ဒီလို ဟာသတစ်ပုဒ်ရှိတယ်။
တစ်နေ့မှာ ခရုငယ်တစ်ကောင်ဟာ
မြေပြင်မှာ တွားသွားနေတယ်။
ဒါကို လိပ်တစ်ကောင်ကတွေ့တော့
ခရုငယ် အားစိုက်တွားနေတာကို ကြည်ပြီး
"ငါ့ကျောပေါ်တက်ပါ၊ ငါခရီးကြုံပို့မယ်" လို့ဆိုတယ်။
လိပ်ကျောပေါ် ခရုငယ်တက်သွားတော့ ကျောပေါ်မှာ
တီကောင်တစ်ကောင်ရှိနှင့်နေပါတယ်။
ခရုကိုတွေ့တော့ တီကောင်က
"သေချာထိုင်နော် .. သူသွားတာ တော်တော်မြန်တယ်" လို့ ပြောတယ်။
ဒီဟာသကိုကြားစက လိပ်ရဲ့လေးစားဖွယ်သဘောထား၊
တီကောင်ရဲ့ အထင်ကြီးအားကျပုံနဲ့
ခရုငယ်ရဲ့ ကျေးဇူးတရားပြည့်နေတဲ့မျက်ဝန်းကို
ကျွန်မမြင်ယောင်ခဲ့မိတယ်။
ဒါကိုဟာသတစ်ပုဒ်လိုသဘောထားပြီး
တွေ့သူတိုင်းကို ပြောပြဖြစ်ခဲ့ပါတယ်။
ဒါကို တချို့က "လိပ်က သူ့ဟာနဲ့သူတောင် အင်အားမရှိ၊
တွားတာလည်းနှေးတာတောင် တခြားသူကို
ကူချင်သေးတယ်" လို့ ဝေဖန်အပြစ်တင်ကြတယ်။
တချို့ကလည်း တီကောင်ကို အမြင်မကျယ်တဲ့
တွင်းထဲကဖားသူငယ်အဖြစ် ခိုင်းနှိုင်းတယ်။
တချို့ကလည်း ခရုငယ်ကို ကိုယ့်ဘာသာကိုယ်မလျှောက် အမြန်လိုအနှေးတွေ့ပြီလေလို့ အပြစ်ဖို့တယ်။
ဟာသတစ်ပုဒ်က ဒီလိုအငြင်းပွားစရာဖြစ်လိမ့်မယ်လို့
ကျွန်မ တွေးထင်မထားခဲ့မိပါဘူး။
ဒါပေမယ့် လူတစ်ယောက်ရဲ့ပြောစကားက
ကျွန်မရင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။
သူပြောတာက "လိပ်ကနှေးတယ်၊
ဒါပေမယ့် တီကောင်နဲ့ ခရုငယ်တို့ရဲ့အမြင်မှာ
သူကမြန်တယ်။ ကိုယ့်လောက်မစွမ်းသူကို ကူညီတာ၊
အကူအညီလိုအပ်သူကို ကူညီတာဟာ
ဘယ်လောက်ပဲ ကူညီနိုင်တာဖြစ်ဖြစ် ချစ်စရာပါ"။
ဒီစကားတစ်ခွန်းက လူကိုလှုပ်နှိုးသွားစေပြီး
ဒီဟာသရဲ့ တကယ့်အဓိပ္ပာယ်ကို
နားလည်သွားစေခဲ့ပါတယ်။
တတ်စွမ်းသလောက် ကူညီတယ်၊
ကိုယ့်ထက် ခွန်အားနိမ့်သူကို ကူညီတယ်။
လက်တစ်ဘက်အကူအညီလိုသူကို
လက်တစ်ဘက်ကမ်းတယ်။
ကူညီမှုက နည်းများမဆို အကူအညီလိုသူကို
ကူညီတာဟာ မွန်မြတ်ခြင်းတစ်ပါးပါပဲ။
ဖယောင်းတိုင်ငယ်လေး တစ်တိုင်ရဲ့အလင်းက
ဘယ်အထိ ဝေးဝေးလင်းနိုင်မလဲ...
ဒါပေမယ့် သူ့အနီးပတ်ဝန်းကျင်က အမှောင်ကိုတော့
ခွင်းနိုင်ပါတယ်။
.
အင်တာနက်ပေါ် ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်...
.
#NineNineSaNay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။