Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 7, 2017

မေပန်းချီနှင့် တွေ့ဆုံခြင်း


ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပီပြင်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ်တွေ အသိအမှတ်ပြုတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လာခဲ့သူ မေပန်းချီက အနုပညာလောကထဲကို ခြေလှမ်းမှန်မှန်နဲ့ ကြိုးစားလျှောက်လှမ်းခဲ့သူ တစ်ဦးလို့ဆိုရမှာပါ။ လက်ရှိမှာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ အများအပြားမှာ ပါဝင်သရုပ်ဆောင်နေရပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေမှာလည်း သူ့ရဲ့သရုပ်ဆောင်မှုကို ပရိသတ်က အသိအမှတ်ပြုခံရသူပါ။ ဒါကြောင့် မေပန်းချီရဲ့ လျှောက်လှမ်းခဲ့တဲ့ အနုပညာခြေလှမ်းတွေနဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာခြေလှမ်းတွေအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် . . . . . .

■ မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေကို အရင်သိပါရစေ။
ဖြေ - လတ်တလောကတော့ နယ်တွေဘက်မှာ သီချင်းတွေဆိုဖြစ်နေပါတယ်။ ကားရိုက်တွေကိုတော့ ပန်းချီလျှော့ထားရပါတယ်။ ဒီလထဲမှာပဲ ပန်းချီရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဖက်ရှင်ဆိုင်လေးဖွင့်နိုင်ဖို့ ကြိုးစားနေတဲ့အတွက်ပါ။
■ မေး - အနုပညာအလုပ်တွေကို ဘယ်လိုကြောင့်စပြီး လုပ်ဖြစ်ခဲ့တာလဲ။
ဖြေ - ပန်းချီက အနုပညာကို ၀ါသနာပါတယ် ဆိုတာထက် မေမေက ၀ါသနာပါခဲ့ပြီး သမီးကို ဖြစ်စေချင်တဲ့ဆန္ဒနဲ့ လမ်းကြောင်းပေါ်တင်ပေးခဲ့တာ။ မယ်ပြိုင်ပွဲလေးတွေ ၀င်ပြိုင်ရင်းကနေ ဦးလေးရဲ့အကူအညီနဲ့ ဒါရိုက်တာကိုမျိုး (ဆဋ္ဌအာရုံ) ရဲ့ရိုက်ကွင်းတစ်ခုကို ရောက်ရှိခဲ့ပြီး ဦးလေးရဲ့ မိတ်ဆက်ပေးမှုကနေတစ်ဆင့် ‘သူကြီးသမီးဇီးသီး’ ဆိုတဲ့ ဇာတ်ကားလေးမှာ ပထမဆုံးပါဝင် သရုပ်ဆောင်ခွင့်ရခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ ပန်းချီကိုယ်တိုင်ကလည်း အနုပညာကို ချစ်တဲ့စိတ်ရော ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ သေချာကြိုးစားတယ်။
■ မေး - သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲစပြီး ရောက်လာခဲ့ချိန်မှာ ဘယ်လိုအခက်အခဲတွေကြုံရပြီး ဘယ်လိုတွေဖြတ်သန်း ကျော်လွှားခဲ့ရလဲ။
ဖြေ - အဓိက,ကတော့ ပန်းချီက မွန်တိုင်းရင်းသားသွေးပါပြီး အဲဒီဘက်ဒေသမှာ ကြီးပြင်းခဲ့တာဖြစ်လို့ စကားမပီတာကို သေချာလေ့ကျင့်ရတယ်။ ရုပ်ပြစာအုပ်တွေကစပြီး ၀တ္ထုတွေကို အသံထွက်ပြီးဖတ်ရင်း စကားပြောတဲ့အခါ ပီအောင်ကြိုးစားရတယ်။ ပန်းချီကိုယ်တိုင်ကလည်း အနုပညာကို ချစ်တဲ့စိတ်ရော ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ သေချာကြိုးစားတယ်။ ရိုက်ကွင်းတွေမှာ ကိုယ့်သရုပ်ဆောင် ကောင်းဖို့တင်မဟုတ်ဘဲ အချိန်မနောက်ကျအောင်အပြင် အခြားသင်ယူစရာရှိတာတွေ အားလုံးကိုသေချာ လေ့လာသင်ယူခဲ့တယ်။ ဒီမှာကသူငယ်ချင်းခန်းကနေ ရိုက်ရင်အမြဲတမ်းသူငယ်ချင်းခန်းပဲ ရိုက်ရတာမျိုးတွေရှိတော့ ဇာတ်ကားတွေ စရိုက်တည်းက အခန်းများတာထက် ကိုယ့်အတွက် အနုပညာပိုင်းအရ ပိုကောင်းတာမျိုးကိုပဲ တစ်ခန်းပဲဖြစ်စေ ရွေးချယ်ပြီး ရိုက်ကူးဖြစ်ခဲ့တယ်။ အနုပညာနဲ့ပတ်သက်ရင် ခုချိန်ထိအခက်အခဲဆိုတာ ရှိနေတုန်းပဲ ကိုယ်ကလည်း အမြဲကြိုးစားနေဆဲပဲပါပဲ။
■ မေး - လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးမှုနည်းသွားပြီး ရုပ်ရှင်ဇာတ်ကားတွေ ပိုရိုက်လာတဲ့အပေါ်မှာ ညီမတို့တွေ အကောင်းအဆိုး ဘယ်လိုကြုံတွေ့ရလဲ။
ဖြေ - ပန်းချီတို့ အနုပညာလောကမှာ နေရာလေးတစ်ခု ရလာချိန်မှာပဲ ဗီဒီယိုဇာတ်ကားတွေက အရိုက်နည်းလာတော့ ကိုယ့်အတွက်လည်း အနုပညာအခွင့်အရေး နည်းလာတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရတယ်ဆိုပေမယ့် ရုပ်ရှင်ကားတစ်ကားက ပရိသတ်ရှေ့ရောက်ဖို့ဆိုတာက နှစ်ချီပြီး ကြာတတ်တယ်လေ။ ပန်းချီတို့တွေဆိုတာက အနုပညာလုပ်လာတဲ့ တစ်လျှောက် အခွင့်အရေးဆိုတာ အရမ်းနည်းပါတယ်။ ကိုယ်လုပ်နိုင်တာ လုပ်ပြဖို့ဆိုတာလည်း ကိုယ့်ဘာသာ ငွေထုတ်နိုင်မှ ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးပါ။ ဗီဒီယိုရိုက်ကူးမှု နည်းလာတော့ အနုပညာပိုင်းအရ အခွင့်အရေး နည်းသွားတဲ့သူတွေရှိသလို တစ်ခန်းစနှစ်ခန်းစပဲပါရတဲ့ သူတွေအတွက်လည်း အခက်အခဲတွေ ဖြစ်သွားပါတယ်။ အရင်ကတစ်ကားမှာ တစ်ခန်းပဲပါရစေဦးတော့ ဗီဒီယိုကားတွေက ဆက်နေတတ်တာမျိုးလေ။ ရုပ်ရှင်က ဗီဒီယိုထက် အနုပညာကြေးပိုရတယ် ဆိုပေမယ့် ရုပ်ရှင်က အချိန်ပေးရတဲ့ ရက်ပိုကြာသလို တစ်ကားပြီး တစ်ကားကူးဖို့ဆိုတာလည်း မလွယ်တာတွေရှိတယ်။ ဒါကပန်းချီတို့ မြင်တွေ့ရတာ ကြုံရတာလေးတွေကို ပြောတာပါ။
■ မေး - အနုပညာအလုပ်အပေါ်မှာ ဘယ်လောက်ထိ မျှော်လင့်ထားလဲ။
ဖြေ - ပန်းချီဘ၀တစ်လျှောက် အနုပညာအလုပ်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ပါဘူး။ ဖြစ်နိုင်ရန် ဒီထက်ပိုပြီး ကြိုးစားလုပ်ကိုင်ခွင့် ရချင်တာပါ။ လက်ရှိမှာလည်း အနုပညာနဲ့ ပတ်သက်လို့ ပန်းချီလုပ်ခွင့်ရတာတွေ၊ လုပ်နိုင်တာတွေအားလုံးကို ကြိုးစားလုပ်နေပါတယ်။ ဒီထက်ပိုပြီး လုပ်ခွင့်ရအောင်လည်း ပန်းချီကြိုးစားမှာပါ။
■ မေး - မေပန်းချီကိုအားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တဲ့စကားက။
ဖြေ - ပန်းချီစီးပွားရေးလုပ်ဖြစ်ပေမယ့် အနုပညာလုပ်ငန်းဘက်မှာ အားမလျော့အောင် သေချာကြိုးစားမှာပါ။ အနုပညာနဲ့ပတ်သက်ရင် အမြဲကြိုးစားနေတာ၊ ကြိုးစားသွားမှာဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကို ဒီထက်ပိုရချင်ပါတယ်။
Writer: 
စုမှူးနိုင်
 http://news-eleven.com/interviews/36107

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။