ကျေးလက်ကလူတွေ မြို့ကြီးတွေကိုတက်လာတဲ့အခါ မောင်စံပေါ (Credit Maung Maung Lwin)
(၁)
စာတစ်ပုဒ်ဖတ်ဖြစ်တယ်။ ရေးသူက အိန္ဒိယနိုင်ငံသား။ အိန္ဒိယပြည်သူပြည်သားတွေရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မားရေး တိုက်ပွဲဝင်နေသူ။ အိန္ဒိယအခြေခံရေးတာဖြစ်ပေမဲ့ တွေးစရာတွေ အများကြီး ပေးခဲ့တယ်။ စဉ်းစားစရာလေးတွေရအောင် သူရေးတာလေးတွေကို ပြန်ပြီးတော့ မျှဝေ ဖေါက်သည်ချလိုက်ပါတယ်။
(၂)
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်သွားပြီလို့
ကြွေးကြော်နေကြချိန်မှာ အိန္ဒိယအတွက် ပြောစရာတွေ အများကြီးရှိနေဆဲပါ။
လိုအပ်နေတာတွေက အခုမှ မဟုတ်ပါဘူး၊ အရင်ကတည်းကပါ။ အိန္ဒိယအစိုးရက
ဆောင်ရွက်သမျှ ဖြည့်ဆည်းပေးမှုတွေဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်း၊
အခြေခံအဆောက်အအုံ၊ ပညာရေး စတာတွေဟာ မြို့ကြီးပြကြီးတွေအတွက်ပဲ
အာရုံစူးစိုက် လုပ်ဆောင်နေပါတယ်။ ကျေးလက်မှာတော့ အရိပ်အယောင်တောင်
ကောင်းကောင်း မသန်းပါဘူး။ အစိုးရကျောင်းတွေ ကောင်းကောင်း
အလုပ်မလုပ်နိုင်ကြဘူး။ ၂၄နာရီ လျှပ်စစ်မီးရရှိရေး၊ ကောင်းမွန်တဲ့လမ်း၊
သန့်ရှင်းတဲ့ရေ ဆိုတာတွေကတော့ ကျေးလက်မပြောနဲ့ မြို့ပြတွေတော်တော်များများ မှာ ဒေသခံပြည်သူတွေရဲ့ အိပ်မက် တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့သာ ရှိနေဆဲ။
(၃)
ကျေးလက်နေလူအများစုက စိုက်ပျိုးရေးလုပ်ကိုင်ကြသူ တွေ။ သူတို့စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ အသီးအနှံတွေ၊ ထွက်ကုန်တွေပေါ်ကနေ ထိုက်သင့်တဲ့ အကျိုးအမြတ်မရကြဘူး။ စိုက်ထုတ်ထားတဲ့အရင်းအနှီး၊ အချိန်၊ လုပ်အားတွေနဲ့ သူတို့ ပြန်ရတဲ့ဝင်ငွေရဲ့အချိုးဟာ တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ မမျှတဘူး။ ဖြန့်ဖြူးရေးစံနစ်မကောင်းလို့ဆိုပြီး
အပြစ်ပုံချတာတွေရှိတယ်။ အဓိကရောင်းဝယ်ဖေါက်ကားရာ ဒေသဈေးတွေက
ဈေးကောင်းမပေးနိုင်ကြဘူး။ မြို့ကြီးပြကြီးတွေကို
တိုက်ရိုက်တင်ပို့ရောင်းချဖို့ကလည်း အခက်အခဲတွေ အများကြီး။ ကံမကောင်းလို့ ရာသီဥတုဖေါက်ပြန်တဲ့နှစ်တွေ မှာ
ထမင်းစားစရာတောင် ခက်ခဲတယ်။ ကြာတော့ ရှိတဲ့မြေကလေးတွေ ရောင်းချပြီး
မြို့ကြီးပြကြီးကို ပြောင်းကြတယ်။ ဘ၀တွေ ပိုကောင်းလာမယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ပေါ့။
(၄)
ဒီလိုဖြစ်စဉ်တွေများလာတဲ့အခါ
မြို့ကြီးပြကြီးတွေမှာ လူဦးရေ ပိုမိုသိပ်သည်းထူထပ်လာတယ်။ နေထိုင်စရာ
အခက်အခဲတွေ များလာတယ်။ အစားအသောက် ရှာဖွေရခက်လာတယ်။ သောက်သုံးရေ
မလုံလောက်တော့ဘူး။ တစ်ခြား အခြေခံအဆောက်အအုံလိုအပ်ချက် တွေပါ များလာတယ်။ ခပ်ညံ့ညံ့လူတွေ အုပ်ချုပ်တဲ့မြို့ကြီးတွေဆို မပြောနဲ့တော့၊ ကောင်းမွန်ပြီး စံနစ်တကျ မြို့ပြစီမံကိန်းအစီအစဉ်တွေ ကို နှစ်ကာလရှည်အတွက် ကြိုတင်ချမှတ်လုပ်ကိုင်ခဲ့တဲ့ မြို့ကြီးတွေမှာတောင် ပြဿနာကြုံရတယ်။ ရလဒ်အနေနဲ့ အဓိက မြို့ကြီးတွေကလူတွေရဲ့ လူနေမှုအဆင့်အတန်းကျဆင်းလာတယ်။ စီပွားရေးသီအိုရီတွေမှာ ပြောလေ့ရှိတဲ့အတိုင်း လိုအပ်ချက်နဲ့ဖြည့်တင်းမှုနှ စ်ခုမှာ လိုအပ်ချက်တွေ များလာပြီး လုံလောက်တဲ့ ဖြည့်တင်းမှု မပြုနိုင်တဲ့အခါ လူနေမှုစရိတ်က အဆမတန် မြင့်မားလာတယ်။
(၅)
ဒီပြဿနာက အခုမှ ကောက်ကာငင်ကာ အရေးတကြီးဖြေရှင်းရမယ့်ပြဿနာ မဟုတ်ဘူး။ ရှေးကာလတွေကတည်းက အမြော်အမြင်ကြီးနဲ့ စီမံကိန်းတွေချမှတ်ပြီး ကြိုတင်ဆောင်ရွက်ခဲ့ရမှာဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေက ဒီအတွက် ခေါင်းထဲ မထည့်ခဲ့ကြဘူး။ သူတို့ပါတီအနိုင်ရရေးပထမ၊ သူတို့ပါတီအနိုင်ရရေးဒုတိယ၊ သူတို့ပါတီအနိုင်ရရေးတတိယ ဆိုပြီး အာဏာရရေးအဓိက လုပ်ခဲ့ကြတယ်။ အာဏာရမှ ပြည်သူတွေအတွက် လုပ်ကိုင်ပေးနိုင်မယ်ဆိုတဲ့
အကြောင်းပြချက်လှလှလေးကို ဆေး ရောင်စုံခြယ်ပြီး ဆင်ခြေပေးကြတယ်။
အာဏာရပြီးချိန်မှာ တကယ် အကောင်အထည်ဖေါ်လားဆိုတာ မေးရမယ့်
မေးခွန်းမဟုတ်ပါဘူး။ သူတို့ခမျာမှာလည်း ပေါ်ပင်အလုပ်တွေလုပ်ရ၊
လူပြိန်းကြိုက်စတန့်တွေထွင် ရနဲ့ မအားလှပါဘူး။
(၆)
အစောကြီးကတည်းက ကြိုတင်ဖြေရှင်းရမယ့် ပြဿနာဆိုပြီး နောက်ကျနေပြီ အောက်မေ့စရာ မလိုပါဘူး။ ကျေးလက်မှာ စက်ရုံ၊ အလုပ်ရုံတွေ တည်နိုင်အောင် ဆောင်ရွက်ပေးရပါမယ်။ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းတွေ အားပေးရပါမယ်။ ဒီအတွက် ၂၄နာရီ လျှပ်စစ်မီးပေးနိုင်ရေးကို ဦးစားပေးအဆင့်တစ်အနေနဲ့ ဆောင်ရွက်ရမှာပါ။ နံပါတ်နှစ်ကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ ပြီးရင် ကောင်းမွန်တဲ့ပညာရေးနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ
ပံ့ပိုးပေးရပါမယ်။ ကောင်းမွန်တဲ့ပညာရေးကသာ ကောင်းမွန်တဲ့ နိုင်ငံသားတွေ
မွေးထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျယ်ပြန့်ကြီးမားပြီး ကျေးလက်နေသူလူဦးရေ
အများစုဖြစ်တဲ့ တိုင်းပြည်မှာ ကျေးလက်ဘ၀မြှင့်တင်ရေးဟာ ဦးစားပေး
ဆောင်ရွက်ရမှာပါ။
(၇)
လူမပြောနဲ့ တိရစ္ဆာန်တွေတောင်မှ ဇာတိကို ခင်တွယ်ကြပါတယ်။ တော်ရုံတန်ရုံ အဆင်မပြေတာ ကြုံရုံကလေးနဲ့ ဇာတိမြေကို မစွန့်ကြပါဘူး။ လူအများစုနေထိုင်ရာဖြစ်ပြီး မြို့ပြအတွက် စားစရာတွေ ထုတ်လုပ်ပေးနေတဲ့ ကျေးလက်ဒေသကို လူတွေနေထိုင်လုပ်ကိုင်ရအဆင် ပြေအောင် ဆောင်ရွက်ပေးနိုင်ရင် ကျေးလက်ကနေ ခွာကြမှာ မဟုတ်ပါဘူး။ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ငြီးငွေ့နေကြတဲ့သူတွေတောင်မှ ကိုယ့်ဇာတိ ကျေးလက်မြေမှာ ပြန်အခြေချလာကြမှာပါ။
ကျေးလက်ပြီးရင် ဆက်စပ်ပြီး ကျေးလက်နဲ့နီးရာ မြို့ငယ်တွေအတွက် ဆောင်ရွက်ပေးရပါမယ်။ ကုန်ကြမ်းထွက်ရာနေရာနဲ့ကုန် ချောထုတ်ရာနေရာနှစ်ခုစလုံးဟာ တစ်နေရာတည်းမှာ ဖြစ်လာမယ်၊ ၂၄ နာရီ လျှပ်စစ်မီးလည်းရမယ်ဆိုရင် ထုတ်လုပ်မှုစရိတ်ကို အများကြီးလျှော့ချနိုင်လာမှာပါ။ ကုန်ချောပို့ရတာဖြစ်လို့ သယ်ယူပို့ဆောင်ရေးစရိတ်လည်း သက်သာလာမှာပါ။ အလုပ်အကိုင်ရှားပါးမှုကိုလည်း ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
(၈)
တောမှာ လုပ်စရာမရှိလို့မြို့ကြီးတွေကိုတက်တဲ့အခါ အလုပ်ရှာရတဲ့အခက်အခဲ ရှိပါတယ်။ နေထိုင်ရာဝန်းကျင်ပြောင်းလဲ ပြီး
အဆင်မပြေတာတွေ ကြုံရပါတယ်။ နေရေး၊ စားရေး ခက်ခဲကြပ်တည်း လွန်းတဲ့အခါ
ထွက်ပေါက်ကို လွယ်လွယ်ရှာလာတတ်ပါတယ်။ လူတိုင်းမဟုတ်ပေမဲ့
ဒီလိုရွေးခဲ့တဲ့လူတွေ အများကြီးရှိပါတယ်။ မွေးကတည်းက ဗီဇပါလာလို့
ခိုးဆိုးလုယက်သတ်ဖြတ်သူတွေကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးပြီး
လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ကြပ်လို့ ငတ်ဘို့ ရှာမစားတတ်လို့
ဖြစ်လာတဲ့ ရာဇ၀တ်မှုတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း
ဖန်တီးပေးခြင်းအားဖြင့်
ကျဆင်းစေနိုင်ပါတယ်။
လူကုန်ကူးမှုတွေ၊ ကိုယ်အင်္ဂါဖြတ်တောက်ရောင်းချ မှုတွေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေက ဘ၀အရည်အသွေးနိမ့်ပါးစွာ နေရတာတွေကို မီးမောင်းထိုးပြနေပါတယ်။
(၉)
ဒါတွေကို ဖြေရှင်းဆောင်ရွက်ရမှာ အာဏာရနိုင်ငံရေးပါတီရဲ့တာဝန်ပါ။ ၀မ်းနည်းစရာကောင်းတာက ဒါတွေကို ရွေးကောက်ပွဲမဲဆွယ်ဖို့လက်န က်အနေနဲ့သုံးကြပြီး အာဏာရပြီးချိန်မှာ အကောင်အထည်ဖေါ်မှု အားနည်းတာတွေပါ။ အာဏာသုံးပြီး ကိုယ်ကျိုးရှာတတ်တဲ့နိုင်ငံ ရေးသမားတွေနဲ့ ကြုံရချိန်မှာတော့ ပြည်သူတွေမှာ မှားပါပေါ့လို့သာ ငြီးတွားနိုင်ရှာပါတယ်။
တစ်ချို့နိုင်ငံရေးသမားတွေက
ပြောကြတယ်။ ရွေးကောက်ပွဲ မဲဆွယ်စရိတ်လောက်တော့ ပြန်ရှာရမှာပေါ့တဲ့။
ဘယ်လိုပြန်ရှာမှာလဲ။ ဘယ်လောက်ပြန်ရှာမှာလဲ။ ငွေနဲ့ဝယ်လို့ရတဲ့မဲကို
အယုံအကြည် မရှိပါဘူး။ နိုင်ဖို့လိုအပ်တဲ့မဲအရေအတွ က်ရဖို့
လုံလောက်တဲ့မဲတွေ ၀ယ်ရမယ်ဆိုရင် ဘယ်လောက်ကုန်မလဲဆိုတာ မူလတန်းသင်္ချာကျေရင်
အဖြေထုတ်တတ်ပါတယ်။ အင်မတန်ကြီးမားတဲ့ ပမာဏပါ။ အားလုံးကိုဝယ်ဖို့ဆိုတာ
ခက်ခဲလွန်းပါတယ်။ သူတို့အတွက် အလုပ်ကောင်းကောင်း လုပ်ပေးနိုင်မယ်၊
မှန်ကန်မျှတစွာ ဆောင်ရွက်ပေး နိုင်မယ်ဖို့ မျှော်လင့်လို့၊ ယုံကြည်လို့
မဲပေးသူတွေက မဲပေးခဲ့ကြတာပါ။ “ငွေ” ထက်စာရင် “လေ” နဲ့ဝယ်ခဲ့တဲ့မဲတွေက
များပါတယ်။ အပြောကောင်းတော့ အကောင်းပြောတယ်ထင်ပြီး ယုံခဲ့ကြ ပုံခဲ့ကြတာပါ။
(၁၀)
အာဏာရလာတဲ့အခါ အာဏာကိုမြင်ပြီး ဘ၀င်တွေ့ မနောခွေ့နေရင် မှားပါမယ်။ ပြည်သူက တာဝန်ပေးလိုက်တာ။ တာဝန်ကို မှန်မှန်ကန်ကန် အဆင်ပြေချောမောစွာ အကောင်အထည်ဖေါ်နိုင်ဖို့အတွက်
အာဏာကို အပ်နှင်းလိုက်တာပါ။ အလကားမတ်တင်း ကိုယ့်ထမင်းကိုယ်စား
ဘကြီးနွားကျောင်းရတယ် ဆိုတာမျိုး မဖြစ်အောင် မြင့်မားတဲ့လစာနဲ့ထောက်ပံ့ေ ကြး၊ ထိုက်သင့်တဲ့အဆောင်အယောင်နဲ့ ခံစားခွင့်တွေကိုပါ
ချီးမြှင့်ထားပါတယ်။ အလုပ်ကို ပီပီပြင်ပြင် မှန်ကန်စွာ၊ ပြည်သူအပေါ်မှာ
သစ္စာရှိစွာလုပ်ဖို့ပဲ လိုပါတယ်။ ပြည်သူ့အကျိုးစီးပွားဆိုတာ ရွေးကောက်ပွဲ
မဲဆွယ်ဖို့သုံးတဲ့ စကားလုံး မဟုတ်ပါဘူး။
(၁၁)
ပြည်သူတွေဘ၀ မြင့်မားတိုးတက်ဖို့ ပြည်သူတွေမှာ တာဝန်ရှိတယ်ဆိုပြီး ပြည်သူတွေပုခုံးပေါ်မှာ အားလုံးကို ပုံချလို့ လုံးဝ မရပါဘူး။ ပြည်သူတွေက ယုံကြည်စွာနဲ့ တာဝန်အပ်နှင်းထားတဲ့ အစိုးရမှာ တာဝန်ရှိပါတယ်။ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ဖို့ ရံပုံငွေ ဆိုတာလည်း ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ငွေတွေပါပဲ။ ပြည်သူ့ငွေနဲ့ ပြည်သူတွေလိုအပ်တာတွေကို မှန်မှန်ကန်ကန် ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့၊ ပြည်သူကို မနှိပ်စက်တဲ့၊ ပြည်သူ့အကျိုးဦးထိပ်တင်တဲ့ အစိုးရမျိုးနဲ့ ဆုံဆည်းကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ။
(ညွှန်း - WHY DO PEOPLE OF SMALL TOWNS/ VILLAGES MIGRATE TO BIG CITIES
by AKHIL KUMAR)
(၁)
စာတစ်ပုဒ်ဖတ်ဖြစ်တယ်။ ရေးသူက အိန္ဒိယနိုင်ငံသား။ အိန္ဒိယပြည်သူပြည်သားတွေရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မားရေး တိုက်ပွဲဝင်နေသူ။ အိန္ဒိယအခြေခံရေးတာဖြစ်ပေမဲ့
(၂)
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်သွားပြီလိ
(၃)
ကျေးလက်နေလူအများစုက စိုက်ပျိုးရေးလုပ်ကိုင်ကြသူ
(၄)
ဒီလိုဖြစ်စဉ်တွေများလာတဲ့အခ
(၅)
ဒီပြဿနာက အခုမှ ကောက်ကာငင်ကာ အရေးတကြီးဖြေရှင်းရမယ့်ပြဿန
(၆)
အစောကြီးကတည်းက ကြိုတင်ဖြေရှင်းရမယ့် ပြဿနာဆိုပြီး နောက်ကျနေပြီ အောက်မေ့စရာ မလိုပါဘူး။ ကျေးလက်မှာ စက်ရုံ၊ အလုပ်ရုံတွေ တည်နိုင်အောင် ဆောင်ရွက်ပေးရပါမယ်။ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းတွေ အားပေးရပါမယ်။ ဒီအတွက် ၂၄နာရီ လျှပ်စစ်မီးပေးနိုင်ရေးကို ဦးစားပေးအဆင့်တစ်အနေနဲ့ ဆောင်ရွက်ရမှာပါ။ နံပါတ်နှစ်ကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ ပြီးရင် ကောင်းမွန်တဲ့ပညာရေးနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတေ
(၇)
လူမပြောနဲ့ တိရစ္ဆာန်တွေတောင်မှ ဇာတိကို ခင်တွယ်ကြပါတယ်။ တော်ရုံတန်ရုံ အဆင်မပြေတာ ကြုံရုံကလေးနဲ့ ဇာတိမြေကို မစွန့်ကြပါဘူး။ လူအများစုနေထိုင်ရာဖြစ်ပြီး
ကျေးလက်ပြီးရင် ဆက်စပ်ပြီး ကျေးလက်နဲ့နီးရာ မြို့ငယ်တွေအတွက် ဆောင်ရွက်ပေးရပါမယ်။ ကုန်ကြမ်းထွက်ရာနေရာနဲ့ကုန်
(၈)
တောမှာ လုပ်စရာမရှိလို့မြို့ကြီးတေ
ကျဆင်းစေနိုင်ပါတယ်။
လူကုန်ကူးမှုတွေ၊ ကိုယ်အင်္ဂါဖြတ်တောက်ရောင်းချ
(၉)
ဒါတွေကို ဖြေရှင်းဆောင်ရွက်ရမှာ အာဏာရနိုင်ငံရေးပါတီရဲ့တာဝန
တစ်ချို့နိုင်ငံရေးသမားတွေက
(၁၀)
အာဏာရလာတဲ့အခါ အာဏာကိုမြင်ပြီး ဘ၀င်တွေ့ မနောခွေ့နေရင် မှားပါမယ်။ ပြည်သူက တာဝန်ပေးလိုက်တာ။ တာဝန်ကို မှန်မှန်ကန်ကန် အဆင်ပြေချောမောစွာ အကောင်အထည်ဖေါ်နိုင်ဖို့အတွက
(၁၁)
ပြည်သူတွေဘ၀ မြင့်မားတိုးတက်ဖို့ ပြည်သူတွေမှာ တာဝန်ရှိတယ်ဆိုပြီး ပြည်သူတွေပုခုံးပေါ်မှာ အားလုံးကို ပုံချလို့ လုံးဝ မရပါဘူး။ ပြည်သူတွေက ယုံကြည်စွာနဲ့ တာဝန်အပ်နှင်းထားတဲ့ အစိုးရမှာ တာဝန်ရှိပါတယ်။ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ဖို့ ရံပုံငွေ ဆိုတာလည်း ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ငွေတွေပါပဲ။ ပြည်သူ့ငွေနဲ့ ပြည်သူတွေလိုအပ်တာတွေကို မှန်မှန်ကန်ကန် ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့၊ ပြည်သူကို မနှိပ်စက်တဲ့၊ ပြည်သူ့အကျိုးဦးထိပ်တင်တဲ့
(ညွှန်း - WHY DO PEOPLE OF SMALL TOWNS/ VILLAGES MIGRATE TO BIG CITIES
by AKHIL KUMAR)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။