Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 11, 2017

မင်းတို့ အရမ်းရိုးတယ် ပြောပြောနေတဲ့သူကြီး... ဘယ်လောက် အရိုး သန်တယ်ဆိုတာ ဖတ်ကြည့်ကြ... စောက်ပိန်းများ... ခွေးမယားသားများရေ...

 
 
မင်းတို့ အရမ်းရိုးတယ် ပြောပြောနေတဲ့သူကြီး...
ဘယ်လောက် အရိုး သန်တယ်ဆိုတာ ဖတ်ကြည့်ကြ...
စောက်ပိန်းများ... ခွေးမယားသားများရေ...
=================================

မြန်မာ စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  ကိုရာထူး မှ ဖယ်ရှားခဲ့ သည့် ၂၀၀၄ ခုနှစ် တွင် ကာကွယ်ရေး ၀န်ကြီး ဌာန ၌မထင်မရှား စစ်အရာရှိကြီး နှင့် တိုင်းမှုး ဟောင်း ဗိုလ်ချုပ် သိန်းစိန် မှာ သူ ၏ ပိုင်ဆိုင်မှု များ ကို
ပေါ်ပေါ်ထင်ထင် စီမံ ခန့် ခွဲ ဖို့  အကြောင်း ဖန် လာခဲ့ သည်။

သူလျှို ၊ စပိုင် အကြီး အကဲ ဦးခင်ညွန့်  တစ်ဇာတ်သိမ်း သွား သည် တွင် စကားနည်း ပြီး အထက် ဗိုလ်ချုပ် ကြီး များ ၏ ဆဲ ဆို မှု ကို တစ်ချက် မတွန် ခံ နိုင်ရည်ရှိသည့် ဗိုလ်ချုပ် သိန်းစိန် မှာ စစ်အစိုးရ လက်ထက် တွင် ဘုန်းတန်းခိုး ကြီးသည့်အတွင်းရေး မှုး ၁ ဆို သည့် ရာ ထူး ကို ရရှိ ခဲ့ သည်။အတွင်း ရေး မှုး ၁ ရာ ထူး ရ ပြီး မကြာခင် မှာ ပင် ရန်ကုန် ၊ မန္တလေး တွင် စီးပွား
ရေး လုပ်ငန်းများ အခြေ စိုက် ထား သည့် ချမ်းသာ သော တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင် များ နှင့် စီးပွား ရေး လုပ်ငန်း ရှင် များ ၏ လက်ဆောင်ပဏ္ဏများ ကို ရရှိခဲ့ သည်။

ကွယ်လွန် သွား ရှာ ပြီ ဖြစ်သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ထံ ချဉ်းကပ်ရန် အတွက် ဦးစွာ ပထမ ချဉ်းကပ် ရ သူမှာ ဒုဗိုလ်ချုပ်ကြီး သိန်းစိန် ဖြစ် သည် ။အတွင်းရေးမှုး ၁ လက်မှတ် ပါ မှ ကျန်တာ ဆက် လုပ် လို့  ရ တယ် ဆိုသည့် စကား မှာ လည်း ရန်ကုန် စီးပွားရေး လောက တွင် ပြောစမှတ် ဖြစ်သည်။ဗိုလ်ချုပ်ကြီး ခင်ညွန့်  တန်ခိုးထွား စဉ် မှာ သူ ခွင့် ပြု လိုက် လျှင် ကိစ္စ အားလုံးပြီး သည် ဗိုလ်ချုပ်ကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး မောင်အေး တို့  ပင် မလို သော်လည်း ဒုဗိုလ်ချုပ်ကြီး သိန်းစိန် လက်ထက် ရောက် သည့် အခါ တွင် မူ သူ့  အားအောင်မြင် စွာ ချဉ်းကပ် နိုင်ခြင်း သည် မြန်မာ စစ်ခေါင်းဆောင် များ ကို ရင်းနှီးခွင့် ရရှိ မှု အတွက် ပထမ ဦးဆုံး တံ ခါး ပေါက် တစ်ချပ် ပင် ဖြစ်သည်။

ဗိုလ်သိန်းစိန် ၏ စာမေး ပွဲ ကို အောင်မြင် စွာ ဖြေ ဆို နိုင် သူ များ မှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှုး ကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူ ရ ရွှေမန်း နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ ထံ သို့  ဆက် လက် ချဉ်းကပ် ရန် အတွက် အခွင့် အလမ်း
ရရှိ ကြ သူများ ဖြစ်ကြသည်။အချို့  ကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန် အမျက် ဒေါသ နှင့် ကြုံရ ပြီး “ နိုင်ငံတော်က ချပေး သည့် လုပ် ငန်း” ဆိုသော မြိုးမြိုး မျက်မျက် ရနိုင်သည့် လုပ်ငန်းကြီးများ နှင့် ဝေးခဲ့ ကြသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန် မြို့  နေအိမ် ဉ် အတွင်းရေး မှုး ၁ ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် ဆုံစည်း ဖြစ်ခဲ့ သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က ” ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် ကတည်း က ကျွန်တော် မျက်မှန်း တမ်းမိ ပါတယ်။
သူ ၀န်ကြီး ချုပ် ဖြစ် ပြီး သီလ၀ါ ဆိပ်ကမ်း ကို ပထမ ဆုံးအကြိမ် လာစစ်ဆေးပြီးတဲ့ နောက် မှာ သူ့  ကို ချဉ်းကပ် ဖို့  ပိုပြီး လွယ် ကူသွားတယ် ၊ ရန်ကုန် အိမ် မှာပထမ ဆုံး အကြိမ် တွေ့ ပြီး တဲ့ နောက် နေ ပြည်တော် အိမ် အထိ အခေါက် ပေါင်း
မရေ နိုင် တော့ ဘူး “ဟု အဆို ပါ စီးပွား ရေး လုပ် ငန်း ရှင် က FNG ကို ပြောသည်။

“စကား ပြော လို့  ကောင်း တဲ့ လူ ပါပဲ ၊ အထက်လူကြီး (ဗိုလ်ချုပ်ကြီး တွေ နဲ့  ဆုံတဲ့အခါ)သူတို့  ကို ဘယ် လို ဆက်ဆံ ရ မယ် ၊ ဦးသန်းရွှေ က ဘယ် လို ၊ ဦးမောင်အေး က ဘာကြိုက် တယ် စသဖြင့် ကျွန်တော့် ကို လမ်းညွန် ပါတယ်” ဟု စီးပွား ရေး လုပ် ငန်းရှင်က ထပ် လောင်း ပြောသည်။” ပထမ ဦးဆုံး အကြိမ် အတွင်း ရေးမှုး ၁ ခေါ် ဗိုလ်ချုပ်ကြီး သိန်းစိန် ” ကို တွေ့ ဆုံစဉ်က ထို စီးပွား ရေး လုပ်ငန်း ရှင် ၏ ဂါရ၀ ပြု လက်ဆောင် မှာ ခြင်း ဟု ခေါ် သည့် စားသောက် ဖွယ် များ နှင့် အတူ သူ၏ ကိုယ်ရေး အရာရှိ ဗိုလ်မှုးကြီး ကို ပေးခဲ့သည့်ငွေ ကျပ် သိန်း ၁၀၀၀ ဖြစ်သည်။

သူ့  လိုပင် အခြား စီးပွားရေး လုပ်ငန်း ရှင် များ က လည်း အာဏာ ရခါစ ဗိုလ်ချုပ်ကြီး သိန်းစိန်အိမ် ကို ၀င် ထွက် သွား လာ မှု များ ရှိခဲ့သည်။ စစ်အစိုးရ အဖွဲ့  အတွင်း ဉ် ပဉ္စမ မြောက် အာဏာအရှိ ဆုံး ဖြစ်သည့် ဦးသိန်းစိန် ကို ဘရုနိုင်း စော်ဘွား က လည်း တန်ဖိုး ကြီး မော်တော်ကား တစ်စီး လက်ဆောင်ပေး ခဲ့ပြန်သည်။မြန်မာ နိုင်ငံတွင်း ဉ် စော်ဘွားကြီး ဆူလတန် ဘိုကီးယား ၏ စီးပွားရေး လုပ်ငန်း များများစားစား မရှိ သော် လည်း ချမ်းသား သော နိုင်ငံ ခေါင်းဆောင် တစ်ယောက် အနေ ဖြင့်အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များ ကို မိတ် ဖြစ်ဆွေ ဖြစ် ပေး ခြင်း ဖြစ် နိုင်သည် ဟုဘန်ကောက် မြို့  တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် မြန်မာ သံ အရာ ရှိ တစ်ဦး ကပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန် က စော်ဘွားကြီး လက်ဆောင်ပေး သည့် ကား လက်ဆောင် အားထုံးစံ အတိုင်း ပင် ပြည်သူ ကို အသိမပေး ခဲ့ သော် လည်း တာဝန်သိစွာ ဖြင့် ဗိုလ်ချုပ်မှုးကြီး ထံ အစီရင် ခံခဲ့သည်။ ဗိုလ်ချုပ် မှုး ကြီး က ” ဗိုလ်ချုပ်ကြီး မကြိုက်ရင် လည်း ပြန်ရောင်း လိုက် ၊ ကြိုက်ရင် လည်း စီး” ဟု သာ ပြော ပြီး ခွင့် ပြု ခဲ့ သည် ဟု သိရသည်။နောက်တွင်တော့ စူလတန် စော်ဘွား ကြီး ၏ မော်တော် ကား မှာ သူ ၏ ကားဂိုဒေါင်ထဲ တွင် သာ သိမ်းဆည်းထား ခဲ့ ပြီး သမ္မတ ဖြစ် ပြီး နှစ် အတန် ကြာ မှ သာ ရံဖန် ရံခါ ထုတ် စီး သည် ဟု သိရသည်။

ဝန်ကြီး ချုပ် တာဝန် မထမ်းဆောင် ခင် ကာ လ တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ၏ ဘဏ္ဍာတိုက် အသွင်း အများ ဆုံး စီးဝင် သည့် ငွေ ရင်းမြစ် များ အနက် မှ အဓိက အကျ ဆုံးမှာ နေပြည်တော် မြို့  သစ် တည်ဆောက်ရေး လုပ်ငန်း ခွင်များ အတွက် ဖြစ်သည်။နေပြည်တော် တည်ဆောက်ရေး အတွက် ကန်ထရိုက်ရသည့် ကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ် များ မှာ အတွင်းရေး မှုး ၁ ၏ အိမ် ကို ၀င် ထွက် သွား လာ ဖူးကြသူများ ချဉ်းဖြစ်သည်။

သို့  သော် လက်ကြီး သက်သက် ၀င် ထွက် ၍ မရ လက်ဆောင်လေး တစ်ခုတော့ ပါမှ ဖြစ်သည်။ အနည်းဆုံးတော့ Rolex Oyster Perpetual လိုနာရီ မျိုးလေးလောက် မှ ဖြစ်သည် ဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ဇနီး ဒေါ်ခင်ခင်ဝင်း နှင့် သား
သမီးများ သုံးဦး နှင့် ပါ ရင်းနှီး သူ တစ်ဦး က FNG ကို ပြောပြသည်။

စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  နှင့် ရင်းနှီးပြီးသွင်းကုန် ၊ ထုတ် ကုန် နှင့် အခြား စီးပွားရေး အကြီး အကျယ် လုပ်ခွင့် ရသူများ သည် ၊ စပိုင် အကြီး အကဲ ရာထူးမှ ဖယ်ရှား ခံ ရသည့် အခါ ဗိုလ်ချုပ်ကြီး
သိန်းစိန် ကို ပိုပြီး ချဉ်း ကပ် လာခဲ့ ကြသည်။ထိုအထဲ တွင် ရန်ကုန် ဉ် စီးပွားရေး များ အခြေတည် နေ ပြီ ဖြစ်သည့် ဘိန်းဘုရင်လော်စစ်ဟန် တို့  လို ပုဂ္ဂိုလ်များ ပင် ပါဝင်သည်။ ၁၉၈၇ ခုနှစ် ဉ် ရှမ်းပြည် မြောက်ပိုင်း ခလရ ၈၉ တွင် ဗိုလ်မှုး အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ် က ပင် ဘိန်းဘုရင် အချို့  နှင့် သိကျွမ်း ခဲ့သည့် ဗိုလ်ချုပ်ကြီး သည် ၁၉၉၈ ခုနှစ် ၊ တြိဂံဒေသတိုင်း ၏ တိုင်းမှူးတာဝန် ထမ်းဆောင် သည့် အခါ တွင် မတော့ ဘိန်းဘုရင် အိုကြီး နှင့် ပိုပြီး ခင်
မင်ခဲ့သည်။

လောစစ်ဟန် ၏ Asia World ကုမ္ပဏီမှ တင်သွင်း လိုသည့် တရုတ်နိုင်ငံ မှ ပစ္စည်း များ ကို တြိဂံဒေသတိုင်း တိုင်းမှုး ကြီး မိမိ ဥစ္စာဓန လိုပင် ကာကွယ်စောင့်ရှောက် ကာ ချောချောမွေ့  မွေ့  တင်သွင်းခွင့် ပြု ခဲ့သည်။အတွင်းရေး မှု ၁ တာဝန် ထမ်းဆောင် ပြီး လအနည်း ငယ်အကြာ တွင်ဗိုလ်ချုပ်ကြီး သိန်းစိန် အား ဘိန်းဘုရင် အိုကြီး က သွားရောက် တွေ့ ဆုံ ပြီးသူ ၏ ဥစ္စာ ဓန များ အတွက် အာမခံ ချက် ပေး ပါ ရန် ပွင့် ပွင့် လင်းလင်း ပင် ပြောကြား ခဲ့သည်။

သား ဖြစ်သူ စတီဗင် လော နှင့် ဇနီး လည်း ပါဝင်သည့် ထိုတွေ့ ဆုံမှု တွင်ဗိုလ်ချုပ်ကြီး သိန်းစိန် က ဘိန်းဘုရင် အိုကြီး ၏ စီးပွားရေး လုပ်ငန်း များအတွက် အာမခံ ချက် ပေး ခဲ့ ပြီး နောင် လ အနည်း အကြာ တွင် တော့ ရန်ကုန် နိုင်ငံ တကာ လေဆိပ် အဆင့် မြှင့် ရေး ၊ နေပြည်တော် ဆောက်လုပ် ရေး လုပ်ငန်းများ အတွက် အမေရိကန် ဒေါ်လာ သန်းချီ တန် သည့် လုပ်ငန်း များကိုချပေး ခဲ့သည်။(လော်စစ်ဟန် သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှုး ကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူ ရ ရွှေမန်း တို့  နှင့် ပါ ရင်းနှီးခဲ့ ပြီး ထိုကာလ အတွင်း ဉ် ထို ဗိုလ်ချုပ်ကြီးများ နှင့် တွေ့ ဆုံ ခဲ့ကာ သိန်းထောင် ချီ အသုံး ပြု ပြီး သူ ၏ ဓန ဥစ္စာများကို ကာကွယ် မှု ပြုခဲ့သည်)သူတို့  နှစ်ဦး တွေ့ ဆုံ မှု တွင် မြန်မာ ဗိုလ်ချုပ်ကြီး အား ကိုးကန့်  စော် ဘွား ကြီး
၏ သက်တော်စောင့် ဟောင်း က များ ပြား လှ သည် ငွေကြေး ပမာဏာ ကို လက်ဆောင် အဖြစ် ပေး လိမ့် မည် ဟု တပ်တွင်း အရာရှိ ကြီး တစ်ချို့  က ခန့် မှန်းကြသည်။

ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ အပါးတော်မြဲ ဟောင်း တစ်ဦးက အနဲ ဆုံး မြန်မာ ငွေ သိန်း နှစ်ထောင် လောက် ပဲ ဟု FNG ကို ပြောပြသည်။အောင်မြင်သော တွေ့ ဆုံ မှု အပြီး တွင် ဘိန်းဘုရင် အိုကြီး က အချက် ပြလိုက် ရာ ကိုးကန့်  ခေါင်းဆောင် ဖုန်ကြားရှင် ၊ ပိုင်စိုးချိန် နှင့် ၀ ခေါင်းဆောင် ပေါက် ယူချန်းတို့  လည်း မြန်မာ ဗိုလ်ချုပ်ကြီး ကို အလျှိုအလျှို သွား
ရောက် တွေ့ ဆုံ ခဲ့သည်။နောက်တော့ ဖားကန့် ဒေသ နယ်မြေ အချို့  ကို စိုးမိုးထား သည့် KIA အရာရှိများ လည်း ပါဝင် ခဲ့သည်။

သူတို့  ကား စစ်ထောက်လှမ်းရေး ခောတ်လွန် မြန်မာဗိုလ်ချုပ်ကြီးများ နှင့် တွေ့ ဆုံ မှု တွင် ဗိုလ်ချုပ်ကြီးများ အကြိုက် အမေရိကန်ဒေါ်လာ များ ကို သယ်ဆောင် သွားကြသူများ ဖြစ်သည်။မြန်မာ့ တပ်မတော် မှအရာရှိ ဟောင်း တစ်ဦး က မူ ဗိုလ်ခင်ညွန့် ကို ဖြုတ်လိုက်ခြင်း ဟာ ဘိန်းဘုရင် တွေ ၏ ရန်ကုန်ရှိ စီးပွားရေး လုပ်ငန်းများ ၏ ဆက် ကြေးကို တပ်မက် ၍ ဖြစ်သည် ဟု ဆိုသည်။ဤ သည် ကား အတွင်းရေးမှုး ၁ အဖြစ် တာဝန်ထမ်းဆောင် ပြီး နောက် ပထမ တစ်နှစ်အတွင်း မှာ ပင် သူ ရရှိ ခဲ့သည့် တန်စိုး လက် ဆောင်များ ပင် ဖြစ်သည်။

၂၀၀၇ ခုနှစ် အောက်တို ဘာ လ တွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် သည့် အခါဦးသိန်းစိန် တစ်ယောက် မရွယ် ဘဲ နှင့် စော် ကဲ မင်း ဖြစ်လာ သည်။ ဗိုလ်ချုပ်မှုးကြီး နှစ်ဦး က သူ့  ကို ၀န်ကြီးချုပ် ရာ ထူး သို့  တိုးမြှင့် ပေး ခဲ့သည်။စစ်တပ် အရာရှိ ကြီးများ သတင်း ရပ် ကွက် တွင် တော့ အသံ မထွက် အောင် အရိုးပါ မကျန် ကိုတ်တတ် မှု ကြောင့် ရာထူး တိုး သည် ဟု ဆိုကြသည်။မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၁) သည် FNGနှင့် Myanmar Corruption Report တို့  ၏ ပူးတွဲ အစီရင်ခံစာ ဖြစ်သည့် မြန်မာ အစိုးရ ဌာန များ ၏ အကျင့်ပျက် ချစား မှု ငွေကြေး အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး ရှိမှ အစိတ် အပိုင်း တစ်ခု ဖြစ်သည်။

freedomnewsgroup
Via: San Maung

ZN.H

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။