ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ ဘာတွေကတားဆီးနေလဲ။
အလုပ်တွေပိနေတာနဲ့ ကျနော်လည်း စာတွေမရေးနိုင်တာ တစ်နှစ်လောက်ရှိသွားခဲ့ပါပြီ။ ခု ပတ်ဝန်းကျင်မှာ ခဏခဏ ကြားရတာလေးရှိတယ်ဗျ။ ဒါက ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့
ဘာက တားဆီးနေသလဲဆိုတာပါ။ တကယ်တော့ ၀န်ထမ်းဘ၀တစ်ခုတည်းနဲ့
ငွေကြေးဖူလုံမှုဘ၀ကို မရောက်နိုင်ပါဘူး။ ဒါပေမဲ့လည်း
ကိုယ်ပိုင်စီးပွားရေးကို ခြေစုန်ပစ်ဝင်ဖို့ဆိုတာလည်း မ၀ံ့မရဲဖြစ်နေကြပါတယ်။ ဘာကြောင့်မ၀ံ့မရဲတွေ ဖြစ်နေကြရတာလဲ။ အဲဒါလေးတွေကို စဉ်းစားလို့ရသလောက်ရေးလိုက် ပါတယ်။
၁။ သက်တောင့်သက်သာဘ၀မှာပဲ ပျော်နေခြင်း။
လူရယ်လို့ဖြစ်လာရင် သက်တောင့်သက်သာ နေချင်တဲ့စိတ်က အလွန်ဆိုးပါတယ်။ အဲဒီစိတ်ကပဲ လူတွေရဲ့ တိုးတက်မှုကို ကန်သတ်ထားတယ်ဆိုတာ တော်တော်များများ သတိမမူမိကြပါဘူး။ မနက် ၈ နာရီမှ ထတဲ့သူတစ်ယောက် မနက် ၆ နာရီထပြီး စာပေလေ့လာဖတ်ရှု့ဖို့ဆိုတာ သူ့အတွက် မသက်သာလှပါဘူး။ ဒီလိုပဲ တနေ့တာ စား၊ သောက်၊ အိပ်နေတဲ့သူက သူ့အားလပ်ချိန်မှာ ငွေကြေးရှာဖွေဖို့ဆိုတာ သူ့အတွက် မသက်သာလှပါဘူး။
၂။ ထောင်မြင် ရာစွန့်မလုပ်နိုင်ခြင်း။
တချို့အရာတွေက တိုးပွားနိုင်ဖို့ အနည်းငယ်စွန့်လွတ်ဖို့လိုပါ တယ်။ အဲလို စွန့်နိုင်ဖို့လည်း ခွန်အားရှိရပါမယ်။ ကျနော်တွေ့ဖူးတဲ့လူတော်တော် များများက
အဆိုးမြင်ကြတယ်။ ဒါကိုရင်းလိုက်ရင် ရှုံးသွားမှာပဲဆိုပြီး
ကိုယ်လုပ်ချင်တာတွေတောင် မလုပ်တဲ့လူ အတော်များပါတယ်။ ဘယ်အရာမှ
အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့ မရပါဘူး။ အရင်ဆုံး ကိုယ့်မှာရှိတာ
ပေးဆပ်နိုင်ဖို့လိုပါတယ်။
၃။ လက်တွေ့အကောင်အထည်ဖော်ချင်စိတ်ကို ကိုယ်တိုင်ကန့်သတ်နေခြင်း။
ကျနော့်မှာ အိုင်ဒီယာကောင်းရှိတယ်။ ဒါပေမဲ့ ငွေကြေးမရှိဘူး။ တချို့ကလည်း ကျနော့် စီးပွားရေးတစ်ခုလုပ်ချင်တယ် ။
ဒါပေမဲ့ အဲဒီအကြံကို ဦးထားတဲ့လူတွေ ကျနော်တွေ့နေလို့ မလုပ်ချင်တော့ဘူး
ဆိုတဲ့ စကားသံတွေလည်း ကြားရပါတယ်။ အဲဒီအတွေးနှစ်ခုလုံး မှားပါတယ်။
ငွေကြေးမရှိဘူးဆိုရင် အဲဒီအိုင်ဒီယာ အကောင်အထည်ဖော်ဖို့ ဘာလုပ်နိုင်လဲ၊
လုပ်နိုင်တဲ့ အရာက စလုပ်ရမှာပါ။ ကိုယ့်အကြံ တခြားသူလုပ်နေကြတယ်ဆိုရင်လည်း ကိုယ်က သူတို့ထက် ဘယ်မှာပိုကောင်းအောင်လုပ်မလဲဆိုတဲ့ အတွေးမျိုးနဲ့ ရှေ့ဆက်ရမှာပါ။
၎။ လက်ရှိ ၀န်ထမ်းဘ၀ကို မစွန့်လွတ်နိုင်ခြင်း။
လက်ရှိ ၀န်ထမ်းဘ၀ဟာ ကိုယ့်မိသားစု စားဝတ်နေရေးအတွက် အရမ်းအရေးကြီးတယ်ဆိုရင် အဲဒီဘ၀ကို စွန့်လွတ်ဖို့ မလွယ်လှပါ။ ဒါပေမဲ့ ဖြစ်ချင်တဲ့စိတ်ရှိတဲ့သူကဟာ တစ်နည်းနည်းနဲ့ ဖြစ်အောင်ကိုလုပ်ပါတယ်။ ကျနော်အသိတစ်ယောက်ဆိုရင် ၀န်ထမ်းဘ၀ကတည်းက သူစိတ်ဝင်စားတဲ့လုပ်ငန်းကို ရုံးက ပြန်လာချိန်၊ အားလပ်ချိန်တွေမှာ လုပ်ကိုင်ရင်းနဲ့ ခုဆို လုပ်ငန်းရှင်ဖြစ်နေပါပြီ။
၅။ အထင်သေးခံရမှာ၊ အပြစ်ပြောခံရမှာကြောက်ခြင်း ။
ကိုယ်က လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် ဘေးထိုင်ဘုပြောမဲ့သူတွေ ဒုနဲ့ဒေးပါ။ မင်း မလုပ်နဲ့၊ ရှုံးမယ် ဆိုပြီး ရှေ့မှာပြောတဲ့သူတွေရော၊ တွေ့လား.. ဒီကောင့်ကို ငါပြောသားပဲ၊ ၀န်ထမ်းလုပ်နေအကောင်းသား ခုတော့ ပင်ပန်းလိုက်တာ လို့ နောက်ကွယ်မှာ ပြောတဲ့သူတွေ အများကြီးကြုံရမှာပါ။ အဆိုးဆုံးကတော့ ကိုယ့်မိသားစုဝင်တွေ ကိုယ်တိုင်ကိုက ကိုယ့်ကို တားဆီနေတာပါပဲ။ သူတို့တွေက တိုးတက်တဲ့ဘ၀ကို မလိုချင်တဲ့အပြင် ကိုယ့်ကိုပါ ဆွဲခေါ်ထားချင်တာပါ။
၆။ ခါးသီးတဲ့ အတွေ့အကြုံရှိခဲ့ဖူခြင်း။
ငါ ဒီမှာ ရင်းနှီးလိုက်တာ ရှိသမျှ ပြောင်ပါလေရောကွာ ဆိုပြီး ညည်းတဲ့ မိတ်ဆွေတွေကို ကြုံဖူးပါတယ်။ သူတို့တွေက မအောင်မြင်ခဲ့တဲ့ အတိတ်ကို ပြန်ပြီး တသသတွေးရင်းနဲ့ ရှေ့ကို မဆက်တော့တာပါ။ ကိုယ်တိုင်လည်း အောင်မြင်ချင်စိတ်မရှိတော့တဲ့အပြင် တခြားအောင်မြင်ချင်စိတ်ရှိတဲ့သူတွေကိုပါ စိတ်ဓါတ်ကျအောင် အမျိုးမျိုးလုပ်တတ်ပါတယ်။ ဘယ်လိုပဲ ကျဆုံးခဲ့ ကျဆုံးခဲ့ အဲဒီကနေသင်ယူရင်း ရှေ့တလှမ်းတိုးနေရမှာပါ။
ဒီအချက်လေးတွေကော.. ကိုယ်တိုင်ကြုံတွေ့နေရလား။ ကြုံနေရတယ်ဆို စိတ်မပူပါနဲ့။ ဒါဟာ လူတိုင်းကြုံရတဲ့ သဘာဝပါပဲ။ ဒါပေမဲ့ ဒီအချက်လေးတွေကို သတိပြုမိပြီး ကျော်လွှားနိုင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အောင်မြင်သောလုပ်ငန်းရှင်ဘ၀ ကို ပိုင်ဆိုင်နိုင်မှာပါ။ စွန့်လွတ်ကြိုစားချင်တဲ့ စိတ်တော့ ရှိရမှာပေါ့။ အားလုံးပဲ အောင်မြင်ကြပါစေဗျာ။
ကိုဂွမ်း
Email: info@entrepreneurs-mm.com
==========
အလုပ်တွေပိနေတာနဲ့ ကျနော်လည်း စာတွေမရေးနိုင်တာ တစ်နှစ်လောက်ရှိသွားခဲ့ပါပြ
၁။ သက်တောင့်သက်သာဘ၀မှာပဲ ပျော်နေခြင်း။
လူရယ်လို့ဖြစ်လာရင် သက်တောင့်သက်သာ နေချင်တဲ့စိတ်က အလွန်ဆိုးပါတယ်။ အဲဒီစိတ်ကပဲ လူတွေရဲ့ တိုးတက်မှုကို ကန်သတ်ထားတယ်ဆိုတာ တော်တော်များများ သတိမမူမိကြပါဘူး။ မနက် ၈ နာရီမှ ထတဲ့သူတစ်ယောက် မနက် ၆ နာရီထပြီး စာပေလေ့လာဖတ်ရှု့ဖို့ဆိုတာ သူ့အတွက် မသက်သာလှပါဘူး။ ဒီလိုပဲ တနေ့တာ စား၊ သောက်၊ အိပ်နေတဲ့သူက သူ့အားလပ်ချိန်မှာ ငွေကြေးရှာဖွေဖို့ဆိုတာ သူ့အတွက် မသက်သာလှပါဘူး။
၂။ ထောင်မြင် ရာစွန့်မလုပ်နိုင်ခြင်း။
တချို့အရာတွေက တိုးပွားနိုင်ဖို့ အနည်းငယ်စွန့်လွတ်ဖို့လိုပါ
၃။ လက်တွေ့အကောင်အထည်ဖော်ချင်စ
ကျနော့်မှာ အိုင်ဒီယာကောင်းရှိတယ်။ ဒါပေမဲ့ ငွေကြေးမရှိဘူး။ တချို့ကလည်း ကျနော့် စီးပွားရေးတစ်ခုလုပ်ချင်တယ်
၎။ လက်ရှိ ၀န်ထမ်းဘ၀ကို မစွန့်လွတ်နိုင်ခြင်း။
လက်ရှိ ၀န်ထမ်းဘ၀ဟာ ကိုယ့်မိသားစု စားဝတ်နေရေးအတွက် အရမ်းအရေးကြီးတယ်ဆိုရင် အဲဒီဘ၀ကို စွန့်လွတ်ဖို့ မလွယ်လှပါ။ ဒါပေမဲ့ ဖြစ်ချင်တဲ့စိတ်ရှိတဲ့သူကဟာ
၅။ အထင်သေးခံရမှာ၊ အပြစ်ပြောခံရမှာကြောက်ခြင်း
ကိုယ်က လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် ဘေးထိုင်ဘုပြောမဲ့သူတွေ ဒုနဲ့ဒေးပါ။ မင်း မလုပ်နဲ့၊ ရှုံးမယ် ဆိုပြီး ရှေ့မှာပြောတဲ့သူတွေရော၊ တွေ့လား.. ဒီကောင့်ကို ငါပြောသားပဲ၊ ၀န်ထမ်းလုပ်နေအကောင်းသား ခုတော့ ပင်ပန်းလိုက်တာ လို့ နောက်ကွယ်မှာ ပြောတဲ့သူတွေ အများကြီးကြုံရမှာပါ။ အဆိုးဆုံးကတော့ ကိုယ့်မိသားစုဝင်တွေ ကိုယ်တိုင်ကိုက ကိုယ့်ကို တားဆီနေတာပါပဲ။ သူတို့တွေက တိုးတက်တဲ့ဘ၀ကို မလိုချင်တဲ့အပြင် ကိုယ့်ကိုပါ ဆွဲခေါ်ထားချင်တာပါ။
၆။ ခါးသီးတဲ့ အတွေ့အကြုံရှိခဲ့ဖူခြင်း။
ငါ ဒီမှာ ရင်းနှီးလိုက်တာ ရှိသမျှ ပြောင်ပါလေရောကွာ ဆိုပြီး ညည်းတဲ့ မိတ်ဆွေတွေကို ကြုံဖူးပါတယ်။ သူတို့တွေက မအောင်မြင်ခဲ့တဲ့ အတိတ်ကို ပြန်ပြီး တသသတွေးရင်းနဲ့ ရှေ့ကို မဆက်တော့တာပါ။ ကိုယ်တိုင်လည်း အောင်မြင်ချင်စိတ်မရှိတော့တ
ဒီအချက်လေးတွေကော.. ကိုယ်တိုင်ကြုံတွေ့နေရလား။ ကြုံနေရတယ်ဆို စိတ်မပူပါနဲ့။ ဒါဟာ လူတိုင်းကြုံရတဲ့ သဘာဝပါပဲ။ ဒါပေမဲ့ ဒီအချက်လေးတွေကို သတိပြုမိပြီး ကျော်လွှားနိုင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အောင်မြင်သောလုပ်ငန်းရှင်ဘဝ
ကိုဂွမ်း
Email: info@entrepreneurs-mm.com
==========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။