လူစွမ်းကောင်းဖေဖေ
==============
ည ဇာတ်ခုံမှာ အများပျော်အောင်
သရုပ်ဆောင် ကနေတဲ့ မင်းသားကြီးလို မသားနားပေမယ့်
ဘဝ ဇာတ်ခုံပေါ်မှာ သားမယားပျော်အောင်
လုပ်ဆောင်နေတဲ့ ဖေဖေကြီးက လောကကြီးမှာ
လေးစားစရာပါ
စာတတ် ပညာတတ် အရွတ်အရာရှိတဲ့
သူတွေလို ကျက်သရေအုပ်ပေါင်း မစွပ် ဆောင်းနိုင်လို့ မခန့်ညားနေပေမယ့်
ခမောက်စုတ် ကောက်ထုတ် ဆွဲဆောင်းပြီး
မိုးရွာမရှောင် နေပူထဲမှာ ချွေးရည်ချွေးခဲ
စိုစိုရွှဲတဲ့ တို့ဖေဖေက မိသားစုအတွက်
အခန့်သားကြီးပါ
လူ့ ဝမ်းတထွာအတွက် ကျဉ်းကျဉ်းလေးနဲ့
အပြည့် ခက် တာကြောင့်
ဘဝရဲ့ သမုဒ္ဒရာက ရင်ပြင် ကျယ်ကြီးမှာ
သောကလှေလေးတစီးနဲ့
မိသားစုဘဝ သာယာရေးအတွက်
မုန်တိုင်းမကြောက် လှိုင်းမကြောက်ပဲ ဖေဖေတယောက်တည်း သွားရဲတယ်
သူ့ အသားကိုစားချင်လို့ သူ့အသက်ကို သတ်ပေး
ရမယ်ဆိုလျှင်တောင် ငရဲမကြောက်ဝဋ်မကြောက်
အဖေတယောက်တည်း လုပ်ရဲတယ်
အဖေဆိုတာ
သမုဒ္ဒရာ ဝမ်းတထွာအတွက် ရုန်းကန်လှူပ်ရှား
ရတဲ့အချိန်တွေမှာ သောကပူပင်တွေရဲ့ ဖိစီး
မူ့တွေကြောင့် ဘုရား တရား အသိ နည်းချင်
နည်းမယ် ဒါပေမယ့် သားမယားအတွက်
သတိတော့ သူ အမြဲရှိခဲ့သူပါ
သားမယား စိတ်ချမ်းသာဖို့အတွက်
ခံစားသမျှကို သူ ဝှက်ထားတတ်တယ်
သားမယားတွေ ကိုယ်ချမ်းသားဖို့အတွက်
အသဲ အသက်ပေးလို့ စွန့်စားတတ်တယ်
အဖေတယောက် ဘယ်အရာမဆိုရင်ဆိုင်နိုင်တာ
အနားနံဘေးက အားဆေးတွေကြောင့်ပါ
အဖေ့ အသက်တွေ ဘယ်လောက်ပဲကြီးကြီး
သားသမီးနဲ့ဇနီးမယားက အဖေ့အတွက်
မရှိမဖြစ် ရှိထားသင့်တဲ့ အဖေ့ရဲ့
ဘဝ ခွန်အားကြီးတွေပါ
အဖေအားလုံးကျန်းမာကြပါစေ
✒လေးစားစွာဖြင့်
✏ကျွဲကျောင်းသား
https://www.facebook.com/ zawmyothankthanmayar/
==============
ည ဇာတ်ခုံမှာ အများပျော်အောင်
သရုပ်ဆောင် ကနေတဲ့ မင်းသားကြီးလို မသားနားပေမယ့်
ဘဝ ဇာတ်ခုံပေါ်မှာ သားမယားပျော်အောင်
လုပ်ဆောင်နေတဲ့ ဖေဖေကြီးက လောကကြီးမှာ
လေးစားစရာပါ
စာတတ် ပညာတတ် အရွတ်အရာရှိတဲ့
သူတွေလို ကျက်သရေအုပ်ပေါင်း မစွပ် ဆောင်းနိုင်လို့ မခန့်ညားနေပေမယ့်
ခမောက်စုတ် ကောက်ထုတ် ဆွဲဆောင်းပြီး
မိုးရွာမရှောင် နေပူထဲမှာ ချွေးရည်ချွေးခဲ
စိုစိုရွှဲတဲ့ တို့ဖေဖေက မိသားစုအတွက်
အခန့်သားကြီးပါ
လူ့ ဝမ်းတထွာအတွက် ကျဉ်းကျဉ်းလေးနဲ့
အပြည့် ခက် တာကြောင့်
ဘဝရဲ့ သမုဒ္ဒရာက ရင်ပြင် ကျယ်ကြီးမှာ
သောကလှေလေးတစီးနဲ့
မိသားစုဘဝ သာယာရေးအတွက်
မုန်တိုင်းမကြောက် လှိုင်းမကြောက်ပဲ ဖေဖေတယောက်တည်း သွားရဲတယ်
သူ့ အသားကိုစားချင်လို့ သူ့အသက်ကို သတ်ပေး
ရမယ်ဆိုလျှင်တောင် ငရဲမကြောက်ဝဋ်မကြောက်
အဖေတယောက်တည်း လုပ်ရဲတယ်
အဖေဆိုတာ
သမုဒ္ဒရာ ဝမ်းတထွာအတွက် ရုန်းကန်လှူပ်ရှား
ရတဲ့အချိန်တွေမှာ သောကပူပင်တွေရဲ့ ဖိစီး
မူ့တွေကြောင့် ဘုရား တရား အသိ နည်းချင်
နည်းမယ် ဒါပေမယ့် သားမယားအတွက်
သတိတော့ သူ အမြဲရှိခဲ့သူပါ
သားမယား စိတ်ချမ်းသာဖို့အတွက်
ခံစားသမျှကို သူ ဝှက်ထားတတ်တယ်
သားမယားတွေ ကိုယ်ချမ်းသားဖို့အတွက်
အသဲ အသက်ပေးလို့ စွန့်စားတတ်တယ်
အဖေတယောက် ဘယ်အရာမဆိုရင်ဆိုင်နိုင်တာ
အနားနံဘေးက အားဆေးတွေကြောင့်ပါ
အဖေ့ အသက်တွေ ဘယ်လောက်ပဲကြီးကြီး
သားသမီးနဲ့ဇနီးမယားက အဖေ့အတွက်
မရှိမဖြစ် ရှိထားသင့်တဲ့ အဖေ့ရဲ့
ဘဝ ခွန်အားကြီးတွေပါ
အဖေအားလုံးကျန်းမာကြပါစေ
✒လေးစားစွာဖြင့်
✏ကျွဲကျောင်းသား
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။