ဘဏ်တိုး
(Credit Win Myo Thu)
အပြင်မှာ မုန့်ဟင်းခါးဘဲရောင်းရောင်း ကားဘဲဆွဲဆွဲ ကောင်းရောင်း
ကောင်းဝယ် လုပ်ရင်တလနှစ်ကျပ်တိုးလောက် ဘဲကိုက်တယ်။ တနှစ် ၂၄% ပေါ့။ ဘဏ်တိုးက တနှစ် ၁၃% တိုးဆိုတော့ ဘဏ်ကငွေချေး
ပြီး လုပ်ငန်းလုပ်ဘို့ တွက်ချေမကိုက်ဘူး။
အပေါင်နဲ့ငွေချေးတာမဟုတ်ဘဲ လုပ်ငန်းစီမံချက်ပြချေးနိုင်အောင်လုပ်ပေး ပြီး ဘဏ်တိုးက ၆ကျပ်တိုးလောက်ဘဲဆိုရင် အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေဖွံ့ဖြိုးဘို့ အလားအလာကောင်းမယ်။
ဗဟိုဘဏ်က ပြည်သူတွေ ဘဏ်ကိုအသုံးပြုတဲ့သူနဲတာရယ် ဘဏ်တိုးက ငွေဖောင်းပွနှုန်းအထက်မှာရှိ ရမယ်ဆိုတဲ့ သီအိုရီကို တရားသေစွဲကိုင်ပြီး ဘဏ်တိုးမချနိုင်ဘူးပြောနေတာ ပြန်စဉ်းစားစေချင်တယ်။ ဘဏ်လုပ်ငန်းရှင်တွေဘက်က စဉ်းစားပြီးအကာအကွယ်ပေးနေတာ လို့ ယူဆတယ်။ ဘယ်ဘဏ်လုပ်ငန်းရှင်ကမှ ဘဏ်ကမြတ်စွန်းဘို့ကို အမှန်တကယ် မျှော်မှန်းပြီး
ဘဏ်လုပ်ငန်းတိုးချဲ့နေတာမဟု တ်ဘူး။
ငွေမဲတွေ ငွေဖြူလုပ်ဘို့ asset management လုပ်တာက အဓိက
ဘဏ်လုပ်ငန်းရှင်ဆိုပြီး ပွဲခံချင်တာက ဒုတိယမို့ ပုံမှန်သီအိုရီအတိုင်းစဉ်းစားလုပ်လို့မရပါဘူး။ ဘဏ်ခွဲတွေအများကြီး ဖွင့် ငွေလွှဲလုပ်ငန်းတွေ လုပ်ပေးနေယုံနဲ့ ဘဏ်ကမြတ်စွန်းနေမယ်လို့ထင်ရ င် အဲ့ဒီလောက် ပိန်းတာ မရှိဘူးလို့ဘဲပြောရတော့မယ်။
ဘဏ်ဆိုတာ ငွေများများ မြန်မြန်ချေးနေမှ အမြတ်ရမှာ။ ဗဟိုဘဏ်သတ်မှတ်ချက်ကိုရှော့ ပြီး အသေးစားနဲ့အလတ်စားလုပ်ငန်းရှင် များများကိုချေးပေးမှ ဘဏ်လဲအလုပ်ဖြစ် လူထုလဲအလုပ်ဖြစ်မှာ။အမေရိကန်လို နိုင်ငံမှာတောင် အလုပ်အကိုင် ၈၀ % လောက်က SME အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေက ဖန်တီးပေးတာပါ။
ဘဏ်တိုးက ငွေဖောင်းပွနှုန်း အထက်မှာရှိရမယ်ဆိုတာကိုပြန် ငြင်းရရင်
၁။ မြန်မာပြည်စီးပွားရေးက informal economy ကမောင်းနှင်နေတာပါ။ formal economy အရ ထိန်းချုပ်နေတဲ့ ငွေကြေး စနစ် ပြင်ပ မှာ လည်ပတ်နေတဲ့ ငွေကြေးက အဆပေါင်းများစွာပိုပါတယ်။ ဒီငွေတွေ formal economy စနစ်ထဲပြန်ရောက်လာအောင်မောင်းနှင်ဘို့လိုတယ်။
informal ကို formal ချည်းကပ်ပုံနဲ့စဉ်းစားရင် ကျားက ဘာလို့ နွားကို
ခြေထောက်စားပြီး ပေါင်ဆက်မစားဘဲ ဗိုက်ဖောက်စားတာလဲ ကို
နားမလည်နိုင်ဘူးဖြစ်နေမယ်။ formal ချည်းကပ်ပုံကို အလိုက်အထိုက်
လိုက်လျောညီထွေ ပြောင်းလဲစဉ်းစားဘို့လိုအပ် မယ်လို့ ဆိုချင်တယ်။
၂။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လုံး ဘဏ်တိုးက ငွေဖောင်းပွနှုန်း အောက်မှာဘဲရှိခဲ့တာပါ။ စီးပွားရေးဒီထက်ပိုလုံးပါးမ ပါးနိုင်တော့ပါဘူး။
ငွေဖောင်းပွမှုက အရင်တုံးက တနှစ် ၁၅%ရှိတယ် ဆန်တတင်း နှစ်စမှာ တတင်း
တသောင်းရှိ ရှိရင် နှစ်ကုန်မှာ ဆန်ဈေးက တတင်း တသောင်း
တစ်ထောင်ငါးရာဖြစ်မယ်။ ကိုယ်မှာ ငွေတသိန်းရှိလို့ နှစ်စမှာ ဆန်ဝယ်ရင်
ဆယ်တင်းရမယ်။ ဆန်မဝယ်ဘဲ ဘဏ်မှာ သွားအပ်ထားရင် ဘဏ်တိုးက တနှစ်ငါးကျပ်တိုးဘဲ
ပေးတယ်ဆိုကြပါစို့ ။
နှစ်ကုန်မှာ တိုးရင်းပေါင်း တသိန်းငါးထောင်ဘဲရမယ်။ ဆန်သွားဝယ်ရင်ဆန်ဈေးက ငွေဖောင်းပွနှုန်းနဲ့ တတင်း တစ်သောင်း တစ်ထောင့်ငါးရာ ဖြစ်နေတာမို့ ဆန်၉တင်းဘဲရမယ်။ နှစ်စမှာဝယ်ရင်ရမဲ့ ဆန်ဆယ်တင်းနဲ့ယှဉ်ရင် တတင်းလျော့ရမှာမို့ ကိုယ့်ဝင်ငွေစီးပွားဥစ္စာ ၁၀% ပွန်းပဲ့သွားတယ်ပေါ့။ ဒီနေရာမှာ စဉ်းစားရမှာက formal economy မှာလည်ပတ်နေတဲ့ ဥစ္စာ စီးပွား လျော့ရင် ပြဿနာရှိပေမဲ့ ခိုးလို့ ဖွတ်လို့ဘိန်းရောင်းလို့ ရထားတဲ့ စီးပွား 10% လျော့သွားတာဟာ ဘာမှမပြောပလောက်ဘူး။ ငွေမဲတွေခဝါချနေတဲ့ ဘဏ်လုပ်ငန်းရှင် တွေရဲ့ငွေမို့ အားလုံးပုလုန်ဖြစ်မဲ့ငွေ ၁၀% ဘဲ ရှုံးမှာမို့ ကိုယ်တော်များက ထတောင် ကနေ ကြဦးမှာ။
၃။ အထက်မှာဆွေးနွေးတဲ့အတိုင်း အခွန်ကောက်မရတဲ့ငွေတွေဟာ အခွန်ကောက်နိုင်တဲ့ လုပ်ငန်းတွေဖြစ်လာမယ်။ ကိန်းသီအိုရီအရပြောရရင်တော့ Wealth distribution , လု ပ်တယ်လို့မှတ်ယူပါ။
၎။ economic သင်ဘူးတဲ့သူတိုင်း marginal analysis တွက်ရပါတယ်။ အခြေခံတွေပါ မခက်ပါဘူး။ ဘဏ်တွေလက်ရှိပုံစံအတိုင်းလု ပ်နေလို့
ရမဲ့ အကျိုးအမြတ်နဲ့ ဘဏ်တိုးလျော့ပြီး SME တွေကို များများမြန်မြန်
ထုတ်ချေး နိုင်လို့ ရလာမဲ့ အမြတ် နှိုင်းယှဉ်တွက်ကြည့်ပါ။ အရှုံးမရှိ
တွက်ချေကိုက်နိုင်မဲ့ အနည်းဆုံးလိုအပ်မဲ့ ငွေ ကြေး လည်ပတ်ရမဲ့ ပမာဏ volume
တခု တွက်လို့ရမှာပါ။ ဒီပမာဏအတိုင်း ဘဏ်တွေ ငွေချေး နိုင်အောင် မူဝါဒ
ပံပိုးပေးပါ။ SME တွေ စီမံကိန်းပြ ငွေလိမ် မချေး အောင်ရယ်
လုပ်ငန်းအောင်မြင်အောင်ရယ် အတွက် ရယ် မူဝါဒ တခုလိုပါတယ်မူဝါဒတွေ
ဟန်ချက်ညီအောင်လဲ လုပ်ရမယ်။ (SME အတွက် က ရွာပေါင်း ခုနှစ်ရွာမှာ
အမျိုးသမီး ၄၀၀ လောက် အလုပ် ရအောင် လုပ်ပေးခဲ့တဲ့ အတွေ့အကြုံ ပေါ်
အခြေခံပြီး သီးခြားဆွေးနွေးပါမယ်)
၅။ SME တွေအတွက် နိုင်ငံတကာ ချေးငွေ ရနိုင်ပါတယ် အတိုး သက်သာတာမို့ ပေါင်းစပ်ကျင့်သုံးနိုင်ရင် ဆုံးရှုံး နိုင်ခြေ risk လျော့ ချနိုင်ပါတယ်။
ဘဏ်ချေးငွေသက်သက်သာသာ ရနိုင်လို့ လူထုက sme လုပ်နိုင်ရင် ရွှေဈေးကစားတာတွေ မြေဝယ်ရောင်းလုပ်တာတွေ လမ်းပြောင်းသွားမယ်။ မြေလုတဲ့ပြဿနာနဲသွားနိုင်သလို မြေဈေးငြိမ်ရင် ပြည်တွင်းပြည်ပ ရင်း နှီး မြှုပ်နှံမှု ကုန်ထုတ်လုပ်ငန်းမှာတက်လာမယ ။ လူထုက ဘဏ်လဲငွေမအပ် ရွှေလဲမဝယ် မြေလဲမကစားပါဘူး လို့ စောဒကတက်ရင်တော့ .....။ ။
(Credit Win Myo Thu)
အပြင်မှာ မုန့်ဟင်းခါးဘဲရောင်းရောင်း
ကောင်းဝယ် လုပ်ရင်တလနှစ်ကျပ်တိုးလောက်
ပြီး လုပ်ငန်းလုပ်ဘို့ တွက်ချေမကိုက်ဘူး။
အပေါင်နဲ့ငွေချေးတာမဟုတ်ဘဲ လုပ်ငန်းစီမံချက်ပြချေးနိုင
ဗဟိုဘဏ်က ပြည်သူတွေ ဘဏ်ကိုအသုံးပြုတဲ့သူနဲတာရယ်
ဘဏ်လုပ်ငန်းတိုးချဲ့နေတာမဟု
ဘဏ်ဆိုတာ ငွေများများ မြန်မြန်ချေးနေမှ အမြတ်ရမှာ။ ဗဟိုဘဏ်သတ်မှတ်ချက်ကိုရှော့
ဘဏ်တိုးက ငွေဖောင်းပွနှုန်း အထက်မှာရှိရမယ်ဆိုတာကိုပြန်
၁။ မြန်မာပြည်စီးပွားရေးက informal economy ကမောင်းနှင်နေတာပါ။ formal economy အရ ထိန်းချုပ်နေတဲ့ ငွေကြေး စနစ် ပြင်ပ မှာ လည်ပတ်နေတဲ့ ငွေကြေးက အဆပေါင်းများစွာပိုပါတယ်။ ဒီငွေတွေ formal economy စနစ်ထဲပြန်ရောက်လာအောင်မောင
၂။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လုံး ဘဏ်တိုးက ငွေဖောင်းပွနှုန်း အောက်မှာဘဲရှိခဲ့တာပါ။ စီးပွားရေးဒီထက်ပိုလုံးပါးမ
နှစ်ကုန်မှာ တိုးရင်းပေါင်း တသိန်းငါးထောင်ဘဲရမယ်။ ဆန်သွားဝယ်ရင်ဆန်ဈေးက ငွေဖောင်းပွနှုန်းနဲ့ တတင်း တစ်သောင်း တစ်ထောင့်ငါးရာ ဖြစ်နေတာမို့ ဆန်၉တင်းဘဲရမယ်။ နှစ်စမှာဝယ်ရင်ရမဲ့ ဆန်ဆယ်တင်းနဲ့ယှဉ်ရင် တတင်းလျော့ရမှာမို့ ကိုယ့်ဝင်ငွေစီးပွားဥစ္စာ ၁၀% ပွန်းပဲ့သွားတယ်ပေါ့။ ဒီနေရာမှာ စဉ်းစားရမှာက formal economy မှာလည်ပတ်နေတဲ့ ဥစ္စာ စီးပွား လျော့ရင် ပြဿနာရှိပေမဲ့ ခိုးလို့ ဖွတ်လို့ဘိန်းရောင်းလို့ ရထားတဲ့ စီးပွား 10% လျော့သွားတာဟာ ဘာမှမပြောပလောက်ဘူး။ ငွေမဲတွေခဝါချနေတဲ့ ဘဏ်လုပ်ငန်းရှင် တွေရဲ့ငွေမို့ အားလုံးပုလုန်ဖြစ်မဲ့ငွေ ၁၀% ဘဲ ရှုံးမှာမို့ ကိုယ်တော်များက ထတောင် ကနေ ကြဦးမှာ။
၃။ အထက်မှာဆွေးနွေးတဲ့အတိုင်း အခွန်ကောက်မရတဲ့ငွေတွေဟာ အခွန်ကောက်နိုင်တဲ့ လုပ်ငန်းတွေဖြစ်လာမယ်။ ကိန်းသီအိုရီအရပြောရရင်တော့
၎။ economic သင်ဘူးတဲ့သူတိုင်း marginal analysis တွက်ရပါတယ်။ အခြေခံတွေပါ မခက်ပါဘူး။ ဘဏ်တွေလက်ရှိပုံစံအတိုင်းလု
၅။ SME တွေအတွက် နိုင်ငံတကာ ချေးငွေ ရနိုင်ပါတယ် အတိုး သက်သာတာမို့ ပေါင်းစပ်ကျင့်သုံးနိုင်ရင်
ဘဏ်ချေးငွေသက်သက်သာသာ ရနိုင်လို့ လူထုက sme လုပ်နိုင်ရင် ရွှေဈေးကစားတာတွေ မြေဝယ်ရောင်းလုပ်တာတွေ လမ်းပြောင်းသွားမယ်။ မြေလုတဲ့ပြဿနာနဲသွားနိုင်သလ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။