Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

အနမ်းဋီကာ

ရှေးတုန်းက အီဂျစ်လူမျိုးတွေဟာ နှုတ်ခမ်းချင်း နမ်းတာကို မပြုကြပါဘူး။ နှုတ်ခမ်းအစား နှာခေါင်းကိုပဲ နမ်းကြပါတယ်။ အရင်တုန်းက ရောမတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်ဇနီးနဲ့ ညဘက်အိပ်ရာဝင်ခါနီးကျရင် နမ်းတာကို လေ့ကျင့်ခန်းတစ်ခုသဖွယ် ပြုလုပ်လေ့ရှိကြတယ်။ တခြား ဘယ်သူတွေကကော ဘယ်လို နမ်းကြပါသလဲ။ အနောက်နိုင်ငံမှာ အမျိုးသမီး တစ်ယောက်ဟာ အိမ်ထောင်မကျခင် ယောက်ျား ၇၉ ယောက်နဲ့ နမ်းခဲ့ဖူးပြီးသွားပြီလို့ စစ်တမ်း တွေ့ရှိရတယ်။ တချို့ သီအိုရီတွေအရ ကိုယ့်နဲ့ဆံပင် အရောင်အသွေးတူတဲ့သူနဲ့ နမ်းတဲ့အခါမှာ ပိုပြီး အနမ်းဟာ ချိုမြိန်တယ်လို့ တွေ့ရတယ်။ လေးစားအံ့သြတဲ့ လူတစ်ယောက် ရှိသေးတယ်။ အဲဒီသူကတော့ အဲလ်ဖရက်ဝိုလ်ဖ်မန်တဲ့၊ နယူးဘရိုက်တန်ကပဲ။ ရှစ်နာရီအတွင်းမှာ လူပေါင်း အယောက် ၈၀၀၁ ယောက်ကို နမ်းခဲ့တာတဲ့။ တစ်မိနစ်ကို လူရှစ်ယောက်နှုန်းနဲ့ နမ်းသွားတာ ဘယ်လိုများနမ်းသွားလည်း မတွေးတတ်အောင်ပဲ။ ကြည့်ရတာ မွေးကတည်းက လေ့ကျင့်ခဲ့ပုံရတယ်။ ဒီလိုထူးထွေဆန်းပြားတဲ့ အနမ်းအကြောင်းကို သုတရစေဖို့ ဒီတစ်ပတ်မှာ ဖော်ပြလိုက်ရပါတယ်။

ဖလိုင်းကစ်စ်
ဒါကတော့ ငယ်စဉ်တောင်ကျေး အရွယ်ကတည်းက သိလာခဲ့တဲ့ အနမ်းလေး ဖြစ်ပါတယ်။ နှုတ်ခမ်းရှေ့မှာ လက်ဖဝါးလေးဖြန့်ပြီး မှုတ်ထုတ်တဲ့ပုံစံနဲ့ နမ်းတဲ့ ဘတ်တာဖလိုင်းကစ်စ်လေး ဖြစ်ပါတယ်။
ပါးနမ်း
ဒါကတော့ ရင်းနှီးခင်မင်မှုကိုပြတဲ့ အနမ်းပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနဲ့ ပါးပြင်ကို ကြမ်းတိုက်ခြင်းပဲ ဖြစ်ပါတယ်။
နားသန်သီး
နားသန်သီးကို ချိုချဉ်စုပ်သလိုနမ်းတဲ့ အနမ်းဖြစ်ပါတယ်။
အက်စကီးမိုးအနမ်း
နှာခေါင်းချင်းပွတ်သပ်ပြီး နမ်းတဲ့အနမ်း ဖြစ်ပါတယ်။ ဒီနည်းကို လူအတော်များများက ကလေးကလား အလုပ်လုပ်တယ်လို့ ယူဆထားကြပါတယ်။
နဖူးအနမ်း
မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ အေးမြတဲ့ မေတ္တာကို ထုတ်ဖော်ပြသတဲ့ အဖြစ် နမ်းလေ့ ရှိပါတယ်။ သူငယ်ချင်း ခင်မင်မှုသဘောမျိုးလည်း အဓိပ္ပါယ် ရပါတယ်။
ပြင်သစ်အနမ်း
ပြင်သစ်အနမ်းလို ပြင်းရှရှလေး နမ်းတဲ့အခါမှာ မျက်နှာပြင် ကြွက်သား ၃၄ ခု လှုပ်ရှား ပေးရပါတယ်။ ဒီပြင်သစ် အနမ်းဆိုတဲ့ ဝေါဟာရဟာ ၁၉၂၃ခုနှစ်မှာမှ အင်္ဂလိပ် စာပေထဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြင်သစ်အလိုအရ ဒီအနမ်းဟာ ဝိဥာဉ်အနမ်း၊ သေသေချာချာ မှန်မှန်ကန်ကန် နမ်းမယ်ဆိုရင် အတွင်းစိတ်နှစ်ခု ဆက်သွယ်နိုင်ပြီး ပေါင်းစပ်နိုင်တယ်တဲ့။
သစ်သီးအနမ်း
သစ်သီး (ဥပမာ-စတော်ဘယ်ရီ) တစ်လုံးကို ကြားထားပြီး နှုတ်ခမ်းချင်း ဂဟေဆက်တဲ့ အနမ်းဖြစ်ပါတယ်။ သစ်သီးကို တစ်ဖက် နှုတ်ခမ်းထဲရောက်လိုက်၊ ကိုယ့်နှုတ်ခမ်းထဲ ရောက်လိုက် ဆော့တဲ့ ချစ်သူ့ကစားနည်းလည်း ဖြစ်ပါတယ်။
လက်အနမ်း
ဒီအနမ်းကိုတော့ ခါးပါညွှတ်ပြီးမိတ်ဆက်၊ အသိအမှတ်ပြုတဲ့ အနေနဲ့ သမိုင်းမှာ နမ်းလေ့ရှိခဲ့ကြပါတယ်။
စာအိတ်အနမ်း
စာအိတ်ထဲမှာ စာရေးပြီးအောက်ဆုံးမှာ xxx ဆိုပြီး အနမ်းသင်္ကေတထည့်ကာ နမ်းတဲ့ အနမ်းမျိုး ဖြစ်ပါတယ်။
ဖော်ပြပါ အနမ်းများအပြင် တခြားအနမ်းပေါင်းမြောက်များစွာ ရှိပါသေးတယ်။ အနမ်းလိမ် လျှပ်တပြက်အနမ်း လေဟာနယ်အနမ်း စတာတွေ ဖြစ်ပါတယ်။ တခြား ရာသီခွင်အလိုက် နမ်းတတ်တဲ့ အနမ်းများလည်း ရပါသေးတယ်။ တူရာသီက ဘယ်လို၊ မိန်ရာသီက ဘယ်လို စသဖြင့် နမ်းလေ့ရှိတတ်တဲ့ ရာသီခွင်အလိုက် နမ်းပုံများပဲ ဖြစ်ပါတယ်။
အနမ်းနဲ့ ပတ်သက်သော ရောဂါများ
အနမ်းကို သိပံ္ပအခေါ်အဝေါ်အရ “Philematology” လို့ ခေါ်တယ်။ နမ်းတာကို ကြောက်တဲ့ရောဂါလိုလို တစ်မျိုးလည်း ရှိသေးတယ်။ အနမ်းကြောက်စိတ်ပေါ့။ Philemaphobia လို့ ခေါ်ပါတယ်။
ကျန်းမာရေး
အနမ်းဟာ သွားကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ နမ်းတော့မယ့် အချိန်မှာ ခံတွင်းဟာ တံတွေးနဲ့ စိုစွတ်လာပြီး သွားသန့်ရှင်းရေးကို အကျိုးပြုစေပါတယ်။ နှုတ်ခမ်းဟာ လက်ဖျားထိပ်လေးတွေထက် အဆ ၁၀၀ တောင် ပိုပြီး ထိတွေ့ ခံစားလွယ်တယ်။ ပြင်းရှရှ အနမ်းဟာ တစ်မိနစ်ကို ၆.၄ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။ ဒါဟာ လေးမိနစ်၊ ငါးမိနစ်စာ လမ်းလျှောက်လို့ ကုန်ဆုံးတဲ့ ကယ်လိုရီ ပမာဏာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒါနဲ့ ဆက်စပ်နေတဲ့ဟာကတော့ ပရိသတ်ကြီးလည်း အသိဖြစ်မှာပါ။ အိမ်ကနေ အလုပ်ကိုသွားခါနီး အိမ်ရှင်မကို နမ်းပြီးမှသွားတဲ့ သူတွေဟာ မနမ်းဘဲ သွားတဲ့ သူတွေထက် ဝင်ငွေ ပိုကောင်းတာ တွေ့ရှိရတယ်တဲ့။ အလေ့အထ ကောင်းလေးမို့ လက်မတို့တော့ဘူး။
ထူးထွေဆန်းလာ အနမ်းဥပဒေများ
အင်ဒီယန်းနားမှာ နှုတ်ခမ်းမွှေးနဲ့ နမ်းခြင်းဟာ တရားမဝင်ဘူးတဲ့။ ဟာတ့်ဖိုဒ်မှာတော့ တနင်္ဂနွေနေ့မှာ ကိုယ့်မိန်းမ အိမ်ထောင်ဖက်ကို နမ်းတာ တရားမဝင်ဘူးတဲ့။ ၁၆ရာစုတုန်းက အီတလီနိုင်ငံနယ်ပယ်မှာ နမ်းတာဟာ သေဒဏ် ပေးနိုင်လောက်အောင် အပြစ်ကြီးတယ်။ အဲဒီတုန်းက အီတလီမှာ လူသွားမဖြစ်တာ ကံကောင်းတယ်လို့ ဆိုရမယ်။ ဒီတစ်ပတ်ဒီမျှနဲ့သာ….
မေနဒီ
http://www.delodelo.com/news/articles/%e1%80%a1%e1%80%94%e1%80%99%e1%80%b9%e1%80%b8%e1%80%8b%e1%80%ae%e1%80%80%e1%80%ac/ မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။