Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 18, 2017

ယာဉ်လိုင်စင် အကြောင်း စုံစုံလင်လင် အမေး/ အဖြေများ

ယာဉ်လိုင်စင် အကြောင်း စုံစုံလင်လင် အမေး/ အဖြေများ


🏁ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဦး...

မေး -
ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကားတွေကို ဘယ်လိုစီမံဆောင်ရွက်သွားဖို့ ရှိပါသလဲ။

🔑ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကားတွေ အရေအတွက် တော်တော်များများရှိနေတယ်။ ဒါတွေကို အရေးယူရမယ်ဆို ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်တိုင်ကိုက တွန်းအားပေး ဆောင်ရွက်နေတယ်။ က.ည.န၊ ယာဉ်ထိန်းရဲ၊ စည်ပင်၊ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်အဖွဲ့တွေ၊ ထွေအုပ်တွေလည်း ပါတယ်။ ဒီလို ဌာန အသီးသီးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးဖမ်းဆီးတဲ့ အလုပ်တွေ လုပ်နေတယ်ပေါ့နော်။ ဖမ်းဆီးပြီးတော့ လိုအပ်သလို အရေးယူဆောင်ရွက်တဲ့ အပိုင်းကိုတော့ အစိုးရအဖွဲ့က ဆက်ပြီး လုပ်ကိုင်သွားပါလိမ့်မယ်။ ဖမ်းဆီးမိတဲ့ ကားတွေလည်း ရှိခဲ့ပါတယ်။

မေး -
အခုကားဈေးကွက်မှာ လိုင်စင်မဲ့ကားတွေ၊ စာရွက်စာတမ်းအတု အမှုတွေက ပိုများလာတယ်။ အဲ့တာတွေ နည်းပါးအောင်လို့ ဘယ်လိုလုပ်သင့်ပါသလဲ။

🔑အဲ့လို လိုင်စင်မဲ့ ကားတွေ အရှိန်အဟုန်နဲ့ ဖမ်းဆီးနေတော့ လူတစ်ချို့က က.ည.နက တရားဝင် ထုတ်ပေးတဲ့ ကမ-၃ လို့ခေါ်တဲ့ ယာဉ်သက်သေခံစာအုပ်ကို (အရပ်ခေါ် ဝှီးတက်ပေါ့) ဒါတွေကို အတုပြုလုပ်ပြီးခါမှ လိုင်စင်မဲ့ကားတွေမှာ ကပ်ပြီး အသုံးပြုနေတာတွေ၊ မသိနားမလည်တဲ့သူတွေကို ရောင်းချနေတာတွေ များလာတယ်။ အခုဒါတွေကို လည်း ဖမ်းဆီးအရေးယူမှုတွေလည်း ပြုလုပ်နေပါတယ်။ မသိနားမလည်တဲ့သူတွေ ကားဝယ်ယူတဲ့ အခါ နစ်နာ မှုမရှိအောင်လို့ ကားဝယ်တော့မယ်ဆိုရင် အဲ့ကားက မှတ်ပုံတင်ထားတဲ့ ကားဟုတ်လား၊ မဟုတ်လား၊ စာအုပ်တွေ၊ ယာဉ်သက်သေခံ လက်မှတ်တွေ မှန်၊ မမှန်ဆိုတာကို က.ည.န ခရိုင်ရုံးတွေမှာ မေးပါ၊ စစ်ဆေးပါ လို့ ဖိတ်ခေါ်ချင်တယ်။ ကျတော်တို့က မော်တော်ယာဉ် ဝယ်ယူသူ နစ်နာမှု မရှိစေချင်ဘူး။ အဲ့တာကြောင့် ကား ဝယ်တော့မယ်ဆိုရင် ဒီမှာ ယာဉ်လာစစ်ပါလို့ ပြောချင်တယ်။

မေး -
ယာဉ်စစ်ဆေးလို့ လိုင်စင်မဲ့ကား၊ စာရွက်စာတမ်းအတုနဲ့ကားဆိုရင် ဘယ်လို ဆက်လက်ဆောင်ရွက် ပါသလဲ။

🔑စစ်ဆေးလို့ မှတ်ပုံတင်ယာဉ်ဖြစ်ကြောင်း မှန်ကန်ရင်တော့ လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေး တယ်။ မမှန်ဘူးဆိုရင်တော့ ရောင်းချတဲ့သူကို အခုလို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာပေါ့နော်။ ဒါ့ကြောင့် ပြောချင်တာကတော့ လိုင်စင်မဲ့ကားတွေ ရောင်းချမှုရှိနေတဲ့အတွက် ဝယ်ယူတဲ့သူတွေ နစ်နာမှုမရှိအောင်လို့ အထူးဂရုစိုက်ပြီး ဝယ်စေချင်တယ်။ ဝယ်လိုက်ပြီဆိုလည်း သတ်ဆိုင်ရာ က.ည.နရုံးတွေမှာ ယာဉ်စစ်ဆေးခွင့် ခံယူသင့်တယ်လို့လည်း ပြောချင်ပါတယ်။ အမှုကတော့ ရဲကိုအပ်ရတာပေါ့။ အရေးယူမှုအပိုင်းကို ရဲက ဆက်လက်ဆောင်ရွက်ပါတယ်။ ဘယ်သူရောင်းတာ၊ ဘယ်သူဝယ်တယ်ဆိုတာကို ဆက်လက်စစ်ဆေးပြီး အရေးယူမှုကို ဆောင်ရွက်ပါတယ်။

မေး -
ယာဉ်သက်သေခံလက်မှတ်အတုတွေကို တားဆီးနိုင်အောင်လို့ ဘယ်လို ရှေ့ဆက်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

🔑အခုဆိုရင် ယာဉ်သက်သေခံ လက်မှတ်တွေအပေါ်မှာလည်း မသမာတဲ့ လူတစ်ချို့က အတုပြုလုပ်ပြီး ရောင်းချ မှုများ ရှိနေတယ်လို့ သိနေရတယ်။ တစ်ချို့ဆိုရင် အစ်ကိုတို့ ဝန်းထဲမှာ အခြားမှတ်ပုံတင် ကားတွေနဲ့ သက်တမ်းတိုးသလို ဘာလိုနဲ့ လာပြီးတော့ ဓာတ်ပုံရိုက်ပြီး ယာဉ်သက်သေခံလက်မှတ် အတုလုပ်တာတွေ ဘာတွေရှိနေတယ်။ အဲ့တာတွေကို နောက်ပိုင်းမှာ ကာကွယ်နိုင်အောင်၊ မဖြစ်အောင်လို့ ယာဉ်သက်သေခံ ကတ်ပြားတွေ အတုပြုလုပ်လို့ မရအောင် အရင်တုန်းက အသုံးပြုတဲ့ လူနဲ့ ဓာတ်ပုံရိုက်ခြင်းအစား CCTV နဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်တဲ့ နည်းစနစ်ကို မြင်သာ ခရိုင်ရုံးမှာ ပြောင်းလဲအသုံးပြုဖို့ လုပ်နေပါတယ်။ ဒါကလည်းပဲ ကားတွေကို လုံလုံခြုံခြုံနဲ့ သေသေချာချာ စနစ်တကျ ဖြစ်အောင်ဆိုပြီး ငွေအား၊ လူအားစိုက်ထုတ် ပြီး ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

မေး -
အနာဂတ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းမှုကို က.ည.နအနေနဲ့ ဘယ်လို စီမံသွားဖို့ ရှိပါသလဲ။

🔑အများပြည်သူသုံးလမ်းမတွေမှာ မောင်းနှင်တဲ့ကားတွေအနေနဲ့ ယာဉ်ကြံ့ခိုင်မှုနည်းပါးခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါကလည်း ယာဉ်အန္တရာယ် ကင်းရှင်းစွာနဲ့ ကားတွေ မောင်းနှင်နိုင်အောင်ရယ်၊ စနစ်တကျမောင်းနှင်မှုများ ရှိလာအောင်နဲ့ လမ်းအသုံးပြုသူတွေ အန္တရာယ် ကင်းစေအောင်လို့လည်း ပုံမှန်စစ်ဆေးမှုများလည်း ပြုလုပ်ပေး နေပါတယ်။ နောင်အနာဂတ်မှာတော့ က.ည.န အနေနဲပ ရည်ရွယ်ထားတာကတော့ လူနဲ့စစ်ဆေးတာအပြင် စက်နဲ့ စစ်ဆေးတဲ့အလုပ်တွေကိုလည်း တိုးချဲ့ပြီးတော့ လုပ်ကိုင်ဖို့လည်း စီစဉ်ထားတာ ရှိပါတယ်။ ဥပမာ Radio Frequency ID ဆိုတာမျိုးပေါ့။ CCTV ကင်မရာတွေတပ်ပြီး မှတ်တမ်းတင်တာပေါ့။ ကားတွေပေါ်မှာလည်း Chip ပြားလေးတွေ တပ်ဆင်ပြီး မှတ်တမ်း ယူတာမျိုးပေါ့။ ကင်မရာတွေကိုလည်း လူသွားလူလာများတဲ့နေရာတွေ၊ ကားအသုံးပြုမှု များတဲ့နေရာတွေ၊ မြို့ရဲ့ အဓိကကျတဲ့နေရာတွေမှာ တပ်ဆင်ပေးသွားမယ်။ အဲ့လိုမျိုးတွေတော့ စီစဉ်ထားတယ်။ အဲ့လို ကင်မရာ တွေ တပ်ဆင်ထားခြင်းဖြင့် ယာဉ်မှတ်ပုံတင်မဲ့ကားတွေ၊ စည်းကမ်းမဲ့ကားတွေကို အလွယ်တကူ အရေးယူမှုတွေ လုပ်နိုင်အောင်လို့ စီစဉ်ဖို့လည်း ရှိပါတယ်။

မေး -
လက်ရှိ မြန်မာအက္ခရာနဲ့ တပ်ဆင်မောင်းနှင်နေတဲ့ကားတွေက လိုင်စင်မဲ့တွေ ပါဝင်နိုင်ပါသလား။ အင်္ဂလိပ် အက္ခပြောင်းလဲမှုက ဘာကို အကျိုးပြုနိုင်ပါသလဲ။

🔑အရင်တုန်းကတော့ မော်တော်ယာဉ် နံပါတ်ကို မြန်မာ အက္ခရာနဲ့ပေးတာပေါ့နော်။ အခုနောက်ပိုင်းမှာတော့ အင်္ဂလိပ်အက္ခရာ ပြောင်းလဲကျင့်သုံးခဲ့တယ်။ အခုဆိုရင်တော့ ပြောင်းလဲကျင့်သုံးတာ ၂ နှစ်၊ ၃ နှစ်ရှိပြီပေါ့နော်။ အဲ့ကာလထဲမှာ ရန်ကုန်မြို့ ယာဉ်အစီးရေ ငါးသိန်းကျော်ထဲမှာ အင်္ဂလိပ် နံပါတ်ပြား မလဲရသေးတဲ့ တစ်သောင်း ကျော်လောက် ကျန်ပါတယ်။ ဌာနချုပ်ကလည်း ဒီဇင်ဘာလအထိ အင်္ဂလိပ်အက္ခရာ နံပါတ်ပြားပြောင်းလဲ တပ်ဆင်ရမယ်ဆိုတာမျိုးလည်း အမိန့်ထုတ်ထားပါတယ်။ သက်ဆိုင်ရာ ခရိုင်ရုံးတွေကို စာပို့ထားပါတယ်။ ယာဉ် ထိန်းရဲတပ်ဖွဲ့ကိုလည်း ဆောင်ရွက်ဖို့ တောင်းဆိုးထားပါတယ်။ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ အင်္ဂလိပ်နံပါတ်ပြားက ပိုပြီးစနစ်တကျရှိတယ်။ ဆိုလိုချင်တာက နည်းပညာသစ်တွေကို အင်္ဂလိပ်နံပါတ်ပြားမှာ ထည့်သွင်းထုတ်ပေးတာမျိုးလုပ်နေတာကြောင့် အင်္ဂလိပ်နံပါတ်ပြားက မြန်မာအက္ခရာ နံပါတ်ပြားထက် ပိုပြီး စိတ်ချရပါတယ်။ အတုပ လုပ်ရတဲ့နေရာမှာလည်း အင်္ဂလိပ်အက္ခရာက လုပ်ဖို့ မလွယ်တာကြောင့် အင်္ဂလိပ် နံပါတ်ပြားက ပိုပြီးသင့်တော်ပါတယ်။ အဲ့ဒါကြောင့်လည်း နံပါတ်ပြားအတုလုပ်တဲ့သူ တော်တော်များများက လည်း မြန်မာအက္ခရာနံပါတ်ပြားက လွယ်လွယ်ကူကူ လုပ်နိုင်တာကြောင့် လုပ်ကြတာများပါတယ်။ ဒါ့ကြောင့်မို့ လိုင်စင်မဲ့ကား ပပျောက်စေချင်လို့ အင်္ဂလိပ်အက္ခရာကို အလျင်အမြန်ပြောင်းလဲတပ်ဆင်ဖို့ ဦးစားပေးဆောင် ရွက်နေရတာပါ။ မှန်ပါတယ် တစ်ချို့ မှတ်ပုံတင်မဲ့ကားတွေက မြန်မာအက္ခရာနံပါတ်ပြားတွေ တပ်ဆင်နေကြ တာကလည်း များပြားလာတာတွေ့နေရပါတယ်။

မေး -
နံပါတ်ြပား ပျောက်ဆုံး လျှောက်ထားမှုတွေ ပိုမိုမြင့်တက်လာတာကြောင့် အဲ့အပေါ်မှာ ဆရာ့အနေနဲ့ သုံးသပ်ပြောကြားပေးပါဦး။

🔑တစ်ချို့တွေလည်း မှန်မှန်ကန်ကန်ပျောက်ဆုံးတာရှိပါတယ်။ မလိုလာအပ်တဲ့ အကြံစည်တွေနဲ့ ထုတ်ယူတာမျိုးမ ဖြစ်အောင်လို့ ဖောင်းကြွနံပါတ်ပြား တကယ်ပျောက်ဆုံးတယ်ဆိုရင် သတင်းစာမှာ ထည့်သွင်းကြေငြာတာမျိုး၊ ပိုင်ရှင်ကိုယ်တိုင် လျှောက်လွှာနဲ့ လျှောက်တဲ့ စနစ်မျိုးကို ကျင့်သုံးပြီး ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံးသူတွေကို ထုတ်ပေးနေပါတယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit >>>>
iCar Team
iCar.com.mm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။