Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 5, 2017

ဂျက်မားပြောတဲ့ အောင်မြင်တဲ့ဘဝနေနည်း (၁၂) ချက်

ဂျက်မားပြောတဲ့ အောင်မြင်တဲ့ဘဝနေနည်း (၁၂) ချက်

(၁) အပြုသဘောဆောင်တဲ့ စိတ်ထား။

ဒီစိတ်ထားမျိုးက အခက်အခဲတွေထဲက အခွင့်အလမ်းကိုမြင်နိုင်တဲ့ စိတ်ထားမျိုးပါ။ ဒီစိတ်ထားမျိုးထားနိုင်သူကတော့ အခက်အခဲ များများတွေလေ ပျော်လေဖြစ်မှာတော့ အသေအချာပါပဲ။ အခက်အခဲတွေ့လို့ သူတို့စိတ်မညစ်တတ်သလို အခက်အခဲမရှိလို့ ပျော်နေတတ်ကြသူတွေလဲ မဟုတ်ပါဘူး။ အဆိုးထဲက အကောင်းကိုရှာနိုင်ကြသူတွေပါ။

(၂) ပါးနပ်လိမ္မာမှူ။

လိမ္မာပါးနပ်မှူကတော့ ဒီနေ့ခေတ်ကမ္ဘာမှာ မရှိမဖြစ် အရည်အချင်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ လိမ္မာပါးနပ်သူဟာ အရိပ်ပြရင် အကောင်မြင်ရုံသာမက လားရာကိုပါသိနိုင်ကြသူတွေပါ။ လုပ်ငန်းခွင်ထဲမှာရော ပြင်ပလူနေမှူဘဝမှာပါ ပါးနပ်လိမ္မာမှူကို အကျိုးရှိရှိ အသုံးချတတ်ဖို့တော့လိုပါမယ်။ ဒါပေမယ့် ဒါက တစ်ခါတလေမှာ နွားရှေ့ထွန်ကျူးသလိုဖြစ်တတ်တာကြောင့် သတိနဲ့တော့ ဆင်ခြင်ရပါလိမ့်မယ်။

(၃) ကိုယ်ပိုင်စံသတ်မှတ်ချက်။

စံနဲ့ပတ်သက်ရင် ကိုယ်ကိုယ်တိုင်သတ်မှတ်တဲ့စံက အကောင်းဆုံးပါပဲ။ သူတပါးသတ်မှတ်ထားလို့ လိုက်နာရတယ်ဆိုတာက စည်းကမ်း ဘောင်သဘောကိုဆောင်ပြီး ကိုယ်တိုင်သတ်မှတ် လိုက်နာတာကျတော့ စံသဘောကိုဆောင်ပါတယ်။ သင်ဘယ်လောက် တခြားသူတွေထက် အရောင်တောက်ပလဲဆိုတာကို အဆုံးအဖြတ်ပေးတာက သင့်ရဲ့စံသတ်မှတ်ချက်ပါ။ သူတပါးရဲ့ စည်းကမ်းတွေကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုပေးထားတဲ့ကတိကိုတည်ဖို့ ကိုယ့်ကိုယ်ကိုမညာဖို့တော့ လိုပါလိမ့်မယ်။ ကိုယ့်ကတိကို ကိုယ်မတည်နိုင်တဲ့အခါ ကိုယ့်ရဲ့စံသတ်မှတ်ချက်ဟာလဲ စည်းကမ်းအသွင် ပြောင်းသွားပါလိမ့်မယ်။

(၄) စိတ်ကူးအိမ်မက်။

အိမ်မက်မရှိတဲ့သူဟာ ရှင်လျှက်သေနေသူပါပဲ။ နေ့သစ်တိုင်းကို အိမ်မက်အသစ်အသစ်တွေနဲ့ နိုးထနိုင်အောင် ကြိုးစားရပါမယ်။ အိမ်မက်ဆိုတဲ့နေရာမှာ မအိပ်ပဲမက်တဲ့အိမ်မက်မျိုးဖြစ်ရမယ်။
စိတ်ကူးအိမ်မက်ကို ရဲရဲမက်ခွင့်ပေးလိုက်ပါ။ စိတ်ကူးယဉ်တာ အိမ်မက်မက်တာဟာ ငွေကုန်ကြေးကျများတဲ့ ကိစ္စလဲမဟုတ်ပါဘူး။
ကြီးကြီးကျင့် မြင့်မြင့်ကြံကြရပါမယ်။ ဒါပေမယ့် စိတ်ကူးနဲ့မရူးမိဖို့ကိုတော့ သတိထားရပါမယ်။ အိမ်မက်မက်သူတွေနဲ့ စိတ်ကူးနဲ့ရူးနေကြသူတွေရဲ့ကြားက ကွာခြားချက်က စိတ်ကူးအိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖေါ်မှူပါပဲ။

(၅) ကြိုတင်ပြင်ဆင်တတ်မှူ။

လူတိုင်းကတော့ အရာရာကို အဆင်သင့်ဖြစ်မနေနိုင်ပါဘူး။ ဒါပေမယ့် အဆင်သင့်ဖြစ်နေအောင်တော့ ကြိုးစားသင့်ကြပါတယ်။ အခွင့်အလမ်းဆိုတာ အလုံးစုံပြည့်စုံနေတဲ့အိမ်ကိုပဲ ရွေးပြီး တံခါးခေါက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဆင့်သင့် လက်ကမ်းကြိုနေသူအိမ်ကိုတော့ လိုလိုလားလား တံခါးခေါက်တတ်ကြပါတယ်။ ဒါပေမယ့် သူရဲ့ပုံစံကတော့ တမျိုးဖြစ်နေနိုင်ပါတယ်။ ဒါကလည်း ကိုယ့်ရဲ့အဆင်သင့်ဖြစ်မှူကို စမ်းသပ်တဲ့ စံတစ်ခုပါပဲ။

(၆) သိမ်မွေ့ညင်သာမှူစွမ်းရည်။

ငါတကောကောတတ်တဲ့သူတွေမှာ သိပ်တွေ့ရလေ့မရှိတဲ့ အရည်အချင်းတစ်မျိုးပါ။ ဒီလူမျိုးတွေဟာ ကြုံလာသမျှကို အပြုံးမပျက်ပဲ သိမ့်မွေ့ညင်သာမှူနဲ့ အနိုင်ယူတတ်ကြသူတွေပါ။ သူတို့ကို သိမ့်မွေ့စွာအရောင်ပြောင်းတတ်ကြသူတွေလို့ တင်စားလေ့ရှိကြပါတယ်။ အပြောင်းအလဲကိုချစ်မြတ်နိုးသူတွေဖြစ်ကြပြီး အသစ်အသစ်တွေကိုလည်း အမြဲတမ်းတောင့်တနေကြသူတွေပါ

(၇) ကျိုးနွံနှိမ့်ချမှူ။

မာန်မာနထောင်လွှားသူကိုတော့ လူတိုင်း မနှက်သက်တတ်ကြပါဘူး။
ကျိုးနွံသူတွေကိုတော့ လူတိုင်းချစ်ခင်ကြပါတယ်။ အမြဲတမ်းကိုယ်ဟာ သူ့နေရာကနေ ကိုယ်စား ကျိုးနွံတတ်ဖို့လိုပါတယ်။ ပြီးတော့ ဒါဟာ ရှက်စရာကိစ္စလဲ မဟုတ်ပါဘူး။ ရှက်စရာမဟုတ်တဲ့ကိစ္စအတွက် ရှက်နေဖို့မလိုပါဘူး။ ဒါပေမယ့် ကျိုးနွံတာနဲ့ အမြဲတမ်း ခေါင်းညိမ့် ညိမ်ခံတတ်တာကိုတော့ ကွဲပြားအောင်လုပ်ဖို့တော့ လိုပါလိမ့်မယ်။ ပြီးတော့ ဒီနှစ်ခုရဲ့ အကျိုးသက်ရောက်မှူကလဲ အတော်လေးကွာတာကို တွေရမှာပါ။

(၈) မတူကွဲပြား စဉ်းစားနိုင်မှူစွမ်းရည်။

ဒါကတော့ ရှင်းပါတယ်။ သူများတွေကအခက်အခဲလို့မြင်နေချိန်မှာ ကိုယ်က အခွင့်အလမ်းလို့မြင်နိုင်ရမယ်။ တခြားသူတွေက အတားအစီး အခက်အခဲတွေကိုပဲမြင်နေချိန်မှာ ကိုယ်ကအခွင့်အလမ်းတံခါးပေါက်ကို မြင်နိုင်ရမယ်။ ဒါပေမယ့် ဒီလိုစဉ်းစားနိုင်ဖို့ လွယ်သလားဆိုတော့ သိပ်တော့မလွယ်လှဘူးပေါ့။ ဒါပေမယ့် ခက်လားဆိုတော့လည်း လွယ်နေပြန်ရော။ အဓိကက ကိုယ့်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကို ဘာနဲ့မှ ဘောင်ခတ်မထားဖို့ပါပဲ။ ဘောင်ဆိုတာဖြစ်လာတာနဲ့ အသစ်ဆိုတာ လုံးဝမဖြစနိုင်တော့ပါဘူး။

(၉) အငြင်းခံနိုင်ရမယ်။

သင်ဟာ သင့်ရဲ့အရေးဆိုမှူတိုင်းအတွက် လူတိုင်းရဲ့ အမြဲတမ်း လက်ခံမှူကိုတော့ ရချင်မှရပါလိမ့်မယ်။ ဒါဟာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲမို့ အငြင်းခံရတာကို စိတ်ညစ်ဝမ်းနည်းနေဖို့လဲ မလိုပါဘူး။ ပြီးတော့ ဒါကိုအကြောက်အကန်ငြင်းပြီး စောဒကတက်နေမဲ့အစား အခြေအနေအမှန်ကိုသိပြီး လက်ခံနိုင်အောင်ကျိုးစားလေ့ကျင့်ယူရမှာပါ။ ဒါပေမယ့် အငြင်းခံရတယ်ဆိုတဲ့နေရာမှာ အရွေးခံရဖို့အတွက် ကိုယ့်ရဲ့ကျိုးစားအားထုတ်မှူက အစွမ်းကုန်ဖြစ်ထားဖို့တော့ လိုပါလိမ့်မယ်။ လုံလောက်တဲ့ ကြိုးစားအားထုတ်မှူမရှိပဲနဲ့ အငြင်းခံရမှူကို စောဒကတက်နေမယ်ဆိုရင်တော့ အငြင်းခံရတာ သင့်အတွက် မဆန်းဘူးလို့ပဲပြောပါရစေ။

(၁၀) သေးသေးလေးနဲ့စပါ။

လူတိုင်းက ကြီးမြတ်မှူကို မြတ်နိုးကြတယ်။ တခုခုဆို အကြီးကြီးကစပြီးလုပ်ချင်ကြတယ်။ ဒါပေမယ့် ဘယ်လောက်ခိုင်ခံ့တဲ့ တိုက်အိမ်ဖြစ်ပါစေ အခြေခံတော့ ကောင်းဖို့လိုတယ် အုတ်မြစ်ကောင်းကောင်းချရတယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။
အခြေခိုင်တဲ့အခါ ကောင်းကင်အထိတောင် လှေကားထောင်တက်လို့ ရအုံးမှာပါ။ ပြီးတော့ ငါးသေးသေးလေးတွေက ကျမ်းမာရေအတွက် ပိုပြီးအထောက်အကူပြုပါတယ်။

(၁၁) ကိုယ့်အတွက် နည်းလမ်းကောင်းတွေစဉ်းစားပါ

လူတိုင်းအတွက် သူတို့ရဲ့ကိစ္စတွေတိုင်းအတွက် ပြီးမြောက်ဖို့ နည်းလမ်းများစွာရှိနေမှာပါ။ ဒါပေမယ့် ကိုယ်နဲ့ ဘယ်နည်းလမ်းက အံဝင်ခွင်ကျအဖြစ်ဆုံးလဲ အဆင်အပြေဆုံးလဲဆိုတာကိုတော့ ကိုယ်ပိုင်လုံ့လထုတ်ပြီး ကြိုးစားယူရမှာပါ။ တခြားသူတွေနဲ့ အဆင်ပြေတိုင်း ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ လှေနံဓါးထက် မှတ်ထားလို့တော့မရပါဘူး။ အကောင်းဆုံးတွေထဲက အကောင်းဆုံးနည်းလမ်းတွေကို ရွေးထုတ်ကျင့်သုံးလာနိုင်တဲ့အခါ အကောင်းဆုံးရလာဒ်တွေပဲ ရမှာတော့မလွဲပါဘူး။

(၁၂) တာဝန်ယူမှူ တာဝန်ခံမှူကို မြတ်နိုးပါ။

တာဝန်မယူချင်သူတွေ တာဝန်မခံချင်သူတွေအနေနဲ့ အခွင့်အရေးဆိုတာလဲ ရဖို့တော့ သိပ်မလွယ်ကူလှပါဘူး။ငါနဲ့မဆိုင်ဘူး ငါ့အလုပ်မဟုတ်ဘူးဆိုသူတွေအတွက်ကတော့ ဆုလာဘ်ဆိုတာလည်း ငါ့အတွက်မဟုတ်ဘူးဆိုတာမျိုးပဲ ဖြစ်နေအုံးမှာပါ။ တာဝန်ယူမှူ တာဝန်ခံမှူကို ကိုယ်တိုင် တာဝန်သိစိတ်နဲ့လုပ်ပါမှ ဒါရဲ့အကျိုးကို ခံစားရမှာပါ။ သူတပါးခိုင်းလို့လုပ်နေရသေးသ၍ သူတပါး သတ်မှတ်သလောက်နဲ့ပဲ ကျေနပ်နေကြရအုံးမှာပါ။ ကိုယ့်ရဲ့အောင်မြင်မှူဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိသင့်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ…

မြတ်သု - Breakfast Coach
26/07/17

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။