လူ နှစ်မျိုး
သင်ဟာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ။ ဖတ်ကြည့်လိုက်ရအောင်။
စူပါမားကတ်က ကောင်မလေးတစ်ယောက် မျက်နှာက နွမ်းလျနေသည်။ တစ်နေ့တာလုံး ဝယ်သူတန်းက မပြတ်။ ကောင်မလေးကလဲ ပစ္စည်းတွေကို တီကနဲ Scan လိုက်၊ အထုတ်ထဲ ထည့်လိုက်။
လူ-၁
" အလုပ်လုပ်တာ တက်ကြွမှုမရှိလိုက်တာ" ဟူသော အတွေးနဲ့ ကောင်မလေးကို ကြည့်ရင်း ခေါင်းတခါခါ။
လူ-၂
" အော်၊ ဒီကောင်မလေး ဒီလောက်ပင်ပန်းနေတာတောင် လုပ်တုန်း။ သူ့အိမ်အပြန်မှာ သူ့ကို ကြိုမယ့် သူ့ညီမတွေ၊ အမေတွေအတွက် လုပ်နေတာ၊ ကြိုးစားနေရှာတာ ထင်တယ်။ ဒါမှမဟုတ် အိမ်ထောင်တစ်ခုမှာ လင်ရော မယားကော အလုပ်လုပ်တာ ထင်တယ်" ဒီလိုတွေးပြီး အပြုံးနဲ့အတူ မျက်လုံးပေါက်လေးတွေတောင် ကျဉ်းပြီး ချိုမြသွားတယ်။
*********************
ရုံးပိတ်ရက်တစ်နေ့။ ရေကန်ဘေးမှာ လူငယ်တွေစုပြီး ကရာတေးသင်နေသည်။ ကရာတေး သင်တယ်ဆိုပေမယ့် အကြမ်းရှယ် သင်နေတာမျိုးတော့မဟုတ်၊ အပျော်ကိုယ်လက်လှုပ်ရှားသဘော မျိုး။ သင်ပေးသူကလဲ ခပ်ရွယ်ရွယ် ကောင်လေးတစ်ယောက်၊ တပည့်တွေထဲမှာလဲ ဆယ်နှစ်သား အရွယ်တွေလဲပါသလို ငါးနှစ်သား ဘုစုခရုလေးတွေလဲပါသည်။
ဆရာကောင်လေးက ဖော့လက်အိတ်ထူထူကြီး ဝတ်ထားပြီး တပည့်တွေကို တန်းစီပြီး တစ်လှည့်စီထိုးခိုင်းသည်။ ထိုးပြီးတဲ့သူက တန်းနောက်ကို ပြန်စီပေါ့။
ဒီလိုနဲ့ ၁၃ နှစ်အရွယ်ကောင်လေးအလှည့်ရော က်တော့
ထိုးပြီး ဘာလုပ်ရမှန်းမသိပဲ ယောင်တောင်တောင်ဖြစ်နေသည်။ နောက်တစ်ယောက်က
ခြောက်နှစ်သားအရွယ်လေး။ သူက ထိုးပြီးတော့ နောက်ကိုပြေးသွားပြီး နောက်က
တန်းပြန်စီသည်။ ဒါကိုမြင်တော့မှ ၁၃ နှစ်သားလေးက ၆နှစ်သားလေးနောက်မှာ
ပြန်စီသည်။
အမှန်ဖြစ်သွားပုံက ၁၃ နှစ်သားလေးက ၆နှစ်သားလေး ရှေ့မှာ ရှိသင့်တာကနေ နောက်ရောက်သွားတာပေါ့။
လူ-၁
ကလေး အပျော်ဆော့တာပါပဲလေ။ ဒီအတိုင်း ထားလိုက်ပါ။
လူ-၂
သင်နေတာကို ခဏရပ်ပြီး ၆နှစ်သားလေးကို နောက်ပြန်ဆင်းပြီး အလှည့်မကျော်မိစေဖို့၊ မမှားစေဖို့ ပြင်ပေးမည်။
(စင်ကာပူမှာ လက်တွေ့ကြုံခဲ့ရတာတော့ ဆရာဖြစ်သူက ၆နှစ်သားလေးကို နောက်ပြန်ဆင်းခိုင်းတာပါပဲ။
၆နှစ်သားလေးကို အပြစ်ဆိုတာမျိုးမဟုတ်ပဲ အရင်ရောက်သူဟာ ရှေ့မှာ အရင်ရ
ရမယ်ဆိုတာကို သိစေခဲ့တာပါ။ မြန်မာပြည်မှာတော့ ဘဏ်မှာ ကိုယ်တန်းစီနေတုန်း
ကျောင်းဆရာမတစ်ယောက် ဘုဘောက်ဆို တန်းဖြတ်ပြီး စီပြစ်လိုက်တော့ အေးရောပေါ့)
******************
လှပအေးချမ်းတဲ့ နေရာတစ်ခုကို အုပ်စုလိုက် ကားနဲ့ ခရီးထွက်ကြတယ်။ ကားအပေါ်ကဆင်းတော့ တောင်ပေါ်လမ်းလေးတွေအတိုင် ရှုခင်းကြည့်လို့လှမယ့် တောင်ထိပ်ကို လမ်းလျှောက်ရတယ်။ လမ်းတစ်လျှောက်လဲ တစ်ပျော်တစ်ပါး စားသောက်ရင်းပေါ့။ ခက်တာက စားသောက်အပြီးမှာ ပြစ်စရာ အမှိုက်ပုံးမတွေ့တာပါပဲ။
လူ-၁
ဒီလို အပန်းဖြေ လူလာများတဲ့နေရာမှာ ထားပေးသင့်တာပေါ့။ ထားမပေးတော့ ဒီလိုပဲ ပြစ်ခဲ့ရမှာပဲ။ အမှိုက်တော့ ကိုင်မသွားနိုင်ပါဘူး။
လူ-၂
အော်၊ ဒီလိုနေရာမျိုးမှာ ထားပေးသင့်ပေမယ့် ဘာလို့များထား မထားပါလိမ့်။ အကြောင်းတော့ရှိရမယ်။ အမှိုက်ပုံး မရှိတော့လဲ ကားထဲထိ ပြန်ယူသွားပြီး ပုံးတွေ့မှ စုပြစ်ရတာပေါ့။
(မြို့ပြတွေမှာတော့ ထားသင့်ပါတယ်။ အမှန်က ထားမပေးတဲ့ အကြောင်းရင်းတစ်ခုက ဝေးလံတဲ့တောလမ်းနေရာမလို့ပါ ။ အမှိုက်ပုံးထားပေးရင် လူလာများတော့ ပြည့်တာမြန်မယ်။ ဝေးလံတဲ့ နေရာကို တကူးတကလာပြီး ဝန်ထမ်းက အခေါက်ခေါက် အခါခါကြုံးရမယ်။
အမှိုက်ပုံးမထားပေမယ့် သဘာဝဝန်းကျင်ကို ချစ်တတ်တဲ့သူတွေ၊ နိုင်ငံကြီးသားပြီသသူတွေဆို
အမှိုက်မပြစ်ခဲ့ဘူးလို့ ယူဆနိုင်တယ်။ ယူဆသလို ဒီတစ်ခုကိုတော့ Australia
မှာ တွေ့ခဲ့လို့ လာလည်ပတ်သူတွေကို လေးစားမိပါတယ်၊ ဘာအမှိုက်မှကို
မတွေ့ခဲ့ပါ)
********************
ကောင်မလေးတစ်ယောက် ပထမဆုံး ရည်းစားထားမိသည်။ ကောင်လေးက သူမထပ် နှစ်နှစ်ခန့် အသက်ကြီးသည်။ ပထမဆုံး ရည်းစားဖြစ်တာရော၊ အချစ်ကို ကမ္ဘာကြီးလို့ ထင်နေစဉ် အရွယ်ဖြစ်တာရောနဲ့ ခိုးရာလိုက်ပြေးမိသည်။ နောက်ဆုံးမှ အလိမ်ခံရကာ ချုံးပွဲချ ငိုလိုက်ရတာ ရှိသည်။
လူ-၁
"ခံရတာတောင်နည်းသေး။ ရွတာလေ။ ကိုယ်တွေလိုမှ မဟုတ်တာ"
ဒီလိုနဲ့ တွေ့သမျှလူ လျှာအရသာခံပြောတော့သည်။
လူ-၂
"အော် ၊ ဘယ်သူမှ အလိမ်ခံချင်မှာမှ မဟုတ်ပဲ။ ကိုယ်တွေ ငယ်စဉ်ကလဲ ဒီလူရူးမိုက်ချင် ရူးမိုက်ခဲ့တာပဲလေ"
ခပ်ဖြေးဖြေးနဲ့ ရှိုက်ကြီးတငင် ငိုနေတဲ့ကလေးမကို ကျောသပ်ပေးသည်။
*********************
အသက် ၃၅ နှစ်အရွယ်ခန့် လူတစ်ယောက် Gym ထဲမှာ အလေးသေးသေးလေးတွေနဲ့ ဆော့နေသည်။ လူက ဝလို့ အကောင်ကြီးပေမယ့် ခွန်အားကတော့မရှိ။ ဒီလိုနဲ့ သူဆော့တဲ့ အလေးပမာဏနဲ့ သူ့အရွယ်အစားနဲ့က မလိုက်။
လူ-၁
ခွီကနဲ ဖြစ်သွားပြီး ဒီဘက်ကနေ အီးထွက်နေပုံနဲ့ လှန်းနောက်သည်။
လူ-၂
ဒီအရွယ်ရောက်မှ မရှက်မကြောက်ပဲ ကိုယ့်ကိုကိုယ် တိုးတက်အောင် လာလုပ်နေတာကို သဘောကျသည်။ ကိုယ်တွေတုန်းကလည်း ဒီလိုသေးသေးလေးတွေနဲ့ စခဲ့ရတာပါလား တွေးမိပြီး လွမ်းဆွေး ပြုံးမိသည်။
********************
ကိစ္စရပ်တိုင်းမှာ သင်ဟာ အဆိုးတွေးလို့ရသလို အကေင်းတွေးလို့လဲ ရသည်။
ဆန့်ကျင်ဘက် အတွေးတွေက ဆန့်ကျင်ဘက်အရပ်ကို ခေါ်ဆောင်သွားလိမ့်မှာ မလွဲ။
ဒါပေမယ့် ပိုအေးချမ်းတဲ့၊ ပိုလှပတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့ မှန်ကန်တဲ့ အတွေးတွေ ရွေးတတ်ဖို့တော့ လိုပါလိမ့်မည်။
Share if you love
❤️
Like the page for daily awesome contents
သင်ဟာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ။ ဖတ်ကြည့်လိုက်ရအောင်။
စူပါမားကတ်က ကောင်မလေးတစ်ယောက် မျက်နှာက နွမ်းလျနေသည်။ တစ်နေ့တာလုံး ဝယ်သူတန်းက မပြတ်။ ကောင်မလေးကလဲ ပစ္စည်းတွေကို တီကနဲ Scan လိုက်၊ အထုတ်ထဲ ထည့်လိုက်။
လူ-၁
" အလုပ်လုပ်တာ တက်ကြွမှုမရှိလိုက်တာ" ဟူသော အတွေးနဲ့ ကောင်မလေးကို ကြည့်ရင်း ခေါင်းတခါခါ။
လူ-၂
" အော်၊ ဒီကောင်မလေး ဒီလောက်ပင်ပန်းနေတာတောင် လုပ်တုန်း။ သူ့အိမ်အပြန်မှာ သူ့ကို ကြိုမယ့် သူ့ညီမတွေ၊ အမေတွေအတွက် လုပ်နေတာ၊ ကြိုးစားနေရှာတာ ထင်တယ်။ ဒါမှမဟုတ် အိမ်ထောင်တစ်ခုမှာ လင်ရော မယားကော အလုပ်လုပ်တာ ထင်တယ်" ဒီလိုတွေးပြီး အပြုံးနဲ့အတူ မျက်လုံးပေါက်လေးတွေတောင် ကျဉ်းပြီး ချိုမြသွားတယ်။
*********************
ရုံးပိတ်ရက်တစ်နေ့။ ရေကန်ဘေးမှာ လူငယ်တွေစုပြီး ကရာတေးသင်နေသည်။ ကရာတေး သင်တယ်ဆိုပေမယ့် အကြမ်းရှယ် သင်နေတာမျိုးတော့မဟုတ်၊ အပျော်ကိုယ်လက်လှုပ်ရှားသဘော
ဆရာကောင်လေးက ဖော့လက်အိတ်ထူထူကြီး ဝတ်ထားပြီး တပည့်တွေကို တန်းစီပြီး တစ်လှည့်စီထိုးခိုင်းသည်။ ထိုးပြီးတဲ့သူက တန်းနောက်ကို ပြန်စီပေါ့။
ဒီလိုနဲ့ ၁၃ နှစ်အရွယ်ကောင်လေးအလှည့်ရော
အမှန်ဖြစ်သွားပုံက ၁၃ နှစ်သားလေးက ၆နှစ်သားလေး ရှေ့မှာ ရှိသင့်တာကနေ နောက်ရောက်သွားတာပေါ့။
လူ-၁
ကလေး အပျော်ဆော့တာပါပဲလေ။ ဒီအတိုင်း ထားလိုက်ပါ။
လူ-၂
သင်နေတာကို ခဏရပ်ပြီး ၆နှစ်သားလေးကို နောက်ပြန်ဆင်းပြီး အလှည့်မကျော်မိစေဖို့၊ မမှားစေဖို့ ပြင်ပေးမည်။
(စင်ကာပူမှာ လက်တွေ့ကြုံခဲ့ရတာတော့ ဆရာဖြစ်သူက ၆နှစ်သားလေးကို နောက်ပြန်ဆင်းခိုင်းတာပါပဲ။
******************
လှပအေးချမ်းတဲ့ နေရာတစ်ခုကို အုပ်စုလိုက် ကားနဲ့ ခရီးထွက်ကြတယ်။ ကားအပေါ်ကဆင်းတော့ တောင်ပေါ်လမ်းလေးတွေအတိုင် ရှုခင်းကြည့်လို့လှမယ့် တောင်ထိပ်ကို လမ်းလျှောက်ရတယ်။ လမ်းတစ်လျှောက်လဲ တစ်ပျော်တစ်ပါး စားသောက်ရင်းပေါ့။ ခက်တာက စားသောက်အပြီးမှာ ပြစ်စရာ အမှိုက်ပုံးမတွေ့တာပါပဲ။
လူ-၁
ဒီလို အပန်းဖြေ လူလာများတဲ့နေရာမှာ ထားပေးသင့်တာပေါ့။ ထားမပေးတော့ ဒီလိုပဲ ပြစ်ခဲ့ရမှာပဲ။ အမှိုက်တော့ ကိုင်မသွားနိုင်ပါဘူး။
လူ-၂
အော်၊ ဒီလိုနေရာမျိုးမှာ ထားပေးသင့်ပေမယ့် ဘာလို့များထား မထားပါလိမ့်။ အကြောင်းတော့ရှိရမယ်။ အမှိုက်ပုံး မရှိတော့လဲ ကားထဲထိ ပြန်ယူသွားပြီး ပုံးတွေ့မှ စုပြစ်ရတာပေါ့။
(မြို့ပြတွေမှာတော့ ထားသင့်ပါတယ်။ အမှန်က ထားမပေးတဲ့ အကြောင်းရင်းတစ်ခုက ဝေးလံတဲ့တောလမ်းနေရာမလို့ပါ
အမှိုက်ပုံးမထားပေမယ့် သဘာဝဝန်းကျင်ကို ချစ်တတ်တဲ့သူတွေ၊ နိုင်ငံကြီးသားပြီသသူတွေဆို
********************
ကောင်မလေးတစ်ယောက် ပထမဆုံး ရည်းစားထားမိသည်။ ကောင်လေးက သူမထပ် နှစ်နှစ်ခန့် အသက်ကြီးသည်။ ပထမဆုံး ရည်းစားဖြစ်တာရော၊ အချစ်ကို ကမ္ဘာကြီးလို့ ထင်နေစဉ် အရွယ်ဖြစ်တာရောနဲ့ ခိုးရာလိုက်ပြေးမိသည်။ နောက်ဆုံးမှ အလိမ်ခံရကာ ချုံးပွဲချ ငိုလိုက်ရတာ ရှိသည်။
လူ-၁
"ခံရတာတောင်နည်းသေး။ ရွတာလေ။ ကိုယ်တွေလိုမှ မဟုတ်တာ"
ဒီလိုနဲ့ တွေ့သမျှလူ လျှာအရသာခံပြောတော့သည်။
လူ-၂
"အော် ၊ ဘယ်သူမှ အလိမ်ခံချင်မှာမှ မဟုတ်ပဲ။ ကိုယ်တွေ ငယ်စဉ်ကလဲ ဒီလူရူးမိုက်ချင် ရူးမိုက်ခဲ့တာပဲလေ"
ခပ်ဖြေးဖြေးနဲ့ ရှိုက်ကြီးတငင် ငိုနေတဲ့ကလေးမကို ကျောသပ်ပေးသည်။
*********************
အသက် ၃၅ နှစ်အရွယ်ခန့် လူတစ်ယောက် Gym ထဲမှာ အလေးသေးသေးလေးတွေနဲ့ ဆော့နေသည်။ လူက ဝလို့ အကောင်ကြီးပေမယ့် ခွန်အားကတော့မရှိ။ ဒီလိုနဲ့ သူဆော့တဲ့ အလေးပမာဏနဲ့ သူ့အရွယ်အစားနဲ့က မလိုက်။
လူ-၁
ခွီကနဲ ဖြစ်သွားပြီး ဒီဘက်ကနေ အီးထွက်နေပုံနဲ့ လှန်းနောက်သည်။
လူ-၂
ဒီအရွယ်ရောက်မှ မရှက်မကြောက်ပဲ ကိုယ့်ကိုကိုယ် တိုးတက်အောင် လာလုပ်နေတာကို သဘောကျသည်။ ကိုယ်တွေတုန်းကလည်း ဒီလိုသေးသေးလေးတွေနဲ့ စခဲ့ရတာပါလား တွေးမိပြီး လွမ်းဆွေး ပြုံးမိသည်။
********************
ကိစ္စရပ်တိုင်းမှာ သင်ဟာ အဆိုးတွေးလို့ရသလို အကေင်းတွေးလို့လဲ ရသည်။
ဆန့်ကျင်ဘက် အတွေးတွေက ဆန့်ကျင်ဘက်အရပ်ကို ခေါ်ဆောင်သွားလိမ့်မှာ မလွဲ။
ဒါပေမယ့် ပိုအေးချမ်းတဲ့၊ ပိုလှပတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့ မှန်ကန်တဲ့ အတွေးတွေ ရွေးတတ်ဖို့တော့ လိုပါလိမ့်မည်။
Share if you love
Like the page for daily awesome contents

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။