Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 22, 2017

#Jackie_Chan ( အနောက်ကမ္ဘာကိုလွှမ်းမိုးဖို့ မွေးဖွားလာတဲ့အာရှသား (သို့ ) ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာလူသားတဦးမလုပ်နိုင်တာကိုလုပ်ပြခဲ့တဲ့ဂင်းနစ်စံချိန်ရှင် (သို့) သုညတလုံးရဲ့အတ္ထုပတ္တိ


သုတဇုန် added 20 new photos.

#Jackie_Chan ( အနောက်ကမ္ဘာကိုလွှမ်းမိုးဖို့ မွေးဖွားလာတဲ့အာရှသား (သို့ ) ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာလူသားတဦးမလုပ်နိုင်တာကိုလုပ်ပြခဲ့တဲ့ဂင်းနစ်စံချိန်ရှင် (သို့) သုညတလုံးရဲ့အတ္ထုပတ္တိ #Htet Wa Na
………………………………………………………………………

Bro Htet Wa Na ရေးထားတဲ့ ဂျက်ကီချမ်းအကြောင်းပါ။
.
.
.
.
.
.
. ဒုတိယကမ္ဘာစစ်အပြီးစစ်အတွင်းမှာ အသိမ်းခံရတဲ့နိုင်ငံတွေရော အသိမ်းမခံရတဲ့နိုင်ငံတွေပါဒုတိယကမ္ဘာစစ်ကြီးရဲ့နောက်တက်တွဲဆိုး ကျိုးကိုအလူးအလဲခံခဲ့ကြရပါတယ်။ ဒီအထဲမှာ အာရှကနိုင်ငံတွေလဲအပါအဝင်ပေါ့။ မြန်မာမှာလဲဗိုလ်ချုပ်ကွယ်လွန်အပြီးသူတလူ ငါတမင်းအာဏာရှင်တွေရဲ့ ခေတ်တခုကိုကျရောက်လာချိန်။
ဒီလိုပဲအိမ်နီးချင်းတရုတ်နိုင်ငံမှာလဲပြည်တွင်းစစ်ကြီးစတင်လာခဲ့ပီး ထိုင်ဝမ် တရုတ်ပြည်မပြည်
တွင်းစစ်တွေအာဏာလုပွဲတွေစတင်လာခဲ့ပါပြီ။ ဒီအချိန်မှာတရုတ်ပြည်မကြီးရဲ့ထောက်လှမ်းရေး စစ်တပ်ကအရာခံဗိုလ်တယောက်ဖြစ်တဲ့ချာလီ ကလဲ ဟောင်ကောင်ကိုSpyအနေနဲ့ရောက်နေတာ ၄နှစ်ကြာကာလ သူ့ဇနီးလီလီချန်းဟာလဲ အကမယ်တယောက်အဖြစ်ရော သံရုံးမိသားစုတစ်ခုရဲ့ အိမ်အကူအနေနဲ့ရော တဖက်မှာလဲထိုင်ဝမ် ရာမဂိုဏ်းတခုမှာ မူးယစ်ဆေးရောင်းချသူအဖြစ်ပါလုပ်ကိုင်နေသူ။ ချာလီကသူ့မိန်းမခုလိုဥပဒေနဲ့ မလွတ်ကင်းတာတွေလုပ်နေတာကိုသိတယ်။ ဒါပေမယ့်ခေတ်အနေအထားအရရောမိသားစု စားဝတ်နေရေးအရပါခက်ခဲတဲ့ကာလမှာဆိုတော့ မတတ်နိုင်ဘူးပေါ့။ ဒီလိုနဲ့ ၁၉၅၃ခုနှစ်မှာသူတို့နေထိုင်တဲ့ကင်ယမ်မှာ စစ်တပ်တွေနေ့စဉ်ရက်ဆက် စစ်ပွဲတွေဖြစ်လာခဲ့တဲ့အတွက် ဟောင်ကောင် ဝိတိုရိယတောင်နားကရွာတရွာကိုပြောင်းရွှေခဲ့ရတယ်။ အဲ့အချိန် လီလီချန်းမှာလဲကိုယ်ဝန်နဲ့ပေါ့။ ဒီကိုယ်ဝန်ကိုစစ်ဘေးပြေးလွှားရင်းနဲ့ပဲစစ် တပ်ဆေးတပ်ကဆရာဝန်တချို့နဲ့မွေးဖွားခဲ့ရပါတယ်။
အချိန်အားဖြင့် ၁၉၅၄ခုနှစ် ဧပြီလ ၇ရက် နေ့မှာပေါ့။သူတို့ရဲ့သားလေးနာမည်ကိုအဖိုးနာမည်ဖြစ်တဲ့ ချန်းကောင်းဆောင် လို့ပေးခဲ့ပါတယ်။ ဖခင်ကတော့ချစ်စနိုးနဲ့ ပွာပွာလို့ပေးခဲ့တယ်။သူကတော့တခြားသူမဟုတ်ဘူး နောက်တချိန်မှာ ကမ္ဘာ့ရုပ်ရှင်လောကမှာ အထင်ကရမင်းသားကြီးတယောက်ဖြစ်လာမယ့် #ဂျက်ကီချမ်း ပါပဲ။
.
.
.
. " ကျတော်ပညာကောင်းကောင်း မသင်ခဲ့ရဘူး။ ပြောရရင်ပညာတတ် တယောက်ဖြစ်ဖို့ကျတော်ဥာဏ်မမှီဘူး။ ဒါပေမယ့်ဒီကမ္ဘာကြီးက ပညာတတ်တွေ ဘွဲ့ရတွေအတွက်ပဲဖြစ် တည်နေတာမဟုတ်ဘူး။ အတန်းပညာ ထက်အသိပညာအတတ်ပညာက လောကကြီးအတွက်တကယ်လိုအပ် တယ်လို့ယူဆတယ်။ " Jackie Chan
" ဘွဲ့လက်မှတ်မှာ မင်းအောင်မြင်မှုက မင်းဘဝကိုတံဆိပ်ကပ်မထားဘူး။ မင်းဘဝကို မင်းကိုယ်တိုင်တံဆိပ် ကပ်ရမှာ။ ဘယ်တက္ကသိုလ်ကမှကပ်ပေးမှာမဟုတ်ဘူး" Jackie Chan
ဂျက်ကီကိုမွေးတော့သူတို့မိသားစုဟာ သာမာန်မိသားစုလေးပါပဲ။ ဒါပေမယ့်ဖခင်ဖြစ်သူ ချာလီရဲ့အမြော်အမြင်ရှိမူကြောင့် သားဖြစ်သူကို ပညာတတ်တယောက်ဖြစ်စေချင်တဲ့အတွက် သူ့ရဲ့မဖြစ်မလောက်ပိုင်ဆိုင်မူနဲ့စစ်ဘေးသိပ်မ သင့်တဲ့ဟောင်ကောင်မြို့ပေါ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိ 32 Road လမ်းမကြီး ယခင် သာမာန်လမ်းကြားလေးထဲကစားသောက်ဆိုင် အပေါ်ထပ်ခန်းတခုမှာသူတို့ရဲ့မိသားစုဘဝကိုတ ဖန်စတင်ခဲ့ပါတယ်။ ဒီလိုနဲ့ဂျက်ကီလေး၆နှစ်သား ကိုရောက်လာချိန်မှာတော့ မူလတန်းကိုစထားရပီပေါ့။ အံ့သြစရာကအဖေရော အမေပါအထက်တန်းအောင်ကြသူတွေ ဦးလေးဖြစ်သူဆိုတရုတ် စစ်တပ်ရဲ့ဂုဏ်ထူးဆောင်ပညာသင်ဆုကိုပါရခဲ့သူ။ ဒါပေမယ့်ဂျက်ကီကတော့ တစ်တန်း၂ခါကျတယ်။၃ခါမြောက်ပြန်တက်တော့လဲကျတယ်။ ဒါကြောင့်ပဲဖခင်ဖြစ်သူဟာ သူ့သားဟာပညာရေး ဖက်မှာထူးချွန်သူမဟုတ်ဘူးလို့ယူဆခဲ့ပီးကျောင်း ဆက်မထားခဲ့ပါဘူး။
ဂျက်ကီကတခြားကလေးတွေနဲ့တော့မတူဘူး လူမကြောက်တတ်ဘူး။ တခါတလေ ဟာသလေးတွေလုပ်ပြပီးလူကြီးတွေဆီကနေမုန့်တောင်းစားတတ်တယ်။ သူ့ကို ချစ်တဲ့ချာလီရဲ့သူငယ်ချင်း တယောက်ရှိတယ်။ သူကဂျက်ကီလေးကိုသူရိုက်နေတဲ့ဗီဒီယိုကားမှာ ကလေးသရုပ်ဆောင်အဖြစ်ထည့်ချင်တယ်လို့ ပြောလာတော့ဂျက်ကီကိုယ်တိုင်ကလုပ်မယ် ချည်းပြောနေရာကနေ ဂျက်ကီအသက် ၅နှစ် သား မှာပထမဆုံးကလေးသရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒိကနေစပီးဂျက်ကီဟာသရုပ်ဆောင်ပညာကို ဝါသနာပါခဲ့ပီး ဗီဒီယိုကားလေး တချို့မှာပါခဲ့ရပါတယ်။သူအရမ်းကြိုက်တာက ချာလီချာပလင်။ မှတ်မှတ်ရရ ဟောင်ကောင်ကချာလီချာပလင် သရုပ်ဆောင်ပွဲမှာ ဂျက်ကီပထမဆုရခဲ့တယ်။ အဲ့ တုန်းကသူ့အသက်၆နှစ်ခွဲပဲရှိပါသေးတယ်။ ဒါပေမယ့်မိဘတွေရဲ့ ထောက်ပံ့မူအားနည်းလို့တခြား ကလေးသရုပ်ဆောင်တွေလို သူနေရာမရခဲ့ပါဘူး။ ဒီလိုနဲ့ဂျက်ကီဟာ သူ့ဝါသနာကိုမေ့ပီးလောကကြီးထဲ ကျရာအလုပ်လုပ်ရတဲ့ပညာမတတ်တွေရဲ့လမ်းစဉ်အတိုင်း လျှောက်ခဲ့ရပြန်ပါတယ်။ ဒါကြောင့်ပဲဂျက်ကီဟာ ဟောင်ကောင်ကခေါ်တဲ့အလုပ်ကြမ်းသမားလျှောက်လွှာနဲ့အတူသြစတေးလျကို ဆောက်လုပ်ရေးအလုပ်ကြမ်းသမားလုပ်ဖို့လိုက်ခဲ့ရပါတော့တယ်။
" ကြိုးစားမူတိုင်းမှာပြန်ရမူဆိုတာရှိတယ်။ အချိန်ကြာတာနဲ့မကြာတာပဲကွာတယ်။ ကျွန်တော့်မှာအိမ်မက်တခုရှိတယ်ဆိုပီး အိပ်နေရင်တော့အဲ့ဒိအိမ်မက်ဟာ မင်းနိုးလာလို့ မျက်နှာသစ်လိုက်တာနဲ့ပျောက်သွား
မှာပဲ။ အိမ်မက်ဆိုတာ လက်တွေ့ကို အကောင်အထည်ဖော်ဖို့ အခန်း၁ပဲ။" Jackei Chan
ဒီလိုနဲ့ အလုပ်ကြမ်းသမားဘဝမှာလဲဂျက်ကီဟာသူ့အိမ်မက်ကိုမမေ့ထားခဲ့ပါဘူး။ အလုပ်နားချိန်သူ့လိုပဲ အလုပ်ကြမ်းသမားတွေကြားသီချင်းဆိုပြတယ်။ ဟာသသရုပ်ဆောင်ပြတယ်။ဒါကြောင့်လဲဂျက်ကီဟာလူဖြစ်လူခင်တော်တော်ပေါခဲ့ပါတယ်။ Jackie ဆိုတဲ့နာမည်ကလဲသူ့ကိုအလုပ်ကြမ်းသမားတွေကချစ်စနိုးနဲ့ပေးခဲ့တဲ့နာမည်ပါ။ ဒါကိုမှသူ့နာမည်ရင်း Chan နဲ့ ပေါင်းပီးဂျက်ကီချန်းလို့ပေးခဲ့တာပေါ့။ ဒီလိုနဲ့အလုပ်ပိတ်
ချိန်သူ့မိဘတွေရှိတဲ့ဟောင်ကောင်ကိုသူပြန်လာခဲ့တယ်။ အဲ့အချိန်မှာသူအလုပ်ကြမ်းလုပ်ရင်းသိခဲ့တရုတ်နိုင်ငံသား ရှောင်ချီပေါင် ဆိုတဲ့လူက "မင်းငါရိုက်နေတဲ့ကားတွေမှာလိုက်ကူပါလား" လို့ပြောခဲ့တယ်။ အချိန်အားဖြင့်၁၉၇၀ခုနှစ်လောက်မှာပေါ့။ ဒါကဂျက်ကီဟာသူ့အိမ်မက်ကို ပြန်မက်ခွင့်ရဖို့ဖြစ်လာတဲ့အခွင့်အရေးပါ။ ဒါကြောင့်ပဲဂျက်ကီဟာ ရှောင်ချီပေါင်နဲ့လိုက်ရင်း သရုပ်ဆောင်လောကကိုတိုးခဲ့ပါတယ်။ ဒါပေမယ့်
လူကြမ်း မင်းသားသူငယ်ချင်း ဖြစ်လျှောက်။ သူပါတဲ့အဓိကဇာတ်ဆောင်ကားတွေကလဲတ ကားမှအရည်အသွေးမရှိတဲ့ကားတွေချည်း။
ဒီလို၆နှစ်နီးပါးလိုက်ပါရင်း တရက်သူ့ကိုစတန့်လူစားထိုးနေရာကိုကမ်းလှမ်းလာပါတော့တယ်။ ဂျက်ကီက ရှေ့မှာလဲစတန့်လူစားထိုးတွေကိုအသေ အကြေလုပ်ခဲ့တာကိုသူကမြင်ထားတယ်။သူကတော့တခြားသူမဟုတ်ဘူး။ Willie Chan ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်။ ဂျက်ကီလက်ခံခဲ့ပါတယ်။ တကယ်တမ်းဘယ်သူနဲ့တွဲလုပ်ရမလဲ မေးချိန်မှာသူအံ့သြသွားခဲ့တယ်။ ဘရုစ်လီ တဲ့။ ဘရုစ်လီက တကယ့်သူရဲကောင်းကြီး။ ဒါပေမယ့် ဘရုစ်လီရဲ့ ကိုယ်စားပါဝင်ရိုက်ကူးပေးခဲ့တယ်။ New First Of Fusy ကား။ ဒါပေမယ့်ဒီကားကလုံးဝမအောင်မြင်ခဲ့ဘူး။ ပြသနာကတော့ဂျက်ကီရဲ့သတ်ပုတ်မူတွေကဟာသဆန်နေတယ်။ ဘရုစ်လီလိုမာန်မပါဘူး။ ဒီလိုနဲ့ထပ်ပီးတပိန်ပိန်တလိမ်လိမ်သရုပ်ဆောင်ဘဝကိုထပ်ဖြစ်ခဲ့ရပြန်တယ်။
ဒီလိုနဲ့ ၁၉၈၀ရောက်တဲ့အထိ ဂျက်ကီချမ်းဟာ ဖြစ်ဖြစ်မြောက်မြောက်ရုပ်ရှင်ကားတကားမှမရှိခဲ့ပါဘူး။ ဒါပေမယ့်တရက် သူ့ကိုမင်းသားရဲ့စတန့် နေရာတွေမှာလူစားထိုးရိုက်ဖို့ဒါရိုက်တာ ရှန်ဂီကကမ်းလှမ်းခဲ့ပါတယ်။ ရှန်ဂီဟာဒီကားကိုအစအဆုံးဒီကားကို Planချပီးချိန်မှာတော့ ကားမတော်တဆတခုကြောင့်ကွယ်လွန်ခဲ့ပါတော့တယ်။ ဂျက်ကီချမ်းကဒီကားကိုသူသိပ်ကြိုက်တယ်။ဒါပေမယ့်သူ့အနေအထားနဲ့မရိုက်နိုင်ဘူး။ ဒီတော့သူရင်းလိုက်တယ်။ သူ့မိသားစုပိုင်တဲ့တိုက်ခန်းလေးကိုရောင်းပီးဒီကားကိုသူကိုယ်တိုင်ဒါရိုက်တာလုပ် သူကိုယ်တိုင်မင်းသားလုပ်ရိုက်ခဲ့ပါတော့တယ်။ ဒီကားကတော့ဂျက်ကီချမ်းဆိုပီး တရုတ်နဲ့အာရှမှာနာမည်ကြီးစေခဲ့တဲ့ The Young Master ကားပါပဲ။ ဒီကားဟာ ဟောင်ကောင်ဒေါ်လာ ၁၁သန်းအထိရခဲ့သလို ဘရုစ်လီစံချိန်တင်ထား တဲ့ဟောင်ကောင်ရုံလက်မှတ်စံချိန်ကိုပါချိုးခဲ့ပါတယ်။ ဒါက Jackie Chan ဆိုပီး အာရှမှာလူသိလာစေဖို့ဖြစ်လာခဲ့တဲ့ပထမအပိုင်းပါပဲ။
The Young Master ပီးနောက်မှာတော့ The Big Brawl / The Gold Hunters /Dragon Lord စတဲ့ကားတွေနဲ့ Jackie Chan ဟာဟောင်ကောင်ရှပ်ရှင်လောကမှာစတင်နာမည်ရခဲ့ပါတော့တယ်။ Jackie Chanမှာထူးခြားတာတခုရှိတယ်။ ဒါကသူရိုက်မယ့်ကားတိုင်းကို လူစားမထိုးဘူး Action ပိုင်းတွေကိုလူကြမ်းတွေနဲ့ကိုယ်တိုင်အချိန်ယူကျင့်တယ်။ သူနဲ့တွဲဖက်လုပ်ကိုင်တဲ့လူကြမ်းတွေနဲ့ Jackie Chan ဟာတခြား Action မင်းသားတွေလိုမတူအောင် ဘာလုပ်မလဲစဉ်းစားခဲ့တယ်။ ဒီတော့သူတီထွင် မူတခုကိုလုပ်ခဲ့တယ်။ ဒါကသူနဲ့ချမယ့်လူကြမ်းတွေနဲ့ အသံအချိတ်အဆက်သင်္ကေတတခုလုပ်တယ်။ ချမယ့်ကောင်ကဘယ်လိုချမယ်ဆိုဘယ် လိုတချက်အော်ပီးမှဝင်ဒီလိုပေါ့။ ဒီအသုံးပြုချက် ကိုပထမဆုံးသူစသုံးတာက Police Story။ Police Story ကလဲ Jackie Chanကို အာရှမှာ တင်မက အနောက်နိုင်ငံတွေအထိပါတိုးစေခဲ့တဲ့ ဇာတ်ကားတွေပါ။ ၁၉၈၄ ခုနှစ်မှာ PS 1 ကိုရုံတင်တယ်။ ၁၉၈၇ခုနှစ်မှာ PS 2 ကိုရုံတင်လာတယ်။ ဒီကားဟာ ဟောင်ကောင်Film Award ကို ရခဲ့သလို တော်တော်လဲအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Jackie Chan ဟာအောင်မြင်တဲ့ရုပ်ရှင်ကားတကားပြီးတကားထွက်ခဲ့သလို Police Story 3/4 ထွက်ပီးချိန်မှာတော့ Jackie Chan ဟာအာရှရဲ့ No.1ဆိုတဲ့နေရာကိုရလာခဲ့ပါတယ်။
ဒီကားတွေအပြီးမှာသူ့ဘဝရဲ့အခက်ခဲဆုံးကားတကားဖြစ်လာတဲ့ ကားတကားကိုရိုက်ဖို့  Benny Chan ဆိုတဲ့သူ့အသိ ဒါရိုက်တာက အမေရိကန်ကိုလှမ်းခေါ်ပါတော့တယ်။ဒီကားမရိုက်ခင် ၄လတိတိရိုက်ကွင်းနေရာတွေကိုပြင် ဆင်ခဲ့သလို Jackie Chanဟာလဲစတန့်နေရာတွေအတွက် ၇လတိတိပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီကားကတော့ မြန်မာပြည်မှာရောအာရှမှာတော့ ကမ္ဘာမှာပါလူကြိုက်များခဲ့ပီး စတန့်ပြကွက်အများဆုံးကားအဖြစ်စံချိန်တင်ခဲ့တဲ့ Who Am I ရုံရှင်ကားကြီးပါပဲ။ ဒီကားဟာ Jackie Chan ဆေးရုံ၆ခါတက်ရ နံရိုး၅ချောင်းကျိုး နှာခေါင်းရိုးပါးရိုး လက်ဖျင်ရိုးတွေအထိကျိုးခဲ့တဲ့အထိရင်းခဲ့သလို Hollywood ရုပ်ရှင်သမိုင်းမှာပါမရှိသေးတဲ့စံချိန်တခုကိုချိုးခဲ့ပါတယ်။ ဒီကားဟာအောင်မြင်မူများစွာရခဲ့သလိုAction တခန်းကို ၆ရက်နှုန်း အထိ ရိုက်ခဲ့ရပီး ၁၉၉၈ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့မှာစတင်ပြသခဲ့ပါတယ်။
" ဝန်ခံရရင် စတန့်တွေလုပ်တိုင်း ကျတော်ကြောက်တယ်။ Who Am I တုန်းက Willemswearf ကခုန်ဆင်းတုန်းကဆိုအားလုံး ကမဖြစ်နိုင်ဘူး တားကြတယ်။ ဒါပေမယ့်ကျတော် Cameraman နဲ့တိုင်ပင်ပီး Benny ခွင့်မပြုတဲ့ကြားကခုန်ဆင်းခဲ့တယ်။ ကြောက်ရွံမူတိုင်းရဲ့အဆုံးမှာအောင်မြင်မူရှိတယ်လို့ကျတော် ယုံကြည်တယ်။ "Jackie Chan
ဒီကားအပြီးမှာတော့ လူမည်းမင်းသား Chris Tucker နဲ့တွဲပီးသရုပ်ဆောင်ခဲ့တဲ့ Rush Hour ကားကြီးရုံထပ်တင်လာတယ်။ ဒီကားဟာ အမေရီကန်ဒေါ်လာသန်း၁၃၀ထိရခဲ့သလို Jackie Chan ဟာလဲ Hollywood ရုပ်ရှင်လောကကိုတိုးနိုင်ခဲ့ပါတယ်။ ဒီကားအပြီးမှာတော့ Jackie Chanကို ကမ္ဘာကသိစေခဲ့တဲ့ကားတွေတစ်ကားပီးတကားထွက်လာခဲ့ပါတယ်။ The Myth လိုကားတွေကိုသင်ကြိုက်ခဲ့မှာဖြစ်သလို
Dragon Blade လိုကားလဲသင်ကြိုက်မိခဲ့မှာပဲ။ Jackie Chanရဲ့ကားတကားချင်းစီကိုပြောနေ ရင်ပြီးမယ်တောင်မထင်ဘူးပေါ့ဗျာ။ Jackie Chan ဟာရုပ်ရှင်အပြင် 3D Annimation လောကမှာပါအောင်မြင်ခဲ့သူပါ။ ဥပမာ Kung Fu Panda လိုကားတွေမှာသူပါဝင်ခဲ့သလို 3S ကာတွန်းကားတွေမှာလဲသူပါဝင်ခဲ့တယ်။ ဒါပဲလားဆိုJackie Chan ဟာ ဂီတလောကမှာလဲအနေအထားမသေးသူပါ။ သူကိုယ်တိုင်ဇာတ်ဝင်တေးများစွာကိုဆိုခဲ့သလို Albumအချပ်ရေ၂၀ထိထုတ်ထားခဲ့သူပါ။
တချိန်ကအလုပ်ကြမ်းသမား ရုပ်ရှင်လောကထဲဝင်တော့လည်း အောက်ခြေသိမ်းသမားအစ အပြာကားမင်းသားအထိရိုက်ခဲ့ရသူ ။ ရုပ်ရှင်စရိုက်ချိန်လူမိုက်တွေရန်ကြောက်ရလို့ ရိုက်ကွင်းပျက်မှာစိုးလို့ သေနပ်ပါအိပ်ထဲထည့်ပီးအစောင့်တစ်ယောက်လို ရုန်းကန်ခဲ့ရသူ။ အနုပညာအတွက် အိမ်ပါပေါင်မိသားစုပါရင်းပီးရုန်ကန်ခဲ့ရသူ။ နှာခေါင်း နံရိုး ကျောရိုး ဒူး ခါးနဲ့ လက် ခြေထောက် အကုန်ကျိုးထားသူ ညာဖက်တင်ပါးဆုံရိုးစတီးရိုးထည့်ထားရသူ။ ဒါပေမယ့်လက်ရှိမှာJackieChan ဟာ အာရှNo.1 မင်းသားဖြစ်လာသလို ကွန်ဖူးပညာရှင် ဒါရိုက်တာ အဆိုတော် ထုတ်လုပ်သူ စတန့်နည်းပြ အဖြစ်သမိုင်းတွင်ခဲ့ပါပီ။ သူရိုက်ခဲ့တဲ့ရုပ်ရှင်ကားပေါင်း ၁၄၀ကျော်ရှိခဲ့သလို ဘာသာစကား ၇မျိုးထိ တတ်တဲ့မင်းသားလဲဖြစ်ပါတယ်။ သူ့ကိုအာမခံ Company တွေကလက်မခံရလောက်တဲ့အထိ Jackie Chanဟာ ရုပ်ရှင်လောကရဲ့ထိခိုက်ဒဏ်ရာအရဆုံး မင်းသားဖြစ်ပီး သူ့စတန့်အဖွဲ့ Sing Kar Pan ဟာလဲဘယ်အာမခံ Companyကမှလက်မခံပါဘူး။ ဒါတင်ပဲလားဆို Jackie Chanဟာ Dragon Lord ကားမှာ၉မိနစ်ခွဲစာဇာတ်ဝင်ခန်းကို ၁၁ရက် Reheral အကြိမ်ရေပေါင်း ၂၉၇၀ ပြန်ရိုက်ခဲ့လို့အဲ့ဒိဇာတ်ဝင်ခန်းဟာ Rehersal အကြိမ်ရေအများဆုံးအဖြစ်ဂင်းနစ်စံချိန်တကြိမ် / Who Am I ဇာတ်ကားနဲ့ ကမ္ဘာ့ရုပ်ရှင်းသမိုင်းမှာစတန့်ပြကွက်အ များဆုံးကားအဖြစ်စံချိန်တင်ခဲ့မူတကြိမ် / ကမ္ဘာ့စတန့်အကြိမ်ရေအများဆုံးမင်းသားအဖြစ် ဂင်းနစ်စံချိန်တကြိမ် / Zodiac (2012)ခုနှစ်ကားနဲ့ စာရေးဆရာ ဒါရိုက်တာ ခေါင်းဆောင်မင်း သား ထုတ်လုပ်သူ တေးရေး တေးဆို အပါအဝင် တကားထဲ တာဝန်ကြီး၁၇ခုကိုယူခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့တာဝန်ယူမူအများဆုံးတဦးထဲအဖြစ် ဂင်းနစ်စံချိန်တကြိမ် တင်ခဲ့သူပါ။
တခြားဆုတွေကတော့ ပြောနေစရာတောင်မလိုတော့ဘူးပေါ့။ Jackie Chanဟာပရဟိတသမား တယောက်ဆိုလဲမမှားပါဘူး။ JCCF ပညာရေးဖောင်ဒေးရှင်းကို ၁၉၈၈ခုနှစ်မှာထောင်ခဲ့သလို UNICEF ရဲ့သံတမန်လဲဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ ပညာရေးသံတမန်ဖြစ်သလို တရုတ်ကျောင်းမနေရကလေးသူငယ်တွေကိုလဲကျောင်းထားပေးသူပါ။ ဒါ့အပြင်တခြားပရဟိတများစွာကိုလုပ်ခဲ့သူလဲဖြစ်ပါတယ်။ မကြာသေးခင် ကကြေငြာတဲ့ ကမ္ဘာ့အနုပညာကြေးအများဆုံး မင်းသားစာရင်းမှာလဲJackie Chan'ဟာဒုတိယနေရာမှာရပ်တည်နေပီး အာရှမှာ SRK AMK တို့Bollywood / ဂျက်လီ တို့ကိုပါကျော်ပီးရပ်တည်ခဲ့ပါတယ်။ Jackei Chan စတန့် Studio JC ရုပ်ရှင်ထုတ်လုပ်ရေး Jackie Chan အကယ်ဒမီကျောင်းအပါအဝင် စီးပွားရေးလုပ်ငန်းများစွာ ကိုလဲပိုင်ဆိုင်ထားနိုင်ခဲ့ပါပီ။
" လွယ်တဲ့အရာကိုမပျော်နဲ့ အောင်မြင်တဲ့လမ်းတိုင်းက ခက်ခဲမှ ပိုကြာရှည်ခံတာ "
" စိတ်မပါရင် ရေခွက်တောင် မကိုင်နဲ့ စိတ်ပါပီဆိုရင်တော့ မင်းသောက်မယ့်ရေကြည်ကို မင်းကိုယ်တိုင်တူးလိုက်"
" ကိုယ်ကျင့်တရားကိုသိသ၍ ခဗျားအမှောင်ထဲမရောက်ဘူး။ ကိုယ်ကျင့်တရားပျက်ပီဆိုဘယ်တော့မှအလင်းကိုမတွေ့ဘူး။"
" အောင်မြင်မူဆိုတာ အိမ်မက်တွေက လာတာပါ။ ကြောက်တတ်ရင် အိမ်မက်ထဲပဲ ခဗျားဟာ အောင်မြင်သူဖြစ်လိမ့်မယ်။"
" လူတိုင်းမသေတဲ့လူမရှိဘူး။ နာမည်ကောင်းနဲ့သေမလား နာမည်ဆိုးနဲ့ သေမလားဆိုတာတော့ကိုယ်ရေးတဲ့သမိုင်းပေါ်ပဲမူတည်တယ်။"
Jackie Chan
သူတစ်တန်းမအောင်ခဲ့ဘူး။ သူသုညကစခဲ့တယ်။ ဒါပေမယ့်သူဂင်းနစ်စံချိန်တင်ခဲ့တဲ့လူ တယောက်ဖြစ်ခဲ့သလို ကမ္ဘာ့အအောင်မြင်ဆုံး ဆိုတဲ့လူသားတွေထဲသူပါခဲ့တယ်။ လက်ရှိမှာ Jackie Chanဟာ တေးရေးတေးဆို ဒါရိုက်တာ မင်းသား ထုတ်လုပ်သူ ကွန်ဖူးပညာရှင် ဂင်းနစ်စံချိန်ရှင်အဖြစ် အာရှမှာရော ကမ္ဘာမှာပါလူတိုင်းချစ်တဲ့အနုပညာရှင်တယောက်ဖြစ်ခဲ့ပါပီ။
Ref : Jackie Chan Twitter
Movie Stars ( American Time Blog)
Twitter
[ Metal Music ဖက်ကဖြစ်တဲ့အတွက်ဒါမျိုး ရုပ်ရှင်လောကရဲ့သူရဲကောင်းတယောက်အကြောင်းရေးသားရာမှာလိုအပ်ချက်များရှိနိုင်ပါတယ်။ Jackie Chan ရဲ့အမာခံပရိတ်သတ်များ နားလည်ပေးဖို့ မေတ္တ္တာရပ်ခံပါတယ်။]
ထက်ဝန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။