ခဝဲသီး ပုဇွန် ရေချိုချက်
ပါဝင်ပစ္စည်းများ
ခဝဲသီး (အခွံ ဇောင်းလေးများ ခြစ်ထားပါ)
ပုဇွန် အနည်းငယ်
ဆား အနည်းငယ်
နနွင်း အနည်းငယ်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ခရမ်းချဉ်သီး
ငံပြာရည် - အနည်းငယ်
နံနံပင် အနည်းငယ်
နံနံပင် အမြစ်
ပြုလုပ်နည်း
ပုဇွန်ကို ဆား ၊ နနွင်း နယ်ထားပါ ။
အိုးထဲတွင် ပုဇွန် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး ၊ နံနံပင် အမြစ် ၊ ဆီ တို့ကို သေသေချချာ လုံးရ်ျ တည်ပါ ။
လုံးထားတာများ အိလာပြီ ဆိုမှ ရေနွေး ထည့်ပါ ။
ရေ ဆူလာလျင် ငံပြာရည် အနည်းငယ် ထည့်ပြီး ၊ ခဝဲသီးကို နှစ်သက်သလို လှီးထည့်ပါ ။
ခဝဲသီးကို မနူးခင် မီးဖိုမီးကို ပိတ်လိုက်ပါ ။ သူ့အငွေ့ နှင့်သူ ကျက်သွားပါမည် ။
အရသာ အပေါ့အငံမြည်းရ်ျ နံနံပင် အုပ်ပြီး ပူပူလေး စားလို့ ရပါပြီ ။
ခဝဲသီး ချိုချို ၊ လတ်ဆပ်တဲ့ ပုဇွန် ချိုချိုလေး ဆိုတော့ အချိုမှုန့် မလိုပဲ ချက်ရ်ျ လွယ်ကူပြီး အရသာ ရှိတဲ့ ဟင်းလေး တစ်ခွက်ပါ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။