Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 11, 2017

ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်

ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်
+++++++++++++++++++++++++++

ရေးသူ - အောင်ကိုဦး (UMK)

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လက နှစ်အလိုက် လုပ်ငန်း ပြက္ခဒိန်မှာ ထပ်ပေါ်လာနိုင်တဲ့ မမျှော်လင့်နိုင်တဲ့ ကိစ္စနဲ့ မမျှော်လင့်နိုင်တဲ့ အသုံးစရိတ် တွေအကြောင်း ပြောခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်း စတင်တဲ့အချိန် မှာ လုပ်ငန်းအောင် မြင်အောင် ကြိုးစား အားထုတ်ရသလို လုပ်ငန်း အောင်မြင်လာ ချိန်မှာလည်း အောင်မြင်မှုကို ထိန်းသိမ်းဖို့ အတွက် ကြိုးစားအား ထုတ်ရပါတယ်။

စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကို ဘာနဲ့တိုင်းတာ ကြမလဲ။ ဒီနေရာမှာ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံယူချက် တစ်ခုကိုပြော ပြချင်ပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ စီးပွားရေး လုပ်ငန်းဆိုင်ရာ အင်တာနက် စာမျက်နှာတစ်ခုက ရွေးချယ်တဲ့ လူငယ်စီးပွားရေး လုပ်ငန်းရှင်စာရင်းမှာ ကျွန်တော့်ကို AELC သင်တန်းကျောင်းရဲ့ ဦးစီးတည်ထောင်သူ တစ်ယောက် အနေနဲ့ ထည့်သွင်းဖော်ပြ ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်း ရုပ်သံ တစ်ခုဖြစ်တဲ့ Myanmar Business Channel (MBC) ကလည်း သူတို့ဘယ်လို တည်ထောင်ခဲ့လဲ ဆိုတဲ့ကဏ္ဍအတွက် အင်တာဗျူးတစ်ခု ရိုက်ကူးခဲ့ပါတယ်။ ပြောချင်တာက အဲဒီတော့မှ ကျွန်တော့်မှာ သင်တန်းဆရာ၊ စာရေးသူဆိုတဲ့ အမည်နာမအပြင် စီးပွားရေး လုပ်ငန်းရှင် ဆိုတဲ့ အမည်နာမ တစ်ခု တိုးလာမှန်း သတိထားမိပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ AELC ရဲ့အောင်မြင်မှုကို ဘာလဲလို့မေးရင် အင်္ဂလိပ်ဘာသာ စကား သင်တန်းကျောင်း တစ်ခုအနေနဲ့ အင်္ဂလိပ်စာ အရည်အသွေး ပြည့်ဝတဲ့ သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်နိုင်မှုလို့ ချက်ချင်းဖြေမိမှာ ဖြစ်ပေမဲ့ AELC ကို သင်တန်းကျောင်း တစ်ခုအနေနဲ့ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ဖြေရမယ်ဆိုရင် ချက်ချင်းဖြေဖို့ နည်းနည်း ခက်ခဲသွားပါတယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ဖြေရမယ်ဆိုရင် အင်္ဂလိပ်စာ အရည်အသွေး ပြည့်ဝသော သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်နိုင်ပြီး ထိုက်သင့်သော ငွေကြေးအကျိုးအမြတ် ရရှိမှုလို့ ဖြေရမှာဖြစ်ပါတယ်။

ဒီမှာတင် ပြီးခဲ့တဲ့လက ပြောခဲ့တဲ့အတိုင်း အရည်အသွေး အပိုင်းအရ လုပ်ငန်းအောင်မြင် မှုရပေမဲ့ ငွေရေးကြေးရေးအောင် မြင်မှုမရရင် ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်သလို ငွေရေးကြေးရေးအရ အကျိုးအမြတ် ရပြီးတော့ လုပ်ငန်းအရည် အသွေးတွေကျဆင်း ရင်လည်း ရေရှည်မရပ်တည်မှာ မဟုတ်ပါဘူး။ ဒါဟာ လုပ်ငန်းလုပ် ကိုင်သူတိုင်းကို အမြဲစိန် ခေါ်နေတဲ့ အကြောင်းအရာ တစ်ခုပါ။ AELC ဟာ Branding ကို ဦးစားပေးတဲ့အတွက် အရည်အသွေး၊ စေတနာပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေ၊ အထူးသဖြင့် သင်တန်းသား၊ သင်တန်းသူတွေကို စေတနာထားပြီး သင်ကြားပေးတဲ့အတွက် သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်းမှာ ရန်ကုန်မြို့ရဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်း များစွာထဲမှာ နေရာတစ်ခု ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ငွေရေးကြေးရး အရတော့ သင်တင့်ရုံလောက်ပဲ အောင်မြင် တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ AELC ဟာ ရန်ကုန် (လှိုင်၊ စမ်းချောင်း၊ တာမွေ)၊ မန္တလေး၊ ဘိုကလေးကျောင်း ငါးကျောင်းနဲ့ လည်ပတ်နေပါတယ်။ ငွေရေးကြေးရေးအရ သင်တင့်ရုံပဲ အောင်မြင်တယ်လို့ ဆိုရတာက သင်တန်းကျောင်း အားလုံးကို Classroom Structure အတူတူထားပါတယ်။ ကျောင်းအားလုံးဟာ Air-conditioned Classroom ၊ Projector ၊ Sound System၊ Book Stand အားလုံး အတူတူပါပဲ (ဘိုကလေးကျောင်း ကတော့ လျှပ်စစ်အခက် အခဲကြောင့် Air-conditioned Classroom မဟုတ်ပါဘူး။ Fan ပဲရှိပါတယ်။ ကျန်တာတော့ အတူတူပါ)၊ စမ်းချောင်းကျောင်းမှာဆိုရင် Audio Assessment Desk နဲ့ သင်တန်းသား၊ သင်တန်းသူတွေ ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်ဖို့ Fitness Area ပါ ထားရှိပါတယ်။ လှိုင်ကျောင်းမှာ Free Wifi Area ထားရှိပါတယ်။

တခြားကျောင်းတွေလည်း မကြာခင်တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ သင်တန်းအပ်ရင် Course Book ၊ Exercise Book ၊ Pen ပါ အဆင်သင့် ပေးပါတယ်။ သင်တန်းကို လူပဲလာဖို့လိုပါ တယ်။ အဲဒီလို Facility နဲ့ သင်တန်းကြေးကို Level တစ်ခုအတွက် သင်တန်းကာလ သုံးလအတွက် မြန်မာငွေ လေးသောင်းကျပ်ပဲ သတ်မှတ်ထားပါတယ်။ သင်တန်းကြေးလေး သောင်းကျပ်မှာ စာအုပ်စာတမ်းတွေနဲ့ Facility တွေ ပါဝင်ပြီးဖြစ်ပါတယ်။ ဘာကြေးမှ ထပ် သွင်းစရာမလိုတဲ့ အပြင် အခါအားလျော်စွာ အင်္ဂလိပ်စာသာမက နိုင်ငံတကာ အဖွဲ့အစည်း တချို့နဲ့ ပူးပေါင်းပြီး Leadership ၊ Business အပါအ၀င် သင်တန်းသား၊ သင်တန်းသူတွေ အတွက် လိုအပ်တဲ့ Skill တွေကို ပညာဒါနသင်တန်းတွေ စီစဉ်ပေးပါသေးတယ်။ ဒါကြောင့် ငွေရေးကြေးရေးအရ အောင်မြင်မှုဟာ သင့်တင့်ရုံပဲ ရှိပါသေးတယ်လို့ ပြောရတာပါ။
ဒါဆိုရင် ငွေရေးကြေးရေးအရ သင်တင့်ရုံပဲ အောင်မြင်တဲ့အတွက် လုပ်ငန်းတွေ ဆက် လက် ချဲ့ထွင်ဖို့ဖြစ်နိုင်ပါ့မလား။ လွယ် တော့မလွယ်ပါဘူး။ ကြိုးစားရတာပေါ့။ လစဉ်အမြတ် ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို Reserve ချန်ထားပါတယ်။ အဲဒီ ၂၀ ရာခိုင်နှုန်းဟာ လုပ်ငန်းချဲ့ ထွင်ဖို့ အတွက် အရန်ငွေစုဆောင်း ထားတာပါ။ မေးစရာရှိတာ တစ်ခုက အဲဒီလို ၂၀ ရာခိုင်နှုန်းစီ စုဆောင်းထားတာဟာ နောက်ထပ်ချဲ့ထွင်ဖို့၊ ဥပမာ- AELC (နောက် တစ်ကျောင်း) ဖြစ်လာဖို့ ဘယ်လောက် အချိန်ယူရမလဲ။ တိတိကျကျပြောဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဖြစ်မနေ ဖွင့်ဖို့လိုလာတဲ့အခါ (မဖြစ်မနေဖွင့်ဖို့ လိုလာတယ် ဆိုတာက အဓိက Demand ပါ) တခြားကျောင်းတွေရဲ့ မူလရင်းနှီးမြှုပ်နှံမှု မတည်ငွေထဲက လိုအပ်ရင် ထုတ်ယူသုံးစွဲ သင့်ရင်သုံးစွဲရမှာပါ။ နေပြည်တော်ဆိုရင် AELC ကျောင်းခွဲတွေ စဖွင့်ကတည်းက ခုချိန်အထိ တောက်လျှောက် တောင်းဆိုနေပါ တယ်။ ဘာလို့မဖွင့်နိုင်သေး တာလဲဆိုတော့ အရင်းအနှီးထက် ဆရာ၊ ဆရာမ အခက်အခဲကြောင့် အခုထိ မဖွင့်နိုင်သေး တာပါ။ တကယ့်ကို Demand ရှိတယ်။ လိုအပ်တဲ့ Man ? Material အစ ရှိတဲ့ Resource တွေလည်း ပြည်စုံတယ်ဆိုရင် Demand ရှိတဲ့ အချိန်မှာ အချိန်မီဈေးကွက်ကို အရယူနိုင်ဖို့ လိုပါတယ်။

လုပ်ငန်းအောင်မြင်နေ ဖို့အတွက် Quality & Facility က ကောင်းမွန်နေရမှာ ဖြစ်သလို Income & Expense နဲ့ Profit & Loss Margin ကို လုံးဝဂရုစိုက်နေရပါမယ်။ အဲဒီမှာတချို့သောအသုံး စရိတ်တွေဟာပြော ခဲ့ဖူးသလိုပဲ တစ်လတည်းမှာ များစွာကုန်ကျ သွားပေမဲ့ လုပ်ငန်းတစ်ခုလုံးနဲ့ ဆိုင်တာတွေမျိုးဆိုရင် ကနဦးအသုံး စရိတ်အနေနဲ့ တစ်နှစ်စာလုံးက မျှဝေကျခံဖို့ လိုအပ်ပါတယ်။ ဒါမှသာ Profit & Loss Margin က အဆင်ပြေမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ အရည်အသွေးကတော့ နံပါတ် ၁ လို့ ကျွန်တော်ကခံယူပါတယ်။ အရည်အသွေးကောင်းနေရင် အခြေအနေအချိန်အခါအရ (ဆိုလိုတာက ငွေရေးကြေးရေးအရ အကျိုး အမြတ်မရနိုင်တဲ့အခါဖြစ်စေ Expense တွေ များလာတာမျိုး Expense Material တွေ ဈေးနှုန်းမြင့်လာ တာမျိုးတွေမှာ) Price ကို ထိုက်သင့်သလောက် တိုးမြှင့်သင့်တိုးမြှင့်ရမှာပါ။ ဒါပေမဲ့ ကိုယ့် ရဲ့ Target Customer နဲ့ မကွာဟ သွားဖို့တော့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ တချို့သောကုန်ပစ္စည်းတွေဟာ Low Quality ၊ Low Price နဲ့ရပ် တည်လာပြီး တော့ High Quality ၊ High Price ကို ဦးတည်လာတဲ့အခါ Customer ရဲ့ စိတ်ထဲမှာ အရည်အသွေးမြင့် လာတာကို သတိမထားတော့ဘဲ ဈေးနှုန်းနဲ့ Branding ကို မြင်မိတတ်ပါတယ်။ ဆိုလိုတာက ဒီဈေးနှုန်းဆို ဟိုဟာ (နာမည်ကြီးတဲ့ Brand တစ်ခုခုပေါ့) ကိုပဲ သုံးတော့မှာပေါ့လို့ မြင်မိတာမျိုးကို ဆိုလိုတာပါ။ AELC က High Quality ၊ Medium Facility and Medium Price ကို ဦးတည်ထားတဲ့အတွက် Price ကို မမြှင့်ချင်တဲ့အခါ အရည်အသွေးကို အထိမခံဘဲ Facility ကိုပဲ လိုအပ်သလို ချိန်ညှိရပါတယ်။ လိုအပ် သလို ချိန်ရတယ် ဆိုတာက ဥပမာ- Air Con ကို MITSUBISHI သုံးမယ့်အစား ဈေးနှုန်းနည်းတဲ့ အမှတ်တံဆိပ် Air Con တစ်ခုခု သုံးတာမျိုး အချို့သော Management Institute တွေမှာ သုံးတဲ့ One Seat Lecture Chair ဆို ကျွန်တော် အရမ်း ကြိုက်ပါတယ်။ ဒါပေမဲ့ တစ်ခုံကို $193 ရှိပါတယ်။ AELC ရဲ့သင်တန်းကြေးနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါ။ ကိုယ့်အတိုင်း၊ ကိုယ့် အထွာ နဲ့ဈေးနှုန်း သင့်တာမျိုးပဲ သုံးတာမျိုးပါ။ ဥပမာ- Mobile Phone Handset ဆိုပါစို့ တချို့သော Brand အသစ်တွေဟာ Performance ပိုင်းမှာ နာမည်ရပြီးသား Brand တွေနဲ့အပြိုင် သုံးထား ကြပါတယ်။ ဒါပေမဲ့ ရေရှည်ခံမှု အပိုင်းမှာတော့ ကွာခြားပါလိမ့်မယ်။ ဒါပေမဲ့ ၀င်ငွေနည်းတဲ့ Customer တွေက Price နဲ့ Performance ကိုကြည့်ပြီး အဲဒီလို Middle Brand တွေကို သုံးစွဲကြတာမျိုးတွေရှိပါတယ်။

ကျွန်တော်ဟာ လုပ်ငန်းအရ စီးပွားရေးလို့ ပြေနိုင်ပေမဲ့ ဆရာတစ်ယောက် ဖြစ်နေတဲ့ အတွက် တစ်ခါတလေမှာ သင်တန်းသား၊ သင်တန်းသူတွေကို အကောင်းဆုံးပေး ချင်တဲ့စေတနာနဲ့ အရည်အသွေးအပြင် Facility ပိုင်းတွေပါ Budget Limit ကို ကျော်ပြီး သုံးစွဲမိတာတွေဖြစ်တတ်ပါတယ်။ တစ်ခါတလေကိစ္စမရှိပေမဲ့ ခဏခဏဆိုရင်တော့ မလွယ်လှပါဘူး။ ဒါကြောင့် အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဆိုတာ ကုန်ပစ္စည်းအရည် အသွေးကို ထိန်းသိမ်းထား ရုံသာမက မျှတတဲ့နှုန်းထားနဲ့ ငွေရေးကြေးရေး အကျိုးအမြတ် ပါရရှိရပါမယ်။ It’s easier said than done ဆိုသလိုပဲ အပြောလွယ် သလောက် အလုပ်ခက်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း Branding အောင်မြင်မှုနဲ့အတူ Financial Profit မြင့်တက်လာ ဖို့အတွက်ပါ ကြိုးစားနေဆဲပါ။ Financial Profit အတွက် ဘယ်လိုတွေ လုပ်သင့်လဲဆိုတာနဲ့ လက်ရှိဘယ်လိုတွေ လုပ်နေလဲဆိုတာ နောက်လမှာ ဆက်လက်ရေး ပါဦးမယ်။

''လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျစတင်ပြီး ကြီးပွားအောင်မြင်ကြပါစေ''။

#MyanmarB2BManagementMagazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။