Seinn Sein added 13 new photos.Follow
လူများစွာရဲ့အသက်ကို ထူးဆန်းတဲ့စိတ်ကူးနဲ့
ကယ်ဆယ်ခဲ့တဲ့ သိပ္ပံပညာရှင်
=================== ♥
ကနေဒါနိုင်ငံသားသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Christopher Charlesဟာ လွန်ခဲ့တဲ့ ၆နှစ်လောက်က သွေးအားနည်းရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ကမ္ဘောဒီးယားလူမျိုးတွေကို တွေ့ခဲ့ရပါတယ်။ သူဟာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းအမျိုးမျိုးနဲ့ကြိုးပမ်းခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သူစမ်းသပ်ခဲ့တဲ့နည်းလမ်းတွေနဲ့ သံဓာတ်ဖြည့်စွက်စာ၊ အားဆေးတွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ ရွာသူရွာသားတွေဟာ ဆင်းရဲလွန်းလှတဲ့ အတွက် ဖြစ်ပါတယ်။
Charles ဟာအဆင်းတကာ့အဆင်းရဲဆုံး လူတွေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ သူတို့ဟာ အသားနဲ့အားဆေးတွေ ၀ယ်ဖို့လည်း မတတ်နိုင်ကြပါဘူး။ နောက်ဆုံး သံအိုးပြောင်း ချက်ခိုင်းတာတောင် မ၀ယ်နိုင်ကြလောက်တဲ့အထိ ဆင်းရဲပါတယ်။
"ကျွန်တော်ရောက်ခဲ့တဲ့နေရာမှာ ရေပေးဝေတဲ့စနစ်မရှိ၊ လျှပ်စစ်ဓာတ်မရှိ၊ ကျွန်တော့် လက်ပ်တော့ သုံးဖို့တောင် အဆင်မပြေပါဘူး၊ ဒီနေရာမှာနေရတာ အလွန်ပဲ ခက်ခဲလှပါတယ်......"လို့
Charles က ပြန်ပြောင်းပြောပြပါတယ်။
နောက်ဆုံးမှာတော့ အကောင်းဆုံးနည်းလမ်းတစ်ခုကို Charlesဟာ တွေ့ရှိခဲ့ပါတယ်။ ဒီနည်းကတော့ အစားအစာတွေထဲမှာ သံတုံးတစ်တုံးကို ထည့်သွင်း ချက်ပြုတ်ခိုင်းတဲ့နည်းပဲ ဖြစ်ပါတယ်။ Charlesဟာ အ၀ိုင်းပုံသံတုံးကို အမျိုးသမီးတစ်ယောက်ကို ပေးပြီး ချက်စေခဲ့ပါတယ်။ အမျိုးသမီးဟာ မထည့်ခဲ့ပါဘူး။ ဒါဟာသံတုံးရဲ့ ပုံစံကြောင့်လို့ Charlesဟာ သိခဲ့တဲ့အတွက် သံတုံးကို ကြာပန်းပုံစံပြောင်းပြီး ထပ်ပေးခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း အငြင်းခံခဲ့ရပါတယ်။
ကမ္ဘောဒီးယားတွေရဲ့ သမိုင်းနဲ့ယဉ်ကျေးမှု့ကို လှန်ပြီးတဲ့ အခါမှာတော့ Charles ဟာ သံတုံးကို ငါးပုံစံပြောင်းလဲပြီး ပေးခဲ့တဲ့အခါမှာတော့ အဆင်ပြေခဲ့ပါတယ်။ ငါးဟာ သူတို့ လူမျိုးအတွက် ကံကောင်းစေတဲ့အဆောင်လို့ ယူဆထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ဒီနည်းလမ်းကတော့ ဆူနေတဲ့ရေ(သို့)ဟင်းအိုးထဲမှာ ၃၊၄လက်မလောက်ရှိတဲ့ သံတုံးကို၁၀မိနစ်ခန့်ထည့်ပြီး ပြန်ထုတ်စေတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူတစ်ယောက် တစ်နေ့တာအတွက် လိုအပ်တဲ့သံဓာတ်ရဲ့ ၇၅%ကိုရရှိစေနိုင်ပါတယ်။
၁၂လလောက် ဒီနည်းလမ်းကိုသုံးပြီး ရာပေါင်းများစွာသော ရွာသူရွာသားတွေရဲ့ သွေးအားနည်းရောဂါကို ကုသပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ မိသားစု၂၅၀၀လောက်ဟာ ဒီငါးပုံသံတုံးကို သုံးနေကြတဲ့အတွက် ဆေးရုံဆေးခန်းတွေ သွားဖို့ မလိုအပ်တော့ပါဘူး။
"ဒီ project ကနေ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရခဲ့ပါတယ်။ ဒီရောဂါကို ကမ္ဘာ့အကောင်းဆုံးနည်းလမ်းတွေနဲ့ ကုသနိုင်ပေမယ့် မတတ်နိုင်တဲ့သူတွေအဖို့ တော့ အခုနည်းလမ်းဟာ အဆင်ပြေစေမှာဖြစ်ပါတယ်" လို့
Charlesက ဆိုပါတယ်။
_
_
_
Photo Credit- Google
Credit*-#သုတဇုန်
📚📚📚📚📚📚
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။