Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 18, 2017

((( အလုပ်စလျှောက်မည့် Fresher candidates များအတွက် … ခက်ခဲသော interview မေးခွန်း များဖြေဆိုနည်း )))

((( အလုပ်စလျှောက်မည့် Fresher candidates
များအတွက် … ခက်ခဲသော interview မေးခွန်း
များဖြေဆိုနည်း )))

ကျောင်းပြီးစ အလုပ်ခွင်ဝင်မယ့် လူငယ်တွေအတွက် အလုပ်ရဖို့ အရေး ပြိုင်ဆိုင်မှု များ ဟာ တစ်ခါတစ်လေမှာ ရက်စက်လှပါပေတယ်… သို့ ပေသိ လူငယ်တွေ အနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ အကြံကောင်းလေးများကို အင်တာဗျူး အတွင်းဖြစ်စေ…အလုပ် ရှာနေတုန်းဖြစ်စေ လိုက်နာနိုင်မည်ဆိုပါက အလုပ်အကိုင်ကောင်း ရရှိရန် အခွင့်အလန်းများကို တိုးစေမှာပါ……
အောက်ဖော်ပြပါ အင်းတာဗျူး Tips လေးတွေက Linkedin မှာ အလုပ်အောင်မြင်မှုနဲ့ ပက်သက်ပြီး ရေးသားသူတွေထဲမှာ ထင်ရှားတဲ့ Sarwan Singh ရဲ့  Tips for interview and job hunt ကို ဘာသာပြန်ထားတာပါ…

၁။ First impression ရဲ့ အရေးကြီးပုံကို နားလည် ပါ..
အမြဲတမ်း မှတ်ထားရမှာက
First impression သည် last impression ဖြစ်တယ်ဆိုတာပါပဲ….
နောက်တစ်ခုကတော့ last impression သည် the lasting impression ဆိုတာပါပဲ….
ဆိုလိုယင်းကတော့ သင့်ကို အလုပ်ရှင် (အင်တာဗျူးသူ)က ပထမဆုံး အကဲခတ်တဲ့ အချိန် ဖြစ်ပေါ်လာတဲ့ ထင်မြင်ယူဆချက် ဟာ ထိုအလုပ်ရှင် (အင်တာဗျူးသူ)ရဲ့  စိတ်ထဲ မှာ အမြဲတမ်း စွဲမြဲနေမယ့် ယူဆချက် ဆိုတာပါပဲ…..
အဲ့ဒီ စွဲမြဲနေမယ့် ယူဆချက်က အမြဲတမ်း မပြောင်းမလဲ စွဲမြဲသွားတတ်ပါတယ် ဆိုတာကို လည်း နားလည်ထားဖို့ လိုပါတယ်…..
အင်တာဗျူး မှာ ရွေးချယ်ဖို့ ဆုံးဖြတ်တာဟာ အင်တာဗျူး ပြီးမှ ဆုံးဖြတ်တာလို့ မထင်စေချင်ပါဘူး..အင်တာဗျူး စစချင်းမှာ သင့်ကို အကဲ ခတ်ပြီး ယူဆလိုက်တဲ့ ထင်မြင်ယူဆချက်က သင်အင်တာဗျူး အောင်မလား မအောင်ဘူးလား အပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်….

အင်တာဗျူးသွားတဲ့ နေရာမှာ ပထမဆုံး ၅ မိနစ်က အရေးအကြီးဆုံးလို့ လူအများက ယုံကြည်ကြပါတယ်..အဲ့ဒီ ၅ မိနစ်အတွင်းမှာ first impression ကောင်းရမလို့ မိမိရဲ့  စိတ်ဓါတ်ခွန်အားကိုလည်း အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်… အင်တာဗျူး နေရာသို့ အချိန်အနည်းငယ် စောရောက်သင့်ပါတယ်… ၁၅ မိနစ်ထက်လည်း မစောစေပါနဲ့ …. အင်တာဗျူး အခန်းထဲသို့ မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ဝင်ရပါမယ်… မိမိ လှုပ်ရှားမှု မှန်သမျှ ဟာ ယုံကြည်မှု အပြည့် ရှိနေသင့်ပါတယ်…
ထိုင်ခုံမှာ ထိုင်တဲ့ အခါမှာလည်း စမတ်ကျကျ (အရမ်းပျော့ခွေနေတာမျိုး တောင့်တင်းနေတာမျိုးမဖြစ်စေပါနဲ့ ) ထိုင်ပါ…. သင့်ကိုယ်သင် မိတ်ဆက်တဲ့အခါမှာလည်း ယုံကြည်မှုအပြည့်နဲ့ မိတ်ဆက်ပါ…. အ၀တ်အစား သတ်ရပ်မှုပါစေ….. အဲဒီအချက်တွေက first impression အတွက် အရမ်းအရေးပါလှပါတယ်..

၂။ နောက်တစ်ခုက တော့ အင်တာဗျူးတွေ မှာ အမေးခံရလေ့ ရှိတဲ့  ကိုယ့်ရဲ့ အကြောင်းကို ဖော်ပြခိုင်းတာပါပဲ (Tell me about yourself)
ဒီမေးခွန်းက အင်တာဗျူးမှာ အချင်းချင်း အပြန်အလှန်နှုတ်ဆက်ပြီးတာနဲ့ မေးခံရတတ်ပါတယ်..လွယ်မလို ထင်ရပေမယ့် အရမ်းအရေးကြီးတဲ့ မေးခွန်းပါ…ဖြေဆိုပုံပေါ်မူတည်ပြီး အင်တာဗျူး အဖြေပြောင်းသွားနိုင်လို့  first impression လိုပဲ အရေးကြီးလှပါတယ်…
အဲ့ဒီအတွက် အင်တာဗျူးမဖြေခင်ကတည်းက အဲ့ဒီမေးခွန်းကို ဖြေကြားဖို့  ၂ မိနစ်စာ စကားစုလေး ပြင်ဆင်သွားသင့်ပါတယ်..ပြီးယင်လည်း အဲ့ဒါကို ဘယ်လို သီကုန်း ပြောဆိုမလည်းဆိုတာ လေ့ကျင့်သွားသင့်ပါတယ်… (ဒါပေမယ့် ဖြေတဲ့ အချိန်မှာတော့ အလွတ်ကျက်ထားသလိုမျိုးမဖြစ်အောင် သတိထားပါ)..အင်တာဗျူးတဲ့သူ တော်တော်များများက အလွတ်ကျက်တာကို အကဲခတ်တတ်ပါတယ်….
အဲ့ဒီ ၂ မိနစ်စာပြောတဲ့အကြောင်းအရာတွေက အလုပ်နဲ့ ပညာရေး ပက်သက်တာတွေပဲဖြစ်ပါစေ…..အကယ်လို့ အလုပ်အကိုင် အတွေ့ အကြုံမရှိဘူးဆိုပါက ကျောင်းမှာ ဘယ်လိုတွေ စာသင်ကြားခဲ့တယ်..စာကျိုးစားခဲ့တယ်..ဘယ်လို activity တွေမှာပါခဲ့တယ်ဆိုတာကို ပြောပြနိုင်ပါတယ်…
ဒါ့အပြင် မိမိရဲ့ ပထမဆုံးအလုပ်အကိုင်ကို ဘ ယ်လို မျှော်လင့်ထားကြောင်း…မိမိရဲ့  ဘ၀ရည်မှန်းချက်က ဘာဖြစ်ကြောင်းလဲ ပြောနိုင်ပါတယ်….
အကျဉ်းချုပ်အနေနဲ့ ပြန်ပြောရယင်တော့

- နှစ်မိနစ်စာ စကားစုလေးပြင်သွားပါ။
-မိမိ အယင်က လုပ်ခဲ့တဲ့ အလုပ်အတွေ့ အကြုံ နဲ့ ပက်သက်တာများ ဦးစားပေးပြောပါ…….
-အလုပ်အတွေ့ အကြုံမရှိသေးပါက မိမိ ပညာ သင်ကြားခဲ့စဉ်အချိန် လှုပ်ရှားခဲ့သည်များ (စာကြိုးစားမှု၊ လူမှုရေးလုပ်ငန်း) ကို ပြောပါ။
-အလုပ်အပေါ်ထားရှိတဲ့ မျှော်လင့်ချက်နဲ့ မိမိရဲ့ အနာဂါတ်ရည်မှန်းချက်ကို လည်း ပြောနိုင်ပါတယ်…

၃။ နောက် တစ်ခု အနေနဲ့ ကြုံရနိုင်တဲ့ မေးခွန်းကတော့ “ငါတို့ အလုပ် (company) အကြောင်း ဘယ်လောက်သိလဲ၊ “What do you know about our company?”
ဘယ်တော့ မှ မိမိအလုပ်လျှောက်မယ့် company အကြောင်းကို မလေ့ လာပဲနဲ့ မသွားပါနဲ့ …company အကြောင်းကို မသိပဲ အလုပ်သွားလျှောက်တာ ဟာ မိမိ ရဲ့ အလုပ်အပေါ်ထားရှိတဲ့ စိတ်ဝင်စားမှု အားနည်းလှတာကို ဖော်ပြနေပါတယ်…
အဲ့ဒါကြောင့် ကိုယ်အလုပ်လျှောက်မယ့် company အကြောင်းလေ့လာပါ။ အင်တာနက်မှာ ရှာဖတ်ပါ..လက်ကမ်းစာစောင်တွေကနေ ရှာဖတ်ပါ… ဒါမှမဟုတ် အလုပ်သွားလျှောက်တဲ့ နေ့ မှာ company ရဲ့ လက်ကမ်းစာစောင်တွေ တွေ့ ယင် တောင်းယူခဲ့ပါ…
ဖြေကြားတဲ့အခါမှာလည်း ၁။ company က ဘယ်တုန်းက တည်ထောင်ကြောင်း ၂။ နိုင်ငံအတွင်းမှာ ဘာတွေလုပ်ကြောင်း ၃။ သူ့ ဆီက ဖြန့် ဝေတဲ့ products တွေ ရှိယင် သုံးဖူးကြောင်း ပတ်ဝန်ကျင်က သုံးဖူးတဲ့ သူတွေ ဆီက ကြားဖူးကြောင်း ၄။ မိမိ အနေနဲ့ ဘယ်အချက်ကို အထူး စိတ်ဝင်စားကြောင်း ၅။ ဘယ် သတင်း အရင်းအမြစ်ကနေ ဒီအချက်တွေ ရရှိခဲ့ကြောင်း ပြောနိုင်ပါတယ်….

၎။ ခက်ခဲ့တဲ့ မေးခွန်း နောက်တစ်ခုကတော့ “မင်းကို ငါတို့ ဘာလို့ အလုပ်ခန့် သင့်တယ်လို့ မင်းထင်သလဲ” Why should we employ you?

ကိုယ့်ကိုကိုယ် ရောင်း ထွက်အောင် ကြေငြာ ရမယ့် အဖြေမျိုးဖြစ်ပါစေ….ရိုးဆင်းလွန်းလှတဲ့ မိမိက အရမ်းအလုပ်ကြိုးစားကြောင်း….ရိုးသားကြောင်း….အကောင်းဆုံးကြိုးစားမယ့်အကြောင်း အဲ့ဒါမျိုးတွေ မဖြေပါနဲ့ ….
ဒီအဖြေကို ဖြေဖို့ အတွက် မိမိလုပ်ကိုင်ရမယ့် တာဝန်တွေကို အယင်သိရပါမယ်..သိပြီးလို့ ရှိယင် မိမိ အယင် ရှိခဲ့တဲ့ လုပ်ငန်း အတွေ့ အကြုံနဲ့ ယှဉ်ပြီးဖြစ်စေ…မိမိ သင်ကြားထူးချွန်ခဲ့တဲ့ ပညာ နဲ့ ယှဉ်လို့ ဖြစ်စေ နှိုင်းယှဉ်ပြပြီး ဘယ်လို ကိုက်ညီမှုရှိကြောင်း ဖြေပေးရပါမယ်….နောက်တစ်ခုကတော့ ဒီအလုပ်နဲ့ ပက်သက်ပြီး မိမိ မှာ ရှိတဲ့ အရည်းအချင်းတွေကို ဖော်ပြရပါမယ်… ဥပမာ
မိမိ သည် ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကြောင်း
မိမိသည် တွေးခေါ် ချင့်ချိန်မှုကောင်းကြောင်း
မိမိသည် လူတွေကို စည်းရံုံး နိုင်စွမ်းရှိကြောင်း
စသဖြင့် လုပ်ငန်းတာဝန်နဲ့ ပက်သက်တဲ့ လိုအပ်တဲ့အရည်အချင်းတွေ မိမိ မှာ ရှိတာကို ပြောပေးရပါမယ်..
အောက်မှာ English လို ဥပမာ နည်းနည်း ပေးထားပါတယ်..
• I have good co-ordination skills
• I have Good analytical skills
• I can persuade people to see my point of view, and get the work done
• My greatest asset is my ability to motivate people
• Even during emergencies, I do not lose my cool
• I have good entrepreneurial skills
• I have consistently met my deadlines and targets
• Can say no to people when required to do so!
• I am very co-operative with my sub-ordinates. I like to see them grow
• I am a good team player
• I am very flexible, and I can work hard under difficult work conditions
• I have the experience and knowledge relevant to this job

(မှတ်ချက်။ ။ ဖြစ်နိုင်လျှင် မိမိပြောသော အရည်အချင်းများကို ဥပမာ များပေးနိုင်လျှင် ပို ကောင်းပါတယ်… ဥပမာ မိမိသည် ပေါင်းသင်းဆက်ဆံရေးကောင်းကြောင်း ကို ဖော်ပြရန်အတွက် မိမိ အယင်အလုပ်မှာ အထက်၊အောက် လုပ်ဖော်ကိုင်ဖက်များနှင့် မည်ကဲ့သို့ ပေါင်းသင်ဆက်ဆံရေးပြေပြစ်ခဲ့ကြောင်း အဲ့ဒီအတွက် မိမိ လုပ်ဆောင်ရမည့်လုပ်ငန်း တာဝန်များသည် အဆင်ပြေပြေနှင့် ပီးဆုံးခဲ့ကြောင်း) မှန်ကန်တဲ့ ဥပမာ များဖြစ်ပါစေ…လုပ်ကြံထားသော ဥပမာ ပေးခြင်းမှ ရှောင်ရှားပါ။

၅။ အခြား အလုပ်မှာရော မင်းကို ခန့် ဖို့ လျာထားတာ ရှိလား…အခြား အလုပ်ကော ရွေးခဲ့ထားရပြီလား (Do you have offers from other companies?)

ပထမဆုံးအလုပ်လျှောက်သူအနေနဲ့ အလုပ်တော်တော်များများကို တပြိုင်တည်း လျှောက်တတ်ပါတယ်.. အလုပ် ၂ ခု ၃ ခုလောက်လည်း တစ်ခါတည်း ရတတ်ပါတယ်…
အဲ့ဒီအချိန်မှာ ဒီလို မေးခွန်းမျိုးမေးခံရတတ်ပါတယ်…
အဲ့ဒီလို မေးခံရယင် မလိမ်ပါနဲ့ ..တခြား အလုပ်မှာ လည်း အရွေးခံထားရယင် ရကြောင်းပွင့်ပွင့်လင်းလင်းဖြေပါ….
ဘာအတွက်ပွင့်ပွင့်လင်းလင်းဖြေရလည်းဆိုတော့ မိမိ အလုပ် လျှောက်ထားတာ ဟာ အလုပ်ကို အတည်တကျ လိုချင်လို့ ရည်ရွယ်ချက် ရှိရှိလျှောက်နေတာ ဖြစ်ကြောင်း ပေါ်လွင်စေချင်လို့ ပါ…အဲ့လိုမှ မဟုတ်ယင် မိမိ က ဒီအလုပ်ကို ကြုံလို့ လျှောက်လိုက်တာ ရည်ရွယ်ချက်ခိုင်ခိုင်မာမာ မရှိဖူးလို့ ယူဆသွားနိုင်ပါတယ်..

ဘယ်မှာ အလုပ်ရထားလဲ ဆိုတာကို ပြောစရာမလိုပါဘူး….
(မှတ်ချက်။ ။ တခြားရထားသော အလုပ်သည် လည်း မိမိ အခု လျှောက်ထားသော အလုပ်နဲ့ သဘောတရားတူညီဖို့ လိုပါလိမ့်မယ်…ဥပမာ စာရင်းအင်းအလုပ်အကိုင်….အဲ့လိုမှ မဟုတ်ပဲ ဒီအလုပ်မှာ လျှောက်တာက စာရင်းအင်း အလုပ်အကိုင် နောက်အလုပ်မှာလျှောက်တာက reception/customer services ဆိုယင် မိမိမှာ ရရာအလုပ်လျှောက်နေသလို ဖြစ်သွားနိုင်ပါတယ်)

၆။ မျှော်မှန်းလစာ (What salary are your salary expectations?
အင်တာဗျူး စစချင်းမှာ အဲ့ဒီ မေးခွန်းမျိုး အမေးမခံရအောင်ကြိုးစားပါ… အမေးခံရယင်လည်း ချက်ချင်းမဖြေသေးပဲ လုပ်ရမည့် တာဝန်များကို အယင် ဆွေးနွေးလိုကြောင်း ပြီးမှ လစာ ကို ပြောနိုင်မည့်အကြောင်း လိမ်မာ ပါးနပ်စွာဖြေပါ…
အင်တာဗျူးဆုံးခါနီးကျမှ မေးယင်တော့ မိမိ ခန့် မှန်းထားသော လစာကို တိတိကျကျပြောလိုက်ပါ… ကုန်ပါနီရဲ့  ပေါ်လစီအတိုင်း ပေးပါတို့ ..ကုန်ပါနဲ့ မှ ပေးနိုင်သလောက်ပေးပါတော့ မဖြေပါနဲ့ ….

အဲ့ဒီအတွက် လစာကို တိတိကျကျ ခန့် မှန်းပြောဆိုနိုင်ဖို့ အယင်ဆုံး လေ့လာသွားပါ..ကုန်ပါနီ မှာ အသိ ရှိပါက ဘယ်လောက် ပေးကြောင်းစုံးစမ်းပါ…. ခန့် မှန်းလစာကို စုံစမ်း သိရှိထားတဲ့ လစာ ပတ်ဝန်းကျင်ပြောပါ..အတိအကျကြီးမပြောပါနဲ့ …
ကုန်ပါနီ ကနေ စုံစမ်းလို့ မရယင် တခြား အ မျိုးအစားတူတဲ့ ကုန်ပါနီ မှာ ဘယ်လောက်ပေးတတ်တာ …အလုပ်သဘောတရားတူတဲ့ တခြားသူတွေ ဘယ်လောက်ရတာမျိုးစုံစမ်းပါ….

တစ်ခါတစ်လေဆိုယင်တော့ လစာကို တမ်းမပြောခင် အင်တာဗျူးတဲ့ သူဆီက လစာ အပြင် တခြား ဘာ အခွင့်အရေးတွေ ရနိုင်သေးလဲဆိုတာကို အယင် မေးကြည့်ပါ…. (တချို့ အလုပ်တွေမှာ အခြေခံလစာက နည်းပေးမယ့် တခြား အခွင့်အရေး ဥပမာ bonus, ferry, lunch အဲ့ဒါတွေ ရှိတတ်ပါတယ်)

၇။ သင့်အနေနဲ့ ကုန်ပါနီကို မေးစရာမေးခွန်းရှိသေးလား (Do you have any questions for us?)

အဲ့လို မေးခံရပါက မရှိပါဘူးလို့ တိုတို တုတ်တုတ် မဖြေပါနဲ့ …မိမိ သိလို သောအကြောင်းအရာများကို သိအောင်မေးပါ…..ရွေးခံရမရ ဘယ်အချိန်သိမလဲ ဆိုတာ မေးနိုင်ပါတယ်…. တခြား မိမိ သိလိုသော အကြောင်းအရာများကို လည်း မေးမြန်းပါ….မိမိအနေနဲ့ ကုန်ပါနီက ဘယ်လို သင်တန်းတွေ ပေးမလဲ ဆိုတာမျိုး မေးမြန်းနိုင်ပါတယ်…

နောက်ဆုံးအနေနဲ့ ပြောရယင်တော့ ဖြေဆိုမှုအားလုံးက အမှန် တွေဖြစ်ပါစေ..လိမ်လည် ပြီး ကိုယ်ရည်သွေးဖြေဆိုတာမျိုး မဖြစ်ပါစေနဲ့ …. အလုပ်ရလို စောနဲ့ ကိုယ်ရည်သွေးဖြေဆိုယင် အလုပ်ရသွားနိုင်ပါတယ်..ဒါပေမယ့် တကယ်တမ်းကိုယ်နဲ့ ကိုက်ညီတဲ့အလုပ် မဟုတ်ပါက ခန လေးနဲ့ အလုပ်ကနေ ထွက်ဖြစ်ပါလိမ့်မယ်.. မထွက်ဖြစ်ယင်တောင် အလုပ်ခွင်မှာ အဆင်မပြေနိုင်ပါ… ပထမဆုံးအလုပ်ကနေ ခန လေးနဲ့ ထွက်လာတာ ဟာ မိမိ အတွက် မကောင်းလှပါဘူး….
နောက်တစ်ခုကတော့ တစ်ခု မကောင်း တစ်ခုပြောင်းမယ်ဆိုတဲ့ စိတ်ဓါတ်ကို သတိထားပါ..အလုပ်ပြောင်းရတာလွယ်ပါတယ်..ဒါပေမယ့် ရေရှည်ကြာလာတဲ့ အချိန်မှာ အလုပ်ခေါ်တဲ့သူတွေက အလုပ်မှာ ကြာကြာလုပ်မယ့်သူကို ရွေးခေါ်လေ့ ရှိပါတယ်…တကယ်တမ်းကို အမျှော်မှန်းဆုံးအလုပ်ကို လျှောက်တဲ့ အချိန်ကြမှ ယခင်ခနခန ပြောင်းခဲ့တဲ့ နောက်ကြောင်းကို မကြိုက်တဲ့အတွက် မိမိ အရည်အချင်းရှိသော်လည်း ရွေးချယ်မှု မခံရတာ မျိုးဖြစ်တတ်ပါတယ်…

အောက်ပါအချက်လေးများက အရေးကြီးလှပါတယ်…

ကိုယ့်ရဲ့  CV မှာ ဘယ်မှာ အလုပ်လုပ်နေတယ်ဆိုတာနဲ့ ငါအခု အလုပ်ရှာနေတယ်ဆိုတဲ့ စကားလုံးလေး ၂ လုံးက အရမ်းကို တာသွားလှပါတယ်…

ကုန်ပါနီက အရမ်းကောင်းနေပါက မျှော်မှန်းလစာထက်အနည်း ငယ် နည်းလည်း လက်ခံလိုက်ပါ…သင့်အနေနဲ့ ကိုယ့်အတွက် တိုးတက်ဖို့ သင်ကြားစရာတွေ ကုန်ပါနီက ရနိုင်လို့ ပါ…

တစ်ခါတစ်ရံမှ အလုပ် စစ၀င်ချင်းမှာ မိမိ ထားရှိခဲ့တဲ့ မျှော်လင့်ထားတာတွေနဲ့ အနည်းငယ်ကွာတတ်ပါတယ်..သည်းခံပြီးလုပ်ပါ…တဖြည်းဖြည်းနဲ့ မိမိ မျှော်မှန်းထားတာတေါ ရောက်ရှိလာပါမယ်….

မထင်မှတ်ထားသော အရမ်းမြင့်လှတဲ့ အလုပ်ကို အင်တာဗျူးမှာ ကောင်းစွာဖြေနိုင်ပါက ကံကောင်းယင် ရပါလိမ့်မယ်..ဒါပေမယ့် မှတ်ထားရမှာက အဲ့ဒီ နေရာဖို့ ရောက်ဖို့ လိုအပ်တဲ့ အရည်းအချင်းတွေ အတွေ့ အကြုံတွေကို ငါ ဘာမှ မသိခဲ့ပါလားဆိုတာကို သတိရှိပါစေ…. ပြီးယင် အဲ့ဒါတွေကို ပြန်လည်ဖြည့်ဆည်းနိုင်အောင် အားသွန်းခွန်စိုက်ကြိုးစားပါ… အဲ့ဒါမှ မဟုတ်ယင်တော့ သင့်ရရှိခဲ့တဲ့ မြင့်မားလှတဲ့ နေရာမှာ ခနတာပဲ ခံပါလိမ့်မယ်….

Credit to
ဘာသာပြန်သူ
Prospect Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။