ဘုန်းကြီးကျောင်း မှာကုသိုလ် ယူမယ်ဆိုသတိပြု
ရှင်စောပုမိဘုရားကြီးက
ဘုန်းကြီးကျောင်း သွားခါနီး
သူ့အချွေအရံများကိုပြောသည်မှာ………..။
ယခု သွားရမှာက
ရဟန်းတော် တွေသီတင်းသုံးတဲ့နေရာ
သမီးတို့ချယ်သထားတာက
တစ်ကယ့်ပွဲလမ်း
သဘင်နေရာမျိုးကို သွားမယ့်အတိုင်းဘဲ
မိန်းမ တစ်ယောက်ရဲ့ဝတ်စားဆင်ယင်မူ့နဲ့
အမူအယာ တွေဟာ
ဆန့်ကျင်ဘက်ဖြစ်တဲ့ ပုရိသ တွေကို
ဆွဲဆောင်နိုင်စွမ်းရှိတယ်…….။
အဆန်းတကြယ်
ပြင်ဆင်မွမ်းမံမူ့က
ညှို့ယူလိုက်တဲ့အတွက်သူတို့မှာ
ပူပြင်း တဲ့ဆန္ဒဖြစ်ပေါ်လာတယ်လေ။
ဒီလို သူ့စိတ်ကို
အမှောင် လွှမ်းသွားတာနဲ့တစ်ပြိုင်နက်
သူမှာအပြစ်ဖြစ်ရသလို
သူတို့ပူလောင်အောင်
ဝတ်ဆင်ထားတဲ့ မိန်းမ မှာလည်း
အပြစ်ဖြစ်ရတယ်ကွဲ့
ဒီတော့ ကိုယ့်ရဲ့အနေအထိုင်ကြောင့်
တစ်ပါးသူတစ်ဦးကို
ဘယ်တော့မှအမှောင်မလွှမ်းပါစေနဲ့
သမီးတော်တို့…….
ရဟန်းတော် တွေဆိုတာကလည်း
အာသဝေါတရာကုန်ခန်းသေးတာမဟုတ်ဘူး။
ပုထုဇဉ် တွေဘဲဖြစ်လို့ ပြာဖုံးနေတဲ့မီးခဲတွေပါဘဲ။
ဒီမီးခဲတွေကို သမီးတော်တို့ရဲ့
တပ်မက်စရာ ရှုပါရုံဆိုတဲ့
လေပြေတစ်ချက်မွေ့လိုက်ရင်……..
အို……….ထိပ်ထား
မဆက်ပါရစေနဲ့တော့ကွယ်………။
ဒါကြောင့်မို့ သင့်တင့်ရုံပဲပြင်ဆင်ကြပါကွယ်
ခေါင်းကပန်းတွေဖြုတ်လိုက်
မှုံနံသာတွေကိုလည်း
ဖျက်လိုက်ကြပါဦး။
လုံလုံခြုံခြုံဝတ်ဆင်ပြီး
မြင်ရသူစိတ်ထဲမှာ
နှမငယ် သမီးငယ် တစ်ယောက်လို
ကရုဏာပွားလာအောင်
ပြောဆိုဆက်ဆံကြပါကွယ်….။
Source : တိပိဋက မြန်မာပြန်
Credit :ဓမ္မရေချမ်းစင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။