ကြောက်ရွံ့ခြင်းဟာ မျှော်လင့်ချက်တွေကို အသေသတ်တယ်။
မေ့ပျောက်ပစ်နိုင်ရင် နာကျင်မှုဟာ တခဏပဲ။
မှတ်မိသားမိဖြစ်လာတဲ့အထိ နာကျင်နေဦးမယ်ဆိုရင်တော့ ခင်ဗျား ခဏ၊ ခဏ အသတ်ခံရလိမ့်မယ်။
အတိတ်ဆိုတာ ပြောင်းလဲလို့မှ မရတော့ပဲ။
အဲဒီတော့ ခင်ဗျားအနေနဲ့ လုပ်စရာ(၂)ခုပဲရှိတယ်။
အတိတ်ထဲမှာ ကျဆုံးမလား။
အတိတ်ထဲကနေ သင်ယူမလား။
သေချာတယ်။ အောင်မြင်မှုကို ငတ်မွတ်နေတဲ့လူတစ်ယောက်အတွက် အထုအထောင်းကတော့ ခံရမှာပဲ။
တကယ်ဆို အခက်အခဲဆိုတာ အောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မ ဟုတ်ဘူး။ အောင်မြင်မှုရဲ့အစိတ်အပိုင်း တစ်ခု။ သေချာပြောရရင် ခင်ဗျားကို အောင်မြင်လာတဲ့အထိ သွေးယူမယ့် ကိရိယာတစ်ခုပါ။
အဲဒီအခက်အခဲတွေနဲ့ကြုံတွေ့လာတဲ့အခါမျိုးမှာ ခင်ဗျားအနေနဲ့ နောက်ကို ပြန်လှည့်ဖို့မလိုဘူး။
ညဆိုတာ နက်လာလေလေ အာရုံတက်ဖို့ နီးစပ်လာလေလေလို့ မှတ်ယူလိုက်စမ်းပါ။
ခင်ဗျားအနေနဲ့ ရှင်သန်နေရမယ်။ ရှေ့ဆက်နေရမယ်။
အခက်အခဲတွေကြောင့် စိန်ခေါ်မှုကို မကန့်သတ်နဲ့။
အကန့်အသတ်တွေကိုသာ စိန်ခေါ်ပါ။
လူဆိုတာ တစ်ကွေ့ကွေ့မှာတော့ လဲကျဖူးကြတယ်။
ဥပမာတစ်ခုပြောပြမယ်ဗျာ။
ချက်ထိုးတဲ့အခါ တစ်ခါမဟုတ်တစ်ခါ အကွက်ရွေ့မှားကြတာပဲ။
အဲဒီအခါ အင်ပါယာကိုကာကွယ်ဖို့ ကျွန်တော်တို့ ဘုရင်ကို တစ်ကွက်ရွေ့ပေးလိုက်ရုံပဲ။
တစ်ခါမှားသွားရုံနဲ့ ငါ့ဘဝကအမြဲကံဆိုးလွန်းတယ်လို့ မှတ်ယူနေဖို့မလိုဘူး။
ဘဝမှာ အေးဆေးနေချင်တာက လွယ်တယ်။ ဘာမှ မလုပ်ရင် ဘာတာဝန်မှ ယူစရာ မလိုဘူး။ ဒါပေမယ့် ဘာတာဝန်မှ မယူရင် ဘာမှလဲ ဖြစ်လာမှာ မဟုတ်ဘူး။
အခက်အခဲဆိုတာ ခင်ဗျားဘယ်လိုလူလဲဆိုတာ ပြသဖို့ အခွင့်အလမ်းတစ်ခုပဲ။
အခက်အခဲဆိုတာ ပျင်းရိတဲ့လူတွေအတွက် အဆီးအတားတွေဖြစ်နေပေမယ့် ကြိုးစားတဲ့လူတွေတော့ တံတားတွေဖြစ်မယ်လို့ ကျွန်တော်ရဲရဲကြီးပြောရဲတယ် ။
- မှတ်စုကြမ်း #nayaung
မေ့ပျောက်ပစ်နိုင်ရင် နာကျင်မှုဟာ တခဏပဲ။
မှတ်မိသားမိဖြစ်လာတဲ့အထိ နာကျင်နေဦးမယ်ဆိုရင်တော့ ခင်ဗျား ခဏ၊ ခဏ အသတ်ခံရလိမ့်မယ်။
အတိတ်ဆိုတာ ပြောင်းလဲလို့မှ မရတော့ပဲ။
အဲဒီတော့ ခင်ဗျားအနေနဲ့ လုပ်စရာ(၂)ခုပဲရှိတယ်။
အတိတ်ထဲမှာ ကျဆုံးမလား။
အတိတ်ထဲကနေ သင်ယူမလား။
သေချာတယ်။ အောင်မြင်မှုကို ငတ်မွတ်နေတဲ့လူတစ်ယောက်အတွက
တကယ်ဆို အခက်အခဲဆိုတာ အောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မ
အဲဒီအခက်အခဲတွေနဲ့ကြုံတွေ့လ
ညဆိုတာ နက်လာလေလေ အာရုံတက်ဖို့ နီးစပ်လာလေလေလို့ မှတ်ယူလိုက်စမ်းပါ။
ခင်ဗျားအနေနဲ့ ရှင်သန်နေရမယ်။ ရှေ့ဆက်နေရမယ်။
အခက်အခဲတွေကြောင့် စိန်ခေါ်မှုကို မကန့်သတ်နဲ့။
အကန့်အသတ်တွေကိုသာ စိန်ခေါ်ပါ။
လူဆိုတာ တစ်ကွေ့ကွေ့မှာတော့ လဲကျဖူးကြတယ်။
ဥပမာတစ်ခုပြောပြမယ်ဗျာ။
ချက်ထိုးတဲ့အခါ တစ်ခါမဟုတ်တစ်ခါ အကွက်ရွေ့မှားကြတာပဲ။
အဲဒီအခါ အင်ပါယာကိုကာကွယ်ဖို့ ကျွန်တော်တို့ ဘုရင်ကို တစ်ကွက်ရွေ့ပေးလိုက်ရုံပဲ။
တစ်ခါမှားသွားရုံနဲ့ ငါ့ဘဝကအမြဲကံဆိုးလွန်းတယ်လိ
ဘဝမှာ အေးဆေးနေချင်တာက လွယ်တယ်။ ဘာမှ မလုပ်ရင် ဘာတာဝန်မှ ယူစရာ မလိုဘူး။ ဒါပေမယ့် ဘာတာဝန်မှ မယူရင် ဘာမှလဲ ဖြစ်လာမှာ မဟုတ်ဘူး။
အခက်အခဲဆိုတာ ခင်ဗျားဘယ်လိုလူလဲဆိုတာ ပြသဖို့ အခွင့်အလမ်းတစ်ခုပဲ။
အခက်အခဲဆိုတာ ပျင်းရိတဲ့လူတွေအတွက် အဆီးအတားတွေဖြစ်နေပေမယ့် ကြိုးစားတဲ့လူတွေတော့ တံတားတွေဖြစ်မယ်လို့ ကျွန်တော်ရဲရဲကြီးပြောရဲတယ်
- မှတ်စုကြမ်း #nayaung

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။