ပိုက်ဆံကို ဘယ်လို ချွေတာသုံးမလဲ
========================== ======
ပိုက်ဆံချွေတာမယ် လိုချင်တာလေးတွေရဖို့အတွက် ပိုက်ဆံလေးစုချင်တယ် ဆိုတဲ့ သူတွေအတွက် အကောင်းဆုံး နည်းလမ်းလေးတွေ အကြံပေးလိုက်ပါတယ်။
1)စိတ်နိုင်ပါ။
ပိုက်ဆံချွေတာဖို့ အရေးကြီးဆုံးနဲ့ အကြီးမားဆုံး အနှောက်အယှက်ကတော့ ကိုယ့်ကို မနိုင်ခြင်းပါ။ အရေးမကြီးတဲ့ နေရာတွေမှာ ပိုက်ဆံသုံးချင်တဲ့ စိတ်ကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဟိုဟာလေးဆိုလည်း စားချင်လိုက်တာ ဒီဟာလေးဆိုလည်း လိုချင်လိုက်တာ ဆိုတဲ့ အရေးမပါတဲ့ "ချင်" တွေကိုလျော့ပါ
2)"သုံး" တာနဲ့ "ဖြုန်း" တာ ခွဲခြားတတ်ပါစေ။
အရေးကြီးပြီး မဖြစ်မနေသုံးရမယ့် ကျန်းမာရေးလိုကိစ္စမျိုးတွေ လူမှုရေးလို ကိစ္စမျိုးတွေ အိမ်အတွက် ကိုယ့်အတွက် မရှိမဖြစ် တကယ်လိုအပ်တဲ့ ပစ္စည်းမျိုး ဝယ်တာမျိုးကိုတော့ မချွေတာပါနဲ့။ ဝယ်ပါ။ သုံးပါ။ ပိုက်ဆံကို "သုံး" သာ "သုံး"ပါ မ "ဖြုန်း"ပါနဲ့။ လောင်းကစားလုပ်တာ၊ အပျော်အပါး ကိစ္စတွေမှာ အရမ်းသုံးတာတွေ လျော့ပါ။
3)အပြင်မှာ သိပ်မစားပါနဲ့။
အပြင်စာတွေက ဈေးကြီးတဲ့အတွက် ဖြစ်နိုင်ရင် အိမ်မှာပဲ စားပါ။ အလုပ်ကိစ္စ၊ မဖြစ်မနေ မလွဲသာ မရှောင်သာ ကိစ္စမျိုးတွေကလွဲလို့ အပြင်မှာ မစားပါနဲ့။ အိမ်မှာ စားတဲ့အခါ ပိုက်ဆံချွေတာပြီးဖြစ်သလို မိသားစုနဲ့ လက်ရည်တစ်ပြင်းတည်း စားရတဲ့အတွက် မိသားစုအချင်းချင်းလည်း ချစ်ခင်ရင်းနှီးမှု ရစေပါတယ်။
4)ဖုန်းဘေလျော့သုံးပါ။
ကိုယ်က အင်တာနက်နဲ့မှာ အလုပ်လုပ်နေရတဲ့ လူဆိုရင်တော့ ပြည်တွင်းမှာ အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေရှိပါတယ်။ ဒါက သင့်ကို ငွေကုန်စေပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ facebook သုံးရုံ ရုပ်ရှင်ကြည့်ရုံ ဖုန်းပြောရုံ ဆိုရင်တော့ အခုလက်ရှိ ဖုန်းအော်ပရေတာ သုံးခုမှာ အပြိုင်အဆိုင် promotion တွေ ပေးနေတာဖြစ်လို့ သင်နဲ့ သင့်တော်မယ့် package ကိုဝယ်ယူအသုံးပြုသင့်ပါတယ်။ ကဒ်သုံးကဒ်လုံး ဝယ်ထားပြီး ကိုယ်နဲ့အဆင်ပြေဆုံး promotion ပေးတဲ့ အော်ပရေတာကို ချိတ်ဆက်အသုံးပြုသင့်ပါတယ်။
ဒီအတိုင်း ရိုးရိုးဘေနဲ့ သုံးမယ်ဆိုရင်တော့ တစ်လတစ်လ သင့်ဖုန်းဘေဟာ
ခေါင်ခိုက်နေပါလိမ့်မယ်။ မလိုအပ်ပဲ facebook သုံးတာတွေ ဖုန်းပြောတာတွေလဲ
လျော့သင့်ပါတယ်။ ဖြစ်နိုင်ရင်အချိန်ကန့်သတ့် ထားပြီး သင့်ပိုက်ဆံကို ချွေတာနိုင်ပါတယ်။
5)ဝင်ငွေနဲ့ ထွက်ငွေ ပမာဏကို သေချာသိပါစေ။
ပိုက်ဆံကို ဒီတိုင်း ရော့ရော့အင့်အင့်ဆိုပြီး ဂရုမစိုက်ပဲ သုံးခြင်းထက် စာရင်းဇယားလေးရေးဆွဲထားပြီး
သုံးခြင်းက သင့်ရဲ့ ဝင်ငွေ ထွက်ငွေ ပမာဏကို မြင်လွယ်စေပါတယ်။ ကိုယ်
အသုံးလွန်နေတာမျိုး၊ မလိုအပ်တဲ့နေရာတွေမှာ ရှိတဲ့ ငွေယိုပေါက်
ငွေထွက်ပေါက်တွေကို သိနိုင်မှာ ဖြစ်လို့ မလိုအပ်တတ်နေရာတွေမှာ
ဖြုန်းနေတာတွေ လျော့ချနိုင်ပါတယ်။
Lwin Moe
#LwinMoe #Tech_Khit #Money
Credit. ⬆⬆
==========================
ပိုက်ဆံချွေတာမယ် လိုချင်တာလေးတွေရဖို့အတွက် ပိုက်ဆံလေးစုချင်တယ် ဆိုတဲ့ သူတွေအတွက် အကောင်းဆုံး နည်းလမ်းလေးတွေ အကြံပေးလိုက်ပါတယ်။
1)စိတ်နိုင်ပါ။
ပိုက်ဆံချွေတာဖို့ အရေးကြီးဆုံးနဲ့ အကြီးမားဆုံး အနှောက်အယှက်ကတော့ ကိုယ့်ကို မနိုင်ခြင်းပါ။ အရေးမကြီးတဲ့ နေရာတွေမှာ ပိုက်ဆံသုံးချင်တဲ့ စိတ်ကို ထိန်းချုပ်နိုင်ဖို့လိုပါတယ
2)"သုံး" တာနဲ့ "ဖြုန်း" တာ ခွဲခြားတတ်ပါစေ။
အရေးကြီးပြီး မဖြစ်မနေသုံးရမယ့် ကျန်းမာရေးလိုကိစ္စမျိုးတွေ လူမှုရေးလို ကိစ္စမျိုးတွေ အိမ်အတွက် ကိုယ့်အတွက် မရှိမဖြစ် တကယ်လိုအပ်တဲ့ ပစ္စည်းမျိုး ဝယ်တာမျိုးကိုတော့ မချွေတာပါနဲ့။ ဝယ်ပါ။ သုံးပါ။ ပိုက်ဆံကို "သုံး" သာ "သုံး"ပါ မ "ဖြုန်း"ပါနဲ့။ လောင်းကစားလုပ်တာ၊ အပျော်အပါး ကိစ္စတွေမှာ အရမ်းသုံးတာတွေ လျော့ပါ။
3)အပြင်မှာ သိပ်မစားပါနဲ့။
အပြင်စာတွေက ဈေးကြီးတဲ့အတွက် ဖြစ်နိုင်ရင် အိမ်မှာပဲ စားပါ။ အလုပ်ကိစ္စ၊ မဖြစ်မနေ မလွဲသာ မရှောင်သာ ကိစ္စမျိုးတွေကလွဲလို့ အပြင်မှာ မစားပါနဲ့။ အိမ်မှာ စားတဲ့အခါ ပိုက်ဆံချွေတာပြီးဖြစ်သလို မိသားစုနဲ့ လက်ရည်တစ်ပြင်းတည်း စားရတဲ့အတွက် မိသားစုအချင်းချင်းလည်း ချစ်ခင်ရင်းနှီးမှု ရစေပါတယ်။
4)ဖုန်းဘေလျော့သုံးပါ။
ကိုယ်က အင်တာနက်နဲ့မှာ အလုပ်လုပ်နေရတဲ့ လူဆိုရင်တော့ ပြည်တွင်းမှာ အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေရှိပါတယ်။ ဒါက သင့်ကို ငွေကုန်စေပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ facebook သုံးရုံ ရုပ်ရှင်ကြည့်ရုံ ဖုန်းပြောရုံ ဆိုရင်တော့ အခုလက်ရှိ ဖုန်းအော်ပရေတာ သုံးခုမှာ အပြိုင်အဆိုင် promotion တွေ ပေးနေတာဖြစ်လို့ သင်နဲ့ သင့်တော်မယ့် package ကိုဝယ်ယူအသုံးပြုသင့်ပါတယ်။
5)ဝင်ငွေနဲ့ ထွက်ငွေ ပမာဏကို သေချာသိပါစေ။
ပိုက်ဆံကို ဒီတိုင်း ရော့ရော့အင့်အင့်ဆိုပြီး ဂရုမစိုက်ပဲ သုံးခြင်းထက် စာရင်းဇယားလေးရေးဆွဲထားပြီး
Lwin Moe
#LwinMoe #Tech_Khit #Money
Credit. ⬆⬆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။