Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 11, 2017

ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်စိတ်မွေးပါ

ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်စိတ်မွေးပါ
*********************

ပြီးခဲ့တဲ့အခန်းတွေမှာ အောင်မြင်ကြီးပွားချင်သူတွေမှာရှိရမဲ့ ပြင်းပြသောလိုအင်ဆန္ဒရှိဖို့ရယ်၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချဖို့ရယ်၊ အစွဲ အယူအဆတွေပြောင်းလဲရမယ်ဆိုတဲ့အကြောင်းတွေ ရေးပြခဲ့ပြီးပါပြီ။ နောက်တဆင့် ဘာလုပ်ဖို့လိုသလဲ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်စိတ်မွေးရမယ်။

၁၉၉ဝပြည့်နှစ်နောက်ပိုင်းမှာ ကွန်မြူနစ်အစိုးရက တရုတ်နိုင်ငံကို ကမ္ဘာကြီးနဲ့ စီးပွားရေးတံခါးပိတ်ထားရာကနေ ပြန်ဖွင့်ပေးလိုက်တယ်။ တရုတ်နိုင်ငံနဲ့အနောက်ကမ္ဘာတို့ကြား အပြန်အလှန်စီးပွားဆက်သွယ်မှုတွေလုပ်လာကြပြီ။ ဒါပေမဲ့ ပြဿနာက ဘာသာစကားဆက်သွယ်ရေးပါ။ တရုတ်နိုင်ငံက လူအတော်များများဟာ အင်္ဂလိပ်စာနဲ့စကားမတတ်ကြသလို အနောက်ကမ္ဘာက လူတွေကလဲ တရုတ်စာနဲ့စကားမတတ်ကြဘူး။ ငယ်စဉ်တုံးက သူ့မြို့ကိုလာကြတဲ့တိုးရစ်တွေဆီက ၉နှစ်ကြာ အင်္ဂလိပ်စကားနဲ့အင်္ဂလိပ်စကားပြောသင်ခဲ့တဲ့ အသက်(၃၀)ကျော်အရွယ်ဂျက်မားအတွက် အဲဒီလိုတရုတ်နိုင်ငံနဲ့အနောက်နိုင်ငံတွေ ဆက်သွယ်ရေးခက်နေတာဟာ သူ့အတွက်အခွင့်အလမ်းလို့ မြင်လိုက်တယ်။ အဲဒီလိုအပ်ချက်ကိုအင်တာနက်နဲ့ ဖြည့်ဆည်းပေးနိုင်ရင် သူလဲကြီးပွားမယ်ဆိုတာ သိနေတယ်။

ဒါပေမဲ့ ခက်တာက သူဟာ အင်တာနက်နဲ့လုပ်ဖို့ ကွန်ပြူတာပရိုဂရမ်ဆိုတာ လုံးဝမတတ်ဘူး။.လက်ထဲမှာ လုပ်ငန်းစဖို့ ရင်းနှီးငွေလဲ မရှိဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းလုပ်ရင် အောင်မြင်မယ်ဆိုတာ သူတထစ်ချယုံကြည်နေတယ်။ ဒီတော့ သူဘာလုပ်သလဲ။ သူ့သူငယ်ချင်း(၁၇)ယောက်ကို အိမ်မှာ ထမင်းဖိတ်ကျွေးပြီး သူထောင်မဲ့အင်တာနက်ကုမ္ပဏီအတွက် အစုထဲ့ဝင်ဖို့စည်းရုံးတယ်။ သူ့ရဲ့အောင်မြင်မယ်လို့ ယုံကြည်စိတ်ကြောင့် တချို့ကအစုငွေထဲ့ကြလို့ ရင်းနှီးငွေအမေရိကန်ဒေါ်လာ ၆သောင်းနဲ့အလီဘာဘာကုမ္ပဏီကို ထောင်လိုက်တယ်။ ကွန်ပြူတာကျွမ်းကျင်သူတွေဌားပြီး ကွန်ပြူတာပရိုဂရမ်ဆွဲခိုင်းတယ်။ သူက အင်္ဂလိပ်စာနဲ့ တရုပ်စာတွေကို ဘသာပြန်ပေးတယ်။ သူ့ကုမ္ပဏီအလီဘာဘာဆိုတာ တရုပ်ပြည်နဲ့အနောက်ကမ္ဘာကြားက ပစ္စည်းတွေအပြန်အလှန်ရောင်းဝယ်လို့ရအောင် ဆက်သွယ်ပေးတဲ့ ပွဲစားကုမ္ပဏီပါ။ ယနေ့ အလီဘာဘာရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ (၁၆၀)ဘီလီယံဖြစ်နေပြီး အလီဘာဘာရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၃၀)နဲ့ တရုတ်ပြည်ရဲ့အချမ်းသာဆုံးဘီလျံနာသူဋ္ဌေးတယောက်ဖြစ်လာခဲ့တယ်။

တရုတ်ကွန်မြူနစ်အစိုးရရဲ့ကန့်သတ်ချုပ်ချယ်မှုတွေနဲ ရှုပ်ထွေးလှတဲ့ဘဏ်စံနစ်တွေကြောင့် ဂျက်မား အလီဘာဘာကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပြီး (၁၅)နှစ်ကြာမှ ကမ္ဘာကျော်ကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်။ ဒီ(၁၅)နှစ်ကြာကာလမှာ အခက်အခဲပေါင်းစုံနဲ့တွေ့ခဲ့ပြီး အဲဒါတွေကို ကျော်လွှားနိုင်ခဲ့တာဟာ သူ့ရဲ့ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်စိတ်ကြောင့်ပါ။

ဂျက်မားအကြောင်းပဲရေးပြလို့ သူတယောက်ထဲပဲ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်စိတ်ရှိတာ မဟုတ်ပါ။ ကမ္ဘာကျော်အောင်မြင်ကြီးပွားသူတွေအကြောင်း ဖတ်ကြည့် လေ့လာကြည့်မယ်ဆိုရင် သူတို့အားလုံမှာ ဒီယုံကြည်စိတ် ရှိကိုရှိကြတယ်။ တနည်းပြောရရင် ဒီလိုယုံကြည်စိတ်မရှိသူဟာ အောင်မြင်ကြီးပွားဖို့လမ်း မရှိပါဘူး။

ဒီစာအုပ်ကိုဖတ်နေကြသူတွေထဲမှာ အစိုးရဝန်ထမ်း သို့မဟုတ် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတွေလဲ ပါကြမှာပါ။ အဲဒီထဲမှာ တချို့ကတော့ဝန်ထမ်းဘဝကို စိတ်ကုန်နေကြပြီ။ သူများအခိုင်းခံဘဝနဲ့နေရတဲ့အပြင် ရတဲ့လစာလေးနဲ့ မိသားစုကို ပြည့်ပြည့်စုံစုံမထားနိုင်လို့ပါ။ အဲဒီတော့ ဝန်ထမ်းအလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ရင် ကောင်းမလားလို့ စဉ်းစားနေကြသူတွေလဲ ပါကြမှာပါ။ ကောင်းပါတယ်။ တသက်မှာတခါစွန့်စားလုပ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ငန်းမျိုးလုပ်မယ်၊ ရင်းနှီးငွေဘယ်လောက်လိုသလဲ၊ ဈေးကွက်ဖေါက်သယ်တွေရှိရဲ့လားစတဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အခြေခံလိုအပ်ချက်တွေကို အသေးစိပ်တွက်ချက်ပြီးလို့ အကုန်လုပ်နိုင်တယ်ဆိုရင်တောင်မှ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်စိတ်ရှိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်စီးပွားရေးလုပ်တယ်ဆိုတာ နေ့ချင်းညတွင်းချင်းအောင်မြင်သွားတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ အချိန်အတော်ကြာ ကြိုးစားရမှာပါ။ အပေါ်မှာ ရေးပြထားတဲ့ ဂျက်မားရဲ့အလီဘာဘာကုမ္ပဏီအောင်မြင်ဖို့ အချိန်(၁၅)နှစ်ကြာတယ်ဆိုတာ သတိရပါ။ ဒီကြားထဲ လုပ်နေရင်းနဲ့ အဆင်မပြေမှုတွေ ထဲ့မတွက်ထားတဲ့အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရအုံးမှာပါ။ အဲဒီတော့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်စိတ်မရှိရင် စိတ်ပျက်လက်လျှော့အရှုံးပေးလိုက်နိုင်ပါတယ်။

ဘာဖြစ်လို့ ယုံကြည်စိတ်ရှိဖို့ အရေးကြီးတယ်လို့ ပြောနေရတာလဲ။ အဲဒီယုံကြည်စိတ်ရှိပြီဆိုတာနဲ့ သင့်ရဲ့မသိစိတ်က သင့်ရဲ့ခန္ဓာကိုယ်ကို သင့်လုပ်ငန်းအောင်မြင်အောင်လုပ်ခိုင်းပါလိမ့်မယ်။ ယုံကြည်စိတ်မရှိသူမှာတော့ သူ့ရဲ့မသိစိတ်က ခန္ဓာကိုကို နိုးဆွပေးခြင်းမရှိလို့ သင့်လုပ်ငန်းအောင်မြင်မှာ မဟုတ်ပါဘူး။

ရှင်းသွားအောင် ဥပမာလေးတခုနဲ့ ရှင်းပြချင်ပါတယ်။

ကလေးတယောက်ဟာ စက်ဘီးစီတတ်ချင်တယ်။ ဒါပေမဲ့ သူဟာ စက်ဘီးစီးတတ်မယ်လို့ မယုံကြည်ဘူး။ ဒီတော့ ဘာဖြစ်သလဲ။ သူ့ရဲ့မသိစိတ်ကနေ ဦးနှောက်ကို သတင်းပို့လိုက်တယ်။ သူဟာ စက်ဘီးစီးတတ်မှာမဟုတ်ဘူးလို့ ယုံကြည်နေတယ်ပေါ့။ ဦးနှောက်အာရုံကြောကနေ ကလေးရဲ့တကိုယ်လုံးမှာရှိနေတဲ့အာရုံကြောတွေကို သူဟာ စက်ဘီးစီးတတ်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ခိုင်မာအောင် စက်ဘီးစီးမတတ်အောင် လုပ်ပေးကြဖို့ သတင်းထပ်ပို့ကြတယ်။ သူရဲ့အာရုံကြောတွေကလဲ ဦးနှောက်အာရုံကြောရဲ့ စေခိုင်းချက်အတိုင်း တသွေမတိမ်းလုပ်ပေးကြတယ်။ ကလေး စက်ဘီးစနင်းပြီဆိုတာနဲ့ ဟန်ချက်ညီညီမထိန်းနိုင်အောင် လုပ်ပေးကြမယ်။ သူ့ကိုယ်ကို ဟန်ချက်ညီအောင်မထိန်းနိုင်တော့ မကြာခန စက်ဘီးပေါ်က လဲကျမယ်။ အဲဒီလို လဲကျတိုင်း အစကတဲက စက်ဘီးတတ်မှာ မဟုတ်ဘူးဆိုတဲ့ သူ့ရဲ့ယုံကြည်မှုဟာပိုတိုးလာတယ်။ အကျိုးရလဒ်ကတော့ အဲဒီကလေးဟာ တသက်လုံးစက်ဘီးစီးတာ မတတ်တော့ပါဘူး။

တကယ်လို့သာ အဲဒီကလေးဟာ စက်ဘီးစမစီးခင်ကတဲက စက်ဘီးစီးတတ်ကိုတတ်ရမယ်လို့ ယုံကြည်မှုရှိနေရင် သေချာပေါက် စက်ဘီးစီးတတ်သွားမှာပါ။

ဒီလောက်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်မှုရှိဖို့၊ အဲဒီယုံကြည်မှုရအောင် မွေးဖို့ အရေးကြီးတယ်ဆိုတာ သဘောပေါက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ တကယ်ဖြစ်နိုင်တာမျိုးဖြစ်ဖို့ လိုပါတယ်။ ဥပမာ - လစဉ်ပုံမှန်လစာဒေါ်လာ ၁,၀၀၀ ရနေသူက တနှစ်အတွင်း လစာဒေါ်လာ ၁၀,၀၀၀ (၁၀ဆ)ရချင်တယ်ဆိုရင် ဖြစ်မှမဖြစ်နိုင်တာပဲ။ ဒါပေမဲ့အခုလက်ရှိရနေတဲ့လစာ ဒေါ်လာ ၁,၀၀၀ကနေ တနှစ်အတွင်း လစာ၂ဆတိုးစေရမယ်ဆိုတာက ဖြစ်နိုင်ပါတယ်။ နောက်ဆုံး လစာ၂ဆမတိုးတောင်မှ လက်ရှိလစာထက်ပိုတဲ့လစာကို ရနိုင်မှာပါ။

နောက်ဆုံးအနေနဲ့ မှာချင်တာက အောင်မြင်ကြီးပွားသူတိုင်းဟာ ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်စိတ်ရှိသူတွေချည်းပါပဲ။ If you really believe, you can move the mountainဆိုတဲ့စကားရှိပါတယ်

မှတ်ချက်။ ရေးနေဆဲစာအုပ်ဖြစ်တဲ့ "အောင်မြင်ကြီးပွားဖို့ဆိုတာ၊သိရင်မခက်ပါ" ထဲက စာမြည်းလေးတပုဒ်ပါ။

#ဗန်းမော်သိန်းဖေ
ReShare by:
www.EntrepreneurSME.com
(မြန်မာပြည်၏ စီးပွားရေးနည်းပညာ ဝဘ်ဆိုဒ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။