"မေတ္တာစစ်ဆိုတာ"
ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်းတုန်းက
စကားလုံး ၅ လုံးပဲ ပြောခဲ့တယ်
" ကိုယ့်ကိုယုံကြည်ပါ"
အိမ်ထောင်ကျပီး ကောင်မလေးက ကိုယ်ဝန်ရလာကာ
သမီးလေးမွေးပေးတဲ့အခါကျတော့ ကောင်လေးက
"ချစ် ပင်ပန်းသွားပီ"လို့ပြောပီး နှစ်သိမ့် ကျေးဇူးတင်
စကားပြောခဲ့တယ်။
သမီးလေးအရွယ်ရောက်လာပီး အိမ်ထောင်ကျတော့
လင် ယောက်ျားနောက် လိုက်သွားရတဲ့ သမီးလေးကိုကြည့်ပီး
မျက်ရည်ကျနေတဲ့ ဇနီးသည်ရဲ့ ပခုံးလေးကိုဖက်ကာ
"ချစ်... ကိုယ်ကျန်သေးတယ်"လို့ပြောပီး ဇနီးသည်ရဲ့
လွမ်းဆွေးမှူကို ဖြေဖျောက်ပေးခဲ့တယ်။
အသက်အရွယ်တွေကြီးရင့်လာပီး ရောဂါဝေဒနာ ဖီစီးမှူကြောင့်
အိပ်ရာထဲလဲနေရှာတဲ့ ဇနီးသည်ရဲ့ လက်ကလေးကိုင်ကာ
"ချစ်....အားမငယ်နဲ့ "ဆိုပီး အားအင်သစ်တွေ ဖြည့်တင်းပေးခဲ့တယ်။
မီးစာကုန် ဆီခန်းပီး ဘဝကူးတော့မည့် ဇနီးသည်ကို
လင်ယောက်ျားဖြစ်သူက အငိုမျက်နှာဖြင့် နာဖူးလေးနမ်းကာ
"ကိုယ့်ကို စောင့်နေနော်"လို့ပြောပီး နောက်ဆုံးထွက်သက်အထိ
သူ၏ မေတ္တာစစ်ကို ချစ်ဇနီးသည်အပေါ် သက်သေပြခဲ့တယ်။
ချစ်ခြင်းမေတ္တာဆိုတာ" ချစ်တယ်"လို့ ပါးစပ်ကပြောနေရုံနဲ့ မရဘဲ
ရင်ထဲအသွေးအသားထဲက ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကို
နောက်ဆုံးထွက်သက်အထိ နွေးထွေးကြင်နာခြင်းပါ။
ချစ်တယ်လို့ပါးစပ်ကပြောကာ လေထဲမှာ အချစ်ရဲ့စွမ်းအင်တွေ
ပျောက်ကွယ်သွားပီး အရွယ်ကျလာလေလေ မေတ္တာခန်းလာခဲ့ရင်
မေတ္တာစစ်မဟုတ်ပါ။
လူတစ်ယောက်ကို နက်နက်ရိုင်းရိုင်းချစ်ခဲ့မိရင် ကိုယ်ချစ်ရသူရဲ့
အားသာချက်တွေကို လေးစားလာသလို အားနည်းချက်တွေကိုလည်း
ချစ်တတ်လာပါလိမ့်မယ်။
မေတ္တာစစ်တို့မည်သည် အသက်ကြီးလာလေ ပိုလေးနက်လာပီး
နောက်ဆုံးသေကွဲ ကွဲခဲ့ရတဲ့အခါမှာလည်း ရင်ထဲမှာ တမ်းတနေတာမျိုးပါ
ကိုယ့်အပေါ် မေတ္တာစစ်နဲ့ ချစ်တဲ့သူတစ်ယောက်ကို နားလည်မှူ အလွဲတစ်ခုကြောင့် အဝေးသို့ မောင်းထုတ်လိုက်သလို
မဖြစ်ပါစေနဲ့နော်။
Cd...နိုင်းနိုင်းစနေ
(ကျွန်တော့်ကိုယ်ပိုင်ဟန်ဖြ င့် ပြန်လည်တင်ပြပါသည်)
လေးစားစွာဖြင့်
ဇင်းနစ် မကွေး
ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်းတုန်းက
စကားလုံး ၅ လုံးပဲ ပြောခဲ့တယ်
" ကိုယ့်ကိုယုံကြည်ပါ"
အိမ်ထောင်ကျပီး ကောင်မလေးက ကိုယ်ဝန်ရလာကာ
သမီးလေးမွေးပေးတဲ့အခါကျတော့
"ချစ် ပင်ပန်းသွားပီ"လို့ပြောပီး နှစ်သိမ့် ကျေးဇူးတင်
စကားပြောခဲ့တယ်။
သမီးလေးအရွယ်ရောက်လာပီး အိမ်ထောင်ကျတော့
လင် ယောက်ျားနောက် လိုက်သွားရတဲ့ သမီးလေးကိုကြည့်ပီး
မျက်ရည်ကျနေတဲ့ ဇနီးသည်ရဲ့ ပခုံးလေးကိုဖက်ကာ
"ချစ်... ကိုယ်ကျန်သေးတယ်"လို့ပြောပီ
လွမ်းဆွေးမှူကို ဖြေဖျောက်ပေးခဲ့တယ်။
အသက်အရွယ်တွေကြီးရင့်လာပီ
အိပ်ရာထဲလဲနေရှာတဲ့ ဇနီးသည်ရဲ့ လက်ကလေးကိုင်ကာ
"ချစ်....အားမငယ်နဲ့ "ဆိုပီး အားအင်သစ်တွေ ဖြည့်တင်းပေးခဲ့တယ်။
မီးစာကုန် ဆီခန်းပီး ဘဝကူးတော့မည့် ဇနီးသည်ကို
လင်ယောက်ျားဖြစ်သူက အငိုမျက်နှာဖြင့် နာဖူးလေးနမ်းကာ
"ကိုယ့်ကို စောင့်နေနော်"လို့ပြောပီး နောက်ဆုံးထွက်သက်အထိ
သူ၏ မေတ္တာစစ်ကို ချစ်ဇနီးသည်အပေါ် သက်သေပြခဲ့တယ်။
ချစ်ခြင်းမေတ္တာဆိုတာ" ချစ်တယ်"လို့ ပါးစပ်ကပြောနေရုံနဲ့ မရဘဲ
ရင်ထဲအသွေးအသားထဲက ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကို
နောက်ဆုံးထွက်သက်အထိ နွေးထွေးကြင်နာခြင်းပါ။
ချစ်တယ်လို့ပါးစပ်ကပြောကာ လေထဲမှာ အချစ်ရဲ့စွမ်းအင်တွေ
ပျောက်ကွယ်သွားပီး အရွယ်ကျလာလေလေ မေတ္တာခန်းလာခဲ့ရင်
မေတ္တာစစ်မဟုတ်ပါ။
လူတစ်ယောက်ကို နက်နက်ရိုင်းရိုင်းချစ်ခဲ့မ
အားသာချက်တွေကို လေးစားလာသလို အားနည်းချက်တွေကိုလည်း
ချစ်တတ်လာပါလိမ့်မယ်။
မေတ္တာစစ်တို့မည်သည် အသက်ကြီးလာလေ ပိုလေးနက်လာပီး
နောက်ဆုံးသေကွဲ ကွဲခဲ့ရတဲ့အခါမှာလည်း ရင်ထဲမှာ တမ်းတနေတာမျိုးပါ
ကိုယ့်အပေါ် မေတ္တာစစ်နဲ့ ချစ်တဲ့သူတစ်ယောက်ကို နားလည်မှူ အလွဲတစ်ခုကြောင့် အဝေးသို့ မောင်းထုတ်လိုက်သလို
မဖြစ်ပါစေနဲ့နော်။
Cd...နိုင်းနိုင်းစနေ
(ကျွန်တော့်ကိုယ်ပိုင်ဟန်ဖြ
လေးစားစွာဖြင့်
ဇင်းနစ် မကွေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။