အရမ်းကောင်းတယ် ။ ဖတ်ကြည့်ပါဦး ။ ပြန်လည်မျှဝေပေးပါတယ်။
.
လက်ရှိ အစိုးရအဖွဲ့ကို ဖတ်စေချင်ပါတယ် ... pls share ပါ အမျိုးတွေရေ…
ကျနော့်အဖေမကွယ်လွန်မီကပေးခဲ့တဲ့ သြ၀ါဒ
တစ်ခုကို ဒီရက်ပိုင်းတွေမှာ အမြဲကြားယောင်နေမိတယ်..
အဲဒါကတော့..
ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့သူကို ဘယ်တော့မှ
မထေမဲ့မြင်မလုပ်ပါနဲ့..တဲ့...
ဒီသြ၀ါဒစကားဟာ သွေးထွက်အောင်သိပ်မှန်တယ်.. လူတိုင်းလိုက်နာကျင့်သုံးသင့်တယ်..
လူတွေထင်တာက ကိုယ့်ကိုအကျိုးပြုနိုင်မယ်လို့ ထင်တဲ့သူတွေကိုပဲ အလေးအနက်ထားပြီး ကိုယ်ရဖို့ဘာမှမရှိတဲ့သူတွေကိုတော့ ချောင်ထိုးထားတတ်ကြတာပါပဲ..
ဒါပေမယ့် ကိုယ်ချောင်ထိုးပြီး အရေးမလုပ်တဲ့
သူတွေဟာ ကိုယ့်ကို မကူညီနိုင်ပေမယ့်
သူ့တို့ကိုယ့်ကိုမကျေနပ်ရင် ဒုက္ခတော့
ကောင်းကောင်းပေးနိုင်တယ်ဆိုတာ မေ့နေကြတယ်..
လက်ရှိ NLD အစိုးရအနေနဲ့ ဒီအမှားမျိုးတွေ
မလုပ်မိအောင် သေသေချာချာရှောင်ရှားစေလိုတယ်..
အရပ်ဝတ်ချိန်းထားတဲ့ စစ်အစိုးရဟောင်းနဲ့ အလုပ်အတူတူလုပ်နေရချိန်မှာ အထူးကို ပါးရည်နပ်ရည်ရှိသင့်တယ်..
ဟိုးအရင်စစ်အစိုးရလက်ထက်တုန်းကဆိုရင်.
ဟိုဋ္ဌာနကို ကြည့်လိုက်တော့လည်း တပတ်စဉ်တည်းဆင်း..
ဒီ ဋ္ဌာနကို ကြည့်လိုက်တော့လည်း ကိုယ့်ဂျူနီယာတွေ၊ စီနီယာတွေ၊ ဆရာသမားတွေ..
အားလုံးက ဒီလောကထဲမှာ တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ပတ်သက်နေတဲ့သူတွေချည်းပဲ..
တော်ရုံအသေးအဖွဲလောက်ကအစ ဘာမီတင်မှ ထိုင်နေစရာမလိုဘူး.. ညီလေးရေ..အစ်ကိုရေ..အဘရေလောက်နဲ့ ကိစ္စပြီးတယ်..
အချင်းချင်းလည်းယုံကြည်တယ်...
ဟို ၀န်ကြီးဋ္ဌာနက ညွှန်မှုးကြီး လာဘ်စားလွန်းလို့ နာမည်ထွက်နေတယ်ဆိုရင်တောင် ဂေါ့ဖ်အတူတူရိုက်ရင်း
"မောင်ရင်..မင်းနာမည်ထွက်နေတယ်နော..သတိထားဦး" ဆိုရင် ဟိုကလည်း ပြုံးဖြီးဖြီးနဲ့
ဟုတ်ကဲ့..အဘ လောက်နဲ့ပြီးတယ်..
စစ်သားတွေကို အစိုးရလုပ်ခိုင်းတော့ ဘာမှမတတ်ကြဘူး.. တစ်ခုခုဆိုရင် ပွဲစားကိုအားကိုးရတယ်.. အဲဒီပွဲစားလူလည်တွေက ပြည်ပအကူအညီရှာပေးတယ်..
ဒီအတွက် သူတို့လိုချင်သလောက်ပွဲခယူဖို့အတွက်
အဘတွေကို လာဘ်ထိုးရတော့တယ်..
အဘတွေကတော့ရှင်းတယ်
ဟ..နိပ်သဟ..ငါလက်မှတ်ကလေးထိုးရုံနဲ့
တိုက်တစ်လုံး၊ ကားတစ်စီး..
နောက်ဆို..မောင်ရင်နဲ့ပဲ အလုပ်လုပ်မယ်..ပေါ့..
(သွားပြီးကဲ့ရဲ့မနေနဲ့..အဲဒီနေရာမှာ ခင်ဗျားဖြစ်ဖြစ်၊ ကျန်တော်ဖြစ်ဖြစ် ရာထူးယူထားရရင်
လျှာပေါ်မြက်ပေါက်ပါစေ ဆိုတဲ့အထဲမပါလောက်ဘူး..)
ဒီလိုနဲ့..သူတို့လည်း ၀ါး ကြသလို တစ်ခုခုဖြစ်ပြီလားဟေ့
ဆိုရင် အချင်းချင်းရိုင်းပင်းကြတယ်..
ဝန်ကြီးဋ္ဌာနတွေ ဘယ်လောက် များများ၊
သူတို့အတွက် မျက်နှာစိမ်းဆိုတာမရှိဘူး..
နှစ်ရှည် လများ တွဲလုပ်လာကြတော့
တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသား..
သားပေးသမီးယူတွေနဲ့ဇာတ်က ရှုပ်ထားလို့
တစ်နည်းမဟုတ် တစ်နည်းမျက်နှာနာစရာတွေချည်းပဲ..
ဆိုလိုတာက..
သူတို့ကောင်းသည်..မကောင်းသည်အပထား..
သူတို့မှာ အတွေ့အကြုံကောင်းကောင်းရှိတယ်.
ဘယ်အစိုးရဋ္ဌာနမဆို သူတို့ရဲ့ လွှမ်းမိုးမှုရှိနေဆဲပဲဖြစ်တယ်..
သူတို့ဘက်ကအခြေအနေက ရုံးကြီးတစ်ရုံးထဲမှာ
သူငယ်ချင်း၊ မိတ်ဆွေအရင်းအချာတွေနဲ့ အလုပ်လုပ်နေရသလိုမျိုး..
သူတို့ကြားမှာ ကြိုးနီစနစ်မရှိဘူး...
အကုန်မြန်ဆန်လွယ်ကူတယ်..
သိပ်သနားစရာကောင်းတာက NLD.အစိုးရ..
ငုံးဆူတာလူမသိဘူး....ဘာမဟုတ်တဲ့ ကိစ္စကလေးအကောင်အထည်ဖော်ဖို့အရေး..
အားပြိုင်မှုအဆင့်ဆင့်ကိုကျော်ဖြတ်နေရတယ်..
မြင်သာအောင်ဥပမာပေးရရင် ပျက်နေတဲ့အိမ်သာကလေး အသစ်ပြင်ဆောက်ဖို့ စည်ပင်က မူလလက်ဟောင်း ၀န်ထမ်းတွေက လေးလလောက် ကောင်းကောင်း အချိန်ဆွဲထားနိုင်တယ်.. လုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေရလို့ပါဆိုတဲ့ဆင်ခြေကို ဘယ်လိုသွားအရေးယူမလဲ..
ဒါကြောင့် ပျော့တဲ့အစိုးရ..
အသုံးမကျတဲ့အစိုးရ.. အဖြစ်ပုံဖော်ခံနေရတယ်..
ဟိုစစ်အစိုးရတုန်းကဆို ဘယ်လိုလုပ်လိုက်တာ.. ဘယ်လိုပြတ်သားတာ..စသဖြင့် နှိုင်းယှဉ်ခံလာနေပြီဖြစ်တယ်..
NLD အစိုးရဖြစ်တယ်ဆိုတာ
တပ်ပျက်မှာ ဗိုလ်လုပ်ရတာပါ..
ပင်လယ်ဓါးမြသင်္ဘောပေါ်ကို ကပ္ပတိန်လုပ်ဖို့ တက်လာရတဲ့အဖြစ်ပါ..
လူဟာင်းတွေ ဘက်ကကြည့်တော့
NLD ကလူကြီးဆိုသူတွေက
သူတို့ထောင်ထဲဆွဲသွင်းခဲ့တဲ့သူတွေ..
အစိုးရဘက်က ကြည့်တော့ သူတို့နဲ့တွဲလုပ်ရမယ့်သူတွေက
သူတို့ကိုထောင်ချခဲ့တဲ့သူတွေ..
ဘယ်လောက်ခက်ခဲတဲ့အခြေအနေတစ်ခုလဲ.. နှစ်ဘက်စလုံးရဲ့ပတ်သက်မှုဆိုလို့ အမုန်းနဲ့ အာဃာတပဲ ရှိတယ်..ဒါကို ဒေါ်အောင်ဆန်းစုကြည်က ကောင်းကောင်းနားလည်တော့ သူ့လူတွေကို အမုန်းမပွား၊ အာဃာတမထားရေးလမ်းစဉ်ကို အမြှော်အမြင်ကြီးစွာနဲ့ချမှတ်ပေးခဲ့တယ်..
ဒါပေမယ့်လည်း တစ်ခုခုလုပ်တော့မယ်ဆိုရင်
ပညာပြမှု၊ သတင်းထိမ်ချန်မှု၊ ပူးပေါင်းမဆောင်ရွက်မှု၊ အမိန့်ဖီဆန့်မှုတွေ နေ့စဉ်နဲ့အမျှ အမြဲကြုံနေရတယ်..
ဒီကြားထဲ အစိုးရရဲ့ သြဇာအာဏာအားကောင်းအောင် အထောက်အပံ့ပေးတဲ့ ပြည်ထဲရေးက စစ်တပ်အောက်..
ကိုင်း..ဘယ်လိုလုပ်ကြမတုန်း..
လူတစ်ကာယိုထားတဲ့ ချေး ပုစွန်ဆိတ်ခေါင်းပေါ်စုခိုင်းသလို တစ်နှစ်သားအစိုးရအပေါ် အပြစ်မှန်သမျှ ပုံချဖို့ စီမံကိန်းတွေကလည်းအပြည့်..
ပတ်ပတ်လည်မှာ နိုင်ငံရေးထောင်ချောက်..ဘာသာရေးထောင်ချောက်..
လူမျိုးရေးထောင်ချောက်..
ဟိုထောက်ချောက်..
ဒီထောင်ချောက်တွေ ပတ်လည်ကိုဝိုင်းလို့..၀ိုင်းလို့..
ညွှတ်ဝိုင်းတဲ့ ကိုဗျိုင်းဖြူ၊ ကယ်သူကွယ့် ရှိဖူး.ဆိုတဲ့သားချော့တေးထဲက ကိုဗျိုင်းဖြူဆိုတာ
တကယ်တော့ NLD ပြောနေတာလို့မှတ်ပေရော့..
အဘက်ဘက်ကြပ်တည်းနေတဲ့အချိန်
NLD ထောက်ခံသူတွေနဲ့ အတိုက်အခံတွေက တစ်ဘက်နဲ့တစ်ဘက်..
ဆဲကြ..ဆိုကြ..
စောင်းကြ..မြောင်းကြ..
ကြားထဲက ငထွားကတော့ ခါးချည်းပဲ
လှိမ့်နာနေရတော့တာပဲ....
ပြောခဲ့တာလေးပြန်ကောက်ချင်တယ်..
လူဟောင်းတွေကို မထေမဲ့မြင်မလုပ်ပါနဲ့.. ရန်သူဖြစ်အောင်ကိုယ့်ဘက်ကစ' မလုပ်ပါနဲ့..
သူတို့တွေဟာ ကိုယ့်ကို ကောင်းကျိုးမပေးမှာတော့ သေချာတယ်....ဒါပေမယ့် ဒုက္ခတော့ကောင်းကောင်းပေးတတ်တယ်..
Good Luck NLD, I am stand with ya..
(မဟာမိုင်း)
.
Credit : မဟာမိုင်း via Chaw Kay Khaing
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
Martin Swe
09-04-2017

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။