တိုင်မပတ်မိစေဖို့...ရှောင် ကြစို့
===================
ရှေ့ကိုရောက်ဖို့ကြိုးစားနေ ရင်း
ရှေ့မတိုးပဲ ဒီနေရာမှာ တိုင်ပတ်နေရတဲ့ အဖြစ်က ဆိုးလှပါတယ်။ ဒီလိုဖြစ်ရတဲ့
အကျိုးတရားတွေအတွက် အကြောင်းတရားတွေကတော့ အများကြီးရှိနိုင်ပါတယ်။
ဒီအထဲမှာ ဘယ်သူမပြုမိမိအမှု ဆိုတဲ့ စကားအတိုင်းပဲ ကိုယ်ကိုယ်တိုင်ရဲ့ သိရဲ့သားနဲ့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တရားလေးတွေကလည်း အဓိက အခန်းကဏ္ဍမှာ ပါနေတတ်ပါတယ်။
ဥပမာဗျာ...လူတကာကို ကျေနပ်အောင် လိုက်လုပ်နေတတ်နေတာပေါ့။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ကောင်းသလိုလို ရှိနေတာပေါ့။ အားလုံးကို ပျော်စေချင်တာ ကောင်တဲ့စိတ်ထားလေးပဲလေ။ ဒါပေမယ့် တကယ့် လက်တွေ့မှာ လူတွေကို ပျော်စေတာနဲ့ တွေ့တဲ့လူတိုင်းကို ကျေနပ်အောင်လုပ်နေတာက အတော်လေး မတူတာပဲဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာတွေ၊ ပြောသင့်ပြောထိုက်တာတွေဟာ ဖြစ်မလာတော့ဘူးလေ။ ဒီအခါမှာ ကိုယ်ဟာ လူပေါကြီးဖြစ်မှန်းမသိ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် လူဆိုတာဟာ ကိုယ့်လုပ်ရမယ့်အလုပ်၊ ကိုယ့်ရပ်တည်မှု အပေါ် သစ္စာရှိရမယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားသလိုတွေ ဖြစ်လာမယ်။ နေရာတကာ ကိုယ့်ကိုယ်နေရာမပေးရင် လူတွေက ကိုယ့်ကို ချနင်းသွားလိမ့်မယ်။ Middle East မှာ အလုပ်လုပ်ခဲ့တုန်းက အတွေ့အကြုံအရ လူတစ်ယောက်မှာ Self-Respect က အရမ်း အရေးကြီးပါတယ်။ စကားပြောဆိုပြုမူတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် respect မထားသူအတွက် သူတပါးရဲ့ respect ရဖို့ အရမ်းခက်နေပါလိမ့်မယ်။
နောက်တစ်ခုကတော့ အတိတ်မှာပဲ တဝဲလဲလဲ ဖြစ်နေတာပါ။ အတိတ်မှာနေတယ် ဆိုတဲ့နေရာမှာ ၂ ခု ရှိပါတယ်။ တခုက အတိတ်က ရွှေထီးဆောင်းခဲ့တာတွေကိုသာယာနေကြာတာမျိုးပေါ့။
ဟိုတုန်းက ဘာလုပ်ခဲ့တာ ဘာညာပေါ့ဗျာ။ နောက်တခုက အတိတ်က လုပ်ခဲ့ဖူးတဲ့
အမှားတွေ၊ မအောင်မြင်မှုတွေကိုပဲ ပြန်ပြန် စဉ်းစားပြီး စိတ်မကောင်းတွေဖြစ်ကာ
စိတ်ဓါတ်ကျဆင်းနေကြတာမျိုးပါ။ အရေးကြီးတာက ဒီနေ့...အခု...ဖြစ်ပါတယ်။
နောက်တခုကတော့ အိပ်မက်ကောင်းစဉ် မိုးမလင်းချင် ဆိုတဲ့ သီချင်းစာသားလိုပဲ အပြောင်းလဲလုပ်ရမှာကို စိုးကြောက်နေကြတာပဲ ဖြစ်ပါတယ်။ မပြောင်းလဲတာ ပြောင်းလဲခြင်းပဲ ရှိတယ်ဆိုတာကို နားလည်ပြီး စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေဖို့ရာ ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ သာယာနေတဲ့ comfort zone လေးကို မစွန့်လွတ်နိုင်ရင်တော့ သာ၍ကောင်းရာ စခန်းသာကို ဘယ်ဆီနေမှန်းသိရမှာမဟုတ်ပါဘူး။
နောက်ဆုံးတစ်ခုကတော့ အတွေးခေါင်နေခြင်းပဲ ဖြစ်ပါတယ်။ တခါတလေမှာ အတွေးရှုပ်နေတာတွေ၊ ရှင်းရှင်းလင်းလင်း မမြင်တာတွေဟာ အနှောက်တစ်ခုပဲ ဖြစ်ပါတယ်။ အတွေးရှင်းဖို့လိုပါတယ်။ အတွေးရှင်းမှ အမြင်ရှင်းမယ်လေ။ အမြင်ရှင်းမှ လုပ်ရပ်တွေက ပြတ်သားမှုရှိမယ်။ အတွေးတွေရှုပ် အတွေးတွေခေါင်နေရင် လူတွေနဲ့အခြေအနေတွေ နားမလည်နိုင်တော့ပဲ ဆုံးဖြတ်ချက်တွေ မပြတ်မသား တုံ့ ဆိုင်းတုံ့ ဆိုင်း ဖြစ်နေပါလိမ့်မယ်။
ဒီအချပ်တွေကြောင့် ရှေ့ကိုရောက်ဖို့ကြိုးစားနေ ရင်း ရှေ့မတိုးပဲ ဒီနေရာမှာ တိုင်ပတ်နေရတဲ့ အဖြစ်က ဆိုးလှတာ နာလည်သဘောပေါက်ပြီး
၁။ လူတိုင်းကို please လိုက်မလုပ်ဖို့
၂။ Self-respect ရှိဖို့
၃။ အတိတ်မှာပဲတဝဲလဲလဲမနေဖို့
၎။ ပြောင်းလဲဖို့ စိုးကြောက်မနေဖို့
၅။ အတွေးမခေါင်ကြဖို့
တိုက်တွန်းအားပေးလိုက်ရပါတယ်။
ချစ်ခြင်းမေတ္တာဖြင့်
KC
10.7.2017
===================
ရှေ့ကိုရောက်ဖို့ကြိုးစားနေ
ဒီအထဲမှာ ဘယ်သူမပြုမိမိအမှု ဆိုတဲ့ စကားအတိုင်းပဲ ကိုယ်ကိုယ်တိုင်ရဲ့ သိရဲ့သားနဲ့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တရားလေးတွေကလည်း အဓိက အခန်းကဏ္ဍမှာ ပါနေတတ်ပါတယ်။
ဥပမာဗျာ...လူတကာကို ကျေနပ်အောင် လိုက်လုပ်နေတတ်နေတာပေါ့။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ကောင်းသလိုလို ရှိနေတာပေါ့။ အားလုံးကို ပျော်စေချင်တာ ကောင်တဲ့စိတ်ထားလေးပဲလေ။ ဒါပေမယ့် တကယ့် လက်တွေ့မှာ လူတွေကို ပျော်စေတာနဲ့ တွေ့တဲ့လူတိုင်းကို ကျေနပ်အောင်လုပ်နေတာက အတော်လေး မတူတာပဲဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာတွေ၊ ပြောသင့်ပြောထိုက်တာတွေဟာ ဖြစ်မလာတော့ဘူးလေ။ ဒီအခါမှာ ကိုယ်ဟာ လူပေါကြီးဖြစ်မှန်းမသိ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် လူဆိုတာဟာ ကိုယ့်လုပ်ရမယ့်အလုပ်၊ ကိုယ့်ရပ်တည်မှု အပေါ် သစ္စာရှိရမယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားသလိုတွေ ဖြစ်လာမယ်။ နေရာတကာ ကိုယ့်ကိုယ်နေရာမပေးရင် လူတွေက ကိုယ့်ကို ချနင်းသွားလိမ့်မယ်။ Middle East မှာ အလုပ်လုပ်ခဲ့တုန်းက အတွေ့အကြုံအရ လူတစ်ယောက်မှာ Self-Respect က အရမ်း အရေးကြီးပါတယ်။ စကားပြောဆိုပြုမူတဲ့နေရာမှာ
နောက်တစ်ခုကတော့ အတိတ်မှာပဲ တဝဲလဲလဲ ဖြစ်နေတာပါ။ အတိတ်မှာနေတယ် ဆိုတဲ့နေရာမှာ ၂ ခု ရှိပါတယ်။ တခုက အတိတ်က ရွှေထီးဆောင်းခဲ့တာတွေကိုသာယ
နောက်တခုကတော့ အိပ်မက်ကောင်းစဉ် မိုးမလင်းချင် ဆိုတဲ့ သီချင်းစာသားလိုပဲ အပြောင်းလဲလုပ်ရမှာကို စိုးကြောက်နေကြတာပဲ ဖြစ်ပါတယ်။ မပြောင်းလဲတာ ပြောင်းလဲခြင်းပဲ ရှိတယ်ဆိုတာကို နားလည်ပြီး စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေဖို့ရာ ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ သာယာနေတဲ့ comfort zone လေးကို မစွန့်လွတ်နိုင်ရင်တော့ သာ၍ကောင်းရာ စခန်းသာကို ဘယ်ဆီနေမှန်းသိရမှာမဟုတ်ပါဘ
နောက်ဆုံးတစ်ခုကတော့ အတွေးခေါင်နေခြင်းပဲ ဖြစ်ပါတယ်။ တခါတလေမှာ အတွေးရှုပ်နေတာတွေ၊ ရှင်းရှင်းလင်းလင်း မမြင်တာတွေဟာ အနှောက်တစ်ခုပဲ ဖြစ်ပါတယ်။ အတွေးရှင်းဖို့လိုပါတယ်။ အတွေးရှင်းမှ အမြင်ရှင်းမယ်လေ။ အမြင်ရှင်းမှ လုပ်ရပ်တွေက ပြတ်သားမှုရှိမယ်။ အတွေးတွေရှုပ် အတွေးတွေခေါင်နေရင် လူတွေနဲ့အခြေအနေတွေ နားမလည်နိုင်တော့ပဲ ဆုံးဖြတ်ချက်တွေ မပြတ်မသား တုံ့ ဆိုင်းတုံ့ ဆိုင်း ဖြစ်နေပါလိမ့်မယ်။
ဒီအချပ်တွေကြောင့် ရှေ့ကိုရောက်ဖို့ကြိုးစားနေ
၁။ လူတိုင်းကို please လိုက်မလုပ်ဖို့
၂။ Self-respect ရှိဖို့
၃။ အတိတ်မှာပဲတဝဲလဲလဲမနေဖို့
၎။ ပြောင်းလဲဖို့ စိုးကြောက်မနေဖို့
၅။ အတွေးမခေါင်ကြဖို့
တိုက်တွန်းအားပေးလိုက်ရပါတယ
ချစ်ခြင်းမေတ္တာဖြင့်
KC
10.7.2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။