Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 24, 2012

သားချစ်ဇော် သို့ .. စာရေးသူ နှင့် စာဖတ်သူ

by Bo K Nyein on Thursday, October 18, 2012 at 12:20am ·


Tharchit Zaw မြန်မာ.နိုင်ငံေ၇းသမိုင်းကိုဥိးအနေနဲ.သုံးသပ်တင်ပြထားတာကိုဖတ်ချင်ပါတယ်၊ဝင်းတင်.ထွန်းရေးတာဖတ်ဖူးပါတယ်၊ဖတ်လို.လဲကောင်းပါတယ်၊ဒါပေမယ်.ကွန်မြုနစ်အနံ.တော.မကင်းတာအမှန်ပဲ၊ကွန်မြုနစ်ရဲ.အမှားကိုသိတ်တင်ပြထားတာမတွေ.ရဖူး၊အခုတလောတော.စာလဲရေးချင်စိတ်မရှိဘူး၊ေ၇းမိရင်လဲပုဂိုလ်ရေးတွေပါနေမှာစိုးလို.စာတွေပဲလှိမ်.ဖတ်ပြီး နိုင်ငံသမိုင်းကိုပြန်စဉ်းစားသုံးသပ်မှုတွေလုပ်နေပါတယ်၊ဘာလို.လဲဆိုတော.မူကိုတင်ပြပြီးပြောရင်လူကိုလဲမပြောလို.မရဘူးဖြစ်နေတယ်၊အဲဒီတော.ပုဂိုလ်ရေးပါလာနိုင်တယ်၊နိုင်ငံရေးကိုကောင်းစေချင်ပြီ၊တိုးတက်စေချင်ပြီ၊အဲဒီအတွက်လုပ်နိုင်တဲ.ပညာတတ်တွေဦးဆောင်ဖို.လိုအပ်နေပြီလို.ပဲမြင်မိတယ်၊လွပ်လပ်ရေးမရခင်ခေတ်၊ပါလီမန်ခေတ်ကော ဦးနေဝင်းခေတ် ဗိုလ်ချုပ်သန်းရွေုခေတ်လုံးလုံး အခုလောက်ညီညွတ်မျှတတဲ. နိင်ငံေ၇းရေချိန်အခင်းအကျင်းမျိုးမတွေ.ခဲ.မိသေးဘူး၊
အခုချိန်ကအတော်အတန်ညီညွတ်တဲ.ခေတ်လို.ပြောမယ်ဆိုပြောလို.ရပါတယ်၊ရှေ့ဆက်လဲလှမ်းနိုင်မယ်.အခင်းအကျင်းတွေတွေ.မိတယ်၊နိုင်ငံရေးကို ၂ဘက်စလုံးကပြည်သူအတွက်ရည်ရွယ်ပြီးလုပ်တာပဲမြင်ချင်တယ်ဗျာ၊
Friday at 3:07pm · Like · 3

သားချစ်ဇော် သို့
(၁)
စာရေးသူ နှင့် စာဖတ်သူ
သားချစ်ဇော် ရေ … ဦးရေးနေတဲ့ ဦးကျော်ငြိမ်း နဲ့ ကွန်မြူနစ်များပြီးရင် ဦးအမြင်ကို သိရမှာပါ။
သားချစ်ဇော် က ကွန်မြူနစ် ၀င့်တင်ထွန်း ရဲ့ စာတွေက ဖတ်လို့ကောင်းတယ်။ ဒါပေမဲ့ အနီနံ့တော့ မကင်းဖူး။ တခြားရှုထောင့် ကစာတွေဖတ်ခြင်ပါတယ် ဆွေးနွေး လာလို့ အကြောင်းသင့်တုန်း ၊ စာရေးသူ ၊ စာဖတ်သူ အချင်းချင်း ကွာခြားချက်ကလေးတွေကို ကျန်တဲ့ လူငယ်လေးတွေ လည်း တွေးခေါ်နိုင်အောင် ဦးရဲ့ အမြင် ကလေးကို တင်ပြဆွေးနွေးပါရစေ။
ဒီမှာ ဆွေးနွေးမှာ က စာရေးတဲ့ နေရာမှာ နိုင်ငံရေး ရှုထောင့် ကနေ ပြောတယ်ဆိုတာ ကို အရင်အသိပေးပါရစေ။
မြန်မာစာပေလောက မှာကြည့်ရင် ၊ စာရေးနိုင်တာ ၊ စာရေးကောင်းတာ ကွန်မြူနစ်တွေ ပဲ။
ဒါကြောင့် မြန်မာစာပေလောက မှာ ကို အနီတွေကြီးစိုးထားကြနိုင်တယ်လို့ ပြောလို့ရပါတယ်။
သို့သော် တကယ်အကျိုးပြုသလား ၊ ထိရောက်သလား ဆိုတာ တပိုင်းသပ်သပ် စဉ်းစားစရာပေါ့။
နိုင်ငံရေးစာပေကို လေ့လာတဲ့ နေရာမှာ၊ အပိုင်း (၃) ပိုင်းရှိတယ်လိုမြင်မိတယ်။
(၁) အရေးအသား အပိုင်း
(၂) အချက်အလက် နဲ့ credibility အပိုင်း
(၃) အတွေးအခေါ် အပိုင်း လို့ ဆိုခြင်တယ်။
ကွန်မြူနစ် တွေက အရေးအသား အပိုင်းမှာ ထူးချွန်တယ်လို့ပြောလို့ရပါတယ်။
အချက်အလက်အပိုင်း မှာ အားနဲ တဲ့အတွက် credibility အပိုင်းမှာအားနဲတယ်။
အတွေးအခေါ် အပိုင်းမှာတော့ အား အနဲဆုံးပဲ လို့ဆိုခြင်တယ်။
ဒါကြောင့် သားချစ်ဇော်ပြော တဲ့ ၀င့်တင်ထွန်း စာတွေဖတ်လို့ ကောင်းတယ်ဆိုတာ ကို နားလည်တယ်။ နိုင်ဝင်းဆွေ ရဲ့ အရေးအသားကိုကြိုက်မှကြိုက်။

(၂)
Language ဆိုတာ
ဘယ် (စာ) မဆို ဘာသာစကား language ဆိုတဲ့ median ပေါ်မှာမူတည်ပြီး ရေးကြရတာကိုး။
ဒါကြောင့် median ဖြစ်တဲ့ language ကိုနိုင်ရင် ၊ စာရေးကောင်းတယ် ၊ ဖတ်ရတာ ဖတ်လို့ ကောင်းတယ်ဖြစ်တာပဲ။
Language ကိုဝါသနာ ပါတယ် မပါတယ်ဆိုတာ က လည်း ပရမီ ကံ ပါလာမှပဲ ပြောရမလား မသိဖူး။
ဥပမာ literature ကိုဝါသနာ ပါတဲ့ သူတွေက ၀ါကျဖွဲ့ပုံလေးတွေ ၊ စာလုံးနဲ့ ကွန့်ယူသွားတာလေးတွေကို ထိထိမိမိ အရသာဖေါ် တတ်တော့ ဒါတွေကို အရသာ ခံကြတာပေါ့
ဦးတို့လို လူမျိုးအတွက် ဒီ literature ကိုခံစားတတ်တဲ့ ဦးဏှေက် ပါလာပုံ မရဖူး။
ကဗျာဆိုရင် ငယ်ငယ် ကတည်း က မဖတ်။ ၀ါသနာလည်း မပါ။ ခံလည်းမခံစား တတ်ဖူး။
ဘယ်တုန်းကမှ လည်း စာရေးရမယ်လို့ မထင်ခဲ့ဖူး။ စိတ်တောင် မကူးခဲ့မိဖူး။
ဒီတော့ ဘယ်စာ လှလှရေးတတ်ပါ့မလဲ။ spelling စာလုံးပေါင်း မှန်အောင် မနဲကြိုးစားနေရတယ်။ စာများများ ဖတ်ထားမိလို့သာ ပြန်ရေးတတ်တာ။
ငယ်ငယ်က သင်ခဲ့တဲ (မဦးရေကူးနေသည်) (ဗူးသီးနုနု မခူးရ) ဆိုတာတွေ က ၀ါကျ ဖွဲ့စည်းမှု (sentence contruction ) ရဲ့ အစ တွေပေါ့။
ဝင့်တင်ထွန်း တို့ကဒီနေရာမှ ပိုင်တယ် ၊ တော်တယ်။
ဒါပေမဲ့ ဒုတိယ အပိုင်း (အချက်အလက်) အပိုင်းရောက်တော့ ပြဿနာ ရှိတယ်။
ဘာကြောင့်လဲ ဆိုတော့ ၀င့်တင်ထွန်း တို့လို လူစားမျိုး က အားလုံးကို (၀ါဒ) Idealogy မျက်စိ နဲ့ ကြည့်တာကိုး။
သူမှသာမဟုတ် ၊ သူတို့ရဲ့ ဆရာကြီး အားလုံး ကွန်မြူနစ် ဆိုတာနဲ့ အရင်ဆုံး သူတို့ခေါင်းထဲဝင်လာတာက (၀ါဒဖြန့်ချီရေး) ဆိုတဲ့ propaganda စကားလုံးပဲ
ကွန်မြူနစ်ပါတီတိုင်းမှာ ၀ါဒဖြန့်ချီရေး ဌါန ၊ Propaganda Dept ၊ Propaganda machine ဆိုတာရှိတာပဲ
ဆင်ဆာအဖွဲ့ ၊ Censor Board ဆိုတာတွေဟာ ဒီ (အသိ) ကလာတာပဲ။
ဗဟိုဦးစီး စနစ်နဲ့ အာဏါရှင်စနစ် တို့ရဲ့ အမွေအနှစ်တွေလေ။
ဦးနေ၀င်းရဲ့ မဆလ နဲ့ စစ်အာဏါရှင်တွေ ၊ ဒီလမ်းကြောင်း အတိုင်းလိုက်ကြတာပဲလေ။
ကွန်မြူနစ် နဲ့ စစ်အာဏါရှင်တွေ ခေါက်ရိုးကြိုး နေကြတာ ဒီ propaganda ကြီးကိုလေ။

(၃)
ဝါဒဖြန်ချီရေး Propaganda ဟာဘာလဲ
ဝါဒဖြန်ချီရေး ဆိုတာက မိမိဖက်ကို လူတွေတိမ်းညွှတ်လာအောင်။
မိမိတို့ ပြောတာကို လူ တွေ ယုံလာအောင်။
တဖက်ကို ယုံတင်ကြောင်တင် ဖြစ်အောင် ၊ လူတွေ လက်မခံ အောင် ရေးကြ ၊ ပြောကြ ၊ စည်းရုံးကြတာပဲ။
နိုင်ငံရေး ရှိရင် စည်းရုံးရေး ဆိုတာရှိတာပဲ
စည်းရုံးရေး ရှိရင် ၀ါဒဖြန်ချီရေး ဆိုတာရှိတာပဲ
သို့သော် Approach ချင်းကွာတယ်။
ဥပမာ … ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်စု တို့ က Honesty ရိုးသားမှု နဲ့ အနိုင်ယူမယ်။ စည်းရုံးမယ်။ သိမ်းသွင်းမယ်။ မညာဖူး။ မှန်တာကိုပြောပြီး ရင်ဆိုင်မယ်။ ကိုယ့်ဖက်ပါအောင် လုပ်မယ်။ မိမိလုပ်ရပ် နဲ့ ခေါင်းဆောင်မှု ကိုယူတယ်ပေါ့
ကွန်မြူနစ် တွေ ရဲ့ (အယူ) ကိုက (the end justifies the mean)ကိုး
ဒီနည်းနဲ့ လီနင်တို့ ၊ စတာလင် တို့ က အနိုင်ယူလာခဲ့ ကြတာ။ ဒါကြောင့် ကွန်မြူနစ် ဖခင်တွေဖြစ်တဲ့ သခင်စိုး ၊ သခင်သန်းထွန်း တို့လည်း ဒီနည်း ကို ဘဲသုံးကြတာပဲ။
ဂျပန်တော်လှန်ရေးပြီးတော့ ၊ ကွန်မြူနစ်တွေကမှ တော်လှန်ရေးကို ဦးဆောင်တာ ကွန်မြူနစ်တွေ ၊ ကွန်မြူနစ်တွေ ဆိုပြီး ကြွားလွန်း မဏ္ဍပ်တိုင် တက်ပြလွန်း လို့ ဗိုလ်ချုပ်အောင်ဆန်း က ကျနော် အားလုံးကို ခေါ်လာတာပါ ဆိုပြီး ဟံသာဝတီ နဲ့ Interview မှာပြောရရှာတယ်။
ကွန်မြူနစ်တိုင်း ရဲ့ ဦးဏှောက် မှာ အသဲစွဲ နေတာက (ပစ္စည်းမဲ့တော်လှန်ရေး) ။
တော်လှန်ရေး အောင်ဖို့ သူရဲကောင်း Hero တွေလိုတယ်။ ဒါမှ ဒီဟီးရိုးတွေ တွေကို အားကျပြီး နောက်သူရဲကောင်းတွေ ပေါ်ပေါက် ၊ အသက်ပေးကြ ၊ ဒါမှ ကွန်မြူနစ်ပါတီ အာဏါ ရမှာကိုး
ဒါကြောင့် ဟီးရိုးဖြစ်ရေး က ကွန်မြူနစ်တွေ အတွက် သိပ်အရေးကြီးတယ်။
ဒါကြောင့် ကွန်မြူနစ်က လွဲရင် ဘယ်သူ့ကိုမှ နေရာ မပေးနိုင်။
အခု လို ဒီမိုကရေစီ ကူးပြောင်းခေတ် ၊ ဦးသိန်းစိန်ခေတ်မှာ (ဖွင့်) ပေးလိုက်တော့ ကွန်မြူနစ် နည်းတွေဟာ (အရိုင်း) ခေတ်မှာ ကျန်ခဲ့ပြီ။ ဒီခေတ်က critical thinking ခေတ်။ ဥါဏ်နဲ့ ယှဉ်ရမဲ့ခေတ်ဖြစ်သွားပြီ။
Egress နဲ့ ဒေါက်တာနေ၀င်းမောင်တို့ သင်တန်းဆင်းတွေပဲ သောင်းဂဏန်း ဖြစ်နေပြီ။ ၄-၅ နှစ်မှာ (သိန်း) ဂဏန်း ဖြစ်လာတော့မယ်။ အစိုးရကိုယ်တိုင် ကလည်း capacity မြှင့်တင်ရေးတွေ လုပ်နေတယ်။ လူငယ်တွေ capacity မြင့်လာတာနဲ့ အမျှ ၊ critical thinking ရှိလာတာနဲ့ အမျှ ၊ ကွန်မြူနစ်တွေရဲ့ ကလိမ်ကကျစ် ၀ါဒဖြန့်ချီရေးဟာ ထင်ပေါ်လာပြီး ၊ လူတွေက လက်ခံတော့မှာ မဟုတ်ပါဖူး။

(၄)
အာဏါရှင် စနစ်မှာ
ကွန်မြူနစ် စနစ်ရဲ့ အနှစ်သာရ က ပစ္စည်းမဲ့ အာဏါရှင်စနစ် Dictatorship of the Proletariat
ဘယ် အာဏါရှင်အောက်မှာမှ ပြန်မေး ပြန်တွေးတယ် ဆိုတာ မရှိစေရဖူး
ပေးတာယူ ၊ ကျွေးတာစား ၊ ခိုင်းတာလုပ် ၊ ပြန်မပြောနဲ့
ဒီ လို ပတ်ဝန်းကျင် အခြေအနေ အောက်မှာ လွပ်လပ်သောအတွေးအခေါ် ကိုလက္ခံတဲ့ critical thinking ဆိုတာကို ဘယ် နားလည်နိုင် ကြမှာလဲ ၊ လက္ခံနိုင်မှာလဲ
ဒါကြောင့် ကွန်မြူနစ် နဲ့ critical thinking ဆိုတာ ဘုန်းကြီး နဲ့ ဘီး လိုပဲ ၊ လားလားမှ မဆိုင်။
critical thinking ကိုနားမလည် တဲ့ အတွက် ကွန်မြူနစ် တွေ အတွက် Credibility ဆိုတာကို နားမလည်နိုင်ကြ
credibility ဆိုတာကို နားမလည် တဲ့ အတွက် (facts) အချက်အလက် ဆိုတာတွေကို ဂရု စိုက်ရမှန်း မသိ ကြ
(facts) ဆိုတာကို နားမလည် တဲ့ အတွက် (source) ဆိုတာ ဘာမှန်း မသိ။ အရေးမကြီးပါ။
ဒါကြောင့် ၀င့်တင်ထွန်း က သခင်ချစ် ရဲ့ နိုင်ငံရေး ပထမ သမိုင်းမှာ သခင်ချစ်ဟာ ကွန်မြူနစ်ခေါင်းဆောင် မဟုတ်သေး ၊ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် ၊ မြေအောက်ခေါင်းဆောင် ဆိုတာကို သိတောင်သိရဲ့လား (မသိ)
ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ မှာ ကွန်မြူနစ်ပါတီ ၊ ဆိုရှယ်လစ်ပါတီ ဆိုတဲ့ ပါတီစဆိုင်းဘုတ် တွေထောင်နိုင် မှ ကွန်မြူနစ်ဖက် ပါသွားသူ။
ဖဆပလ ကိုထောင်တဲ့ ပထမ (၉) ယောက်မှာ ပြည်သူ့အရေးတော်ပုံ ကိုယ်စလှယ် အနေ နဲ့ ပါလာတာ
ဆိုရှယ်လစ်ဗိုလ်ချုပ် နှင့် ကွန်မြူနစ်ဗိုလ်ချုပ်များ ဆောင်ပါးကို ဖတ်ကြည့်ရင် သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံ ပါတီ ရဲ့ အရေးပါခဲ့တဲ့သူဆိုတာ သိသာ ထင်ပေါ်ပါတယ်။

ကွန်မြူနစ်တွေ အတွေးခေါင်တာ
ကွန်မြူနစ်တွေ အတွက် အရေးကြီးတာက ၀ါဒဖြန့်ချီရေး
ကိုယ့်လူနိုင်ဖို့ ကအဓိက
Facts ကနေ conclusion ဆွဲယူတာမဟုတ်။
Conclusion ဆွဲပြီးမှ facts ကို ကလံဖံ ပြန်ထိုး ယူတာ
ဒါကြောင့် ၀င့်တင်ထွန်း က ဂျပန်တော်လှန်ရေးမှာ နိုင်ငံရေးမှူးကြီးတွေဟာ ကွန်မြူနစ် တွေပါပဲဆိုတာကို ပြောချင်လို့ ကြွားချင်လို့ သခင်ချစ်ကို ပလို့ဂျိ ဆိုပြီး ရာဇ၀င် အဖြစ် ထက် စောပြီး ကွန်မြူနစ် လုပ်ပစ်လိုက်တာ။ လိမ်တာ လက်ပူးလက်ကျပ် မိမှ (လိုလို) ဖြစ်သွား ရရှာတာ။
ဦးကျော်ငြိမ်း ကို တိုင်း (၆) ကနေ ၊ ရာထူးချပြီးတော့ သခင်ချစ်ပဲ ကျန်တော့တယ်လေ။
လေးချက်တွက်နည်း နဲ့ တွက်ရင် သခင်ချစ်သည် ကွန်မြူနစ်ပါတီ ရဲ့ အတွေတွေအတွင်းရေးမှူး ၊ ထို့ကြောင့် သခင်ချစ်သည် ကွန်မြူနစ် Period ဆိုပြီး ခလေးတွက် တွက်ပြီး (လိမ်) လိုက်တာပဲ
ရာဇ၀င် အချက်အလက်သည် အရေးမကြီး ၊ ၀င့်တင်ထွန်း လက်ထဲမှာ သခင်ချစ်သည် အစောကြီး ကွန်မြူနစ် ဖြစ် နေပြီ။
၁၉၃၉ သြဂုတ်လမှာ ကွန်မြူနစ် ဆဲလ် စဖွဲ့တယ်။ စက်တင်ဘာမှာ ပြည်သူ့အရေးတော်ပုံ စဖွဲ့ ခဲ့ကြတယ်။
သို့သော် ပြည်သူ့အရေးတော်ပုံ ပါတီဟာ ၀င့်တင်ထွန်းအတွက် အရေးမပါ။ ဆန့်ကျင်ဖက်ပါတီကိုး။
တချို့အနီ တွေက ရဲဘော် (၃) ကျိပ် ကို လွှတ်ရာမှာ သခင်ချစ် အရေးပါခဲ့တာကို အကြောင်းပြုပြီး ကွန်မြူနစ် တွေက ဦးဆောင်သယောင်ယောင် အမြတ်ထုတ်ရေး ချင်ကြသေးတယ်။

(၅)
credibility အကြောင်းမသိရင် source ဆိုတာကိုလည်း (မသိ) တော့ပါ။
ကွန်မြူနစ်တွေ အတွက် လူတွေရဲ့ ယုံကြည်မှု credibility သည် အဓိက မဟုတ် ၊ အရေးမကြီး ၊ လက်ဦးမှု သည်သာ အဓိက လာဖြစ်တယ်
ဒါကြောင့် credibility ဆိုတာကို မသိရင် source ဆိုတာကို ဘယ် (သိ) ပါတော့မလဲ
ဘယ်မှာ ထင်းရှာ သိသာသလဲ ဆိုရင် ၀င့်တင်ထွန်း အရေးအသားကို ကြည့်ရင်… (ပြောပါသည် ၊ ပြောပါသည်) ဆိုတာ အမြဲပါတယ်။
မိမိက စာရေးသူ။ ပြောရမှာက မိမိ။ ပြောပါသည် ဆိုတော့ ဘယ်သူက လာပြောနေတာလည်း လို့မေးစရာရှိတယ်။ အမှန်က (ပြောပါသည်) ဟုဆိုရာမှာ ကွန်မြူနစ်ပါတီက ပြောပါသည် ဟု နားလည်ရမှာ။ ၀င့်တင်ထွန်း က လွပ်လပ်ရေးရပြီးမှ မွေးသည့်သူ။ တော်လှန်ရေးခေတ် က လူမဖြစ်သေး။ ထို့ကြောင့် ၀င့်တင်ထွန်းရေးသည်များမှာ ၊ ကိုယ်တွေ့မဟုတ် ၊ မဖြစ်နိုင်။
မိမိရဲ့တင်ပြချက်ဟာ စာအုပ်တအုပ်အုပ်မှ တဆင့်ရတာဆိုရင် Source ကိုထောက်ပြရမယ်။ ဘယ် စာအုပ် ဘယ်စာမျက်နှာ ၊ ဘယ်သူရေးတဲ့ ဘယ်စာအုပ် ကို ညွှန်းပြ နိုင်ရမည်။ ထို့သို့ source ကိုဖေါ်ပြမှသာ credibile ဖြစ်သော source ဟုတ်မဟုတ် စာဖြတ်သူများ က သုံးသပ်နိုင်မည်။ ဆုံးဖြတ်နိုင်မည်။

(၆)
credibility အကြောင်းမသိရင် ရာဇ၀င် အချက်အလက် ကို ပြင်ဖို့လည်းမကြောက်
ကွန်မြူနစ် တွေရဲ့ mindset က လူတွေ သူတို့များများပြောရင်၊ ပါးစပ်ရာဇ၀င် ကို လက္ခံ သွားရင် သူတို့နိုင်ပြီလို့ ယူဆပုံရတယ်။ ဥပမာ ဦးကျော်ငြိမ်း မကောင်းဖူး ၊ ညစ်တယ်လို့ ပြောလိုက်ရင် ၊ generations အဆက်အဆက် ဦးကျော်ငြိမ်းဟာ မကောင်းတော့ဖူး။ ဘာမကောင်းတာလဲ ၊ ငါတို့ကရော ကောင်းရဲ့လား ဆိုတာတွေ မမေးတော့ ဖူး ၊ မကောင်းဖူး ၊ မကောင်းဖူး ပဲ ၀ိုင်းလက်ညှိုးထိုးကြတော့ ၊ ကွန်မြူနစ်တွေ ရဲ့ ယဉ်ကျေးမှု မှာ လက်ဦးမှု နဲ့အနိုင်ရဖို့ပဲ သိကြတော့တယ်။
နောက်သူတို့ အထင်မှာ … ပြောပါများတော့ အမှန် လိုဖြစ်သွားတယ်လို့ယုံကြည်ပုံ ရတယ်။
အကြောင်းက ပြန်ဖြေ မဲ့သူ ၊ ပြန်မေးမဲ့ သူ မှ (မရှိ) ကြတာ။
ဥပမာ သူတို့ ကွန်မြူနစ် ဆဲ(လ်) စဖွဲ့ကြတော့ ပါတဲ့သူတွေ စာရင်းဟာ အမျိုးမျိုး ဖြစ်နေသလို ၊ နေရာပါ အမျိုးမျိုးဖြစ်နေတယ်။ ဖွဲ့တဲ့ (နေ့) တစ်ခုပဲ Consistent ဖြစ်တယ်။ အကြောင်းက ပြန်ပြောတဲ့ သူတွေရဲ့ story line ကို ပြန်ရေးတဲ့သူ က နားလည်သလိုရေး လိုက်ကြတာ။ ပြန်မစစ်ဖူး။ နောက် ကားလိုက်ကြသေးတယ်။ ဒီတော့ အတင်းတစ်ခု ဟာ ကားရင်းကားရင်း မူရင်း အဓိပ္ပါယ် ပျောက်သွားရသလို ၊ ကွန်မြူနစ် တွေရဲ့ ရာဇ၀င်တင်ရမဲ့ အဖြစ်တွေက version အမျိုးစုံ ဖြစ်လာရတယ်။
ဘယ်ကစတာလဲ ၊ ဘယ်လို progress ဖြစ်လာတာလဲ ၊ နောက်ဆုံး ဘယ်လို ဆုံးတာလဲ ဆိုတာတွေကို သိအောင် မကြိုးစား ကြဖူး။ အဖြစ်မှန်ကို မှတ်တမ်းတင်ဖို့ စိတ်မကူးကြဖူး။ မေးသင့်တဲ့ မေးခွန်းတွေကို မမေးကြဖူး။ ဘာကြောင့် ကိုလှဖေ (ဗိုလ်လက်ျာ) ပါလာတာလဲ။ ဘာကြောင့် သခင်သန်းထွန်း စဖွဲ့ တုန်းက မပါတာလဲ။ မမေးကြဖူး။ ကိုယ့်ပါတီ ရာဇ၀င်တောင် မှန်အောင် မှတ်တမ်းတင်ရမှန်း မသိကြဖူး။

(၇)
သူများဆီက ကူးချရင် ဒါ (ခိုး) တာပဲ။ Plagiarism ပဲ။
မြန်မာနိုင်ငံ ရဲ့ စာပေလောက မှာ facts & source ကို ဂရုမစိုက်သလို သူတပါး ရေးထားတာကို credit မပေးပဲ ကိုယ့်ပဲ ရေးသလိုလို ထဲ့ရေးတတ်တယ်။ credibility ကိုနားမလည်တော့ credit ပေးရမှန်း မသိကြ။ ဖတ်တဲ့သူ ကလည်း မေးဖို့ မသိ။

ဝင့်တင်ထွန်းရဲ့ ဂိုရှယ် အကြောင်းရေးသား မှု နဲ့ အောင်စွမ်း ရေးတဲ့ Northern Star ဂျာနယ်မှာ ရေးထားတဲ့ ဂိုရှယ်အကြောင်း ဖေါ်ပြထားတာဟာ (ဤသည်) မရွေး ထပ်တူထပ်မြတ် တူတာတွေ ရှိတယ်။ အဓိက က ဂိုရှယ်စာတန်း ဆိုတာ မရှိပါဖူးလို့ ရေးထားတာ။ (၂) ယောက်စလုံး က ဘယ်ကကူးထားသည် ကို မဖေါ်ပြ။ ဒါ Plagiarism ပဲ။ အချိန်ရမှာ ဂိုရှယ်စာတန်း အကြောင်း ရေးပြပါဦးမယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။