"Just and Already " အကြောင်း လေ့လာကြည့်ကြရအောင်
*********************************
(1) Just = ရုံမျှ ။ မျှသာ ။ ခုလေးတင် ။
*********************************
(1) Just = ရုံမျှ ။ မျှသာ ။ ခုလေးတင် ။
"အလုပ်တစ်ခုကို မကြာသေးမီက လောလောလတ်လတ်မှာ ပြီးစီးတာဖြစ်ကြောင်း ဖော်ပြပါတယ်......"
1. Have you seen Sayar Tun Naing Toe anywhere?
ဆရာထွန်းနိုင်တိုးကို တစ်နေရာရာမှာ တွေ့ခဲ့မိလားဟေ့။
Yes, I have just seen him.
ဟုတ်ကဲ့ ..ခုလေးတင် သူ့ကို တွေ့ခဲ့တယ်။
2. Would you like something to eat ?
တစ်ခုခု စားမလားဟေ့။
No, thanks. I have just had dinner.
ကျေးဇူးတင်ပါတယ် ၊မစားတော့ပါဘူး ။ ခုလေးတင် ညစာ စားထားပြီးလို့ပါ။
3. Would you like to read this book?
်ဒီစာအုပ်ကို ဖတ်မလား။
No , thank you. I've just read it.
ဟင့်အင်း ၊ ကျေးဇူးပါပဲ ။ ခုလေးတင် ဖတ်ပြီးပါတယ်။
4. Would you like something to drink?
တစ်ခုခု သောက်ပါလား။
No , thank you .I've just had one.
ဟင့်အင်း ၊ ကျေးဇူးပဲဗျာ..။ ကျွန်တော် ခုလေးတင် သောက်ပြီးလို့ပါဗျာ..။
(2) Already = နှင့်ပြီး (သိနှင့်ပြီး ၊စားနှင့်ပြီး )
"အလုပ်တစ်ခုကို ကြိုတင်လုပ်ကိုင် ပြီးစီးနှင့်ပြီ ဖြစ်ကြောင်းဖော်ပြထားပါတယ်။"
1. Don't forget to post the letter, will you?
စာကို ထည့်ဖို့ မမေ့ပါနဲ့နော်။
I've already posted it.
ကျွန်တော် ထည့်တောင်ပြီးပါပြီဗျာ။
2. When is Sayar Thiha going to night club?
ဆရာသီဟ night club ကို ဘယ်အချိန်သွားမှာတဲ့လဲ။
He has already gone.
သူ သွားနှင့်ပြီလေ။
3. Be carefully ! you will tear your longyi.
သတိထား ၊ လုံချည်စုတ်(ပြဲ) လိမ့်မယ်။
I've already torn it.
ပြဲပြီးသွားပါပြီဗျာ...( ပြောတာတောင် နောက်ကျနေသေးတယ်နော်)။
4. When will you sell your car?
ခင်ဗျားရဲ့ကားကို ဘယ်အချိန်ရောင်းမှာလဲဗျ။
I've already sold it. I sold it yesterday.
ရောင်းပြီးနှင့်ပြီးဗျာ ။ မနေ့ကပဲ ရောင်းလိုက်တာ။
5. When will Sayar Saw go to Taungoo ?
ဆရာစော တောင်ငူသို့ ဘယ်တော့ သွားမှာလဲ။
He has already gone to Taungoo.
သူ တောင်ငူသို့ သွားနှင့်ပြီလေ။
He went there this morning.
သူ ဒီနေ့မနက်ကပဲ သွားပြီလေ။
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ......."

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။