ကုလားအုပ်ကို ပြန်မစီးစေချင်သူ
=====================
တစ်ခုလောက် စိတ်ကူးပြီး မြင်ကြည့်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အိမ်မှာပိုက်ကနေလာတဲ့ရေ မရှိတဲ့နေရာ၊ လျပ်စစ်မီး မရှိတဲ့နေရာမှာ နေနေရတယ်လို့ တွေးကြည့်လိုက်ပါ။
ဒီအချိန်မှာ လူတစ်ယောက်နေ လာမယ့် နောက် ၅ နှစ်မှာ အိမ်မှာ ရေပိုက်ကနေ ရေလာရမယ့်၊ လျပ်စစ်မီးတွေ ရှိလာရမယ်လို့များ ပြောလာခဲ့ရင် ဘယ်လိုများပြန်တုန့်ပြန်မိမ လဲဆိုတာကို တွေးကြည့်စေချင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကိုယ်နေတဲ့နေရာကို သင်္ဘောတွေ အလွယ်တကူ ဝင်နိုင်အောင် တူမြောင်းတူးရမယ်။ ခင်းထားတဲ့လမ်းမရှိတဲ့အချိန်မှာ တံတားတွေ ဆောက်ဦးမယ်လို့ ပြောလာခဲ့ရင် ဘယ်လို တုန့်ပြန်မလဲ။
ဒါတင်မကသေးဘူး လမ်းတောင်မခင်းနိုင်သေးတာ လေယာဉ်ကွင်းကို ဆောက်ဦးမယ်။ လူတွေတည်းဖို့ ဟိုတယ်တွေဆောက်ဦးမယ်။ ကားတစ်စီးမှ မရှိချိန်မှာ အစီး ၅၀၀ ဆန့်တဲ့ ကားပါကင်ကြီးဆောက်ဦးမယ်။ ဒါတွေကို ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
အခုပြောခဲ့တာ စိတ်ကူးယဉ်ဇာတ်လမ်းတော့မဟုတ်ခဲ့ပါဘူး။
ဒါဟာ ၁၉၅၉ အချိန်ကာလလောက်က ဒူဘိုင်းမြို့ရဲ့ အနေအထားနဲ့ ခေါင်းဆောင်
Sheikh Rashid bin Saeed Al Maktoum ရဲ့ ဒူဘိုင်း ကို ပြောင်းလဲခဲ့တဲ့
အိပ်မက်တွေပါပဲ။ ဒူဘိုင်း ရေမြောင်းလေးနားမှာ နေနေကြရာကနေပြီး အခုလို
ခေတ်မှီမြို့ကြီးဖြစ်လာအောင်စတင်ခဲ့တာလည်းဖြစ်ပါတယ်။
သူပြောခဲ့တာကတော့ "ငါ့ရဲ့အဖိုးက ကုလားအုပ်ကိုစီးခဲ့တယ်။ ငါ့အဖေက ကုလားအုပ်ကိုစီးတယ်။ ငါက Mercedes ကို စီးတော့မယ်။ ငါ့ရဲ့သားက Land Rover ကိုစီးလိမ့်မယ်။ သူ့ရဲ့သားကလည်း Land Rover ကိုစီးဦးမယ်။ ဒါပေမယ့် အဲ့ဒီ့ သားရဲ့သားကတော့ ကုလားအုပ်ကို ပြန်စီးရလိမ့်မယ်"
ဆိုပြီးတော့ နောက်မျိုးဆက်အနည်းငယ်မှာ ကုန်ခမ်းသွားနိုင်တဲ့ ဒူဘိုင်းရဲ့ ရေနံ အနေအထားကို ကြိုတွေးမိပြီး ရေနံတွေမထွက်တော့ရင်တောင် ဆက်လက်ရှင်သန်နေနိုင်မယ့် ဒူဘိုင်းရဲ့ စီးပွားရေးကို စတည်ဆောက်ဖို့ အမြင်ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိ ရှိနေတဲ့ ဆိပ်ကမ်းအသေးလေးကို အစ ၃၀လောက်ချဲ့ထွင်ခဲ့သေးတယ်။ ဒါတင်မကဘူး လူသူဝေးတဲ့ Jebel Ali ဆိုတဲ့နေရာမှာ အကြီးဆုံး ဆိပ်ကမ်းကြီးကို စဆောက်ခဲ့ပါတယ်။ သူကိုယ်တိုင် နေ့စဉ် project တွေအကြားမှာ သွားရောက် ဦးဆောင်ခဲ့သလို ညနေတွေမှာလည်း လူတွေရဲ့ ပြဿနာတွေကို နားထောင် ဖြေရှင်းပေးခဲ့သူဖြစ်ပါတယ်။
အခုမြင်တွေ့နေရရတဲ့ ခေတ်မှီဒူဘိုင်းဆိုတဲ့နေရာဟာ
ခေါင်းဆောင် Sheikh Rashid bin Saeed Al Maktoum ရဲ့
ဒူဘိုင်းအပေါ်ထားခဲ့တဲ့ အနာဂတ်အမြင် visionary leadership
ကြောင့်ဆိုရင်မမှားပါဘူး။
အခြားသူတွေ မမြင်သေးတာကို မြင်တတ်တာ၊ မြင်တဲ့အတိုင်း ယုံကြည်လုပ်ဆောင်တတ်တာ visionary leader တစ်ယောက်ရဲ့ လက္ခဏာပဲဖြစ်ပါတယ်။
ကိုယ်တွေရော ဘယ်လိုမျိုး
See the future...
Believe the future...
Act on the future...
ဖြစ်နိုင်ကြမလဲဆိုတာ တွေးစရာပါပဲ။
KC
15.5.2017
Credit to Sayar SCW
=====================
တစ်ခုလောက် စိတ်ကူးပြီး မြင်ကြည့်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အိမ်မှာပိုက်ကနေလာတဲ့ရေ မရှိတဲ့နေရာ၊ လျပ်စစ်မီး မရှိတဲ့နေရာမှာ နေနေရတယ်လို့ တွေးကြည့်လိုက်ပါ။
ဒီအချိန်မှာ လူတစ်ယောက်နေ လာမယ့် နောက် ၅ နှစ်မှာ အိမ်မှာ ရေပိုက်ကနေ ရေလာရမယ့်၊ လျပ်စစ်မီးတွေ ရှိလာရမယ်လို့များ ပြောလာခဲ့ရင် ဘယ်လိုများပြန်တုန့်ပြန်မိမ
တစ်ချိန်တည်းမှာပဲ ကိုယ်နေတဲ့နေရာကို သင်္ဘောတွေ အလွယ်တကူ ဝင်နိုင်အောင် တူမြောင်းတူးရမယ်။ ခင်းထားတဲ့လမ်းမရှိတဲ့အချိန
ဒါတင်မကသေးဘူး လမ်းတောင်မခင်းနိုင်သေးတာ လေယာဉ်ကွင်းကို ဆောက်ဦးမယ်။ လူတွေတည်းဖို့ ဟိုတယ်တွေဆောက်ဦးမယ်။ ကားတစ်စီးမှ မရှိချိန်မှာ အစီး ၅၀၀ ဆန့်တဲ့ ကားပါကင်ကြီးဆောက်ဦးမယ်။ ဒါတွေကို ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
အခုပြောခဲ့တာ စိတ်ကူးယဉ်ဇာတ်လမ်းတော့မဟုတ
သူပြောခဲ့တာကတော့ "ငါ့ရဲ့အဖိုးက ကုလားအုပ်ကိုစီးခဲ့တယ်။ ငါ့အဖေက ကုလားအုပ်ကိုစီးတယ်။ ငါက Mercedes ကို စီးတော့မယ်။ ငါ့ရဲ့သားက Land Rover ကိုစီးလိမ့်မယ်။ သူ့ရဲ့သားကလည်း Land Rover ကိုစီးဦးမယ်။ ဒါပေမယ့် အဲ့ဒီ့ သားရဲ့သားကတော့ ကုလားအုပ်ကို ပြန်စီးရလိမ့်မယ်"
ဆိုပြီးတော့ နောက်မျိုးဆက်အနည်းငယ်မှာ ကုန်ခမ်းသွားနိုင်တဲ့ ဒူဘိုင်းရဲ့ ရေနံ အနေအထားကို ကြိုတွေးမိပြီး ရေနံတွေမထွက်တော့ရင်တောင် ဆက်လက်ရှင်သန်နေနိုင်မယ့် ဒူဘိုင်းရဲ့ စီးပွားရေးကို စတည်ဆောက်ဖို့ အမြင်ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိ ရှိနေတဲ့ ဆိပ်ကမ်းအသေးလေးကို အစ ၃၀လောက်ချဲ့ထွင်ခဲ့သေးတယ်။ ဒါတင်မကဘူး လူသူဝေးတဲ့ Jebel Ali ဆိုတဲ့နေရာမှာ အကြီးဆုံး ဆိပ်ကမ်းကြီးကို စဆောက်ခဲ့ပါတယ်။ သူကိုယ်တိုင် နေ့စဉ် project တွေအကြားမှာ သွားရောက် ဦးဆောင်ခဲ့သလို ညနေတွေမှာလည်း လူတွေရဲ့ ပြဿနာတွေကို နားထောင် ဖြေရှင်းပေးခဲ့သူဖြစ်ပါတယ်။
အခုမြင်တွေ့နေရရတဲ့ ခေတ်မှီဒူဘိုင်းဆိုတဲ့နေရာဟ
အခြားသူတွေ မမြင်သေးတာကို မြင်တတ်တာ၊ မြင်တဲ့အတိုင်း ယုံကြည်လုပ်ဆောင်တတ်တာ visionary leader တစ်ယောက်ရဲ့ လက္ခဏာပဲဖြစ်ပါတယ်။
ကိုယ်တွေရော ဘယ်လိုမျိုး
See the future...
Believe the future...
Act on the future...
ဖြစ်နိုင်ကြမလဲဆိုတာ တွေးစရာပါပဲ။
KC
15.5.2017
Credit to Sayar SCW
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။