"တကယ် လွတ်လပ်တဲ့သူဆိုတာ အချိန်မဖြုန်းဘူး"
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
.
အချိန်ပိုရှိရင် အချိန်ဖြုန်းတဲ့သူ၊ ပညာမရှာတဲ့သူ၊
ကိုယ့်အရည်အချင်းကို မြင့်အောင်
မကြိုးစားတဲ့သူဟာ လွတ်လပ်မှု မရှိတဲ့သူပဲ။
အချိန်ပိုဆိုတာ ဘာကိုခေါ်တာလဲ။
တကယ်တော့ အချိန်ပိုဆိုတာ မရှိပါဘူး။
အခကြေးငွေ ရတဲ့အလုပ်ကို လုပ်နေတဲ့အချိန်
မဟုတ်တာကို အချိန်ပိုလို့ ခေါ်တယ်။
ကျောင်းသားကျောင်းသူဆိုရင် ကျောင်းတတ်နေတဲ့
ချိန် မဟုတ်တဲ့အချိန်ကို အချိန်ပိုလို့ ခေါ်တယ်။
တကယ်တော့ အချိန်က ပိုနေတာ မဟုတ်ပါဘူး။
မလုပ်မနေရ လုပ်ရမယ့်အလုပ် မရှိတဲ့အချိန်၊
ကိုယ်လုပ်ချင်တာကို ကိုယ့်သဘောနဲ့ကိုယ်
လုပ်နိုင်တဲ့အချိန်ကို အချိန်ပိုလို့ ခေါ်နေတာပါ။
လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတဲ့အချိန်ကို
အချိန်ပိုလို့ ခေါ်နေတာပါ။
တိုးတက်ကြီးပွားတဲ့သူတွေဟာ အဲဒီအချိန်ပိုလို့
ခေါ်တဲ့ အချိန်ကိုကောင်းကောင်း ရင်းနှီးမြှပ်နှံတတ်တယ်။
လွတ်လွတ်လပ်လပ်သုံးခွင့်ရှိ တဲ့ အချိန်ကို
အကောင်းဆုံးနေရာမှာ သုံးတဲ့သူဟာ တစ်နေ့တခြား
အရည်အချင်း ပိုရှိလာတယ်။ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။
အချိန်ကို တန်ဖိုးရှိရှိသုံးတဲ့သူဟာ ကိုယ့်ကိုယ်ကို
လေးစားမှုရှိတယ်။ သူတစ်ပါး လေးစားတာကိုလည်း
ခံရတယ်။ အရည်အချင်းရှိတဲ့သူတွေနဲ့ ချစ်ခင်မှု
ရင်းနှီးမှုရှိတယ်။ ဒါကြောင့်ပိုပြီးတိုးတက်ဖို့ 
အလားအလာရှိတယ်။
အချိန်ဖြုန်းနေတဲ့သူကို ဘယ်သူမှ မလေးစားဘူး။
လူတွေရဲ့ လေးစားမှုကို မရရင် လူ့အသိုင်းအဝိုင်းထဲမှာ
နေရာကောင်း မရနိုင်ဘူး။ တပည့်က အချိန်ဖြုန်းနေရင်
ဆရာက အဲဒီတပည့်ကို ပေးရတဲ့အချိန်ဟာ
ပေးရကျိုးမနပ်ဘူးလို့ တွေးမယ်။ အဲဒီလိုဆိုရင်
အဲဒီတပည့်ဟာ ဆရာဆီက ရနိုင်သလောက်ပညာကို
ပြည့်ပြည့်ဝဝရမှာ မဟုတ်တော့ဘူး။ ဒါကြောင့်
အဲဒီတပည့်ဟာ တကယ်ထူးချွန်တဲ့သူ
မဖြစ်နိုင်တော့ဘူး။
တရားအားထုတ်တဲ့အခါမှာလည်း အချိန်မရွေး၊
နေရာမရွေး သတိကို ကပ်ထားနိုင်မှ ကြားလပ်သွား
တာမရှိအောင် တရားကိုအားထုတ်နိုင်မှ
တကယ်အဆင့်မြင့်တဲ့တရားကို သိနိုင်တယ်။
လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူးဆိုရင်တော့ 
အဆင့်မြင့်တဲ့တရားကို မသိနိုင်ဘူး။
ဒီခေတ်မှာ အချိန်ဖြုန်းတဲ့သူတွေ ပိုများလာတယ်။
အချိန်ဖြုန်းဖို့နည်းတွေလည်း ပိုများလာတယ်။
အချိန်ဖြုန်းတဲ့လူငယ်တွေ ဘာဖြစ်မလဲ။ အသက်ကြီး
လာလေ အသုံးမဝင်လေဖြစ်မယ်။
ခိုင်းတာလုပ်ရတဲ့သူတွေ ဖြစ်မယ်။ ခေါင်းဆောင် မဖြစ်နိုင်ဘူး။
.
ဆရာတော်ဦးဇောတိက
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁
.
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
www.facebook.com/ knowledgevillage11
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
.
အချိန်ပိုရှိရင် အချိန်ဖြုန်းတဲ့သူ၊ ပညာမရှာတဲ့သူ၊
ကိုယ့်အရည်အချင်းကို မြင့်အောင်
မကြိုးစားတဲ့သူဟာ လွတ်လပ်မှု မရှိတဲ့သူပဲ။
အချိန်ပိုဆိုတာ ဘာကိုခေါ်တာလဲ။
တကယ်တော့ အချိန်ပိုဆိုတာ မရှိပါဘူး။
အခကြေးငွေ ရတဲ့အလုပ်ကို လုပ်နေတဲ့အချိန်
မဟုတ်တာကို အချိန်ပိုလို့ ခေါ်တယ်။
ကျောင်းသားကျောင်းသူဆိုရင် ကျောင်းတတ်နေတဲ့
ချိန် မဟုတ်တဲ့အချိန်ကို အချိန်ပိုလို့ ခေါ်တယ်။
တကယ်တော့ အချိန်က ပိုနေတာ မဟုတ်ပါဘူး။
မလုပ်မနေရ လုပ်ရမယ့်အလုပ် မရှိတဲ့အချိန်၊
ကိုယ်လုပ်ချင်တာကို ကိုယ့်သဘောနဲ့ကိုယ်
လုပ်နိုင်တဲ့အချိန်ကို အချိန်ပိုလို့ ခေါ်နေတာပါ။
လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတဲ့အချိန်ကို
အချိန်ပိုလို့ ခေါ်နေတာပါ။
တိုးတက်ကြီးပွားတဲ့သူတွေဟာ အဲဒီအချိန်ပိုလို့
ခေါ်တဲ့ အချိန်ကိုကောင်းကောင်း ရင်းနှီးမြှပ်နှံတတ်တယ်။
လွတ်လွတ်လပ်လပ်သုံးခွင့်ရှိ
အကောင်းဆုံးနေရာမှာ သုံးတဲ့သူဟာ တစ်နေ့တခြား
အရည်အချင်း ပိုရှိလာတယ်။ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။
အချိန်ကို တန်ဖိုးရှိရှိသုံးတဲ့သူဟာ ကိုယ့်ကိုယ်ကို
လေးစားမှုရှိတယ်။ သူတစ်ပါး လေးစားတာကိုလည်း
ခံရတယ်။ အရည်အချင်းရှိတဲ့သူတွေနဲ့ ချစ်ခင်မှု
ရင်းနှီးမှုရှိတယ်။ ဒါကြောင့်ပိုပြီးတိုးတက်ဖို
အလားအလာရှိတယ်။
အချိန်ဖြုန်းနေတဲ့သူကို ဘယ်သူမှ မလေးစားဘူး။
လူတွေရဲ့ လေးစားမှုကို မရရင် လူ့အသိုင်းအဝိုင်းထဲမှာ
နေရာကောင်း မရနိုင်ဘူး။ တပည့်က အချိန်ဖြုန်းနေရင်
ဆရာက အဲဒီတပည့်ကို ပေးရတဲ့အချိန်ဟာ
ပေးရကျိုးမနပ်ဘူးလို့ တွေးမယ်။ အဲဒီလိုဆိုရင်
အဲဒီတပည့်ဟာ ဆရာဆီက ရနိုင်သလောက်ပညာကို
ပြည့်ပြည့်ဝဝရမှာ မဟုတ်တော့ဘူး။ ဒါကြောင့်
အဲဒီတပည့်ဟာ တကယ်ထူးချွန်တဲ့သူ
မဖြစ်နိုင်တော့ဘူး။
တရားအားထုတ်တဲ့အခါမှာလည်း အချိန်မရွေး၊
နေရာမရွေး သတိကို ကပ်ထားနိုင်မှ ကြားလပ်သွား
တာမရှိအောင် တရားကိုအားထုတ်နိုင်မှ
တကယ်အဆင့်မြင့်တဲ့တရားကို သိနိုင်တယ်။
လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူးဆိုရင်တော
အဆင့်မြင့်တဲ့တရားကို မသိနိုင်ဘူး။
ဒီခေတ်မှာ အချိန်ဖြုန်းတဲ့သူတွေ ပိုများလာတယ်။
အချိန်ဖြုန်းဖို့နည်းတွေလည်
အချိန်ဖြုန်းတဲ့လူငယ်တွေ ဘာဖြစ်မလဲ။ အသက်ကြီး
လာလေ အသုံးမဝင်လေဖြစ်မယ်။
ခိုင်းတာလုပ်ရတဲ့သူတွေ ဖြစ်မယ်။ ခေါင်းဆောင် မဖြစ်နိုင်ဘူး။
.
ဆရာတော်ဦးဇောတိက
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁
.
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။