#ကလေးအတွေး
တနေ့မှာ ကလေးက သူ့အမေကို မေးလိုက်တယ်။
- "အမေ့ခေါင်းမှာ ဆံပင်ဖြူတွေ ပေါက်လာတာ ဘာဖြစ်လို့လဲ အမေ"
အမေက ပြန်ပြောတယ်။
- "သားက အမေ့ကို ဒုက္ခတစ်ခါပေးတိုင်း ဆံပင်ဖြူတစ်ချောင်းစီ ပေါက်လာတာလေ"
ကလေးဟာ ခဏလောက် စဉ်းစားလိုက်ပြီး အခုလို ပြန်ပြောလိုက်တယ်။
- "အော် ဒါကြောင့် အဖွားရဲ့ တစ်ခေါင်းလုံး ဆံပင်ဖြူတွေနဲ့ ဖြစ်နေတာကိုး" တဲ့။
ဖတ်ပြီး ပြုံးပျော်နိုင်ကြပါစေ။
ဗန်းမော်သိန်းဖေ
၀၁-၀၄-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။