Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 22, 2012

စာပန်းတောထဲ မျောကြည်ြ့ခင်း (အမေရိကန် အကျဉ်းသားများ၏ ကျန်းမာရေး)


အမေရိကန် အကျဉ်းသားများ၏ ကျန်းမာရေး
                       အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့၊ ရေဂင်အမျိုးသားလေဆိပ်အ၀င်ဝမှာ ဆန္ဒပြပွဲတစ်ခုဖြစ်သည်။ ဆန္ဒပြသူတွေက အမေရိကန် လွတ်လပ်ရေးရုပ်တုပုံနှင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်များပေါ်မှာ
 `ကမ္ဘာ့လူဦးရေ ၅ ရာခိုင်နှုန်း၊ ကမ္ဘာ့အကျဉ်းသားဦးရေ ၂၅ ရာခိုင်နှုန်းတို့ နေထိုင်ရာမြေ သို့မဟုတ် အမေရိကန်မှ ကြိုဆိုပါ၏။ ´ ဟုရေးထားသည်။ ဟုတ်တော့လည်း ဟုတ်သည်။
လူ့အခွင့်အရေးကို အရေးပေးသည့် အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့အကြီးဆုံးအကျဉ်းထောင် စနစ်ရှိနေခြင်းက နည်းနည်းတော့ဆန်းသည်။ လူဦးရေတစ်သိန်းလျှင် အချုပ်ထဲရောက်နေသူက ၇၅၄ ယောက်ရှိသည်။
                      ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံကြီးက သူ့နိုင်ငံသား အတော်များများကို အကျဉ်းထောင်ထဲ ထည့်ထားခြင်းမှာ ငွေကြေးချမ်းသာလို့ ၊ တတ်နိုင်လို့ မဟုတ်တာတော့သေချာသည်။ တကယ်လည်း သူတို့ဆီက အကျဉ်းထောင်များမှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ ရှိနေသည်။ အမေရိကန်အကျဉ်းသားများ၏ ထက်ဝက်လောက်မှာ စိတ်ပိုင်းဆိုင်ရာနှင့် ဆေးဝါးစွဲလမ်းမှုဆိုင်ရာ ပြဿနာတွေ ရှိနေသည်။ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ စုပုံနေခြင်းက ကယ်
လီဖိုးနီးယားပြည်နယ်မှာ အဆိုးဆုံး။ ၂၀၁၁ ခုနှစ်၊ မေလမှာ အမေရိကန်တရားလွှတ်တော်ချူပ်က ကယ်လီဖိုးနီးယားတရားရုံး၏ အကျဉ်းသား ၄၆၀၀၀ လွှတ်ပေးရန် အမိန့်ချခြင်းကို ထောက်ခံခဲ့သည်။တရားရုံး၏ အမိန့်မှာ `ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အကျဉ်းသားတစ်ယောက်၏ အခြေခံအခွင့်အရေးမရနိုင်သည့် အကျဉ်းထောင်ဟူသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းနှင့် မသင့်လျော်ချေ´ ဟု ရေးထားသည်။
                      အမေရိကန်တို့မှာ စစ်ကြေငြာပြီး တိုက်ပွဲဆင်နေရသည့် တိုက်ပွဲနှစ်ခုရှိသည်။ တစ်ခုက အကြမ်းဖက်သမားများနှင့် ဖြစ်ရသည့်စစ်ပွဲ (War on Terror )၊ နောက်တစ်ခုက မူးယစ်ဆေးဝါးနှင့် ဖြစ်ရသည့် စစ်ပွဲ ( War on Drugs) ။
 အမေရိကန် အကျဉ်းထောင်များထဲမှာ အေအိုင်ဒီအက်စ် ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့် ပြဿနာတစ်ရပ်ဖြစ်နေသည်။
ထို ပြဿနာ၏ နောက်ခံအကြောင်းရင်းက မူးယစ်ဆေးဝါးများကို အကြောထဲ ထိုးသွင်းခြင်းကြောင့် ဖြစ်သည်။ ထိုထိုသောအကြောင်းအရာများကို အသေးစိတ်ခြယ်မှုန်းထားသည့်စာအုပ်တစ်အုပ် ၂၀၁၁ ခုနှစ်တွင် ထွက်ရှိလာသည်။ စာအုပ်အမည်ကထောင်ထဲက ပလိပ်ရောဂါ သို့မဟုတ် အမေရိက၏ ကြောက်မက်ဖွယ်ကပ်ရောဂါဆိုး (A Plague of Prisons: The Epidemiology of Mass Incarceration in America ) ဖြစ်သည်။ စာရေးသူ ပါမောက္ခအန်နက်စ်ဒ်ရပ်ကာမှာ စိတ်ပညာ ပါရဂူတစ်ဦးဖြစ်သည်။
                    ၁၉၇၃ ခုနှစ်မှ စ၍ ယခုအချိန်အထိ အမေရိကန်တရားရုံးများမှ မူးယစ်ဆေးဝါးနှင့် ပက်သက်ပြီး ထောင်သွင်းအကျဉ်းကျခံရသူဦးရေမှာ ၁၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ အမေရိကန်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသလို နိုင်ငံသားများ၏ တစ်ဦးချင်း အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် ပက်သက်လာလျှင် ပြင်းပြင်းထန်ထန်အရေးယူ
ခြင်းတို့ကြောင့် မူးယစ်ဆေးဝါးမှုဖြင့် ထောင်သွင်းအကျဉ်းကျခံနေရသူများလာခြင်းဖြစ်သည်။
                    စာရေးသူက အမေရိကန်ပြည်ထောင်စု၏ အကျဉ်းသား သို့မဟုတ် ပြစ်ဒဏ်ကျခံနေရသူ ဦးရေ တစ်ဟုန်ထိုးများပြားနေခြင်းသည် ကပ်ရောဂါတစ်ခုနှယ်ဖြစ်သည် ဟု ဆိုသည်။ လက်ရှိအမေရိကန်ပြည်ထောင်စု၏ တရားစီရင်မှုစနစ်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံနေရသူ ၇.၃ သန်းရှိသည်။ ထောင်ကျခံနေရသူ ၂.၃ သန်း၊ ပြစ်ဒဏ်များကျခံပြီးသော်
ငြား စောင့်ကြည့်ခံနေရသူ ၈သိန်း၊ လူဆိုးစာရင်းဝင်အဖြစ် သတ်မှတ်ခံနေရပြီး စောင့်ကြည့်ခြင်းခံနေရ သူပေါင်း ၄.၂သန်း ရှိနေသည်။ တစ်နှစ်လျှင် အဖမ်းဆီးခံနေရသူ အမေရိကန်နိုင်ငံသား ဆယ်သန်း၊ ထိုအထဲမှာ ပြစ်မှုကျူးလွန်သဖြင့် ထောင်ချခံလိုက်ရသူက ခြောက်သိန်း၊ ပြစ်မှုကျခံပြီး ပြန်လည် လွတ်မြောက် သူက ခုနှစ်သိန်း၊ ထိုခုနှစ်သိန်း၏ ၆၇ ရာခိုင်နှုန်းက ပြစ်မှုပြန်လည်ကျူးလွန်သဖြင့် ပြန်လည်ဖမ်းဆီးခံရသည်။
                   နောက် ထူးခြားချက်တစ်ခုက အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့မှ တားမြစ်စစ်ဆေးခြင်း ခံရသူအများစုမှာလူမည်းနှင့်ဆင်းရဲသားများ အများဆုံးဖြစ်နေသည့် အချက်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် နယူးယောက်ရဲတပ်ဖွဲ့မှ လူခြောက်သိန်းကို စစ်ဆေးထိန်းသိမ်းခဲ့ရာ ၈၄ ရာခိုင်နှုန်းမှာ လူမည်းနှင့် စပိန်နွယ် ဖွားများသာ ဖြစ်နေလေသည်။
                    စာရေးသူက အကျဉ်းသားများလျှော့ချရေးကို ပြည်သူ့ကျန်းမာရေးရာ ရှုထောင့်အမြင်မှ တင်ပြသွားသည်။ အကျဉ်းသားတွေ များမလာစေရန် အမှုအခင်းတွေ မဖြစ်ပွားရအောင် ကြိုတင်ကာကွယ် ပေးကြရမည်။ (Primary Prevention) မူးယစ်ဆေးဝါးအမှုအခင်းများကိုရာဇ၀တ်မှု၊ ဥပဒေဖြင့် ကိုင်တွယ် အရေးယူမည့်အစား ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ် ရှုမြင်ကာ ပညာပေးခြင်း၊ မူးယစ်ဆေးစွဲသူများကို ကုသပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေပေးခြင်း စသည်တို့ဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို လျှော့ချပေးရမည်ဖြစ်ကြောင်း ရပ်ကာကအကြံပြုထားသည်။ အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူများကိုလည်း အိမ်ရာထူထောင်ပေးခြင်း၊ အလုပ်အကိုင်များ ရှာဖွေပေးခြင်း စသည်တို့ ပြုလုပ်ပေးကြရမည်။
                အမေရိကန် အကျဉ်းထောင်များထဲမှာ လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အစုအပြုံလိုက်လူ သတ်မှု စသည့် ဖြစ်ရိုးဖြစ်စဉ်အမှုများရှိသလို ဂွန်တာနာမို အကျဉ်းထောင်ကဲ့သို့သော ရေရေရာရာ ပြစ်မှုဖော်ပြခြင်းမရှိသည့် အကျဉ်းစခန်းများလည်းရှိနေသည်။ ထို အကျဉ်းစခန်းများမှာ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းက ပိုမိုဆိုးရွားသည့် အခြေအနေများကိုသာ ဦးတည်နိုင်ကြောင်း စာရေးသူ `ရပ်ကာ´ က တင်ပြသွားပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။