Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 10, 2017

Genius Coffee ထုတ်လုပ်သူ ကိုငွေထွန်းနှင့်တွေ့ဆုံခြင်း

"တချို့တွေ အိတ်စ်ပို့ဘယ်လိုပို့ရမလဲစဉ်းစားနေချိန်
Import ကိုဘယ်လိုတားရမလဲဆိုတာ စဉ်းစားမိတယ်"

Genius Coffee ထုတ်လုပ်သူ ကိုငွေထွန်းနှင့်တွေ့ဆုံခြင်း
++++++++++++++++++++++++++++++++++++++++

တွေ့ဆုံမေးမြန်းသူ - ဖြူစင်

ကော်ဖီကုန်ကြမ်းတွေကို အိတ်စ်ပို့ ပို့ဖို့ထက်ပြည်တွင်းမှာပဲ အရည်သွေးမြှင့်ပြီး ကျန်းမာရေးကိုအဓိကထားတဲ့ကော်ဖီတွေကို သောက်သုံးနိုင်တဲ့အဆင့် ထိရောက်အောင်ဈေးကွက်ဖောက်ထွင်နေတဲ့အပြင် ကော်ဖီဖျော်စက်တွေပါ ဈေး ကွက်ထဲ ဖြန့်ချိနေတဲ့ Genius ကော်ဖီ Founder ကိုငွေထွန်းနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဥာဏ်ကြီးရှင်ကော်ဖီ (Genius Coffee) စတင်ခဲ့ပုံနဲ့ Product တွေအကြောင်း ရှင်းပြပေးပါ။

ဥာဏ်ကြီးရှင်ကော်ဖီ စတင်ခဲ့တာကတော့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလောက်က စပြီး ကော်ဖီလုပ်ငန်းလုပ်မယ်ဆိုပြီးစခဲ့တာပါ။ လုပ်ငန်းလုပ်မယ်ဆိုတော့ နေ ရာတွေဘာတွေရွေးနဲ့ နောက်ဆုံးတော့ ကော်ဖီလုပ်ဖို့ဖြစ်တဲ့အတွက် ရှမ်းပြည် နယ်ကိုပဲ ရွေးလိုက်တယ်။ စလုပ်တုန်းကတော့ အဓိကကတော့ ကော်ဖီကုန် ကြမ်းကို နိုင်ငံခြားကိုအိတ်စ်ပို့လုပ်ဖို့ပါပဲ။ သူများတွေစဉ်းစားသလိုပဲ၊ ကော်ဖီ ဆိုရင် ပြည်တွင်းကသောက်မှာမဟုတ်ပါဘူး၊ ကော်ဖီမစ်ပဲရောင်းရမှာပါ။ အရည် အသွေးနဲ့ပတ်သက်ပြီးတော့မှ သွားရင်လည်းဈေးကသိပ်မရဘူး၊ အဲဒီအချက်က လူတွေအားလုံးရဲ့စိတ်ထဲမှာစွဲနေတယ်။ ကော်ဖီဆိုရင် မြန်မာတွေက မသောက် ကြဘူး။ အဲဒီအတွက် နိုင်ငံခြားကိုပဲ အိတ်စ်ပို့လုပ်မယ်။ ပြည်တွင်းကိုဖြန့်ဖို့ စိတ်မ၀င်စားကြဘူး၊ အစ်ကိုလည်း စတုန်းက အဲဒီလိုပဲတွေးတဲ့ အတွက်နိုင်ငံခြားပဲပို့မယ်ပေါ့၊ တကယ်ပြန်စဉ်းစားတဲ့အခါမှာ ပြည်တွင်းမှာလည်း ကိုယ်နဲ့ထုတ်ချင် တဲ့အိုင်ဒီယာတူတွေရှိလားဆိုတော့လည်းမရှိဘူး။ များသော အားဖြင့် ကော်ဖီတွေကိုအားလုံးကဈေး ပေါပေါနဲ့ ၀ယ်၊ ဈေးပေါပေါနဲ့ ပဲပြန် ရောင်း၊ ကြားထဲမှာ ထွေထွေထူးထူးတန်ဖိုးမြင့်တဲ့အလုပ်တွေမလုပ်ဘူး။ ကော်ဖီ ထုပ်ကိုဝယ်သွား၊ ကိုယ့်ဘာသာကြိုက်သလိုသောက်ပေါ့၊ အစ်ကိုတို့ကတော့ အဲဒီလိုမဟုတ်ဘူး။ ကော်ဖီကသေချာ သောက်တဲ့စနစ်မှန်မှ ကော်ဖီကသောက် လို့ကောင်းတာ၊ ကော်ဖီကိုဒီအတိုင်းကြီးပဲ ရေနွေးလောင်းထည့်၊ သကြားတွေ၊ နို့ဆီတွေနဲ့ဖျော်လိုက်လို့ ကော်ဖီကောင်းကောင်းတစ်ခွက်ထွက်လာတာမဟုတ် ပါဘူး။ အဲဒီအတွက် အစ်ကိုစဉ်းစားတယ်။ ကော်ဖီကောင်းကောင်းသောက်ဖို့ နေရာလေးလုပ်ရမယ်ဆိုပြီး နောက်ပိုင်းမှာ ကော်ဖီကိုလှော်ပြီးထုတ်ရုံတင် မဟုတ်တော့ဘဲ ကော်ဖီဆိုင်လေးလည်းရှိမှ၊ ကော်ဖီဆိုင်ရှိမှလည်းသောက်တဲ့ သူတွေရဲ့ Feedback တွေ၊ ဝေဖန်တဲ့ဟာတွေ၊ အကြံဥာဏ်တွေရနိုင်မှာလေ။ ကော်ဖီဆိုင်ဖွင့်ဖို့အတွက် အစ်ကို ကော်ဖီဆိုင်တွေ အကုန်လိုက်ထိုင်ကြည့် တယ်။ ဆိုင်တွေမှာက ကော်ဖီစက်အကြီးကြီးတွေနဲ့ကော်ဖီတွေကိုဖျော်တယ်။ အဲဒီတော့ အစ်ကိုစဉ်းစားတယ်၊ အဲဒီလိုစက်မရှိတော့ရောဖျော်လို့မရတော့ဘူး လားပေါ့၊ ပေါ့ပေါ့ပါးပါးဖျော်သောက်ဖို့အတွက် စဉ်းစားမိတယ်။ Accessories တွေတော့ လိုတာပေါ့နော်။ လုပ်ငန်းစဉ်က တစ်ဆင့်ချင်းသွားထားတာပါ။ ပထမ ဆုံးအနေနဲ့ ကော်ဖီစိုက်ဖို့အတွက်နေရာ ရွေးခဲ့တယ်။

နောက်ပြီးတော့ ကော်ဖီ Processing သွားတယ်။ ကော်ဖီတွေကိုကြိတ်ခွဲ တာတွေပေါ့။ ကော်ဖီမှာ ကော်ဖီ Processing သာကောင်းကောင်းမရှိခဲ့ဘူး ဆိုရင် ကော်ဖီကအလကားပဲ။ ဘာနဲ့တူလဲဆိုရင် စပါးတွေလိုပဲ၊ စပါးတွေကို လက်နဲ့ပဲလုပ်တယ်၊ လက်နဲ့ပဲထောင်းတယ်ဆိုရင် အရည်အသွေးက ကောင်းကောင်းမရဘူး။ နောက်ပိုင်းကျတော့ ကော်ဖီဆိုင်တွေ၊ ကော်ဖီ သင်တန်းတွေ၊ Franchise တွေပေါ့၊ နောက်ဆုံးတစ်ခုကတော့ Sees to Table ပေါ့၊ ကော်ဖီမျိုးစေ့လိုချင်တာလား၊ ကော်ဖီဆိုင်လေးဖွင့်ချင်တာလား၊ ကော်ဖီနဲ့ပတ်သက်တဲ့သင်တန်းယူ ချင်တာလား တစ်ခုလုံးကို အစ်ကိုတို့ လုပ်ပေးမယ်ပေါ့နော်၊ အဲဒီလုပ်ငန်းကိုစဖို့လုပ်နေတယ်။ နောက်တစ်ခုက ကော်ဖီဖျော်စက်နဲ့ Accessories ပေါ့။ ကော်ဖီကျတော့ ထုတ်ပြီး ကော်ဖီဖျော် စက်ကိုတော့မထုတ်ဘူးပေါ့။ ခုဆိုကော်ဖီထုတ်တဲ့သူတွေအများကြီးပဲ။ ဒါပေမဲ့ ကော်ဖီဖျော်စက်မထုတ်ဘူး၊ သူ့ကော်ဖီကိုဘာနဲ့ သောက်ရင် ကောင်းလဲဆိုတာ ကို သူမလုပ်နိုင်ဘူး၊ အဲဒီအတွက် အစ်ကိုတို့ကကော်ဖီဖျော်စက်ပါထုတ်တယ်။ သောက် တဲ့သူရဲ့လက်ထဲရောက်တဲ့အထိလုပ်ပေးတယ်။ ခုဆိုနောက်ဆုံးတစ် ခုက ကော်ဖီ Capsule နဲ့ Capsule ကော်ဖီစက်ပါ တစ်ခါတည်း အရန်သင့်သုံး ဖို့အတွက်ပေါ့နော်။ ကိုယ်တိုင်က ကော်ဖီကိုအရမ်းကြိုက်တဲ့အတွက် စားသုံးသူ နဲ့အနီးစပ်ဆုံးဖြစ်နေတယ်။ တချို့လူတွေက Product ပဲထုတ်နေတဲ့အချိန် ကိုယ်တွေက Product ရော Service ပါလုပ်တဲ့သဘောပါ။

ဥာဏ်ကြီးရှင်ကော်ဖီမှာ အခုနောက်ဆုံးထုတ် Product က ဒီ Capsule နဲ့ Capsule ကော်ဖီစက်ပေါ့နော်။ အဲဒါလေးတီထွင်ဖြစ်ခဲ့ပုံ တစ်ချက်ရှင်းပြပေးပါ။

ဥာဏ်ကြီးရှင်ကော်ဖီအနေနဲ့ Product တွေရော ကော်ဖီစက်တွေပါထုတ်တယ်။ ပုံမှန်ကော်ဖီထုတ် အပြင် ခရီးသွားရင်သောက်ဖို့အတွက် Drip ကော်ဖီကို အရင် ထုတ်ဖြစ်တယ်။ Drip ကော်ဖီကရေနွေးရှိရုံနဲ့ ကြိုးဆွဲလက်ဖက်ခြောက်လိုပုံစံ မျိုးပဲ၊ ဒါပေမဲ့ သူကစိမ်သောက်ရတာတော့မဟုတ်ဘူး၊ ကိုယ်သောက်မယ့်ကော် ဖီခွက်မှာ ချိတ်ပြီးသောက်ရုံပဲ၊ ခရီးအမြဲသွားတတ်တဲ့ ကော်ဖီကြိုက်တဲ့သူတွေ အတွက် အဆင်ပြေစေတယ်ပေါ့၊ Drip ကော်ဖီထုတ်ပြီးတော့ ကိုယ်တိုင် ကလည်း ကော်ဖီကြိုက်တဲ့သူဖြစ်တဲ့အတွက် ဘယ်လိုဆန်းသစ်ရမလဲတွေးနေ တဲ့အခါ ခုနောက်ဆုံး Product ဖြစ်တဲ့ Capsule ကို စဉ်းစားမိသွားတယ်။ ထုတ်ဖြစ်သွားတယ်ပေါ့၊ Capsule က စက်နဲ့တွဲပြီးအသုံးပြုရမှာဖြစ်တဲ့အတွက် Capsule ကော်ဖီစက်ကိုပါ တီထွင်ဖြစ်ခဲ့တယ်။ Capsule ကော်ဖီဖျော်စက်ကို အကြီးတစ်ခု၊ အသေးတစ်ခုထုတ်လုပ်ထားပြီးတော့ ကော်ဖီကိုတော့ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ရွာငံ၊ မိုးကုတ်ဆိုပြီး အမျိုးအစားခြောက်မျိုး ထုတ်လုပ်ထားတယ်။ မန္တလေးကတော့ အရသာပြင်းတယ်။ ရန်ကုန်ကတော့ အရသာနည်းနည်းပျော့တယ်။ ရွာငံနဲ့မိုးကုတ်ကတော့ အော်ဂဲနစ်ကော်ဖီတွေ၊ နေပြည်တော်နဲ့ပြင်ဦးလွင်ကတော့ အရသာပုံမှန်ပဲ၊ ကော်ဖီစက်တွေကတော့ ဈေးနှုန်းအနေနဲ့ တစ်သိန်း၊ ၁၂၀,၀၀၀ ရယ်ရှိတယ်။ အရစ်ကျအနေနဲ့လည်း သုံးလအရစ်ကျနဲ့ ကော်ဖီစက်ကိုဝယ်လို့ရတယ်။

ဥာဏ်ကြီးရှင်ကော်ဖီအနေနဲ့က ဈေးကွက်မှာ ဖောက်ထွက်ဖို့ကြိုးစားထား တာတွေလည်း တွေ့ရတယ်။ ပြီးတော့ အိတ်စ်ပို့တွေလည်း ပို့တယ်ဆိုတော့ အဲဒီဘက်အကြောင်း ရှင်းပြပေးပါဦး။

ဈေးကွက်ဖောက်ထွက်ဖို့အတွက်ကတော့ အသစ်တိုင်းကြိုးစားကြရတာချည်းပဲ၊ အခက်အခဲတွေ၊ စိတ်ခေါ်မှုတွေလည်းရှိတာပဲ၊ ဒါပေမဲ့ အစ်ကို့အနေနဲ့ ဈေး ကွက်ဖောက်ထွက်ဖို့ပဲဖြစ်ဖြစ်၊ Product အသစ်စဉ်းစားရင်ဖြစ်ဖြစ် တစ်ခုတွေး မိတယ်။ တချို့တွေ အိတ်စ်ပို့ဘယ်လိုပို့ရမလဲစဉ်းစားနေချိန် Import ကိုဘယ်လို တားရမလဲဆိုတာ စဉ်းစားမိတယ်။ အစ်ကိုတို့နိုင်ငံမှာက ကော်ဖီကိုကုန်ကြမ်း အနေနဲ့ အိတ်စ်ပို့တွေလုပ်ကြမယ်။ နိုင်ငံတွင်းမှာကျတော့ သူများနိုင်ငံက Import ပြန်ဝင်လာတဲ့ကော်ဖီတွေကို သောက်ကြတယ်။ အဲဒီတော့ အစ်ကိုတို့က ကိုယ့်နိုင်ငံကကော်ဖီကို ကိုယ်ပြန်ပြီး သောက်လို့ရအောင်၊ Import လည်းလျော့ ကျလာအောင် စဉ်းစားပြီး Genius ကိုအကောင်အထည်ဖော်လာခဲ့တယ်။ စစ ချင်း ဈေးကွက်ဖောက်တုန်းကဆို ဈေးကွက်ထဲ ပါကင်ပုံစံကြောင့် ဘယ်သူကမှ စိတ်ဝင်စားမှုမရှိခဲ့ဘူး၊ အစ်ကိုတို့ပါကင်ပုံစံက အရောင်နည်းနည်းမှိုင်းတယ်။ မှိုင်းတဲ့အပြင် စာတွေကိုလည်း သေးသေးလေးတွေနဲ့အပြည့်ထည့်ထားတယ်။ အဲဒီလိုထည့်တယ်ဆိုတာကလည်း ပါဝင်ပစ္စည်းတွေနဲ့ Product ရဲ့အရည် အသွေးတွေကို အသေးစိတ်သိစေချင်လို့ထည့်ထားတာ။ ပြီးတော့ နောက် တစ်ခုထူးခြားတာက အစ်ကိုတို့ရဲ့ အော်ဂဲနစ်ကော်ဖီထုပ်၊ အော်ဂဲနစ်ကော်ဖီ ထုပ်မှာဆိုရင် တချို့တွေကရှိတယ်။ များသောအားဖြင့် အော်ဂဲနစ်ဖြစ်တယ်ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုပဲရှိတယ်။ အစ်ကိုတို့ အော်ဂဲနစ်ကော်ဖီထုပ်မှာတော့ အမှတ်တံဆိပ်နှစ်ခုပါတယ်။ USDA က ထောက်ခံထားတာနဲ့ Myanmar Agriculture က ထောက်ခံထားတာ၊ အစ်ကိုတို့ကပါကင်မှာ အဲဒါတွေအကုန် ထည့်ထားတော့ စစချင်း ဈေးကွက်ဖောက်တုန်းက တော်တော်ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းမှာတော့ သေချာပြင်ဆင်ထားတဲ့အတွက် အခုချိန်မှာ ဈေးကွက်တစ်ခုကိုရရှိနေပြီလို့ ပြောလို့ရတာပေါ့နော်။ အိတ်စ်ပို့သွားတုန်း ကလည်း အခက်အခဲတွေရှိတာပဲ။ ဘယ်နိုင်ငံကကော်ဖီပါ၊ ဘယ်ဒေသကော်ဖီ ပါဆိုတာကို အကုန်ရှင်းပြပြီး ဈေး ကွက်ဖောက်ခဲ့ရတယ်။ ခုတော့ Genius အနေနဲ့ အိတ်စ်ပို့တွေ လည်း အတိုင်းအတာတစ်ခုထိသွားနေပြီ၊ အိတ်စ်ပို့အနေ နဲ့ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မလေးရှားတို့ကို ကုန်ကြမ်းအနေနဲ့ ပို့ပြီး သြစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနဲ့တရုတ်ကို လှော်ပြီးသား ကုန်ချောတွေပို့တယ်။

Genius အနေနဲ့ ထုတ်လုပ်မှုအပိုင်းတွေရောတင်သွင်းရောင်းချမှု အပိုင်းတွေပါ လုပ်နေတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ကော ဘယ်လိုမျိုးလုပ်ဆောင်လဲ၊ Genius အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုရှာဖွေတဲ့အခါမှာရော ဘယ်လို လုပ်ဆောင်လဲ၊ လက်ခံပါသလဲ။

ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ကတော့ အစ်ကိုတို့က နှစ်မျိုးလက်ခံတယ်။ အစ်ကိုတို့ မှာက လုပ်ငန်းစဉ်တစ်ခုလုံးကြီးရှိနေပေမဲ့ တောင်သူတွေဆီက ကော်ဖီစေ့ဝယ် ဖို့အတွက် ရင်နှီးမြှုပ်နှံမှုလိုအပ်တယ်။ အစ်ကိုတို့လုပ်ငန်းကိုစိတ်ဝင်စားတဲ့ သူတွေဆီက ငွေတွေကို ရင်နှီးမြှုပ်နှံမယ်ဆိုလက်ခံတယ်၊ ဒါပေမဲ့ အစ်ကိုတို့က သူတို့ကို ရှယ်ယာတွေ၊ ရာခိုင်နှုန်းတွေနဲ့ ပေးတာမျိုးတော့မဟုတ်ဘူး။ အစ်ကို တို့လုပ်ငန်း အစ်ကိုတို့လုပ်တယ်။ သူတို့က အစ်ကိုတို့လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းဝယ်ဖို့အတွက် လာရင်းနှီးမြှုပ်နှံမယ်ဆိုဝယ်တယ်။ ပြီးရင်တော့ ခြောက်လ တန်သည်၊ တစ်နှစ်တန်သည်ဆိုရင်တော့ အစ်ကိုတို့က ပြန်ပေးလိုက်တယ်။ အဲဒီလိုမျိုးရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့လက်ခံတယ်။ အိမ်ဂျယ် (Angle) ရှာ တာကတော့ အစ်ကိုတို့ လက်ရှိလုပ်နေတာ ရှမ်းမှာပဲလုပ်နေတာဆိုတော့ တိုးချဲ့ ချင်တာ၊ အဲဒီအတွက် Investment အကြီးကြီးလိုတယ်။ အဲဒီအခါအစ်ကိုတို့ရှာ ရတယ်။ စိတ်ဝင်စားလို့လာတဲ့သူတွေတော့ရှိတယ်။ သူနဲ့လည်း စကား တွေပြောနေတယ်။ မပြတ်သေးဘူးပေါ့နော်။ ရလာရင်တော့ ဧကငါးထောင် လောက်စိုက်မယ်။ ရင်းနှီးမြှုပ်နှံမှုအတွက် ဒေါ်လာလေး သန်းကနေ ဆယ်သန်း ထိလိုတယ်။ အဲဒီအတွက်လည်း စကားတွေပြောနေတုန်း။ မပြတ်သေးဘူး။

Genius အနေနဲ့ Startup လုပ်ငန်းတစ်ခုလို့လည်း ပြောလို့ရတယ်ပေါ့နော်။ မြန်မာနိုင်ငံအတွက် Startup က စလုပ်ငန်းတွေကြီးထွားလာဖို့အတွက်ဆိုရင် အဓိကလိုအပ်တာတွေက ဘာတွေဖြစ်မလဲ။ အခက်အခဲတွေရောပေါ့။

အခက်အခဲကတော့ ဒီနိုင်ငံမှမဟုတ်ဘူး။ တခြားနိုင်ငံတွေလည်းရှိတာပါပဲ။ အခြေခံအခက်အခဲတွေဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ နည်းပညာတွေ၊ ဈေးကွက်နဲ့ လူ့စွမ်းအားအရင်းအမြစ်အခက်အခဲပါပဲ။ နိုင်ငံတိုင်း မှာကြုံနေရတာပါပဲ။ ပထမ ဆုံးအနေနဲ့ကတော့ ဈေးကွက်ကိုစလုပ်ရမှာပဲ။ ဈေးကွက်ကကြိုက် အောင်လုပ် ရင်းနဲ့မှ နည်းပညာကလည်း နောက်ကကပ်ပါလာမှာပဲ။ ဈေကွက်ကြိုက်တဲ့ ပစ္စည်းကိုနည်းပညာနဲ့ ထုတ်တတ် လာပြီဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုကလည်း လိုက်လာမှာပဲ။ ရင်းနှီးမြှုပ်နှံမှုများလာပြီဆိုရင် လူ့စွမ်းအားအရင်းအမြစ်လည်း များလာမှာပဲ။ အဓိကကတော့ ဈေးကွက်ကိုဘယ်လိုဖောက်ထွက်ရမလဲဆိုတာ အရေးကြီးတယ်။ အစ်ကိုက ကော်ဖီနဲ့ပတ်သက်ပြီး ထုတ်လုပ်မှုတွေတင်မကဘဲ Survey တွေပါလုပ်ဖြစ်တယ်။ Survey လုပ်တာကလည်း မြန်မာလူမျိုးတွေရဲ့ ကော်ဖီသောက်တဲ့အလေ့အကျင့်ကိုကောက်တာပါ။

ဒါတွေကလည်းလုပ်ငန်းတစ်ခုအခြေကျဖို့အတွက် အထောက်အကူတွေပြုပါ တယ်။ ထပ်မံဖြည့်စွက်ပြော ကြားချင်တာတွေအနေနဲ့ ဆိုရင်ကော။

အစ်ကိုတို့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ကော်ဖီလုပ်ငန်းတွေရဲ့သွားနေတဲ့ပုံစံလေး ကို ပြောင်းချင်တယ်။ ပြောင်းဖို့အတွက်လည်း ပြင်ဆင်ပြီးတော့ ဒီလေးငါးနှစ် ကာလအတောအတွင်း ပြောင်းလာခဲ့တယ်။ အခြေအနေ တစ်ခုလောက်ထိ လည်း နေရာတစ်ခုလောက်ရနေပြီး ပိုပြီးတော့ကြိုးစားလုပ်သွားဖို့တော့ လိုသေး တာပေါ့နော်။ ပထမဆုံးအနေနဲ့ စိုက်ဖို့၊ ကော်ဖီကို ဒီထက်များများစိုက်နိုင်ဖို့ အားပေးချင်တယ်။ အစ်ကိုတို့ဆီက နည်းပညာတွေလိုချင်တယ်ဆိုလည်း ပေးချင်တယ်။ အစ်ကိုတို့ဒီနှစ်ထဲမှာလည်း စိုက်ပျိုးမှုတွေနဲ့ပတ်သက်ပြီး ဒေသနှစ်နေရာမှာ သင်တန်းလုပ်ဖြစ်တယ်။ တိုးချဲ့စိုက်ပျိုးဖို့လည်း အစီအစဉ် တွေရှိတဲ့အတွက် စိုက်ပျိုးမယ်။ တောင်သူတွေကို ဖိတ်ခေါ်ချင်တယ်။ နောက် တစ်ခုက စားသုံးသူတွေ၊ သူတို့ကို ကျန်မာရေးအသိတရားတွေ ပိုပြီးကောင်း လာပြီးတော့ ဈေးနှုန်းတစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ ကျန်မာရေးအရ ပါကြည့်ပြီး သုံးခွက်မှာ တစ်ခွက်လောက်ပဲ ပြည်တွင်းဖြစ်ကော်ဖီကို အားပေးစေ ချင်တယ်။ အဲဒါဆိုရင် နှစ်ဖက်လုံးအကျိုး မြတ်ရှိလာမယ်။ လုပ်ငန်းတွေလည်း အကျိုးရှိလာမယ်။ အခုဆို ပြည်တွင်းဖြစ်ကော်ဖီတွေက ပြည်တွင်းက အားပေး မှုနည်းတဲ့အတွက် နိုင်ငံခြားကအိတ်စ်ပို့လုပ်၊ နိုင်ငံခြားက လုပ်ထားတဲ့ကော် ဖီတွေက ဒီပြည်တွင်းဖြစ် ကော်ဖီတွေကိုပဲသုံးတာပဲ၊ အဲဒါတွေကို ပြည်တွင်း မှာပြန်သုံးနဲ့ပေါ့၊ အစ်ကိုတို့အနေနဲ့ပြောရမယ်ဆိုရင် အရင်က အင်တာနာတွေ လိုပေါ့။ အင်တာနာတွေကို နိုင်ငံခြားကနေ အရင်ကတင်သွင်းခဲ့ရပေမဲ့ ခုဆိုပြည်တွင်းမှာပဲထုတ်နိုင်နေပြီး၊ ကော်ဖီတွေကိုလည်း အဲဒီလိုဖြစ်လာဖို့လို ပါတယ်။

အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
#MyanmarB2BManagementMagazine
— with Thant Swe Htet Naung.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။