" ခုန်မချပါနဲ့ မိတ်ဆွေ "
ဒီပုံလေးက သိပ်ကိုင်လှုပ်နိုင်လွန်းလို့  မျက်ရည်တွေတောင် စို့ချင်စို့လာလိမ့်မယ်။ ဖြစ်ပုံက ဒီလိုပါ။
လူတစ်ယောက် လန်ဒန်မြို့တံတားတစ်ခုပေါ်က ကိုယ့်ကိုကိုယ် အဆုံးသတ်ဖို့ ကြိုးစားစဉ်ကလို့ ဆိုပါတယ်။ အခုပုံထဲမှာ သူ့ကို ဖက်ထားတဲ့ လူတွေဟာ သူမသိတဲ့ ဖြတ်သွားဖြတ်လာ သူစိမ်းတွေပါပဲ။
ပုံကို ကြည့်လိုက်ပါအုန်းဗျာ။ ဒီလူဘာတွေ အရှုံးပေးခဲ့လဲ၊ ကြုံတွေ့ ကြေကွဲခဲ့လဲဆိုတာ စကားလုံးတွေမပါပေမယ့် စိုက်နေတဲ့ သူ့ဦးခေါင်း အနေအထားကြည့်ရုံနဲ့ ခံစားရတယ်။
အိုး နိုး နိုး။ ဒါတင် ဘယ်ကသေးမလဲ။
မျက်မှန်ဝတ်ထားပြီး သူ့ လည်ပင်းကို တင်းတင်း သိုင်းဖက်ထားတဲ့ လူကရော ဒီလူကို ဘာတွေ အားပေးနေမလဲ။ ဒီသူစိမ်းဟာ ဒီလူငယ်ရဲ့ နောက်ကြောင်းကို မသိပေမယ့် ရှေ့ဆက်သွားဖို့ ဖြောင်းဖြနေမယ်ထင်တယ်။
ကျုပ် အကြိုက်ဆုံးကတော့ ခုန်ချမယ့် လူငယ်ရဲ့ ခြေထောက်ကို တင်းတင်း သိုင်းဖက်ထားတဲ့ ခြေသလုံးနားက လက်တစ်စုံပဲ။ လက်ဖဝါးနှစ်ခုကို တစ်ခုအပေါ် တစ်ခုအုပ်၊ လက်ဆယ်ချောင်း ကျစ်ထားပုံက ကြက်သီးထစရာ။
အများကြီး မပြောတော့ဘူးဗျာ။
လူဆိုးတွေများတဲ့ လောကကြီးမှာ လူကောင်းတွေ အများကြီး ကျန်ပါသေးလား ပြတဲ့ ဓါတ်ပုံ။
ခင်များတို့လဲ စိတ်ဓါတ်ကျနေရင် ဒီကနေပဲ ပြောပါရစေ။
" ခုန်မချပါနဲ့ မိတ်ဆွေ၊ ခင်များကို ရှင်သန်စေချင်တဲ့ လက်တွေ ရှိနေဆဲပါလို့ "
Share if you love
❤️
Like the page for daily awesome contents
ဒီပုံလေးက သိပ်ကိုင်လှုပ်နိုင်လွန်းလို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။