အဲဒီမှာ မိန်းမတွေကိုလေးစားစရာတွေ တွေ့တယ်
----
ယောက်ကျားတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်နေရာက ဝင်တွေးကြည့်ရင် မိန်းမဖြစ်ရတာ မလွယ်ကူကြောင်းတွေ့ရတယ်…။ြေ ပာမယ်ဆိုရင် ဘဝရတာခြင်းအတူတူပေမယ့်…မိန်းမတစ်ယောက်ကဲ့သို့ ဇီဝဖြစ်စဉ်နဲ့ရပ်တည်ရတာ ယောက်ကျားတွေထက်ပိုခက်ခဲတယ် …။
ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ဒီဇိုင်းအရ မိန်းမတွေဟာ ခွန်အားနည်းတယ်…။အဆီဖွဲ့စည်းမှုပိုများတာကြောင့် လှုပ်ရှားမှု နှေးကွေးတယ်…။
ဒီတော့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသုံးတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုး မိန်းမတွေမှာရှားပါးတယ်…။ဒီ လို အခြေအနေမျိုးမှာ လောကအလယ် ဘဝရပ်တည်ဖို့ ရုံးကန်ရတာ မိန်းမတွေက ယောက်ကျားတွေထက် ပိုရုန်းကန်ရတယ်…။
မိန်းမဆိုရင် တဆင့်နိမ့်…နိမ့်ပါးတယ်လို့ သတ်မှတ်ပြဋ္ဌာန်းမှုတွေ စွဲကိုင်ထားတဲ့ ပတ်ဝန်းကျင်မျိုးမှာ မိန်းမတွေရှင်သန်ရတဲ့အခါ ဖိအားများစွာရှိတယ်…။ဒီလိုဖိအားတွေကြားမှာ သူတို့ ပျံသန်းနေရတာ…။
ပြောမယ်ဆိုရင် သူတို့ဟာ ကျနော်တို့ကို အကျောပေးထားသလိုပါပဲ…။
:)
ဒီဆိုလိုရင်းတွေဟာ မသဘာဝ ကျားသဘာဝ မခွဲခြားပဲနေထိုင်ဖို့ ဆိုလိုခြင်းမဟုတ်ပါဘူး…။အဲဒီကွဲပြားမှုဟာ ကျနော်တို့နဲ့ သူတို့ကြား ပျှမ်းမျှအားဖြင့်ဆွဲအားဖြစ်တည်စေပြီး…လောကကိုပိုပြည့် စုံစေပြီး စရိုက်မတူညီမှုရဲ့ စိတ်ဝင်စားမှုကို ပေးစွမ်းပါတယ်…။
မိန်းမတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်အခက်အခဲတွေဟာ ယောက်ကျားထက်ပိုပါတယ်…။ရာသီ လာတဲ့ အနေအထားတစ်ရပ်ဟာ…သေးပေါက်ချ တာ ချီးပါချတာ မျိုးလို တမင်ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းမှမဟုတ်တာ…။ဒါဟာ သဘာဝသပ်သပ်အဖြစ်ပါလာတာမျိုး ပါပဲ…။သူအလိုလို ခန္ဓာကိုယ်ဖြစ်စဉ်အရဖြစ်တာကို ဒီမိန်းမ ယုတ်ညံတယ်လို့ပြောရင် အဲဒါ ကျနော်တို့ရဲ့ ဥာဏ်ရည်နိမ့်ကျမှုပါပဲ…ဘာကြောင့်လဲဆိုတော့ သူတမင်လုပ်ဆောင်ကြိုးစားနေတဲ့အရာမဟုတ်ဘဲ…မသဘာဝအရဖြစ်တာ ကို နားလည်မှုမပေးနိုင်လို့ပါပဲ… ။ယုတ်ညံတယ် မညံဘူးဆိုတာ သူ့ရဲ့ ကံသုံးပါးပေါ်မှာပဲမူတည်ပါတယ်…။အဲဒီလို ရာသီကြောင့် မိန်းမတွေဟာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲ နဲ့ ရင်ဆိုင်ရပါတယ်…။ရုပ်နဲ့စိတ်ဟာ အပြန်အလှန်ထောက်ကန်တတ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေလည်း သူတို့ရင်ဆိုင်ရပါတယ်…။
ူသူတို့ရဲ့ ရင်သားတွေဟာ ကျနော်တို့ရဲ့ရင်သားတွေထက် အဆီပိုပါတယ်…။ကျနော့်ကို အဲလိုရင်သားတွေ တက်ပြီး ဘောလုံးကန်ခိုင်းရင် ကသိကအောင့်ဖြစ်မှာပါပဲ…။နေ့ စဉ်ဒါကို ထိန်းသိမ်းဖို့ စည်းနှောင်ထားရတာတွေဟာလည်း သူတို့အတွက် ဝန်ထုပ်ဝန်ပိုးပါပဲ…။
ပြီးတော့ သူတို့ဟာ ကိုယ်ဝန်ဆောင်ပေးရတယ်…။ကလေး မွေးရတယ်…။နို့တိုက် ထိန်းသိမ်းရတယ်…။တိုတောင်းလှတဲ့ ဘဝမှာ ၂နှစ်လောက်အချိန်အတိုင်းအတာ တစ်ခုကို ရသ်သွေးကိစ္စအတွက် မြုပ်နှံပေးထားတတ်ကြသေးတယ်… ။
ခြုံငုံကြည့်ရင်
ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုရှိတယ်…။မိန်းမတွေဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းတယ်…။ယောက်ကျားထက်ပေါ့…။အဲဒီအားနည်းမှုဟာလည်း သူတို့လုပ်တာမဟုတ်ဘူး…။သူတို့ပျင်းလို့ ဖြစ်ပေါ်လာတာမျိုးမဟုတ်ဘူး…။ သူတို့မှာ ဘာအပြစ်မှမရှိဘူး…။အမြင်သာချည်းပဲလေ…။ကျနော်တို့အပြစ်တ င်ချင်ရင် သဘာဝကိုသာ အပြစ်တင်ရပါလိမ့်မယ်…။
အဲဒီလို အားနည်းချက်ကြောင့်ပဲ…သူတို့ ဟာ အန္တရာယ်ပိုများတယ်…။ဒါကြေင့်  သူတို့ဟာ ကျနော်တို့ထက် ပိုထိန်းသိမ်းပြီးနေထိုင်ရတ ယ်…။ဒီထက်ပိုပြောရရင် လိင်စိတ်မထတဲ့ ယောက်ကျားတစ်ယောက်ကို မုဒိန်းကျင့်လို့မရပါဘူး…။မိန်းမကျတော့ မထလဲ ကျင့်လို့ရနိုင်နေတယ်…။လိင် ဒီဇိုင်းတည်ဆောက်ပုံကြောင့် ပေါ့…။ဒါကြောင့် သူတို့မှာ ဒီလိုအန္တရာယ်တွေလည်းရှိတယ်… ။ဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သူတို့ ကျနော်တို့ထက် ပိုထိန်းသိမ်းနေထိုင်ရပါတယ် …။အဲဒီမှာ ကျနော်တစ်ခုတွေးမိတာက…တချို့  အစဉ်အလာ ကျင့်ဝတ်တွေက မိန်းမတွေကို ဖိနှိပ်တာမျိုး မဟုတ်ပါဘူး…။သူတို့အားနည်းမှုကြောင့် အန္တရာယ်မဖြစ်ပေါ်အောင် ကာကွယ်နည်းတစ်မျိုးနဲ့နေထို င်ခိုင်းတာမျိုးပေါ့…။
ဒီတော့…
သူတို့ဟာ ကျနော်တို့ယောက်ကျားတွေအပေါ် မွေးရာပါ အကျောပေးမှုမျိုးနဲ့ လောကထဲရောက်လာကြတယ်…။
ခန္ဓာကိုယ် ဒီဇိုင်း…ဇီဝဖြစ်စဉ်အခက်အခဲတွေနဲ့ သူတို့ရှင်သန်ရတယ်…။
သူတို့ဟာ ကျနော်တို့ထက် ကိစ္စပိုများပြီး အလုပ်ရှုပ်ကြသူတွေပါ…။အန္တရာယ်တွေပိုရင်ဆိုင်ရသူတွေပါ…။
ဒါကြောင့် ဘဝရုန်းကန်မှုမှာ ကျနော်တို့ထက် ပိုခက်ခဲပါတယ်…။အဲဒီလို ခက်ခဲမှုတွေကြားမှာ အားနည်းချက်နဲ့ ဘဝကို ရင်ဆိုင်တာကြောင့် …
ကျနော် သူတို့ကို လေးစားပါတယ်…။
တစ်ခါတလေ မိန်းမကဘာဖြစ်တယ်…ယောက်ကျား ကဘာဖြစ်တယ်…အစအနောက်သဘောတွေ ပြောဆိုရေးသားပေမယ့်…ကြိတ်ြ ပီး လေးစားနေမိပါတယ်…။
:)
တကယ်တော့ သူတို့ဟာ ကျနော်တို့ထက် တစ်ဆင့်နိမ့်တာ မဟုတ်ပါဘူး…။
ယုတ်ညံတာလည်း မဟုတ်ပါဘူး…။
အားနည်းသူလောက်လေးပါ…။
ကျနော်တို့ မြန်မာ အဆိုအမိန့်လေး ပြန်ုကြားမိတယ်…။
"အားနည်း သူကို ဖေးကူပါ…"တဲ့…။
မကူပဲ…အနှိမ်ခံသပ်သပ်လို့ မြင်နေတာတော့
ကျနော်တို့ ဦးနှောက်တွေ ပိုးဝင်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်…။
---
မှတ်စုကြမ်း
#zeroneo
----
ယောက်ကျားတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်နေရာက ဝင်တွေးကြည့်ရင် မိန်းမဖြစ်ရတာ မလွယ်ကူကြောင်းတွေ့ရတယ်…။ြေ
ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ဒီဇိုင်းအရ မိန်းမတွေဟာ ခွန်အားနည်းတယ်…။အဆီဖွဲ့စည်
ဒီတော့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသုံးတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျို
မိန်းမဆိုရင် တဆင့်နိမ့်…နိမ့်ပါးတယ်လို့
ပြောမယ်ဆိုရင် သူတို့ဟာ ကျနော်တို့ကို အကျောပေးထားသလိုပါပဲ…။
:)
ဒီဆိုလိုရင်းတွေဟာ မသဘာဝ ကျားသဘာဝ မခွဲခြားပဲနေထိုင်ဖို့ ဆိုလိုခြင်းမဟုတ်ပါဘူး…။အဲဒ
မိန်းမတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်အခက်အခဲတွေဟာ ယောက်ကျားထက်ပိုပါတယ်…။ရာသီ
ူသူတို့ရဲ့ ရင်သားတွေဟာ ကျနော်တို့ရဲ့ရင်သားတွေထက် အဆီပိုပါတယ်…။ကျနော့်ကို အဲလိုရင်သားတွေ တက်ပြီး ဘောလုံးကန်ခိုင်းရင် ကသိကအောင့်ဖြစ်မှာပါပဲ…။နေ့
ပြီးတော့ သူတို့ဟာ ကိုယ်ဝန်ဆောင်ပေးရတယ်…။ကလေး
ခြုံငုံကြည့်ရင်
ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုရှိတယ်…။မိန်
အဲဒီလို အားနည်းချက်ကြောင့်ပဲ…သူတို
ဒီတော့…
သူတို့ဟာ ကျနော်တို့ယောက်ကျားတွေအပေါ်
ခန္ဓာကိုယ် ဒီဇိုင်း…ဇီဝဖြစ်စဉ်အခက်အခ
သူတို့ဟာ ကျနော်တို့ထက် ကိစ္စပိုများပြီး အလုပ်ရှုပ်ကြသူတွေပါ…။အန္တရာယ
ဒါကြောင့် ဘဝရုန်းကန်မှုမှာ ကျနော်တို့ထက် ပိုခက်ခဲပါတယ်…။အဲဒီလို ခက်ခဲမှုတွေကြားမှာ အားနည်းချက်နဲ့ ဘဝကို ရင်ဆိုင်တာကြောင့် …
ကျနော် သူတို့ကို လေးစားပါတယ်…။
တစ်ခါတလေ မိန်းမကဘာဖြစ်တယ်…ယောက်ကျား
:)
တကယ်တော့ သူတို့ဟာ ကျနော်တို့ထက် တစ်ဆင့်နိမ့်တာ မဟုတ်ပါဘူး…။
ယုတ်ညံတာလည်း မဟုတ်ပါဘူး…။
အားနည်းသူလောက်လေးပါ…။
ကျနော်တို့ မြန်မာ အဆိုအမိန့်လေး ပြန်ုကြားမိတယ်…။
"အားနည်း သူကို ဖေးကူပါ…"တဲ့…။
မကူပဲ…အနှိမ်ခံသပ်သပ်လို့ မြင်နေတာတော့
ကျနော်တို့ ဦးနှောက်တွေ ပိုးဝင်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်…။
---
မှတ်စုကြမ်း
#zeroneo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။