စွန့်ဦးတီထွင်သူ Levi King ရဲ့ အကြံပြုချက်များ
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း (၇)မျိုးကို တည်ထောင်ထားနိုင်တဲ့ စွန့်ဦးတီထွင်သူ Levi King ဟာ လူတိုင်းအတွက် အကျိုးရှိစေမယ့် အကြံပြုချက်တွေကို ယခုလို ပြောဆိုခဲ့ပါတယ်။
၁။ အခြားလူတွေ မလုပ်ချင်တဲ့ အရာတွေကို လုပ်ပါ။
ဒီအချက်ကတော့ ရှင်းပါတယ်။ စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်ဖို့ဆိုရင် သာမန်လူတွေ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ Levi ရဲ့ လုပ်ငန်းတစ်ခုဆိုရင် ဖုန်းခေါ်ဆိုခြင်းကတစ်ဆင့် Customer တွေကို ရရှိတာ ဖြစ်ပါတယ်။ ဖုန်းဆက်ပြီး ပစ္စည်းရောင်းရတာဟာ စိတ်ပျက်စရာကောင်းပေမယ့် Customer အသစ်တွေ ရရှိနိုင်တာကြောင့် ၊ ဒီအလုပ်ကို အချိန်ပေးပြီး လုပ်ခဲ့တယ်လို့ Levi က ဆိုပါတယ်။ စိတ်ပျက်စရာကောင်းပေမယ့် လုပ်ငန်းတိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
အောင်မြင်ချင်တယ်ဆိုရင် အပျင်းမထူဘဲ၊ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံစူးစိုက်ထားဖို့ လိုပါတယ်။
၂။ စိတ်ရှည်ရှည်ထားပြီး အကောင်းမြင်တတ်တဲ့ စိတ်ကို မွေးပါ။
နောက်တစ်ချက်ကတော့ Levi ဟာ ဖုန်းခေါ်တဲ့ နေရာမှာ ဇွဲကောင်းတာပဲဖြစ်ပါတယ်။ သူဟာ ဖုန်းခေါ်လို့ မရတဲ့ လူတစ်ယောက်စီကို Voice mail ၉၂ စောင်ပို့ခဲ့ပါတယ်။ "ကျွန်တော့် နာမည် Levi King ပါ။ ဒါဟာ ၉၂ ကြိမ်မြောက် Voice Mail ဖြစ်ပါတယ်။ ကျွန်တော်က သင့်ကို ကူညီနိုင်တယ်လို့ ယုံကြည်တဲ့ အတွက် ကျွန်တော် သင်နဲ့ ဖုန်းပြောချင်ပါတယ်" လို့ ချိုသာစွာ ပြောပြီး Voice mail တွေ ပို့ထားခဲ့ပါတယ်။
သူ့ရဲ့ ဇွဲရှိတဲ့ Voice Mail ၉၂ စောင်ကို တွေ့တွေ့ချင်းမှာ တစ်ဖက်က Customer က အရမ်းစိတ်ဆိုးသွားခဲ့ပေမယ့် ၊ Levi ဆီကို ဖုန်းပြန်ခေါ်ပြီး အလုပ်အဆင်ပြေသွားခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အလုပ်မဆို ကိုယ့်အတ္တကို ရှေ့တန်းမတင်ဘဲ စိတ်ရှည်ရှည် ထားသင့်တယ်လို့ Levi က ပြောဆိုခဲ့ပါတယ်။
၃။ လုပ်ငန်းအခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းကြည့်ပါ။
စွန့်ဦးတီထွင်တစ်ယောက် ဖြစ်လာပြီဆိုရင် ဝန်ထမ်းတွေကို အလုပ်တာဝန်တွေ ခွဲဝေပေးရပါတယ်။ ဒါပေမယ့် တာဝန်တွေကို အခြားသူကို ခွဲဝေမပေးခင် မိမိကိုယ်တိုင် လုပ်ဆောင်သင့်တယ်လို့ Levi က ဆိုပါတယ်။ ဒါမှသာ လုပ်ငန်းနဲ့ ပက်သက်တဲ့ အခက်အခဲတွေ၊ အခွင့်အလမ်းတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်လာမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို တာဝန်ပေးတဲ့ အချိန်မှာလည်း ပိုမိုထိရောက်တဲ့ လမ်းညွှန်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
၎။ အလုပ်တစ်ခု အောင်မြင်ဖို့ နည်းလမ်းပေါင်း (၂၀) ရှိတယ်လို့ ယုံကြည်ထားပါ။
စွန့်ဦးတီထွင်သူတွေ တွေ့ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ အလုပ်တာဝန်တွေကို ခွဲဝေပေးတဲ့အခါမှာ ဝန်ထမ်းတွေက သူတို့လောက် မလုပ်နိုင်လောက်ဘူးဆိုပြီး စိုးရိမ်တတ်ကြတာပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခုကို လုပ်ဆောင်တဲ့ နေရာမှာ အောင်မြင်နိုင်တဲ့ နည်းလမ်း (၂၀)မျိုး ရှိပြီး ကျရှုံးနိုင်တဲ့ နည်းလမ်း (၃) မျိုးရှိတယ်လို့ သိထားသင့်ပါတယ်။ သင်တာဝန်ပေးအပ်ထားတဲ့ လူတစ်ယောက်ဟာ သင်နဲ့ တစ်ပုံစံတည်း မလုပ်ဆောင်နိုင်ပေမယ့် အခြားနည်းလမ်းတွေကို အသုံးပြုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ကျရှုံးမယ့် နည်းလမ်းတွေကို မရွေးချယ်ဘဲ သင်နဲ့မတူတဲ့ နည်းလမ်းတွေကို အသုံးချသွားတာပဲ ဖြစ်ပါတယ်။ ဒီအယူအဆကို လက်ခံထားပြီး လုပ်ငန်းတိုးတက်ဖို့ကိုသာ အာရုံစိုက် လုပ်ဆောင်သင့်တယ်လို့ Levi က ပြောဆိုထားပါတယ်။
၅။ အခြားသူတွေက သင့်ကို ဘယ်လိုမြင်လဲဆိုတာ သိဖို့လိုပါတယ်။
Levi ဟာ သူ့အလုပ်က ဝန်ထမ်းတွေက သူ့အပေါ်ကို ဘယ်လိုမြင်လဲ ဆိုတာ သိချင်တဲ့အတွက် စစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေဟာ အမည်မဖော်ဘဲ၊ Levi အပေါ် သူတို့ရဲ့ အမြင်တွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။ အဲဒိအချိန်မှာပဲ Levi ဟာ အလွန်အံ့သြခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Levi ကိုယ်တိုင် အားနည်းချက်တွေလို့ သက်မှတ်ထားတဲ့ အရာတွေကို ၊ အားသာတဲ့ အချက်တွေဖြစ်တယ်လို့ ဝန်ထမ်းတွေက သက်မှတ်ခဲ့ကြလို့ပါပဲ။ အဲ့လိုပဲ သူ့ကိုယ်သူ အားသာတယ်လို့ ထင်တဲ့ အရာတွေက ဝန်ထမ်းတွေ အမြင်မှာ အားနည်းနေတယ်လို့ သက်မှတ်ခြင်း ခံခဲ့ရပါတယ်။ လုပ်ငန်းအပေါ်နဲ့ သူ့အပေါ်ကို ဝန်ထမ်းတွေရဲ့ အမြင်က အလွန်အရေးကြီးတယ်လို့ Levi က ပြောဆိုသွားခဲ့ပါတယ်။
Credit-Linn Linn Maung
#Hello_Express_Delivery_Li mited
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း (၇)မျိုးကို တည်ထောင်ထားနိုင်တဲ့ စွန့်ဦးတီထွင်သူ Levi King ဟာ လူတိုင်းအတွက် အကျိုးရှိစေမယ့် အကြံပြုချက်တွေကို ယခုလို ပြောဆိုခဲ့ပါတယ်။
၁။ အခြားလူတွေ မလုပ်ချင်တဲ့ အရာတွေကို လုပ်ပါ။
ဒီအချက်ကတော့ ရှင်းပါတယ်။ စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်ဖို့ဆိုရင် သာမန်လူတွေ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ Levi ရဲ့ လုပ်ငန်းတစ်ခုဆိုရင် ဖုန်းခေါ်ဆိုခြင်းကတစ်ဆင့် Customer တွေကို ရရှိတာ ဖြစ်ပါတယ်။ ဖုန်းဆက်ပြီး ပစ္စည်းရောင်းရတာဟာ စိတ်ပျက်စရာကောင်းပေမယ့် Customer အသစ်တွေ ရရှိနိုင်တာကြောင့် ၊ ဒီအလုပ်ကို အချိန်ပေးပြီး လုပ်ခဲ့တယ်လို့ Levi က ဆိုပါတယ်။ စိတ်ပျက်စရာကောင်းပေမယ့် လုပ်ငန်းတိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
အောင်မြင်ချင်တယ်ဆိုရင် အပျင်းမထူဘဲ၊ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံစူးစိုက်ထားဖို့ လိုပါတယ်။
၂။ စိတ်ရှည်ရှည်ထားပြီး အကောင်းမြင်တတ်တဲ့ စိတ်ကို မွေးပါ။
နောက်တစ်ချက်ကတော့ Levi ဟာ ဖုန်းခေါ်တဲ့ နေရာမှာ ဇွဲကောင်းတာပဲဖြစ်ပါတယ်။ သူဟာ ဖုန်းခေါ်လို့ မရတဲ့ လူတစ်ယောက်စီကို Voice mail ၉၂ စောင်ပို့ခဲ့ပါတယ်။ "ကျွန်တော့် နာမည် Levi King ပါ။ ဒါဟာ ၉၂ ကြိမ်မြောက် Voice Mail ဖြစ်ပါတယ်။ ကျွန်တော်က သင့်ကို ကူညီနိုင်တယ်လို့ ယုံကြည်တဲ့ အတွက် ကျွန်တော် သင်နဲ့ ဖုန်းပြောချင်ပါတယ်" လို့ ချိုသာစွာ ပြောပြီး Voice mail တွေ ပို့ထားခဲ့ပါတယ်။
သူ့ရဲ့ ဇွဲရှိတဲ့ Voice Mail ၉၂ စောင်ကို တွေ့တွေ့ချင်းမှာ တစ်ဖက်က Customer က အရမ်းစိတ်ဆိုးသွားခဲ့ပေမယ့်
၃။ လုပ်ငန်းအခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းကြည့်ပါ။
စွန့်ဦးတီထွင်တစ်ယောက် ဖြစ်လာပြီဆိုရင် ဝန်ထမ်းတွေကို အလုပ်တာဝန်တွေ ခွဲဝေပေးရပါတယ်။ ဒါပေမယ့် တာဝန်တွေကို အခြားသူကို ခွဲဝေမပေးခင် မိမိကိုယ်တိုင် လုပ်ဆောင်သင့်တယ်လို့ Levi က ဆိုပါတယ်။ ဒါမှသာ လုပ်ငန်းနဲ့ ပက်သက်တဲ့ အခက်အခဲတွေ၊ အခွင့်အလမ်းတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်လာမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို တာဝန်ပေးတဲ့ အချိန်မှာလည်း ပိုမိုထိရောက်တဲ့ လမ်းညွှန်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
၎။ အလုပ်တစ်ခု အောင်မြင်ဖို့ နည်းလမ်းပေါင်း (၂၀) ရှိတယ်လို့ ယုံကြည်ထားပါ။
စွန့်ဦးတီထွင်သူတွေ တွေ့ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ အလုပ်တာဝန်တွေကို ခွဲဝေပေးတဲ့အခါမှာ ဝန်ထမ်းတွေက သူတို့လောက် မလုပ်နိုင်လောက်ဘူးဆိုပြီး စိုးရိမ်တတ်ကြတာပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခုကို လုပ်ဆောင်တဲ့ နေရာမှာ အောင်မြင်နိုင်တဲ့ နည်းလမ်း (၂၀)မျိုး ရှိပြီး ကျရှုံးနိုင်တဲ့ နည်းလမ်း (၃) မျိုးရှိတယ်လို့ သိထားသင့်ပါတယ်။ သင်တာဝန်ပေးအပ်ထားတဲ့ လူတစ်ယောက်ဟာ သင်နဲ့ တစ်ပုံစံတည်း မလုပ်ဆောင်နိုင်ပေမယ့် အခြားနည်းလမ်းတွေကို အသုံးပြုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ကျရှုံးမယ့် နည်းလမ်းတွေကို မရွေးချယ်ဘဲ သင်နဲ့မတူတဲ့ နည်းလမ်းတွေကို အသုံးချသွားတာပဲ ဖြစ်ပါတယ်။ ဒီအယူအဆကို လက်ခံထားပြီး လုပ်ငန်းတိုးတက်ဖို့ကိုသာ အာရုံစိုက် လုပ်ဆောင်သင့်တယ်လို့ Levi က ပြောဆိုထားပါတယ်။
၅။ အခြားသူတွေက သင့်ကို ဘယ်လိုမြင်လဲဆိုတာ သိဖို့လိုပါတယ်။
Levi ဟာ သူ့အလုပ်က ဝန်ထမ်းတွေက သူ့အပေါ်ကို ဘယ်လိုမြင်လဲ ဆိုတာ သိချင်တဲ့အတွက် စစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေဟာ အမည်မဖော်ဘဲ၊ Levi အပေါ် သူတို့ရဲ့ အမြင်တွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။ အဲဒိအချိန်မှာပဲ Levi ဟာ အလွန်အံ့သြခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Levi ကိုယ်တိုင် အားနည်းချက်တွေလို့ သက်မှတ်ထားတဲ့ အရာတွေကို ၊ အားသာတဲ့ အချက်တွေဖြစ်တယ်လို့ ဝန်ထမ်းတွေက သက်မှတ်ခဲ့ကြလို့ပါပဲ။ အဲ့လိုပဲ သူ့ကိုယ်သူ အားသာတယ်လို့ ထင်တဲ့ အရာတွေက ဝန်ထမ်းတွေ အမြင်မှာ အားနည်းနေတယ်လို့ သက်မှတ်ခြင်း ခံခဲ့ရပါတယ်။ လုပ်ငန်းအပေါ်နဲ့ သူ့အပေါ်ကို ဝန်ထမ်းတွေရဲ့ အမြင်က အလွန်အရေးကြီးတယ်လို့ Levi က ပြောဆိုသွားခဲ့ပါတယ်။
Credit-Linn Linn Maung
#Hello_Express_Delivery_Li
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။