Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 6, 2017

" ဂန္ဓီရဲ့ဖိနပ်တစ်ဖက် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်လုံစိတ်ဓာတ် "


Khant Naing added 2 new photos.

" ဂန္ဓီရဲ့ဖိနပ်တစ်ဖက် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်လုံစိတ်ဓာတ် "
တခါတော့ မဟတ္တမဂန္ဓီဟာ မီးရထားနဲ့ခရီးတစ်ခုထွက်တယ်..
ထွက်စပြုနေတဲ့ရထားပေါ်လှမ်းတက်တော့ သူ့ဖိနပ်တစ်ဖက် ရထားအောင်ပြုတ်ကျ
သွားတယ်..ရထားကလည်း အရှိန်ရနေတော့ ပြန်ဆင်းကောက်ဖို့ကလည်း မဖြစ်နိုင်တော့..
အဲဒီအချိန်မှာ ဂန္ဓီက ကျန်နေသေးတဲ့ သူ့ရဲ့ဖိနပ်တစ်ဖက်ကို ရထားအောက်ကို အလျင်မြန်
ပစ်ချလိုက်တယ်..

ဒီဖြစ်စဉ်လေးကိုကြည့်လိုက်ပါ..

သူသူကိုယ်ကိုယ် အများစုဟာ ဒီအချိန်မှာ ကျန်တဲ့ဖိနပ်တစ်ဖက်ကိုကိုင်ထားပြီး အချိန်
အတော်ကြာ ခရီးတစ်ခုပေါက်တဲ့အထိ ကျသွားတဲ့ဖိနပ်တစ်ဖက်ကိုသာ နှမြောတသဖြစ်နေ
ကျမှာမလွဲဘူး..
ဂန္ဓီကတော့ ချက်ခြင်းပဲ တစ်ဖက်လူအတွက်တွေးလိုက်တယ်..ကောက်ရသူဟာ ဖိနပ်တစ်
ဖက်တည်းနဲ့တော့အလုပ်မဖြစ်..အစုံလိုက်ရမှသာ အဆင်ပြေနိုင်မယ်ဆိုတဲ့အသိနဲ့ ဖိနပ်တစ်
ဖက်ကို အလျှင်မြန်ပစ်ချလိုက်တယ်..
အဲဒါ ပါရမီရှင်တို့ရဲ့စိတ်ဓာတ်ပဲ..သူတစ်ပါးနေရာကိုတွေးပေးတတ်တဲ့ စိတ်ဓာတ်..
အဲဒီဟာလေးကိုတွေးပြီး ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးအတွက် အမြဲပြောလေ့ရှိ
တဲ့စကားတစ်ခွန်းကို သွားပြီးသတိရမိတယ်..
" ငါတို့ ဘာတောင်းရမလဲဆိုတာထက် ငါတို့ဘာပေးရမလဲဆိုတာကို စဉ်းစားကြပါ "
ဆိုတဲ့စကား..
ဒီ လူထုခေါင်းဆောင်ရဲ့စကားက တကယ်တော့ ဂန္ဓီရဲ့စိတ်ဓာတ်ပဲ..သူတစ်ပါအတွက်
ကြည့်ခြင်း..သူတစ်ပါးနေရာက စဉ်းစားပေးခြင်းဆိုတဲ့ အတ္တကိုနောက်မှာထားတဲ့စိတ်ဓာတ်
..
သူမရဲ့စကားက အပေါ်ယံတွေးရင်တော့ သိတ်မထူးခြားသလိုရှိနေတောင် တကယ်အလေး
နက်တွေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် စကားတစ်ခွန်းပဲ..
နောက်ထပ်အဖြစ်ပျက်လေးတစ်ခုကိုပြောပြပါအုန်းမယ်..
တစ်ခါတော့ လက်ဝှေ့သမားတစ်ယောက် မြို့တစ်မြို့မှာ လက်ဝှေ့ပွဲတစ်ခုလာထိုးတယ်..
သူအနိုင်ရလိုက်ပြီး ဆုတွေလက်ခံပြီး စင်ပေါ်ကဆင်းလာတော့ မိန်းမတစ်ယောက် သူ့အနားလာပြီး မသာယာတဲ့မျက်နှာနဲ့..
" အို ချန်ပီယံကြီးရယ်..ကျမကိုကူညီပါလားရှင်..ကျမသားလေး အပြင်းဖျားပြီး
ဆေးရုံတက်စရာလည်း ပိုက်ဆံမရှိလို့ ကူညီပါလားရှင် "ဆိုတော့
လက်ဝှေ့သမားက တွေဝေခြင်းအလျဉ်းမရှိ..သနားဂရုဏာစိတ်သက်တဲ့အမူအယာနဲ့
" ဒါဆို တော်တော်စိုးရိမ်စရာပဲ..ကဲ ကဲ ရော့.ဟောဒါ ကျနော့်မှာပါတာအကုန်ပဲ..
ခင်ဗျားကလေးကို ဆေးရုံအမြန်တင်လိုက်ပါနော် " ဆိုပြီး ဆုကြေးငွေအကုန်လုံးကို
ပေးလိုက်တော့တယ်..ကလေးအမေလည်း သူ့အပါးက အမြန်ဆုံးပြေးထွက်သွားတော့
တာပေါ့..
နောက်တစ်နေ့ လက်ဝှေ့သမားက ဆေးရုံတင်ရတဲ့ကလေးအခြေအနေ နီးစပ်ရာကိုစုံစမ်း
ကြည့်တော့ အဲဒီအခါမှာ အားလုံးက လှောင်ပြောင်သရော်တဲ့အကြည့်နဲ့
" ခင်ဗျားအလိမ်ခံလိုက်ရတာပဲ..အဲဒီမိန်းမမှာ ဘာကလေးမှမရှိဘူးဗျ..ခင်ဗျားဆီက ပိုက်ဆံ လိမ်တောင်းသွာတာ " လို့ပြောလိုက်တော့..
လက်ဝှေ့သမားက အံသြသွားပြီး သက်ပြင်းချလိုက်ကာ ဝမ်းသားတဲ့အမူအရာနဲ့..
" ဒါဆို ဘယ်ကလေးမှ ဆေးရုံမတက်ရဘူးပေါ့..တော်ပါသေးရဲ့ဗျာ..ကျနော့်မှာ
အဲ့ကလေးအတွက် တစ်ညလုံးစိတ်ပူနေတာ..ဒီလိုဆိုတော့ တော်သေးတာပေါ့ဗျာ "
တဲ့...
ကဲ...သူဆုံးသွားတဲ့ပိုက်ဆံကိုတွေးမပူ..သူစိုးရိမ်ပူပန်နေမိတဲ့ ကလေးတစ်ယောက်
မဖျားလဲမဖျား..ဆေးရုံလဲမတင်ရဆိုတာကိုပဲ ဝမ်းသာသွားလိုက်သေး..ဘယ်လောက်
လေးစားစရာကောင်းတဲ့ သူတစ်ပါးအတွက်တွေးပေးတတ်တဲ့ စိတ်ဓာတ်လဲ..
ဒီနေရာမှာ အတော်များများက လိမ်သွားတဲ့မိန်းမကို ကျိန်ဆဲကောင်းကျိန်ဆဲစိတ်တိုမိမှာပဲ..
သူ့လိုတော့ ဝမ်းမြောက်ဝမ်းသာ စိတ်မျိုးတော့ ပေါ်လာမှာမဟုတ်တာသေချာတယ်..
ဒါဘာလဲဆိုတော့ အများစုက "ငါ "တည်းဟူသော အတ္တရှုထောင့်ကသာတွေးလေ့ရှိကြပြီး
"သူ "တည်းဆိုသော ပရရှုထောင့်ကို တွေးလေ့မရှိတတ်တာပါပဲ..
လူတွေအများစုကြီးဟာ အသာစံရမယ့်ကိစ္စမျိုးမှာတော့
" ငါစားမယ်.ငါပိုင်တယ်.ငါယူမယ်.ငါရသင့်တယ် " ဆိုတဲ့ " ငါ "ရှုထောင့်ကတွေးကြပြီး.
အနာခံရမယ့်ကိစ္စမျိုးမှာတော့
" သူက ဘာလုပ်နေတာလဲ.သူ့မှာတာဝန်ရှိတယ်.သူလုပ်သင့်တာပေါ့.သူလုပ်မှဖြစ်မှာလေ"
ဆိုပြီး "သူ" ရှုထောင့်က ပြောင်းလဲတွေးခေါ်ပါတော့တယ်..
ဒါဟာ လောဘ ဒေါသ မောဟ ကြီးသူတို့ဟာ ငါ ရှုထောင့်သမားတွေဖြစ်လာကြပြီး
မေတ္တာ ဂရုဏာ မုဒိတာ သမားများကတော့ သူ ရှုထောင့်သမားတွေ ဖြစ်လာကြတယ်..
ပင်လုံမှာ လူထုခေါင်းဆောင်ကပြောတယ်..သူတစ်ပါးကို အပြစ်တင်တဲ့ ရှုထောင့်က..
ငါဘာယူရမလဲဆိုတဲ့ ရှုထောင့်က မကြည့်ကြပဲ..သူတစ်ပါးမှာ ဘာခံစားချက်ရှိမလဲ..
ငါ ဘာလုပ်ပေးရမလဲ ဆိုတဲ့ရှုထောင့်က ကြည့်ပေးကြပါ..ဒါမှ ငြိမ်းချမ်းရေးခရီးနီးမယ်
ဆိုတဲ့စကားဟာလဲ မဟတ္တမဂန္ဓီရဲ့ ဖိနပ်တစ်ဖက်အတွေးလို..လက်ဝှေ့သမားရဲ့ မုဒိတာ
အပြုံးလို ပါရမီရှင်တို့ရဲ့ အတွေး စိတ်ဓာတ်တွေပါပဲဆိုတာလေး
မြန်မာပြည်ကြီး..ထိုမှတစ်ဆင့် ကမ္ဘာမြေကြီး..ထိုမှတစ်ဆင့် လောကသုံးပါး ငြိမ်းချမ်းပါစေကြောင်း ဒီစာတစ်ပုဒ်နဲ့ တင်ပြတိုက်တွန်းပါရစေ..
လောကကြီးမှာ..
"ငါ" ရှိရုံမျှဖြင့် "ငါ" သည်အဓိပ္ပယ်မရှိ..
"သူ" ရှိမှသာလျှင် "ငါ" လည်း အဓိပ္ပယ်ရှိလိမ့်မည်..
"သူ" ကို တန်ဘိုးထားမှ "ငါ" လည်း တန်ဘိုးရှိလိမ့်မည်..
သူတစ်ပါးနေရာမှ တွေးပေးတတ်တဲ့ အလေ့အထကောင်းများ လူအများရင်ဝယ်
ကိန်းအောင်းလာနိုင်ကြပါစေကြောင်း.......
(မောင်ကြည့်ဧ။် သူတစ်ပါးနေရာမှ တွေးခြင်း ဆောင်းပါးအား ကောက်နုတ်မီငြမ်း၍ )
Thetdwe Aung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။