“I take great pride in and highly appreciate the fact
that our people have overcome the ordeals of history and displayed to the full
the heroic mettle of the revolutionary people and the indomitable spirit of
chuch’e Korea, firmly united behind the party…. No difficulty is insurmountable
nor is any fortress impregnablefor us when our party leads the people with the
ever-victorious chuch’e-oriented strategy and tactics and when all the people
turn out as one under the party s leadership.”
—Kim II Sungချူချဲ ဟုအမည်ရသောယုံကြည်ခြင်း အကြောင်းကို သိရှိသူ အလွန်နည်းလှမည်ဟုထင်ပါသည်။ အမှန်တကယ်တော့ ဘာသာရေးအဖွဲ့တစ်ခုအနေနှင့် ယူဆရန်လည်းခပ်ခက်ခက်ပင်ဖြစ်သည်။ မည်သို့ဆိုစေ ကမ္ဘာ့ဘာသာရေး အဖွဲ့ကြီးများကိုလေ့လာသူပညာရှင်များအနေနှင့် ဤအဖွဲ့ကိုလည်း ဘာသာရေးအဖွဲ့ကြီးတစ်ခုအနေနှင့် အသိအမှတ်ပြုလေ့လာအကဲခတ်ကြသည့်အပြင်၊ ကျွန်ုပ်တို့၏စိတ်ဆန္ဒရှိရာ အရပ်သည် ကျွန်ုပ်တို့ကိုးကွယ်ရာဖြစ်သည် ဟုကျမ်းစာတွင်ဖေါ်ပြသကဲ့သို့၊ ဤ အဖွဲ့ကြီးတွင်ပါဝင်သူတို့၏ ယုံကြည်ရာ လိုက်လျှောက်ရာသည် သူတို့၏ကိုးကွယ်ရာ ဘာသာတရားပင်ဖြစ်ချေသည်ဟု ဆိုလျှင် မှားအံ့မထင်။
ချူချဲ (Juche ဟုရေးပြီး choo-chay ဟုအသံထွက်သည်) သည် မြောက်ကိုးရီးယားအစိုးရမှ နိုင်ငံတော်ဘာသာရေးအဖြစ် တရားဝင် အသိအမှတ်ပြု ထုတ်ပြန်ထားသော မြောက်ကိုးရီးယား နိုင်ငံတော်ယုံကြည်ခြင်းတရား ဖြစ်သည်။ အဖွဲ့ဝင် ၁၉ သန်း မှ ၂၂ သန်းကြားခန့်ရှိပြီး ကမ္ဘာ့ ဒဿမမြောက် အကြီးဆုံးသော ယုံကြည်ရာဘာသာရေးအဖွဲ့ကြီးဖြစ်သည်။ မြောက်ကိုးရီးယားနိုင်ငံ၏ ပြင်ပတွင်လည်း ဤတရားကို ယုံကြည်လိုက်လျှောက်သူ အနည်းငယ်တွေ့ရှိနိုင်သည်။
အဓိကပုဂ္ဂိုလ်များ
ကင်အီဆုန်း (၁၉၁၂ – ၁၉၉၄) မြောက်ကိုးရီးယားနိုင်ငံ၏ “မဟာခေါင်းဆောင်” (Great Leader) သို့မဟုတ် “ထာဝရခေါင်းဆောင်” (Eternal Leader) ကြီးဖြစ်ပြီး ချူချဲ ယုံကြည်မှုကို စတင်ထူထောင်သူ။
ကင်ဂျုံအီ (၁၉၄၂ – ယနေ့ထိ) ကင်အီဆုန်း ၏ သားဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် စစ်သေနာပတိချုပ် ဖြစ်လာကာ ၁၉၉၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ထာဝရသမတ” (President for eternity) ဖြစ်လာသူဖြစ်သည်။
သမိုင်းအကျဉ်း
ဤအဖွဲ့ကို ၁၉၅၀ နှစ်လွန်များတွင် မြောက်ကိုးရီးယား သမတ ကင်အီဆုန်း က မော်စကို၊ ပီကင်းစသော ပြင်ပနိုင်ငံများ၏လွှမ်းမိုးမှုကို ရင်ဆိုင်ရန်အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့သည်။ ပြည်တွင်းအတွက် စာသင်ကျောင်းများတွင် သင်ကြားပေးရန် အမျိုးသားရေး၊ စိတ်ဓါတ်ရေးရာမြင့်တင်ရန်အတွက်ရည်ရွယ်ပြီး နိုင်ငံတကာတွင် ကိုးရီးယားနိုင်ငံ၏ ကိုယ်ပိုင်ရုပ်သွင်သဏ္ဍာန်ကိုဖော်ထုတ်ရန်၊ လွတ်လပ်သောနိုင်ငံခြားရေးရာ ပေါ်လီစီ နှင့် ကိုယ့်အားကိုကိုးသည့် အချုပ်အနှောင်ကင်းသည့် စီးပွါးရေးစနစ်တစ်ခုကို ထူထောင်ရန် ရည်ရွယ်ပြီး ချူချဲ ကိုတည်ထောင်ခြင်းဖြစ်သည်။
ဤယုံကြည်မှု စနစ်သစ်ကို မြောက်ကိုးရီးယား ပြည်သူလူထု အတွင်း အမြစ်တွယ် စွဲမြဲရန်အတွက် နှစ်အတော်ကြာ အချိန်ယူကာ ၀ါဒရိုက်သွင်းခဲ့ရသည်။ ဆိုဗီယက် နှင့် တရုတ်အလိုတော်ရိ များကို အတတ်နိုင်ဆုံး ဖြုတ်ချခဲ့သည်။ တဟုန်ထိုးကျဆင်းလာသော မြောက်ကိုးရီးယား ငွေကြေးတန်ဖိုးကြောင့် စီးပွါးရေးလည်း တရိပ်ရိပ်ကျဆင်းသွားသည်။ ၁၉၉၈ ခုနှစ်တွင် ပြုပြင်ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တွင် ကွန်မြူနစ်ဝါဒီ တို့၏ အခြေခံအကျဆုံးသော မာက်စ် နှင့် လီနင်ဝါဒ တို့ကို အကိုးအကားပြုခြင်းကို လုံးဝ မပြုလုပ်ပေ။
အစိုးရ၏တရားဝင် ကြော်ငြာချက်တစ်ခုတွင် “ပြုံယမ်းမြို့တော်နှင့် ယနေ့ မြောက်ကိုးရီးယား နိုင်ငံသည် ဆိုရှယ်လစ်နိဗ္ဗန်ဘုံ ဖြစ်သည်။ မြောက်ကိုးရီးယား လူထုတစ်ရပ်လုံးသည် ဆင်းရဲသူ တစ်ယောက်မျှ မရှိဘဲ၊ မြင့်မြတ်သော ဘ၀ကို ရရှိပိုင်ဆိုင်သူများဖြစ်သည်” ဟုဖော်ပြသည်။ သို့သော် တကယ့်တကယ်တွင်မူ ယနေ့ မြောက်ကိုးရီးယား အစိုးရသည် ကမ္ဘာ့ အစွန်းရောက် ၀ါဒီများနှင့် ပိုမိုဆက်ဆံလာပြီး ဒုံကျည်နည်းစနစ်များ ကိုပင် ရောင်းချသည့်နိုင်ငံဖြစ်လာနေသည်။ လူ့အခွင့်အရေး အဖွဲ့များကလည်း မြောက်ကိုးရီးယား အစိုးရ၏ ပြည်သူလူထုအပေါ်ကျူးလွန်သည့် စက်ဆုတ်ဖွယ်ကောင်းသော အမှုပေါင်းများစွာ ကိုမှတ်တမ်းပြုစု လာသည်။
အခြေခံယုံကြည်ချက်
ကိုးရိးယား ဘာသာအားဖြင့် ချူချဲ ဟူသည် မိမိကိုယ်ကိုအားကိုးခြင်း Self-dependence ဟုအဓိပ္ပါယ်ရသည်။ မာက်စ်၊ လီနင် နှင့် မော်စီတုန်း ၀ါဒ တို့ကို အခြေခံသည့် နိုင်ငံရေး ယုံကြည်မှုဟုလည်း ဆိုနိုင်သည်။ မြောက်ကိုးရီးယားတို့၏ အမျိုးသားရေးရှုထောင့်မှ ကြည့်လျှင် ချူချဲ သည် “ပြင်ပစွက်ဖက်မှုများမှ လွတ်ကင်းကာ၊ မိမိ၏ ကြမ္မာကို မိမိ လွတ်လပ်စွာ ဖန်တီးခြင်း၊ အချုပ်အချာ အာဏာကိုပိုင်ဆိုင်သည့် ဘုရားသခင်၏ နေရာတွင် နိုင်ငံတော်အစိုးရကို မျက်မှောက်ပြုကာ ယုံကြည်သည့် လောကနှင့်သက်ဆိုင်သည့် ဘာသာတရား” ဖြစ်သည်။
လူသိနည်းလှသော ဤ ယုံကြည်မှု (ဘာသာတရား)အကြောင်း၏ ဖြစ်မှုပျက်မှု အချို့တို့ကိုလေ့လာမည်ဆိုလျှင်
- နိုင်ငံခြားအားမကိုးဘဲ မိမိကိုယ်ကို ရပ်တည်ရန် ဟုဆိုသော်လည်း လက်တွေ့တွင် နိုင်ငံခြားအထောက်အပံ့ ဖြင့်အသက်ရှင်သည့်နိုင်ငံဖြစ်နေသည်။
- မြောက်ကိုးရီးယားနိုင်ငံသားအားလုံး ချူချဲ ယုံကြည်မှုနောက်တွင် အသင်းသား၊ အဖွဲ့ဝင်များဖြစ်သည် ဟုဆိုသော်လည်း လက်တွေ့တွင် ဤဘာသာယုံကြည်မှု ကို လက်မခံသူအမြောက်အများရှိသည်။
- ချူချဲအသင်းသား (ဘာသာဝင်) တို့သည် မည်သည့် အခြားသောအတွေးအခေါ်၊ ဘာသာရေး ကိုမျှ ယုံကြည်လက်ခံနိုင်ခွင့် လုံးဝမရှိ။
- ဘုရားမဲ့ ကွန်မြူနစ်ဝါဒ ကိုအခြေခံကာ ဖြစ်တည်လာသောဘာသာတရား၊ ယုံကြည်မှုဖြစ်သည့်အားလျော်စွာ ၀ိညာဉ်နှင့်သက်ဆိုင်သော ဘုရားသခင်တည်ရှိခြင်း၊ တရားစီရင်ခြင်း တို့ကို အယုံအကြည်မရှိ။ ပထမဦးဆုံးသောခေါင်းဆောင်ကြီးဖြစ်သည့် ကင်အီဆုန်း နှင့် သား ကင်ဂျုံအီ တို့ကိုအထွတ်အမြတ်ဆုံးသော ခေါင်းဆောင်ကြီးများအဖြစ် ခံယူယုံကြည်သည်။
- ချုချဲယုံကြည်မှုအောက်တွင် ရှိသည့်သူတိုင်းသည် သေဆုံးခြင်း၏အခြားတဖက်တွင် နိဗ္ဗန်၊ ငရဲဘုံ သို့မဟုတ် နောက်ဘ၀တစ်ခုခုရှိနေသေးသည် ဟုမယုံကြည်ကြပါ။
- သန့်ရှင်းမြင့်မြတ်သည့် ကျမ်းစာ၊ စာအုပ် ဟူ၍ မရှိဘဲ အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်ကိုသာ အလေးထားသည်။
- ပုံမှန်ဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်းစသော ဘာသာရေးနှင့်ဆိုင်သည့် လုပ်ထုံးလုပ်နည်းမရှိပါ။
- နှစ်သစ်ကူး – ဂျန်န၀ါရီလ (၁) ရက်
- ကင်အီဆုန်းမွေးနေ့ – ဧပြီလ (၁၅) ရက်
- ကင်ဂျုံအီမွေးနေ့ – ဖေဖော်ဝါရီလ (၁၆) ရက်
- မြောက်ကိုးရိးယားနိုင်ငံထူထောင်သည့်နေ့ – စက်တင်ဘာ (၉) ရက်
မှတ်ချက်။ ။ Len Woods ရေးသားသော Handbook of World Religions (A bible-based review of 50 World faiths) စာအုပ်မှ ကိုးကားတင်ပြထားပါသည်။
ဤဘာသာရေးအဖွဲ့နှင့်ပတ်သက်ပြီးပိုမိုပြည့်စုံစွာဖတ်လိုသူများအောက်ပါဝက်ဘ်ဆိုက်များတွင်လေ့လာနိုင်ပါသည်။
JUCHE Religion
http://en.wikipedia.org/wiki/Juche
http://www.religion-info.com/juche.html
Source...http://calvaryburmese.blogspot.no/2011/05/i-take-great-pride-in-and-highly.html#more

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။