shared by theingilwin on 15/09/16 - duwun.com.mm - Food
ငါးနဲ့ သံပရာသီးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာပါ။
ညပိုင်းတွေမှာ အဆီမပါတဲ့ အစားအစာတွေ စားချင်တယ်ဆိုရင် ငါးသံပုရာပေါင်းကို တစ်ခါတလေ လုပ်စားသင့်ပါတယ်။
ငါးသံပရာပေါင်း ပြုလုပ်ဖို့အတွက် လိုအပ်သော ပစ္စည်းများ
၁။ ဇလားဗီးယားငါး (သို့) ကကတစ်ငါး (သို့) ငါးရံ့ - ၁ ကောင်
၂။ စပါးလင် - ၂ ခု
၃။ ကြက်သွန်ဖြူ - ၅ တက်
၎။ ငရုပ်သီးစိမ်း - ၁၀ တောင့်
၅။ သံပုရာသီး - ၂လုံး
၆။ ဟင်းခတ်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
၇။ ငါးငံပြာရည် - ထမင်းစားဇွန်း.၂ဇွန်း
၈။ သကြား - ထမင်းစားဇွန်း ၁ဇွန်း
play
ငါးသံပရာပေါင်း ပြုလုပ်နည်း
၁။ ငါးကို ဗိုက်ခွဲကာ ဆေးကြောသန့်စင်ပြီး တစ်ဘက် ၃ ချက်ခန့် မွှန်းပေးပြီးနောက် ဟင်းခတ်မှုန့်နဲ့ နယ်ကာ နယ်ကာငါးဝမ်းဗိုက်အတွင်းသို့ စပါးလင်ကိုဓားပြားရိုက်ပြီးလုံးချေထည့်ပါ။
၂။ နှစ်ထပ်ပေါင်းအိုးထဲ ရေနွေးဆူအောင်တည်ပြီး အပေါ်ထပ်တွင် ပန်းကန်ပြားခံကာ ငါးထည့်ပါ။ ၂၅ မိနစ်ခန့် ငါးကျက်သည်ထိပေါင်းပါ။
၃။ ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို ညပ်ညပ်လေးလှီးဖြတ်ပါ။
၎။ သကြား၊ ငံပြာရည်၊ သံပုရာရည်နဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးကို ဖျော်ပြီး ငါးရဲ့အပေါ်က လောင်းထည့်ပါ။
၅။ နံနံပင်နှင့် သံပုရာသီးပါးပါးလှီးပြီး ငါးသံပရာပေါင်းပွဲကို အလှဆင်လိုက်ပါ။
play
အခုလို ချမ်းအေးတဲ့ ရာသီဥတုမှာ ညနေဘက် အိမ်မှာလူစုံချိန် ငါးသံပရာပေါင်း ပူပူစပ်စပ်လေးလုပ်ပြီး စားကြည့်လိုက်ကြပါဦးနော်။Credit - Duwun

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။