••• ငါနဲ့မဆိုင်ဘူး •••
တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမားတစ်ဦးရဲ့ အိမ်မှာနေသတဲ့။ တစ်နေ့လယ်သမားက ကြွက်ထောင်ချောက် တစ်ခုဝယ်လာတာကို ကြွက်ကလေးမြင်သွားပါတယ်။ကြွ က်ကလေးဟာ စိုးရွံ့စွာနဲ့ ခြံထဲကိုဆင်းပြီး တခြားတိရစ္ဆာန်တွေကိုလိုက်သတိပေးပါတယ်။
" အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်" လို့အကြိမ်ကြိမ်လိုက်ပြောပါ သတဲ့။
ကြက်ဖကြီးဆီရောက်တော့ ကြက်ဖကြီးက " ဟေ့ရောင် ငကြွက် အဲဒါမင်းနဲ့ပဲဆိုင်တယ့့် ငါပူစရာမလိုဘူး" လို့ပြောလိုက်တယ်။ ဒါနဲ့ဝက်ကြီးဆီရောက်ပြန်တော့  ဝက်ကြီးကလည်း " စိတ်မကောင်းပါဘူး ငကြွက်ရာ့ ငါမင်းအတွက်ဆုတောင်းပေးရုံ ကလွဲလို့ ဘာမှမတတ်နိုင်ဘူး " လို့ ပြောလိုက်ပြန်ပါတယ်။ နွားကြီးဆီရောက်ပြန်တော့လည်း
" ဒီမှာ ငကြွက့့် အဲဒါမင်းကိစ္စ့ အဲဒါကို ငါယိုတဲ့ အင်အင်းလောက်တောင်
စိတ်မဝင်စားဘူ့း့ ဒိုးတော့ " လို့နှင်ထုတ်လိုက်ပါတယ် ။ ဒါနဲ့ ကြွက်ကလေးဟာ
စိတ်ပျက်လက်ပျက်နဲ့ပဲ ဒီထောင်ချောက်ကို သူတစ်ကောင်တည်းဘယ်လို ဖြုတ်ရပါ့လို့
စဉ်းစားနေမိပါတော့တယ်။
အဲဒီညမှာပဲ ကြွက်ထောင်ချောက်က အသံကြားတာနဲ့ လယ်သမားကြီးရဲ့ မိန်းမဟာ ဘာများမိနေမလဲ ဆိုပြီး မှောင်ကြီးမည်းထဲ သွားကြည့်ပါတယ်။ မမြင်မစမ်းနဲ့ ကိုင်လိုက်တဲ့ထောင်ချောက်မှာ
မြွေတစ်ကောင်ရဲ့ အမြီးကိုမိနေတာဆိုတော့ ဒေါသထွက်နေတဲ့မြွေက
ကိုက်လိုက်ပါရောတဲ့။ ဒါနဲ့ ဆေးရုံရောက်သွားပါတယ် ။ ဆေးရုံကဆင်းလာတဲ့အခါလည်း
နေမကောင်းဘဲအိပ်ယာထဲလဲနေပါတ ယ်။
လယ်သမားကြီးက လူမမာအားရှိအောင် ကြက်စွတ်ပြုတ်လေး တိုက်မှပဲဆိုပြီး
ခြံထဲကကြက်ဖကြီးကို ဟာလာလုပ်လိုက်ပါသတဲ့။ ဒါပေမယ့် လူနာက မသက်သာတော့
အိမ်နီးနားချင်းတွေ လာမေးကြတာပေါ့ ။ လာမေးတဲ့ဧည့်သည်တွေဧည့်ခံရေ အာင်ဆိုပြီး ဝက်ကြီးကိုလည်းဖော်လိုက်ရပြ န်ပါသတဲ့။ နောက်ဆုံးတော့ လယ်သမားကြီးမိန်းမဟာ သေသွားပါတယ် ။ဒါနဲ့ ရက်လည်ဆွမ်းသွပ်ဖို့အတွက်နဲ့  နွားကြီးလည်း မာလကီးယား သွားပါလေရောတဲ့။ ကြွက်ကလေးကတော့ ဒီအဖြစ်အပျက်တွေကို စိတ်မကောင်း စွာနဲ့ပဲ လက်ပိုက်ကြည့်နေခဲ့ရပါတော့တ ယ်။
သယ်ရင်းလည်း တစ်စုံတစ်ဦး ဒုက္ခရောက်တဲ့အခါ ငါနဲ့မဆိုင်ဘူးလို့မတွေးပါနဲ့။ အားလုံးမှာတာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဘဝလို့ခေါ်တဲ့ ခရီးစဉ်ကြီးထဲမှာ တို့တွေအားလုံး ပါဝင်ပက်သက်နေကြတယ်လေ။ အချင်းချင်း အပြန်အလှန် ဂရုစိုက်ရမယ်။အားပေးကြရမယ်ေ လ ။
https://www.facebook.com/ permalink.php?story_fbid=32 3541678105960&id=100013503 909398
တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမားတစ်ဦးရဲ့ အိမ်မှာနေသတဲ့။ တစ်နေ့လယ်သမားက ကြွက်ထောင်ချောက် တစ်ခုဝယ်လာတာကို ကြွက်ကလေးမြင်သွားပါတယ်။ကြွ
" အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်" လို့အကြိမ်ကြိမ်လိုက်ပြောပါ
ကြက်ဖကြီးဆီရောက်တော့ ကြက်ဖကြီးက " ဟေ့ရောင် ငကြွက် အဲဒါမင်းနဲ့ပဲဆိုင်တယ့့် ငါပူစရာမလိုဘူး" လို့ပြောလိုက်တယ်။ ဒါနဲ့ဝက်ကြီးဆီရောက်ပြန်တော
အဲဒီညမှာပဲ ကြွက်ထောင်ချောက်က အသံကြားတာနဲ့ လယ်သမားကြီးရဲ့ မိန်းမဟာ ဘာများမိနေမလဲ ဆိုပြီး မှောင်ကြီးမည်းထဲ သွားကြည့်ပါတယ်။ မမြင်မစမ်းနဲ့ ကိုင်လိုက်တဲ့ထောင်ချောက်မှ
သယ်ရင်းလည်း တစ်စုံတစ်ဦး ဒုက္ခရောက်တဲ့အခါ ငါနဲ့မဆိုင်ဘူးလို့မတွေးပါန
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။