Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 22, 2017

ပတ်စပို့ ကိစ္စနဲ့ ပတ်သက်ပြီးမနေနိုင်တော့လို့ ပြောချင်တာကိုပြောပါမယ် ။


Moe Khaing added 2 new photos.

ပတ်စပို့ ကိစ္စနဲ့ ပတ်သက်ပြီးမနေနိုင်တော့လို့ ပြောချင်တာကိုပြောပါမယ် ။
ပတ်စပို့ လုပ်ငန်းကြောင်းကိုဒီအသိုင်းအ၀ိုင်းထဲက မဟုတ်တဲ့ အပြင်လူတယောက်ကသိဖို့ ဆိုတာမလွယ်ပါဘူး ။ ပတ်စပို့ လို့ ပြောလိုက်တဲ့အထဲမှာ ဗီဇာ ဝေါ့ပါမစ် အကုန်ပါပါတယ် ။ ပွဲစားထဲမှာတောင်မှ ပတ်စပို့ အကြောင်းသေသေချာချာမသိတဲ့သူတွေအများကြီးပါ ။
ထိုင်းမှာအလုပ်လာလုပ်နေတဲ့သူတွေအများအားဖြင့် နယ်ကလာတဲ့သူတွေများပါတယ် ။ မြန်မာစကားမတတ်တဲ့တိုင်းရင်းသားတွေရှိသလို စာမတတ်တဲ့ သူတွေလဲအများကြီးပါ ။
အလုပ်သမားတွေဆိုတာ ထိုင်းမှာ အလုပ်အသွားအပြန်ကလွဲပြီး အပြင်ကို ၄-၅ လနေလို့ တောင်တခေါက်မသွားတဲ့သူတွေအများကြီးပါ ။ သွားဖို့ အချိန်လဲသူတို့ မှာမရှိပါဘူး ။ FB သုံးတယ် ဆိုတဲ့သူဆိုတာကလဲ ဒီမှာရှိနေတဲ့လူဦးရေအချိုးနဲ့ ကြည့်ရင်ဘယ်လောက်မှမရှိပါဘူး ။ ပြောချင်တာကလူ ၁၀၀ မှာ ၉၀ လောက်က ဘာမှမသိတဲ့သူတွေ နားမလည်တဲ့သူတွေဆိုတာကိုပါ ။ အလုပ်တခုလုပ်ဖို့ ဆိုရင် လူအများစုအကျိုးအတွက်ကြည့်သင့်သလား ။အနည်းစုအတွက်ကြည့်သင့်သလားဆိုတာတော့ပြောစရာမလိုပါဘူး ။
အလုပ်သမားတွေက ပတ်စပို့ အကြောင်းတွေ ထိုင်းဥပဒေတွေကိုဘာမှမသိပါဘူး ။ ဘာမှလဲနားမလည်ပါဘူး ။ နားလည်အောင်လုပ်နိုင်တဲ့အခြေအနေ မှာလဲမရှိပါဘူး ။ သူတို့ နဲ့ ထိုင်းဥပဒေဆိုတာအဝေးကြီးပါ ။ အစိုးကဒါလုပ်ဆိုသူတို့ လုပ်ကြရမှာပါ ။ စီစဉ်ပေးထားတဲ့ PLAN အတိုင်းသူတို့ လိုက်လုပ်မှာပါ ။ ကုန်ကျသလောက်ပိုက်ဆံသူတို့ ပေးရမှာပါ ။
ဒီလိုပြင်ပဗဟုသုတမရှိ ပတ်စပို့ အကြောင်းနားမလည် ဘာသာစကားမတတ်ကျွမ်း လမ်းခရီးမကျွမ်းကျင်တဲ့ သူများနိုင်ငံမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေကို ပတ်စပို့ ကိုကိုယ်တိုင်လုပ်ပါလို့ အကြံပေးတဲ့သူတွေ ကိုယ်တိုင်လုပ်ဖို့ အစီအစဉ်ဆွဲပေးသူတွေကိုကျွန်မမေးချင်ပါတယ် ။
စာအုပ်အခွံကြီးကိုကိုယ်တိုင်ထုတ်ဖို့ကြေညာခဲ့ကြပေမယ့်ထိုင်းနိုင်ငံမှာနေပြီးထိုင်းဥပဒေတွေကိုတော့ဘာကြောင့် မကြေညာခဲ့ကြတာလဲ ။ ပတ်စပို့ ကိုယ်တိုင်လုပ်ဆိုတဲ့အစီအစဉ်တွေထဲမှာ စာအုပ်အခွံထုတ်ပြီးရင် ပြီးပြီ ၊ ကျန်တဲ့ ဝေါ့ပါမစ်နဲ့ ဗီဇာကိစ္စတွေက မသက်ဆိုင်ဘူးလား ။ စီစဉ်တဲ့သူတွေ PLAN ဆွဲတဲ့အထဲမှာ ဗီဇာနဲ့ ဝေါ့ပါမစ်အတွက်မပါဘူးလား ။ ထိုင်းအစိုးရနဲ့ မညှိနှိုင်းပေးခဲ့ကြဘူးလား ။ ထိုင်းအစိုးရက သူတို့ ဥပဒေတွေချပြလာ ဖမ်းပြလာတော့မှဒါတွေလုပ်ရမယ် ။ မလုပ်ရင် စာအုပ်ဆုံး ဘတ်ဆုံးဆိုတော့အလုပ်သမားတွေကဘယ်သူ့ ကိုအပြစ်တင်ရမလဲ ။ အလုပ်သမားတွေကိုကြိုတင်ပြီးအသိပေးခဲ့ပါသလား ။ ကြေညာခဲ့ပါသလား ။ ခုထိုင်းအစိုးရကြေညာထားတဲ့ပုံစံအရ သူဌေးစာရွက်မရှိရင် စာအုပ်ကိုယ်တိုင်လာထုတ်လဲဝေါ့ပါမစ်လုပ်မရတဲ့အတွက် ဘာမှဆက်လုပ်လို့မရပါဘူး ။ သူဌေးလုပ်ပေးမှသာရမှာပါ ။ ထိုင်းမှာသူဌေးဆိုတာ ပွဲစားပါ ။
ကျွန်မအနေနဲ့ ကတော့ ဒီ ၂၀၁၆-၂၀၁၇ ပတ်စပို့ လုပ်ငန်းစဉ်က အလုပ်သမားတွေကို အကျိုးမရှိစေတဲ့အပြင် အချိန်ကုန် ငွေကုန် ဒုက္ခရောက်အောင်လုပ်တာနဲ့ တောင်ပိုတူတယ်လို့ ထင်ပါတယ် ။ သူများနိုင်ငံမှာလာပြီးထိုင်းကုမဏီ ထိုင်းပွဲစားတွေကို ကျော်ပြီးတော့ ပွဲစားအားမကိုးပါနဲ့ လို့ ပြောနေပေမယ့် အပြင်ပန်းကကြည့်ရင် ဈေးသက်သာအောင်လုပ်ပေးနေတယ်လို့ ထင်ရပေမယ့် အလုပ်သမားတွေအတွက်ကတော့မိအေး ၂ ခါနာပါဘဲ ။ မြန်မာဘက်ကလူတွေကလဲ ထုံးစံအတိုင်းအမြတ်ကြီးစားသလို ဗီဇာနဲ့ ဝေါ့ပါမစ်မှာလဲ ထိုင်းဘက်က ပါးပါးလေးနဲ့ ပညာပြထားတာတွေကိုခံရမှာကအလုပ်သမားတွေပါ ။ မြန်မာဘက်ကလူတွေက စာအုပ်အခွံကြီးကိုပွဲစားမအပ်ဘဲနဲ့ ကိုယ်တိုင်လုပ်ဖို့ အလုပ်သမားတွေကို အတင်းတိုက်တွန်းနေချိန်မှာ ထိုင်းဘက်နဲ့ ထိုင်းပွဲစားတွေက ဗီဇာနဲ့ ဝေါ့ပါမစ်ဘက်ကိုလှည့်နေပါပြီ ။ ခံရမယ့်သူတွေကတော့ကျွန်မတို့ မြန်မာအလုပ်သမားတွေပေါ့ ။
ကျွန်မဘာလို့ ဒီလိုပြောရသလဲဆိုတာအရင်အချိန်ကပတ်စပို့ လုပ်ခဲ့တဲ့အချိန်နဲ့ ယှဉ်ပြီး ရှင်းပြပါ့မယ် ။ ပွဲစားခေတ်နဲ့  ကိုယ်တိုင်လုပ်တဲ့ခေတ်ပေါ့ ။
အရင်ပွဲစားခေတ် ထိုင်းကုမ္ပဏီတွေ ပတ်စပို့ လုပ်ပေးတဲ့အချိန် ခု စကားနဲ့ ဆိုရင်တော့ပွဲစားတွေအမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့အချိန်ကပေါ့ ။ အဲ့ဒီအချိန်က ပတ်စပို့ လုပ်တယ် ။ ပိုက်ဆံကုန်တယ် ။ ဒါပေမယ့် ပတ်စပို့ ဗီဇာ ဝေါ့ပါမစ် အလုပ်သမားတွေဘာမှနားလည်စရာမလိုဘူး ။ PLAN ကအစဉ်သင့်ရှိပြီးသား ။ ကုမဏီတွေ ပွဲစားတွေကအစအဆုံးတာဝန်ယူ တာဝန်ခံပြီးသား ။ အလုပ်သမားအတွက်ဘာအခက်အခဲမှမရှိဘူး ။ အားလုံးအသင့် ။အဆက်အသွယ်ရှိတဲ့ အလုပ်သမားက ဈေးသက်သာမယ် ။ အဆက်အသွယ်မရှိတဲ့အလုပ်သမားက ဈေးကြီးမယ် ။ ဒါဘဲရှိတယ် ။
(၂၀၁၃) စာအုပ်ခရမ်းရောင်လုပ်ခဲ့တာ ဘာဘတ်မှရိုက်စရာမလို ။ပတ်စပို့  ၆ နှစ် ဗီဇာ ၂ နှစ် ဝေါ့ပါမစ် ၂ နှစ် တခါထဲအပြီးမှ ၅၅၀၀ ကနေ ၇၅၀၀ ။ စာအုပ်လုပ်တဲ့အချိန် ၃ လ ကြိုက်သလိုသွား ။ ဘာပုလိပ်မှကြောက်စရာမလို ။ ဖမ်းခွင့်မရှိ အမိန့် နဲ့  ။
( ၂၀၁၀) တုန်းက စာအုပ်အနီတွေလုပ်တော့ ဘတ်ရိုက်တာ ၁ နှစ်စာ အစိုးရသွင်းငွေ ၃၈၀၀ ။ အပြင်ဈေး ၅၀၀၀-၅၅၀၀ ။ ထော်ရော် တရွက်ရှိရင်ပတ်စပို့ တင်လို့ ရပြီ ။ နယ်စပ်မှာစာအုပ်ထုတ် မြန်မာ ၃ နှစ် ဗီဇာ ၂ နှစ် လမ်းစရိတ်အပြီးမှ ၄၅၀၀ - ၅၅၀၀ ။ နယ်စပ်အထိသွား ဘာပုလိပ်မှကြောက်စရာမလို ။တရားဝင်သွားခွင့်ပေးတယ် ။ စာအုပ်ရလာရင်ကြိုက်တဲ့သူဌေးနဲ့ ဝေါ့ပါမစ်လုပ် ။ သူဌေးဟောင်းဆီကဘာမှမလို ။
ခု(၂၀၁၆) ကိုယ်တိုင်လုပ်ဆိုတဲ့ခေတ် ရောက်တော့ စာအုပ်တွေကပြသနာများတယ်ဆိုတဲ့ဥာဏ်ကြီးရှင်တချို့ တွေဆီက ဘတ်ပြန်ရိုက်ချင်တယ်ဆိုတဲ့ အသံထွက်လာတော့ ထိုင်းဘက်ကပျော်ပျော်ကြီးဘတ်ရိုက်ပေးလိုက်တယ် ၁ နှစ်စာတောင်မဟုတ်ဘူး ။ ၂ နှစ်စာ
ကြီးများတောင် ရိုက်ပေးလိုက်တယ် ။ အစိုးရသွင်းရတဲ့ငွေ ၅၈၀၀ ။ အပြင်ကသူဌေးမရှိတဲ့သူတွေ ၇၀၀၀-၇၅၀၀ ။ သေစမ်း ။ မြန်မာတွေ ။
ပြီးတော့စာအုပ်ထုတ်တဲ့ ။ မြန်မာဘက်ကစာအုပ်အခွံတွေကို ကိုယ်တိုင်လုပ်ကြပါတဲ့ ။ ပွဲစားအားမကိုးပါနဲ့ တဲ့ ။ ကြေညာတယ် ။ ပြီးတော့ ရုံးတွေကိုယ်တိုင်က ခရူရောင်းစားတယ် ။ မ၀ယ်တဲ့သူတွေကို အားလုံးသိတဲ့အတိုင်း နံပတ်ပေးပြန်လွှတ်တယ် ။ ၂ ခါသွားရတယ် ။
လမ်းမှာပုလိပ်ဖမ်းတော့ဘယ်သူမှတာဝန်မယူဘူး ။ အလုပ်သမားတွေကိုယ့်ဘာသာရှင်းရတယ် ။ စာအုပ်အခွံရပြီး ဗီဇာထု ဝေါ့ပါမစ်လုပ်တော့ ထိုင်း ပွဲစားပြန်အပ်ရတာဘဲ ။ မြန်မာအလုပ်သမားကိုယ်တိုင်လုပ်ခွင့်မှမရှိတာ ။ ထိုင်းလူမျိုးတယောက်ပါမှရတယ် ။ အဲ့တော့ အလုပ်သမားတွေက ငွေလဲကုန်သေးတယ် ။စိတ်လဲဆင်းရဲရသေးတယ် ။စာအုပ်ထုတ်ဖို့  ဗီဇာလုပ်ဖို့  ဝေါ့ပါမစ်လုပ်ဖို့  ဘယ်သူကမှ တာဝန်ယူမှု တာဝန်ခံမှုမရှိ ကိုယ်တိုင်လုပ် ကိုယ်ဖြစ်ကိုယ်ခံ ။ တဆင့်ချင်းကိုယ်တိုင်လုပ် ။ တဆင့်ချင်းပွဲစားအပ်ပြီးလုပ် ။ အလုပ်သမားတွေကလဲ ကိုယ်တိုင်လုပ် ဘယ်လောက်ဘဲဆိုတာတွေ
ကိုဘဲကြားကြတယ် ။ ကျန်တာဘာမှမသိဘူး ။ သိအောင်လဲမပြောပြကြဘူး ။ ခု ဖြစ်လာတော့ဘာလုပ်ရမှန်းမသိဘူး ။ ထိုင်းဘက်ကလုပ်သမျှခံ ။
ခုတခါဝေါ့ပါမစ်ကလာပြီ ။ စာအုပ်အခွံကိုယ်တိုင်ထုတ်ကြပါ ဆိုတဲ့သူတွေက ထိုင်းဘက်ကဝေါ့ပါမစ်မလုပ်ရင်ဗီဇာ CANCEL ကြေညာတော့အလုပ်သမားတွေကိုဝေါ့ပါမစ်လုပ်ကြပါတဲ့ ။ အဖမ်းခံရပြီ ။ ဒုက္ခရောက်ပြီဆိုတော့ထိုင်ကြည့်ဖို့ ဘဲရတော့တယ် ။ ထိုင်းဥပဒေကအခုမှထထုတ်တာလဲမဟုတ်ဘူး ။ အရင်ထဲကထုတ်ထားတဲ့ဥပဒေ ။ ပါးစပ်ကတော့လုပ်ကြပါလို့တော့အော်ပေးတယ် ။
ဝေါ့ပါမစ်လုပ်ဖို့အတွက်အလုပ်သမားတွေမှာဘယ်လိုအခက်အခဲရှိနေသလဲ ။ သူဌေးဟောင်းဆီက စာရွက်စာတမ်းမရရင် ဝေါ့ပါမစ်လုပ်မရ ။ ဘတ်က ဘန်ကောက် ဗီဇာက ချွှန်ဘူရီဆိုရင် ဝေါ့ပါမစ်လုပ်မရ ။ သူဌေးက ဘိုင်ကိုတာ့မရှိဘဲ မှတ်ပုံတင် အိမ်ထောင်စုနဲ့ ဘတ်ရိုက်ပေးထားရင် ဝေါ့ပါမစ်ထုတ်မရ ။ သူဌေးဟောင်းကဘိုင်ကျယ့်အော့ပေးရင်တောင် သူဌေးပြောင်းခ ၁၀၁၀ သွင်းပြီးမှဝေါ့ပါမစ်ရမယ် ။ အလုပ်သမားတွေ ပိုကုန်မယ့်ပိုက်ဆံတွေ ။ အလုပ်သမားတွေ ဘယ်လောက်ဒုက္ခရောက်ဦးမလဲ ။ ၁၅ ရက်အတွင်းဘယ်လိုမှမမှီနိုင်ဘူးဆိုတာရော ။ ထိုင်းဘက်က အလုပ်သမားတွေရဲ့ပိုက်ဆံကိုဘယ်လို ဥာဏ်ဆင်ယူဦးမလဲဆိုတာကိုရော သိကြရဲ့လား ။ လေ့လာပြီးပြီလား ။ သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေကြဦးမလား ။
စာအုပ်အခွံကြီးတခုထဲကိုကိုယ်တိုင်ထုတ်ယူနိုင်ဖို့ အတွက်ပွဲစားမအပ်ပါနဲ့ လို့ ပြောပေမယ့် ဗီဇာနဲ့ ဝေါ့ပါမစ်က ထိုင်းအစိုးရနဲ့ ထိုင်းပွဲစားတွေရဲ့လက်ထဲမှာဆိုတာရယ် ။ ကိုယ့်ရဲ့အလုပ်သမားအများစုက ဘယ်တုန်းကမှဥပဒေနဲ့ မညီခဲ့ဘူးဆိုတာရယ် ။ တကယ်တမ်းပွဲစားတွေရဲ့လက်ကလွတ်ချင်ရင်လဲ အလုပ်သမားတွေအတွက်တကယ်အကျိုးရှိမယ့် ပြည့်စုံမယ့် တာဝန်ယူမှုအပြည့်ရှိတဲ့ PLAN လေးတခုကိုသေသေချာချာ ဆွဲပြီးမှလုပ်သင့်တယ်ဆိုတာရယ် ။ ထိုင်းဘက်က အမြဲတမ်းမြန်မာတွေအပေါ်မှာဘယ်နေရာကအမြတ်ကြီးစားရမလဲလို့ ကြည့်နေတယ်ဆိုတာလေးကို သတိထားကြပါဦးလို့  မနေနိုင်တော့လို့ ပြောမိပါတယ် ။ ကျွန်မရေးတာ ပြောတာ မှားတာရှိရင်လဲအားလုံးကိုတောင်းပန်ပါတယ် ။ အလုပ်သမားကျွန်မတို့ လူမျိုးတွေကိုယ်စား ပတ်စပို့ အကြောင်းကို သိနေ ကြားနေတဲ့သူအနေနဲ့ မနေနိုင်တော့လို့  ပြောမိတာပါ ။်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။