုနှစ် ဖြုတ်ချခံရပြီးနောက် နိုင်ငံမှထွက်ပြေးပြီး ထိုနှစ်မှာပင် ကင်ဆာရောဂါခံစားပြီး သေဆုံးခဲ့သည်။ နောက်အစိုးရ အသစ်က နိုင်ငံကို မူလအမည် ကွန်ဂိုဟု ပြန်လည်ပြောင်းလဲပစ်လိုက်သည်။
စစ်အာဏာရှင် နှစ်ဖွဲ့၏ တိုက်ခိုက်မှုများကြားတွင် ခရစ်ယာန်အချင်းချင်းဖြစ်ပါလျှက် သာသနာပြုများကို အနိုင်ကျင့်ခံရခြင်း၊ သာသနာပြုများသည် နိုင်ငံမှ ထွက်မပြေးပဲ ဘုရားအားကိုးနှင့် ရင်ဆိုင်ခြင်း၊ အထူးသဖြင့် ဗီယက်နမ်စစ်အတွေ့အကြုံရှိသော အံ့သြဘွယ် ဂျာမာန်သာသနာပြု ၀န်ထမ်းများမှ ပိုမိုတည်ငြိမ်၊ ခံနိုင်စွမ်းရှိကြောင်း ... ရေးသားထားပါသည်။
မေတ္တာတမန် မဂ္ဂဇင်းတွင် လစဉ်ဖေါ်ပြခဲ့သော ဆောင်းပါးများကို စုစည်းပြီး စာအုပ်ထုတ်ဝေခဲ့ပါသည်။ မူရင်းစာအုပ်ကို ရန်ကုန်တွင် ၀ယ်ယူနိုင်ပါသည်။
သမ္မာတရားလမ်းသို့ ဦးစွာလမ်းညွှန်ပေး၍ ထိုတရားလမ်းအတိုင်း လျှောက်ခဲ့သော မိဘနှစ်ပါးအတွက် - ယေရှုက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ (ယော ၁၄း၆)
Jesus said ... I am the Way, the Truth and the Life (John 14:6)
အောက်ပါလင့်မှာ အခန်း (၁၁) - အာဖရိက ၁၂နှစ်ခရီးစဉ်မှ တနှစ်တာ ဇိုင်ယာနိုင်ငံ ၀ိညာဉ်ရေးအတွေ့အကြုံဖြစ်ပါသည်။ ဒေါင်းလုပ်ဖတ်ရှုနိုင်ပါသည်။
http://murann.com/ebooks/11.dr.pe.myint.win.pdf (8Mb)
http://www.murann.com/ezine/index.php?option=com_content&view=article&id=375:2010-12-18-04-13-41&catid=1:spiritual&Itemid=2

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။