Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 15, 2017

အယ်ဖြူနှင့် ဒီလိုပြောခဲ့ကြပါတယ်

အယ်ဖြူနှင့် ဒီလိုပြောခဲ့ကြပါတယ်

ဂျော်ဒန်

ကိုယ်လုပ်ခဲ့တာက နည်းသေးတယ်။ ဆရာစိုင်းခမ်းလိတ်တို့ လောက်ဆိုရင် လုပ်ရတာ တော်သေးတယ်။ ကိုယ့်မိတ်ဆွေများက တောင်းဆိုကြပေမယ့် ကိုယ့်ဘက်က ပျက်ကွက်ခဲ့ရတာ ကိုလည်း အားနာမိတယ်။

သီချင်းရေးဆရာတစ်ယောက်သာဖြစ်တယ်။ စိတ်ကောင်းနည်းနည်းလေး ထားတတ်တယ်လို့ ကိုယ့်ကိုကိုယ် ထင်တယ်။ ဒါကြောင့်လည်း သီချင်းရေးဖြစ်ခဲ့တယ်လို့  ထင်တယ်။ စကားပြောမသန်သူလည်း ဖြစ်တယ်။

ဒါကြောင့် ကိုယ့်ဘက်က ပျက်ကွက်ခဲ့ရတာတွေ အတွက် တောင်းပန်ချင်ပါတယ် စသဖြင့် သူ့ကို အင်တာဗျူးဖို့  အကြိမ်ကြိမ် ကြိုးစားခဲ့ရတဲ့ ကျွန်တော်တို့တတွေကို အယ်ဖြူက စကားဆိုပါတယ်။

အခု ဒီအင်တာဗျူးကို လက်ခံရတဲ့ အကြောင်းကိုတော့ ”စကားလက်ဆုံ ပြောကြမယ်ဆိုပြီး နှစ်ဦးသဘောတူ လက်ခံကြတဲ့သဘောပါ” လို့လည်း ဆိုပါတယ်။ (ကျွန်တော့်ဘက်က စကားလက်ဆုံဆိုတဲ့ အဆင့်ထက် ကျော်လွန်သွားခဲ့မှုများ အပေါ်မှာလည်း အယ်ဖြူက ကျွန်တော့်ကို နားလည်ခဲ့ပါတယ်။)

ကဲ အယ်ဖြူနဲ့ ကျွန်တော် ဒီလို ပြောဖြစ်ခဲ့ကြပါတယ်။


”သက်တံကဗျာ” သီချင်းခွေထဲမှာ ခင်ဗျား တင်ဇာမော်အတွက် Copy ပထမဆုံး ရေးခဲ့တာလား။

တင်ဇာမော်အတွက်ဆိုရင်တော့ ဒါ ပထမဆုံး Copy သီချင်းပေါ့။ တင်ဇာမော်ကိုလည်း ကျွန်တော် ကိုယ်တိုင်က ကြိုက်တယ်။ အသံကိုတော့ မကြိုက်ဘူး။



အဲဒါဆို ဘာကို ကြိုက်တာလဲ။

သူရဲ့ အနုပညာပိုင်းဆိုင်ရာဝမ်းစာကို ကြိုက်တာပါ။ အားရတာပါ။ သူ့ကို ပါရမီရှင်လို့ မြင်လို့ပါ။



Copy သီချင်းတစ်ပုဒ် ရေးတဲ့အခါ အကြောင်းအရာရယ်၊ စကားလုံးရယ် ရွေးချယ်ရေးဖွဲ့ ပြီးတဲ့အခါ အဆိုတော်က ဆိုမယ်။ အဲဒီအခါ အဆိုတော်က အဆင်မပြေတဲ့အခါ ခင်ဗျား ဘာကို အလျှော့ပေးတတ်သလဲ။

အဲဒီပြဿနာကို ယနေ့ထိ မကြုံခဲ့ရသေးလို့ ပြောရမယ်။ ကြုံလည်း မကြုံချင်ပါဘူး။ မကြုံအောင်လည်း ကျွန်တော့်မှာ ကြိုးစားရပါတယ်။ Music ကိုလုံလုံလောက်လောက်မသိဘဲနဲ့  Copy ရေးဖို့  ကြိုးစားနေတဲ့ ကျွန်တော်တို့  ငယ်ပေါင်း ကဗျာဆရာတွေ အများကြီးရှိတယ်။
ဒီနေ့ထိတော့ သူတို့  Copy သီချင်းတစ်ပုဒ်ကို အဆင်ပြေအောင် မရေးနိုင်သေးတာကို တွေ့ ရပါတယ်။ ကျွန်တော် ထင်ပါတယ်။ လောလောဆယ် ကျွန်တော့်ကို ကဗျာတစ်ပုဒ်ပေးပါလို့  မဂ္ဂဇင်းတစ်ခုက တောင်းခဲ့တယ် ဆိုပါစို့ ။
လွန်ခဲ့တဲ့ ၁၈ နှစ်လောက်တုန်းက C, Am, F, G Chord လေးခုထဲနဲ့  ကျွန်တော် ရေးဖြစ်ခဲ့တဲ့ ပထမဆုံး ကျွန်တော့်သီချင်းတစ်ပုဒ်လောက်တောင် အဆင့်ရှိအောင် ကျွန်တော် ကဗျာတစ်ပုဒ်ကို ရေးနိုင်မှာ မဟုတ်ပါဘူး။ ကိုမြင့်မိုးအောင်တို့ ၊ ဦးလှိုင်(သုခမိန်လှိုင်)၊ ကိုထွေး(ဝင်းမင်းထွေး)၊ ကိုသစ်မင်း ၊ ကိုငှက်(ထူးအိမ်သင်) တို့ကတော့ ချွင်းချက်ပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ် ၊ ကျွန်တော်တို့  သီချင်းရေးဆရာတွေက ကဗျာကို အဲလောက်မသန်ကြပါဘူး။
ဒါဆို ကျွန်တော် ဆိုလိုတာကို နားလည်မှာပါ။



Copy သီချင်းရေးရတဲ့ လွတ်လပ်မှုနဲ့  Own Tune တစ်ပုဒ်ရေးတဲ့ လွတ်လပ်မှုတွေဟာ ကွာခြားချက်တွေက တော်တော်ကြီးနေနိုင်မလား။

စာသားသွတ်သွင်းမှုအပိုင်းမှာ ကျွန်တော့်အတွက် ကွာခြားမှု မရှိပါဘူး။ ကျွန်တော့်အတွက် Cord နဲ့ Melody က အရေးကြီးဆုံးပဲ။ ကဲ Copy သီချင်းမှာရော ဒါပဲ မဟုတ်ဘူးလား။ စာသားသွတ်သွင်းတဲ့ အချိန်မှာတော့ ကျွန်တော့်အတွက် မကွာပါဘူး။
စာသားနောက်လိုက်ခဲ့မိတဲ့ သီချင်းတွေ မရှိဘူးလား ဆိုရင်တော့ ရှိပါတယ်လို့  ကျွန်တော်ဝန်ခံပါတယ်။ ဥပမာ ကိုညီထွဋ်ဆိုတဲ့ ”ခြောက်ခန်းသွားတဲ့ အိမ်မက်မြစ်” သီချင်းဆိုရင် ကျွန်တော်က အကြောင်းအရာကို စာသားနောက် လိုက်ခဲ့မိတာပါ။
ကျွန်တော့်ရဲ့  မတော်တဆ ကံကောင်းမှုတွေကြောင့် ဒီသီချင်းဟာ အနည်းငယ် Melody ပြေပြစ်မှု ရှိခဲ့ပါတယ်။



အဲဒီသီချင်းက စာသားအရင်ရခဲ့တာလား။

အဲလိုတော့ မဟုတ်ပါဘူး ။ တစ်ပြိုင်နက် လုပ်ခဲ့တာပါ။ ခုအချိန်မှာ ပြန်ကြည့်မယ်ဆိုရင်တော့ လောလောဆယ် ကျွန်တော့်ရဲ့ရေးနည်းရေးဟန်၊ လုပ်နည်းလုပ်ဟန်တွေနဲ့ အရမ်းကို ဆန့်ကျင်နေပါတယ်။



ခုလောလောဆယ် ခင်ဗျားရဲ့ ရေးနည်းရေးဟန်ကိုလည်း ပြောပြပေးပါဦး။

ကျွန်တော့်အကြိုက်၊ ယုံကြည်လက်ခံထားတာကတော့ သီချင်းရေးဆရာ တစ်ယောက်အတွက်က Melody ကို အရင်ရှာရမယ်၊ သူ့ဆီမှာလည်း ပြောစရာအကြောင်းအရာ ရှိကိုရှိရမယ်။ ဒီနှစ်ခုကို အချိုးညီ ပေါင်းစပ်ပေးနိုင်ရမယ်။
ဒီနှစ်ခုလုံး အောင်မြင်ပြီးဆုံးသွားပြီဆိုရင် အဲဒီသီချင်း တစ်ပုဒ်အတွက် ကျွန်တော် အမြဲ လိပ်ပြာသန့်နိုင်ပါတယ်။



ဒါဆိုရင် ခင်ဗျားကို ရုပ်ရှင်သီချင်း တစ်ပုဒ်(အဲဒီမှာလည်း ခင်ဗျားတွေးမထားတဲ့ အကြောင်းအရာနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းပေါ့လေ) အဲဒါကို လာအပ်မယ်ဆိုရင်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်ကို ဇာတ်သိမ်း သီချင်းတစ်ပုဒ် ရေးခိုင်းဖူးတယ်။ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တော် ဘယ်လိုမှ သက်ဝင်မှုမရှိခဲ့ဘူး ။ ဒါပေမဲ့  Melody လေးတစ်ခု ကြိုးစားပြီး ရှာလိုက်တယ်။
ဘယ်လိုမှ စာသားထည့်လို့ မရဘူး။ ကျွန်တော့်စိတ်ထဲမှာရှိတဲ့ တခြားအကြောင်းအရာလေး တစ်ခုကိုပဲ Melody နဲ့ အဆင်ပြေ လိုက်ဖက်မှုရှိတယ်ထင်လို့  ရေးလိုက်တယ်။



သီချင်းတစ်ပုဒ် ဖန်တီးဖို့အတွက် ခင်ဗျား ဘယ်အရာတွေကို အားအကိုးဆုံးလဲ။

ဂစ်တာရယ် ၊ ခေါင်းအုံးတစ်လုံးရယ် ၊ အဆင်ပြေမှု နည်းနည်းပါးပါးရယ် ၊ သီချင်း ရေးချင်စိတ်ရယ် ဒါပါဘဲ၊ အဲ မေ့လို့  စာရွတ်တစ်ရွက်ရယ် ၊ ဘောပင်တစ်ချောင်းရယ်လည်း လိုပါတယ်။



အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ။

ကျွန်တော် မသိဘူးဗျ။



ဒါဆိုရင် ခင်ဗျား အဆိုတော် လုပ်ဖို့ရော ဘာတွေ လုပ်ခဲ့ရလဲ။

ကျွန်တော်ဟာ အဆိုတော်တစ်ယောက် မဖြစ်နိုင်ပါဘူး။ စာသားပါတဲ့ သံစဉ်ရွတ်တဲ့သူ တစ်ယောက်သာ ဖြစ်လိမ့်မယ်။ ငယ်ငယ်ကတည်းက ကျွန်တော် ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ထင်တဲ့ အလုပ် ၃ ခု ရှိတယ်။

၁။ ဘောလုံးသမား ၂။ ဆရာဝန် ၃။ အဆိုတော်



The Ants နဲ့ ရောင်စုံချောကလက်များ၊့ အယ်နောင်းနဲ့ အခွေမှာ စတဲ့အခွေတွေမှာ ပါဝင်သီဆို ခဲ့တာတွေဟာ ကဗျာဆရာတွေ ကဗျာရွတ်ကြတဲ့ ပုံမျိုးထက် မသာနိုင်ဘူးပေါ့။

အဲဒီထက် အဆင့်နိမ့်နိုင်ပါတယ်။ ဘယ်သူမှ မဆိုချင်တဲ့ ကျွန်တော့်သီချင်းတစ်ချို့ကို ကျွန်တော်က ဝင်ဆိုတဲ့သဘောပါ။ သီချင်းဆိုရတာ ဝါသနာလည်း ပါလို့ပါ။



အဲ့ဒီအတွက် ခင်ဗျားရဲ့Producer ကို အားနာမိသေးလား။

အားမနာမိပါဘူး။ ကျွန်တော်ကတော့ အဆင်ပြေဆုံးဖြစ်အောင် ကြိုးစားပြီး ဆိုထားပါတယ်။



ရွတ်တာ မဟုတ်ဘူးပေါ့။

ဒါ ကျွန်တော်နဲ့မဆိုင်ဘူး။ Second Person တွေနဲ့ပဲ ဆိုင်တယ်။



ခင်ဗျားရဲ့ယူဆချက်တွေနဲ့ ခင်ဗျားရဲ့ညီ အယ်နောင်းတို့ ယူဆချက်တွေက တူနိုင်နေမလား။

အကြမ်းအားဖြင့် ပြောမယ်။ ဒီတိုင်းကြည့်ရင်တော့ ကျွန်တော်တို့  နှစ်ယောက်ဘဝမှာ ကျွန်တော်က ဒီကောင့်ထက် ပို ရမ်းရမ်းကားကား နေခဲ့တယ်။ ဒီကောင်ကတော့ သိုသိုသိပ်သိပ်ပါပဲ။ သဘောတရား အတွေးအခေါ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ မဆွေးနွေးဖူးဘူး၊
သူ့ကို မေးကြည့်မှသိမှာပဲ၊ ကွာမယ်လို့ထင်ပါတယ်။



ခင်ဗျား အရေးချင်ဆုံးတစ်ပုဒ်ကို ဥပမာပေးရမယ်ဆိုရင်ရော။

ကျွန်တော်တစ်ခါမှ မစဉ်းစားဖူးဘူး။ မရှိဘူး။



ကဗျာဆရာတွေ ကဗျာကိုရွတ်တာနဲ့  နောက်ထွက်မယ့်အခွေမှာ ခင်ဗျားရွတ်ဆိုတာနဲ့  ဘယ်လို ကွာခြားနေမှာလဲ။

ကျွန်တော်က သံစဉ်ပိုများတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်ရွတ်တာက သီချင်းကိုးဗျ။ သံစဉ်အတက်အကျ ပိုများမှာပေါ့။ ကိုဂျော်ဒန် ကျေနပ်ပလား။



ခင်ဗျားဘဝမှာ ကျေနပ်စရာတွေကကော ဘာလဲ။

မိန်းမနဲ့ အဆင်ပြေတဲ့အချိန်။



အယ်ဖြူ VCD ကာရာအိုကေထွက်ဖို့ ရှိဦးမလား။

ကျွန်တော်ရေးတဲ့သီချင်းတွေက လူသိတာ VCD တစ်ခွေစာ မရှိပါဘူးဗျာ။



The Ants ဆိုပြီး သီချင်းပုံစံသစ်တွေကိုလည်း လုပ်ခဲ့တယ်။ ဒီနေ့ သီချင်းပုံစံအသစ်နဲ့ Acid တွေကိုရော ခင်ဗျား ဘယ်လို သဘောထားလဲ။

အားလုံးရဲ့ကိုယ်စား ၊ ရာစုသစ် ၊ သီချင်းများရဲ့ ဒဏ္ဍာရီ ပြီးတော့ ကျွန်တော့်မှာ နားထောင်စရာ ဒိုးလုံးရယ် ၊ ဘိုဘိုရယ်ပဲ ရှိတယ်။ စည်သူကလဲ SOLO မထွက်ဘူး။ ဒီခွေကလည်း တိပ်သားကြေနေပြီ။
ဒီကြားထဲ Acid ထွက်လာတော့ အရမ်းကျေးဇူးတင်တယ်ဗျာ၊ ဒီလူတွေကို ကျေးဇူးတင်ပါတယ်၊ “စတင်ခြင်း” ကို 10 , J , Q , K လို့ မြင်မိပါတယ်။ ဒုတိယအယ်လ်ဘမ်ကို ကျွန်တော် နားထောင်ချင်တယ်ဗျာ။ မှောက်ထားတဲ့တစ်ချပ်က ဘာလဲဆိုတာ သူတို့ပြလိမ့်မယ်။ ကျွန်တော့်စိတ်ထဲတော့ စပိတ်တစ်ပဲ ထင်တယ်။



ဒီအင်တာဗျူးအတွက် နောက်ဆုံးအနေနဲ့ ဘာတွေ ပြောဦးမလဲ။

ဘာမှ မပြောချင်ပါဘူး ။ ကျေးဇူးတင်ပါတယ်။


Source from _

အတွဲ - ၅ ၊ အမှတ် - ၉ ။ ဇန်နဝါရီလ ၂၀၀၁။ အလင်္ကာ ဂီတဂျာနယ်။

မူရင်းစာရိုက်ထားသူကိုလည်း credit ပေးပါတယ်။
ဇော် မင်း ထွန်း အယ်နောင်း မွေးနေ့အမှတ်တရပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။