Myat Zaw Oo
#ထင်တော့ထင်သားဘဲ
*****************
တစ်ခါက ရွာတစ်ရွာမှာ
လင်မယား နှစ်ယောက်ရှိတယ်။
မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ်။
အဲဒါကတော့ သူ့ကို ဘာပြောပြော ...
"ဟုတ်လား ...
ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ "
ဆိုပြီး အမြဲအဲသလိုပြောတတ်သတဲ့။
အဲဒါကို
နေ့တိုင်းကြားနေရတော့
ယောင်္ကျားဖြစ်တဲ့သူဟာ
သူ့မိန်းမကို အမြင်ကပ်လာတယ်။
ဒါနဲ့ တစ်နေ့မှာ
ယောင်္ကျားလုပ်တဲ့သူဟာ
လယ်တောကိုသွားပြီး အချိန်မတန်မီ
နွားကန် ( နွားမောင်းရာတွင်
နွားကိုရိုက်ရန်သုံးသော တုတ်) ကိုင်ပြီး
သူတစ်ယောက်ထဲပြန်လာတယ်။
ဒါကိုမိန်းမကမြင်တော့ ...
“ ဟော ...
ရှင်ဘာဖြစ်လို့ အိမ်ကို
အစောကြီးပြန်လာရတာလဲ။
ဒါနဲ့ ... လှည်းတွေ နွားတွေရော ...“
“ အေးကွာ ...
မပြောကို မပြောချင်ပါဘူး ...
ငါတောရောက်လို့ ...
လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့
နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး
မိုးပေါ်ပျံကုန်ကြတယ်ကွာ ...“
ဒီတော့မိန်းမက သူ့ဝသီအတိုင်း ...
“ ဟုတ်လား ...
ကျွန်မအစကတဲက
ထင်တော့ထင်သားဘဲ ...
ဒီနွားနှစ်ကောင်
ဒီနေ့မနက်မြင်ရတာ
ထူးဆန်းနေသလားလို့ ... “
ဒီတော့ ယောင်္ကျားဟာ
လက်ထဲက အသင့်ကိုင်ထားတဲ့
နွားကန်နဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး
ပါးစပ်ကလဲ ...
“ထင်ဦးကွာ ... ထင်ဦးကွာ ...
____________________________________
#မင်းဒီသောက်ကျင့်ကမပျောက်နိုင်ဘူး ...
____________________________________
နွားတောင်ပံပေါက်ပြီး
ကောင်းကင်ပျံတယ်လို့ပြောတာ
ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစားဘဲ
သူဘဲကြိုသိသလိုလို ...
ဒီသောက်ကျင့်ကမဖျောက်ဘူး ...“
ဒီလိုလှိမ့်ပြီး
အရိုက်ခံနေရတဲ့ ကြားက
သူ့မိန်းမပြောတဲ့စကားကြောင့်
သူဆက်ပြီး မရိုက်နိုင်တော့အောင်
စိတ်ဓါတ်ကျသွားတယ် ....
ပြောတာက ...
“ဒီလိုပြောရင် ...
ဒီလိုအရိုက်ခံရမယ်ဆိုတာ
ကျွန်မ အစကတဲက ...
ထင်တော့ထင်သားဘဲတဲ့ “
#Credit_မူရင်း
ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ "
ဆိုပြီး အမြဲအဲသလိုပြောတတ်သတဲ့။
အဲဒါကို
နေ့တိုင်းကြားနေရတော့
ယောင်္ကျားဖြစ်တဲ့သူဟာ
သူ့မိန်းမကို အမြင်ကပ်လာတယ်။
ဒါနဲ့ တစ်နေ့မှာ
ယောင်္ကျားလုပ်တဲ့သူဟာ
လယ်တောကိုသွားပြီး အချိန်မတန်မီ
နွားကန် ( နွားမောင်းရာတွင်
နွားကိုရိုက်ရန်သုံးသော တုတ်) ကိုင်ပြီး
သူတစ်ယောက်ထဲပြန်လာတယ်။
ဒါကိုမိန်းမကမြင်တော့ ...
“ ဟော ...
ရှင်ဘာဖြစ်လို့ အိမ်ကို
အစောကြီးပြန်လာရတာလဲ။
ဒါနဲ့ ... လှည်းတွေ နွားတွေရော ...“
“ အေးကွာ ...
မပြောကို မပြောချင်ပါဘူး ...
ငါတောရောက်လို့ ...
လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့
နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး
မိုးပေါ်ပျံကုန်ကြတယ်ကွာ ...“
ဒီတော့မိန်းမက သူ့ဝသီအတိုင်း ...
“ ဟုတ်လား ...
ကျွန်မအစကတဲက
ထင်တော့ထင်သားဘဲ ...
ဒီနွားနှစ်ကောင်
ဒီနေ့မနက်မြင်ရတာ
ထူးဆန်းနေသလားလို့ ... “
ဒီတော့ ယောင်္ကျားဟာ
လက်ထဲက အသင့်ကိုင်ထားတဲ့
နွားကန်နဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး
ပါးစပ်ကလဲ ...
“ထင်ဦးကွာ ... ထင်ဦးကွာ ...
____________________________________
#မင်းဒီသောက်ကျင့်ကမပျောက်နိုင်ဘူး ...
____________________________________
နွားတောင်ပံပေါက်ပြီး
ကောင်းကင်ပျံတယ်လို့ပြောတာ
ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစားဘဲ
သူဘဲကြိုသိသလိုလို ...
ဒီသောက်ကျင့်ကမဖျောက်ဘူး ...“
ဒီလိုလှိမ့်ပြီး
အရိုက်ခံနေရတဲ့ ကြားက
သူ့မိန်းမပြောတဲ့စကားကြောင့်
သူဆက်ပြီး မရိုက်နိုင်တော့အောင်
စိတ်ဓါတ်ကျသွားတယ် ....
ပြောတာက ...
“ဒီလိုပြောရင် ...
ဒီလိုအရိုက်ခံရမယ်ဆိုတာ
ကျွန်မ အစကတဲက ...
ထင်တော့ထင်သားဘဲတဲ့ “
#Credit_မူရင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။