#အစွမ်းကုန်_အားထုတ်ပြီးပြီ လား
သားအဖ နှစ်ယောက် တောအုပ်လေးတစ်ခုကို ဖြတ်ရင်း အိမ်ပြန်လာကြတယ်။ တောလမ်းလေးအတိုင်း လမ်းလျှောက်လာရာက သစ်ပင်ကြီးတစ်ပင်ရဲ့ အကိုင်းကြီးတစ်ခုဟာ ကျိုးကျပြီး လမ်းပေါ်မှာ ကန့်လန့်ဖြတ်ပိတ်နေတယ်။ အဖေက သားကို ပြောတယ်။ သူတို့ သစ်ကိုင်းကြီးကို ရှောင်ကွင်းပြီး သွားလို့ရပေမယ့် မြင်းလှည်း၊ နွားလှည်းသမားတွေအတွက် ဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့် သူ့သားကို ပြောလိုက်တယ်။
"ငါ့သား သစ်ကိုင်းကြီးကို လမ်းဘေးရောက်အောင် ဖယ်လိုက်ကွာ"
"ဟာ အဖေကလဲ။ သစ်ကိုင်းက အကြီးကြီး ကျွန်တော်မဖယ်နိုင်ဘူးထင်တယ်"
"မင်းရဲ့ အစွမ်းကို အကုန်ထုတ်သုံးရင် ဖယ်နိုင်ပါတယ်"
သားဟာ အားစိုက်ပြီး သစ်ကိုင်းကြီးကို တွန်းတယ်။ သစ်ကိုင်းဟာ လှုပ်ရုံပဲ လှုပ်တယ်။ မရွေ့ဘူး။ ဒီတော့ သူက အဖေကို ပြောပြန်တယ်။
"အဖေ သစ်ကိုင်းကြီးက ရွေ့တောင်မရွေ့ဘူး"
"မင်းရဲ့ အစွမ်းကို အကုန်မထုတ်သုံးလို့ပါ။ ထုတ်သုံးပါအုံး"
ဒီတခါ သားဟာ သစ်ကိုင်းကြီးကို ပိုပြီး အားစိုက်တွန်းတယ်။ သစ်ကိုင်းဟာ နည်းနည်းလေးပဲ ရွေ့တယ်။ လမ်းဘေးကို မရောက်ပါဘူး။ သူဟာ မောပန်းလွန်းလို့ စိတ်ဆိုးသွားပြီး အဖေကို သစ်ကိုင်းကြီးကို မဖယ်တော့ဘဲ ကွင်းရှောင်သွားကြရအောင်လို့  ပြောတယ်။ အဖေက
"သစ်ကိုင်းကြီး မင်း ဘယ်ဖယ်နိုင်ပါ့မလဲ။ မင်းရဲ့အစွမ်းကို အကုန်မှ မသုံးတာကိုး"
"အဖေမြင်တဲ့အတိုင်းပဲလေ။ သား အစွမ်းကုန်အားစိုက်လို့ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေပြီ"
"မင်းအစွမ်းထဲမှာ ငါလည်းပါတယ်လေ။ ငါ့ကို ဘာလို့ အကူအညီ မတောင်းတာလဲ"
အလုပ်တစ်ခုကို အစွမ်းကုန်ကြိုးစားလို့ မအောင်မြင်နိုင်ဘူးဆိုပြီး စိတ်ပျက်လက်လျှော့တော့မယ်လို့ စိတ်ကူးရင် ဒါတွေလုပ်ပြီးပြီလားဆိုတာ စဉ်းစားလိုက်ပါအုံး။
- မိဘ၊ မောင်နှစ်မ၊ ဆွေမျိုးတွေနဲ့ တိုင်ပင်ကြည့်ပြီးပြီလား
- အတွေ့အကြုံရှိတဲ့ လူကြီးတွေကို ပြောပြအကူအညီတောင်းပြီးပြီလား
- တတ်သိနားလည်တဲ့ ဆရာတွေဆီက အကြံဉာဏ်တောင်းပြီးပြီလား
- စာအုပ်စာတမ်း အင်တာနက်တွေမှာ အဖြေကို ရှာကြည့်ပြီးပြီလား
ဗန်းမော်သိန်းဖေ
၁၉-၀၁-၂၀၁၇
သားအဖ နှစ်ယောက် တောအုပ်လေးတစ်ခုကို ဖြတ်ရင်း အိမ်ပြန်လာကြတယ်။ တောလမ်းလေးအတိုင်း လမ်းလျှောက်လာရာက သစ်ပင်ကြီးတစ်ပင်ရဲ့ အကိုင်းကြီးတစ်ခုဟာ ကျိုးကျပြီး လမ်းပေါ်မှာ ကန့်လန့်ဖြတ်ပိတ်နေတယ်။ အဖေက သားကို ပြောတယ်။ သူတို့ သစ်ကိုင်းကြီးကို ရှောင်ကွင်းပြီး သွားလို့ရပေမယ့် မြင်းလှည်း၊ နွားလှည်းသမားတွေအတွက် ဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့် သူ့သားကို ပြောလိုက်တယ်။
"ငါ့သား သစ်ကိုင်းကြီးကို လမ်းဘေးရောက်အောင် ဖယ်လိုက်ကွာ"
"ဟာ အဖေကလဲ။ သစ်ကိုင်းက အကြီးကြီး ကျွန်တော်မဖယ်နိုင်ဘူးထင်တယ
"မင်းရဲ့ အစွမ်းကို အကုန်ထုတ်သုံးရင် ဖယ်နိုင်ပါတယ်"
သားဟာ အားစိုက်ပြီး သစ်ကိုင်းကြီးကို တွန်းတယ်။ သစ်ကိုင်းဟာ လှုပ်ရုံပဲ လှုပ်တယ်။ မရွေ့ဘူး။ ဒီတော့ သူက အဖေကို ပြောပြန်တယ်။
"အဖေ သစ်ကိုင်းကြီးက ရွေ့တောင်မရွေ့ဘူး"
"မင်းရဲ့ အစွမ်းကို အကုန်မထုတ်သုံးလို့ပါ။ ထုတ်သုံးပါအုံး"
ဒီတခါ သားဟာ သစ်ကိုင်းကြီးကို ပိုပြီး အားစိုက်တွန်းတယ်။ သစ်ကိုင်းဟာ နည်းနည်းလေးပဲ ရွေ့တယ်။ လမ်းဘေးကို မရောက်ပါဘူး။ သူဟာ မောပန်းလွန်းလို့ စိတ်ဆိုးသွားပြီး အဖေကို သစ်ကိုင်းကြီးကို မဖယ်တော့ဘဲ ကွင်းရှောင်သွားကြရအောင်လို
"သစ်ကိုင်းကြီး မင်း ဘယ်ဖယ်နိုင်ပါ့မလဲ။ မင်းရဲ့အစွမ်းကို အကုန်မှ မသုံးတာကိုး"
"အဖေမြင်တဲ့အတိုင်းပဲလေ။ သား အစွမ်းကုန်အားစိုက်လို့ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေပြီ"
"မင်းအစွမ်းထဲမှာ ငါလည်းပါတယ်လေ။ ငါ့ကို ဘာလို့ အကူအညီ မတောင်းတာလဲ"
အလုပ်တစ်ခုကို အစွမ်းကုန်ကြိုးစားလို့ မအောင်မြင်နိုင်ဘူးဆိုပြီး စိတ်ပျက်လက်လျှော့တော့မယ်လိ
- မိဘ၊ မောင်နှစ်မ၊ ဆွေမျိုးတွေနဲ့ တိုင်ပင်ကြည့်ပြီးပြီလား
- အတွေ့အကြုံရှိတဲ့ လူကြီးတွေကို ပြောပြအကူအညီတောင်းပြီးပြီလ
- တတ်သိနားလည်တဲ့ ဆရာတွေဆီက အကြံဉာဏ်တောင်းပြီးပြီလား
- စာအုပ်စာတမ်း အင်တာနက်တွေမှာ အဖြေကို ရှာကြည့်ပြီးပြီလား
ဗန်းမော်သိန်းဖေ
၁၉-၀၁-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။