နေတတ်ဖို့ လိုတယ်
___________
အတွေးအခေါ် ဆိုတာ
အချိန်နဲ့ အမျှရင့်ကျက်လာတာပါ
လူတွေ က အချိန်ရဲ့ လှိုက်စားခြင်းကို
နည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို
သတိမမှုဖြစ်ခဲ့ကြဘူး
အကျိုးမရှိတဲ့ အခိုက်အတန့် တွေကို
နင်းခြေဝါးမြို လိုက်တာဟာ
မိမိကိုယ်ကို အကျိုးမဲ့ ပျက်သုဉ်းစေပါတယ်
တစ်ချို့ က
အပျော်အပါးတွေနဲ့ မိတ်ဆွေဖွဲ့ ရင်း
တန်ဖိုးရှိတဲ့ အချိန်တွေကိုလျစ်လျူ ရှု့ ခဲ့ကြတယ်
တစ်ချို့ က
အိပ်ဖို့ | စားဖို့ လောက်တွေးရင်း
အချိန်တွေကို ဖျက်ဆီးတတ်ကြတယ်
တစ်ချို့ က
တစ်ပါးသူတွေကို ပုတ်ခတ်စောင်းမြောင်း ရင်း
အချိန်တွေကို အလေအလွှင့် လုပ်တတ်ကြတယ်
ဒီအချင်းအရာတွေဟာ
တကယ်တော့ မိမိကိုယ်ကို
ကျရှုံးအောင်သွယ်ဝိုက်ပြီး တွန်းပို့ နေတဲ့
ဖြစ်ရပ်ဆန်းလို့ ပြောလို့ ရပါတယ်
ဘာ့ကြောင့်လဲ ဆိုတော့
တခြားသူတွေကို ကျရှုံးစေဖို့လုပ်တယ်ဆိုတာ
သမရိုးကျ ရိုးရှင်းတဲ့ လမ်းစဉ်တစ်ခုပါ
ဒါပေမယ့် မိမိကိုယ်ကို ကျရှုံးအောင်
လုပ်တယ်ဆိုတာတော့ တကယ့်ကို
ထူးဆန်းတဲ့ လုပ်ရပ်ဆန်းတစ်ခုပေါ့
မိမိကိုယ်ကို ပြု နေဆဲ
အချိန်မှာ သတိမမှုမိပေမယ့်
တကယ်ကျရှုံးတဲ့ အချိန်ရောက်လာရင်တော့
နောင်တ တစ်ပွေ့ တစ်ပိုက်နဲ့ 
မိမိရဲ့ လုပ်ရပ် ဆိုးတွေကို ရိတ်စားမိလာမှာပါ
တကယ်အဓိကကျတာက
လူတစ်ယောက်မှာ ထာရဝပျော်ရွှင်
ကျေနပ်ချင်တယ်ဆိုရင်
ခဏတာ အပျော်တွေကို မိမိခေါင်းထဲက
ခဏတာ မေ့ပျောက်နိုင်အောင်ြ ကိုးစားပါ
ဆိုရိုးစကားတစ်ခုရှိတာပဲေ လ
"ထောင်မြင်လျှင် ရာကိုစွန့် ရမယ်"
ဆိုတဲ့အတွေးလိုပေါ့
ဒီလိုပဲ ထာဝရ ပျော်ရွှင်ကောင်းစားဖို့ ဆိုရင်
ခဏတာ အင်နဲ့ အားနဲ့ ရင်းနှီးရမှာပဲ
လူတစ်ယောက်ပျော်ရွှင်ြ ပီး
စိတ်ချမ်းသာဖို့ ဆိုရင်
အသိဥာဏ်အတွေးခေါ်တွေ
ရင့်ကျက်ဖို့ အဓိကလိုအပ်ပါတယ်
ဒီလိုအတွေးအခေါ် အသိဥာဏ်တွေ
ဆိုတာလည်း အလကားနေရင်း
မိုးပေါ်က ကျလာတာလည်းမဟုတ်သလို
မြေကြီးကနေ တိုးထွက်ပေါ်ပေါက်
လာတာလည်းမဟုတ်ပါဘူး
ဒီအတွက် အချိန်တွေကို အများနှင့် မတူ
အကောင်းဆုံးအသုံးချတတ်ရ တယ်
အားလပ်ချိန်မှာ စာဖတ်ခြင်း
အတွေးအမြင်သစ်တွေကိုတွေးဆခြင်း
ဥာဏ်ပညာရင့်ကျက်သူတို့ နှင့်
စကားလက်စုံ ဖလှယ် ခြင်း
ခက်ခဲသည့် အလုပ်တွေကို
စမ်းသပ်အဖြေရှာခြင်း
အများမစဉ်းစားမိတဲ့အမြင် တွေကိုတွေးဆခြင်း
စသည့်အကြောင်းအရာ အင်္ဂါ ရပ်တွေကို
အချိန်နဲ့ တစ်ပြေးညီ ပုံဖော်
လုပ်ဆောင် နိုင် မှသာလျှင် မိမိဟာ
ရင့်ကျက်သူတစ်ယောက် ဖြစ်လာမှာပါ
ဒီလို ရင့်ကျက်လာမှ သာလျှင်
အတွေးအခေါ်ကောင်းတွေကို
ရရှိပိုင်ဆိုင်လာမှာ ပါ
အတွေးအခေါ်ကောင်းတွေကို
ရရှိပိုင်ဆိုင်လာပြီး ဆိုရင်
မိမိဟာ လောကမှာ
ဘယ်လိုအခက်ခဲတွေပဲ ရှိနေပါစေ
တစ်ပါးသူထက် စွမ်းအားကြီးမားပြီး
ပျော်ရွှင်အေးချမ်းစွာ နေတတ်တဲ့
သူတစ်ယောက်ဖြစ်သွားပါလိ မ့်မယ်...
မေတ္တာဖြင့်
ကိုရဲ(Barlarlar)
___________
အတွေးအခေါ် ဆိုတာ
အချိန်နဲ့ အမျှရင့်ကျက်လာတာပါ
လူတွေ က အချိန်ရဲ့ လှိုက်စားခြင်းကို
နည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို
သတိမမှုဖြစ်ခဲ့ကြဘူး
အကျိုးမရှိတဲ့ အခိုက်အတန့် တွေကို
နင်းခြေဝါးမြို လိုက်တာဟာ
မိမိကိုယ်ကို အကျိုးမဲ့ ပျက်သုဉ်းစေပါတယ်
တစ်ချို့ က
အပျော်အပါးတွေနဲ့ မိတ်ဆွေဖွဲ့ ရင်း
တန်ဖိုးရှိတဲ့ အချိန်တွေကိုလျစ်လျူ ရှု့ ခဲ့ကြတယ်
တစ်ချို့ က
အိပ်ဖို့ | စားဖို့ လောက်တွေးရင်း
အချိန်တွေကို ဖျက်ဆီးတတ်ကြတယ်
တစ်ချို့ က
တစ်ပါးသူတွေကို ပုတ်ခတ်စောင်းမြောင်း
အချိန်တွေကို အလေအလွှင့် လုပ်တတ်ကြတယ်
ဒီအချင်းအရာတွေဟာ
တကယ်တော့ မိမိကိုယ်ကို
ကျရှုံးအောင်သွယ်ဝိုက်ပြ
ဖြစ်ရပ်ဆန်းလို့ ပြောလို့ ရပါတယ်
ဘာ့ကြောင့်လဲ ဆိုတော့
တခြားသူတွေကို ကျရှုံးစေဖို့လုပ်တယ်ဆိုတ
သမရိုးကျ ရိုးရှင်းတဲ့ လမ်းစဉ်တစ်ခုပါ
ဒါပေမယ့် မိမိကိုယ်ကို ကျရှုံးအောင်
လုပ်တယ်ဆိုတာတော့ တကယ့်ကို
ထူးဆန်းတဲ့ လုပ်ရပ်ဆန်းတစ်ခုပေါ့
မိမိကိုယ်ကို ပြု နေဆဲ
အချိန်မှာ သတိမမှုမိပေမယ့်
တကယ်ကျရှုံးတဲ့ အချိန်ရောက်လာရင်တော့
နောင်တ တစ်ပွေ့ တစ်ပိုက်နဲ့ 
မိမိရဲ့ လုပ်ရပ် ဆိုးတွေကို ရိတ်စားမိလာမှာပါ
တကယ်အဓိကကျတာက
လူတစ်ယောက်မှာ ထာရဝပျော်ရွှင်
ကျေနပ်ချင်တယ်ဆိုရင်
ခဏတာ အပျော်တွေကို မိမိခေါင်းထဲက
ခဏတာ မေ့ပျောက်နိုင်အောင်ြ
ဆိုရိုးစကားတစ်ခုရှိတာပဲေ
"ထောင်မြင်လျှင် ရာကိုစွန့် ရမယ်"
ဆိုတဲ့အတွေးလိုပေါ့
ဒီလိုပဲ ထာဝရ ပျော်ရွှင်ကောင်းစားဖို
ခဏတာ အင်နဲ့ အားနဲ့ ရင်းနှီးရမှာပဲ
လူတစ်ယောက်ပျော်ရွှင်ြ
စိတ်ချမ်းသာဖို့ ဆိုရင်
အသိဥာဏ်အတွေးခေါ်တွေ
ရင့်ကျက်ဖို့ အဓိကလိုအပ်ပါတယ်
ဒီလိုအတွေးအခေါ် အသိဥာဏ်တွေ
ဆိုတာလည်း အလကားနေရင်း
မိုးပေါ်က ကျလာတာလည်းမဟုတ်သလို
မြေကြီးကနေ တိုးထွက်ပေါ်ပေါက်
လာတာလည်းမဟုတ်ပါဘူး
ဒီအတွက် အချိန်တွေကို အများနှင့် မတူ
အကောင်းဆုံးအသုံးချတတ်ရ
အားလပ်ချိန်မှာ စာဖတ်ခြင်း
အတွေးအမြင်သစ်တွေကိုတေ
ဥာဏ်ပညာရင့်ကျက်သူတို့ နှင့်
စကားလက်စုံ ဖလှယ် ခြင်း
ခက်ခဲသည့် အလုပ်တွေကို
စမ်းသပ်အဖြေရှာခြင်း
အများမစဉ်းစားမိတဲ့အမြင်
စသည့်အကြောင်းအရာ အင်္ဂါ ရပ်တွေကို
အချိန်နဲ့ တစ်ပြေးညီ ပုံဖော်
လုပ်ဆောင် နိုင် မှသာလျှင် မိမိဟာ
ရင့်ကျက်သူတစ်ယောက် ဖြစ်လာမှာပါ
ဒီလို ရင့်ကျက်လာမှ သာလျှင်
အတွေးအခေါ်ကောင်းတွေကို
ရရှိပိုင်ဆိုင်လာမှာ ပါ
အတွေးအခေါ်ကောင်းတွေကို
ရရှိပိုင်ဆိုင်လာပြီး ဆိုရင်
မိမိဟာ လောကမှာ
ဘယ်လိုအခက်ခဲတွေပဲ ရှိနေပါစေ
တစ်ပါးသူထက် စွမ်းအားကြီးမားပြီး
ပျော်ရွှင်အေးချမ်းစွာ နေတတ်တဲ့
သူတစ်ယောက်ဖြစ်သွားပါလိ
မေတ္တာဖြင့်
ကိုရဲ(Barlarlar)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။