"အောင်မြင်မှု ပန်းတိုင်ကို တစိုက်မတ်မတ်သာ လျောက်လှမ်းလိုက်ပါ"
သင်စဉ်းစားကြည့်ပါ။ မဖြစ်နိုင်ပါဘူးလို့ အရင်ကယူဆခဲ့ကြတဲ့ လေယဉ်တွေ၊ ဒုံးပျံတွေ၊ အာကာယဉ်တွေ ကို ဖြစ်အောင်တီထွင်နိုင်ခဲ့တာဘ ယ်သူတွေပါလဲ။ ခမ်းနားကြီးကျယ်တဲ့ မြို့ကြီးတွေ၊ မိုးမျှော်အဆောက်အဦးကြီးတွေကို
ဘယ်သူတွေလုပ်ခဲ့တာပါလဲ။ နတ်တွေ၊ ဗြဟ္မာတွေ၊ တန်ခိုးရှင်တွေ ဖန်ဆင်းပေးခဲ့တာ
မဟုတ်ပါဘူး။ ဒီလိုကိစ္စတွေကို ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ တာ လူတွေပဲဖြစ်ပါတယ်။
လကမ္ဘာပေါ် ခြေချနိုင်ခဲ့တာလဲ လူတွေပါပဲ။ လျှပ်စစ်မီးတွေ၊ ကွန်ပျူတာတွေ၊
အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေကို တီထွင် ခဲ့ကြတာလဲ လူတွေပါပဲ။
ဖြစ်ချင်တာကို ဘာမဆိုလုပ်နိုင်ခဲ့ကြ တာ လူတွေပါပဲ။ လူတွေမှာ ဖြစ်ချင်တာကို
ဖန်တီးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ သင်လည်း လူထဲက လူတစ်ယောက်ပါပဲ။
သင်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဆောင်နိုင်တဲ့ အစွမ်းသတ္တိတွေ သင့်ကိုယ်ထဲမှာရှိပါတယ်။
သင့်ဘဝကို ကြီးကျယ်အောင်မြင်တဲ့ ဘဝဖြစ်အောင် တည်ဆောက်တာဟာ ဒုံးပျံတည်ဆောက်တာလောက်တော့ မခက်ဘူးလို့ ထင်ပါတယ်။ သင်လည်း သိပြီးသားဖြစ်မှာပါ။ လောကမှာမဖြစ်နိုင်တာဘာမှမရှိပါဘူး။ မဖြစ်သေးတာပဲ ရှိပါတယ်။ ကိုယ်ဖြစ်ချင်တာကို ယုံကြည်မှုအပြည့်နဲ့ ကြိုးစားအားထုတ်ရင်ဖြစ်လာမှာ
ကျိန်းသေပါတယ်။ ဒါကြောင့် မကောင်းတဲ့ အတွေးအခေါ်တွေကို ဖယ်ထုတ်၊
အောင်မြင်တိုးတက်ရေးကို အာရုံစိုက်၊ ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်စိတ်သွင်း၊
ပြီးရင် သင်ရောက်ချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို တစိုက်မတ်မတ်သာ
လျှောက်လှမ်းလိုက်ပါတော့ တိုက်တွန်းပါရစေ။
Let's Fly Together!
ဖူးကျော်ဇင် (Future Wave)
သင်စဉ်းစားကြည့်ပါ။ မဖြစ်နိုင်ပါဘူးလို့ အရင်ကယူဆခဲ့ကြတဲ့ လေယဉ်တွေ၊ ဒုံးပျံတွေ၊ အာကာယဉ်တွေ ကို ဖြစ်အောင်တီထွင်နိုင်ခဲ့တာဘ
သင့်ဘဝကို ကြီးကျယ်အောင်မြင်တဲ့ ဘဝဖြစ်အောင် တည်ဆောက်တာဟာ ဒုံးပျံတည်ဆောက်တာလောက်တော့
Let's Fly Together!
ဖူးကျော်ဇင် (Future Wave)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။