crush တစ်ကောင်ရဲ့ ရင်တမ်းစာ
----
မထူးဆန်းဘူး ဆိုပေမယ့်
လူလစ်ရင် ခိုနမ်းတတ်တဲ့
သူ့ ဓာတ်ပုံလေးတွေ
ကျနော့်ဆီမှာရှိတယ်…
"ငါ့ ဖုန်းပေါ်က နင့်အပြုံးတွေလား…
လူတွေ မသိတုန်း ခိုးနမ်းလိုက်တယ်…"
ကိုကျားပေါက်သီးချင်းလေးကို ဖြတ်ဆိုပြီးလည်း
ကျနော်ဟာ ညည်းတွားတတ်တယ်…
တစ်ခါတလေ ဒဿကြီးရဲ့ အဖြစ်ကို သတိရမိတယ်…
မယ်သီတာရဲ့ ရုပ်ပုံလွှာလေးကို စမ်းချောင်းလေးထဲမျောလာတာတွေ့လိုက်ရပြီး စွဲလန်းသွားသလိုပါပဲ…
onlineပေါ်ကနေ စီးဆင်းလာတတ်တဲ့
သူ့ဓာတ်ပုံလေးတွေကြည့်ပြီး ကျနော်ဟာ သူ့ကို
စွဲလန်းသွားတယ်လေ…
ကျနော့် wallပေါ်မှာလည်း သူသိလေမလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကဗျာမပီ စာမပီ…ခံစားချက်တွေ ချိတ်ဆွဲပြသထားတတ်တာ ကျနော်လေ…
ကဗျာလည်း ပီသ စာလည်းပီသအောင် တီထွင်ကြံဆပြီးရေးတာ မဟုတ်ဘူးလေ…
သူဆိုတဲ့ ရည်စူးမှုလေးနဲ့ အငွေ့အသက်တွေ ဖောက်ချပြယုံလေးပါ…
crushရဲ့ တစ်ယောက်ရဲ့ ကောင်းကင်ပြာက ကျနော့် wallလေးနဲ့တူနေလိမ့်မယ် ထင်ပါရဲ့…
crushတစ်ယောက်ရဲ့ ထူးဆန်းတဲ့ စိတ်ခံစားချက်ကို သူသိပါ့မလား…
ကိုယ်ချစ်နေတာကိုလည်း သူ့ကို သိစေချင်တယ်…
ဒါပေမယ့် သိအောင်လည်း အသိမပေးရဲဘူးလေ…
သူ့ကို မျှော်လင့်ပြီး တိတ်တခိုးခံစားချက်တွေနဲ့
နေ့စဉ်အငွေ့ပျံနေရတဲ့ ကျနော်ပေါ့…
အငွေ့အသက်လေးလိုပဲ ဖေါ်ပြနေရသူပေါ့…
ထင်ထင်ပေါ်ပေါ်လည်း မပြရဲဘူးလေ…
အချစ်ဆိုတာ တကယ့်ကို ထိတွေ့ဆက်ဆံရပြီးမှ ဖြစ်ပေါ်လာတတ်တယ်လို့ ကျနော် မယုံကြည်တော့ဘူးလေ…
သူ့ကို တွေ့ခဲ့ရပြီးနောက်မှာပေါ့…
တခြားသူတွေကတော့ ကိုယ့်crush ရဲ့wallထဲ ခဏဏဝင်မွှေတတ်မယ်ထင်ပါတယ်…
ကျနော်ကတော့ တစ်နေ့၃ခါလောက်ပဲ ကြည့်ဖြစ်ပါတယ်…
သူနဲ့အပြန်အလန် commentတွေ ပေးနေတဲ့ ကောင်တွေမြင်ရင် ကျနော် သဝန်တိုလို့လေ…
ဒါကြောင့် သိပ်မစပ်စုတော့ဘူးလေ…
ကျနော်တို့လို ဘဝတွေက ထူးဆန်းတယ်နော်…
ကိုယ့်ချစ်သူလည်း မဟုတ်…
ကိုယ်ချစ်တာကို သူကလည်းမသိပဲနဲ့…
ကြိတ်ရူးနေရတာလေ…
အမှောင်ထဲမှာ နေထိုင်ပြီး
ကိုယ့်ကို မမြင်ရတဲ့ အလင်းထဲကလူကို
ပြုံးပြနေမိသလိုပါပဲ…
ကြေးဝါ ရောင်ညနေခင်းတွေအောက်
လူစည်ကားချိန်တွေဆို သူ့ကို တွေ့လေမလားဆိုတဲ့ မျှော်လင့်တဲ့ မျက်လုံးမျိုးတွေလည်း ကျနော့်မှာ ရှိတတ်သေးတာ…
ရူးလွန်းတယ်နော်…
သူဘယ်မှာနေမှန်း မသိပေမယ့်…
တွေ့လိုတွေ့ငြား ရင်ခုန်သံတွေ တပွေ့တပိုက်နဲ့လေ…
သူ့ မက်ဆေ့boxလေးထဲ အကြိမ်ကြိမ်ဝင်ပြီး
hiဆိုတဲ့ စာလုံးတွေရိုက်လို့…sendမလု ပ်ရဲတဲ့
နေ့စွဲတွေလည်း ကျနော့်မှာ ရှိခဲ့တာပေါ့ …
သူ အဆင်မပြေဘူးတိုတဲ့ statusတွေတွေ့ရင် ဖိုက်တင်းလို့ ဝင်မန့်ပြီး …
သူကျေးဇူးတင်ပါတယ်ပြောတော့
အပြုံးအီမိုဂျီလေးသာ ထားခဲ့မိတယ်လေ…
ရင်ထဲက ခံစားချက်တွေကို သူသိအောင်ပြော မလို့လုပ်တိုင်း
"ဒီတိုင်းလေးပဲ …ဒီအခွင့်အရေးလေးပဲ…"
ဆိုတာလေး ပျောက်ဆုံးသွားမှာစိုးလို့
ကိုယ့်ခံစားချက်တွေ ကိုယ်မျိုချပြီး
တိတ်တခိုးလေးပဲ လှည့်ပြန်ခဲ့မိတယ်လေ…
မထူးဆန်းပါဘူး…
သူလို ငါလိုပဲ crushကြတယ်…
ခေတ်ရေစီးကြောင်းတစ်ခုပါပဲ ဆိုကြပေမယ့်…
လူလစ်ရင် ခိုးနမ်းဖို့ သိမ်းထားတဲ့
သူ့ဓာတ်ပုံလေးတွေ ကျနော့်ဆီမှာရှိတယ်…
ပြီးတော့
"ငါ့ ဖုန်းပေါ်က နင့်အပြုံးတွေလား
လူတွေမသိတုန်း ခိုးနမ်းလိုက်တယ်…"
ကိုကျားပေါက် သီချင်းလေးကို ဖြတ်ဆိုပြီး
ကျနော်ဟာ ညည်းတွားနေတတ်တယ်လေ…
---
မှတ်စုကြမ်း
#zeroneo
----
မထူးဆန်းဘူး ဆိုပေမယ့်
လူလစ်ရင် ခိုနမ်းတတ်တဲ့
သူ့ ဓာတ်ပုံလေးတွေ
ကျနော့်ဆီမှာရှိတယ်…
"ငါ့ ဖုန်းပေါ်က နင့်အပြုံးတွေလား…
လူတွေ မသိတုန်း ခိုးနမ်းလိုက်တယ်…"
ကိုကျားပေါက်သီးချင်းလေးကို
ကျနော်ဟာ ညည်းတွားတတ်တယ်…
တစ်ခါတလေ ဒဿကြီးရဲ့ အဖြစ်ကို သတိရမိတယ်…
မယ်သီတာရဲ့ ရုပ်ပုံလွှာလေးကို စမ်းချောင်းလေးထဲမျောလာတာတေ
onlineပေါ်ကနေ စီးဆင်းလာတတ်တဲ့
သူ့ဓာတ်ပုံလေးတွေကြည့်ပြီး ကျနော်ဟာ သူ့ကို
စွဲလန်းသွားတယ်လေ…
ကျနော့် wallပေါ်မှာလည်း သူသိလေမလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကဗျာမပီ စာမပီ…ခံစားချက်တွေ ချိတ်ဆွဲပြသထားတတ်တာ ကျနော်လေ…
ကဗျာလည်း ပီသ စာလည်းပီသအောင် တီထွင်ကြံဆပြီးရေးတာ မဟုတ်ဘူးလေ…
သူဆိုတဲ့ ရည်စူးမှုလေးနဲ့ အငွေ့အသက်တွေ ဖောက်ချပြယုံလေးပါ…
crushရဲ့ တစ်ယောက်ရဲ့ ကောင်းကင်ပြာက ကျနော့် wallလေးနဲ့တူနေလိမ့်မယ် ထင်ပါရဲ့…
crushတစ်ယောက်ရဲ့ ထူးဆန်းတဲ့ စိတ်ခံစားချက်ကို သူသိပါ့မလား…
ကိုယ်ချစ်နေတာကိုလည်း သူ့ကို သိစေချင်တယ်…
ဒါပေမယ့် သိအောင်လည်း အသိမပေးရဲဘူးလေ…
သူ့ကို မျှော်လင့်ပြီး တိတ်တခိုးခံစားချက်တွေနဲ့
နေ့စဉ်အငွေ့ပျံနေရတဲ့ ကျနော်ပေါ့…
အငွေ့အသက်လေးလိုပဲ ဖေါ်ပြနေရသူပေါ့…
ထင်ထင်ပေါ်ပေါ်လည်း မပြရဲဘူးလေ…
အချစ်ဆိုတာ တကယ့်ကို ထိတွေ့ဆက်ဆံရပြီးမှ ဖြစ်ပေါ်လာတတ်တယ်လို့ ကျနော် မယုံကြည်တော့ဘူးလေ…
သူ့ကို တွေ့ခဲ့ရပြီးနောက်မှာပေါ့…
တခြားသူတွေကတော့ ကိုယ့်crush ရဲ့wallထဲ ခဏဏဝင်မွှေတတ်မယ်ထင်ပါတယ်…
ကျနော်ကတော့ တစ်နေ့၃ခါလောက်ပဲ ကြည့်ဖြစ်ပါတယ်…
သူနဲ့အပြန်အလန် commentတွေ ပေးနေတဲ့ ကောင်တွေမြင်ရင် ကျနော် သဝန်တိုလို့လေ…
ဒါကြောင့် သိပ်မစပ်စုတော့ဘူးလေ…
ကျနော်တို့လို ဘဝတွေက ထူးဆန်းတယ်နော်…
ကိုယ့်ချစ်သူလည်း မဟုတ်…
ကိုယ်ချစ်တာကို သူကလည်းမသိပဲနဲ့…
ကြိတ်ရူးနေရတာလေ…
အမှောင်ထဲမှာ နေထိုင်ပြီး
ကိုယ့်ကို မမြင်ရတဲ့ အလင်းထဲကလူကို
ပြုံးပြနေမိသလိုပါပဲ…
ကြေးဝါ ရောင်ညနေခင်းတွေအောက်
လူစည်ကားချိန်တွေဆို သူ့ကို တွေ့လေမလားဆိုတဲ့ မျှော်လင့်တဲ့ မျက်လုံးမျိုးတွေလည်း ကျနော့်မှာ ရှိတတ်သေးတာ…
ရူးလွန်းတယ်နော်…
သူဘယ်မှာနေမှန်း မသိပေမယ့်…
တွေ့လိုတွေ့ငြား ရင်ခုန်သံတွေ တပွေ့တပိုက်နဲ့လေ…
သူ့ မက်ဆေ့boxလေးထဲ အကြိမ်ကြိမ်ဝင်ပြီး
hiဆိုတဲ့ စာလုံးတွေရိုက်လို့…sendမလု
နေ့စွဲတွေလည်း ကျနော့်မှာ ရှိခဲ့တာပေါ့ …
သူ အဆင်မပြေဘူးတိုတဲ့ statusတွေတွေ့ရင် ဖိုက်တင်းလို့ ဝင်မန့်ပြီး …
သူကျေးဇူးတင်ပါတယ်ပြောတော့
အပြုံးအီမိုဂျီလေးသာ ထားခဲ့မိတယ်လေ…
ရင်ထဲက ခံစားချက်တွေကို သူသိအောင်ပြော မလို့လုပ်တိုင်း
"ဒီတိုင်းလေးပဲ …ဒီအခွင့်အရေးလေးပဲ…"
ဆိုတာလေး ပျောက်ဆုံးသွားမှာစိုးလို့
ကိုယ့်ခံစားချက်တွေ ကိုယ်မျိုချပြီး
တိတ်တခိုးလေးပဲ လှည့်ပြန်ခဲ့မိတယ်လေ…
မထူးဆန်းပါဘူး…
သူလို ငါလိုပဲ crushကြတယ်…
ခေတ်ရေစီးကြောင်းတစ်ခုပါပဲ ဆိုကြပေမယ့်…
လူလစ်ရင် ခိုးနမ်းဖို့ သိမ်းထားတဲ့
သူ့ဓာတ်ပုံလေးတွေ ကျနော့်ဆီမှာရှိတယ်…
ပြီးတော့
"ငါ့ ဖုန်းပေါ်က နင့်အပြုံးတွေလား
လူတွေမသိတုန်း ခိုးနမ်းလိုက်တယ်…"
ကိုကျားပေါက် သီချင်းလေးကို ဖြတ်ဆိုပြီး
ကျနော်ဟာ ညည်းတွားနေတတ်တယ်လေ…
---
မှတ်စုကြမ်း
#zeroneo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။