Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 20, 2017

သူတို့ ပိုက်ဆံရှာနည်း

သူတို့ ပိုက်ဆံရှာနည်း
------------
ကျွန်တော်ရဲ့ခရီးဆောင်ဝန်ဆောင်မှုအဖွဲ့က မြန်မာငွေ USD $1000 လဲပေးထားတယ်။ ဟိုမှာ လိုအပ်ရင်ပါလာတဲ့ ပိုက်ဆံကို သူတို့ငွေကြေးနဲ့ ဖလှယ်ပြီး သုံးစွဲနိုင်ဖို့ စီစဉ်ပေးတဲ့ သဘောပါ။ မသုံးရင်လည်း ရပါတယ်။ ကျွန်တောက တက်နိုင်ရင်ပါလာတဲ့ ပိုက်ဆံကို မသုံးဘူးလို့ ဆုံးဖြတ်ထားတယ်။ မရပါဘူး။ မြင်မြင်သမျှ ပစ္စည်းတွေက ဝယ်ချင်စရာပါပဲ။ အီလက်ထရောနစ်ပစ္စည်းတွေဆိုရင် မမြင်ဘူးတာတွေအများကြီးပဲ။ ပိုက်ဆံနှမြောတာနဲ့ ဟိုကြည့် ၊ ဒီကြည့် ၊ ဟိုကိုင်ကြည့် ဒီကိုင်ကြည့်လုပ်ပြီး မဝယ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ပါတဲ့ ပိုက်ဆံကုန်တော့တာပါပဲ။ ဘာကြောင့်ကုန်ရတယ်ဆိုတာ ပြောပြချင်ပါတယ်။
မစ္စတာဂျင်မီက ပြောတယ်။
“တို့နိုင်ငံ ဧည့်သည်တစ်ယောက် ရောက်လာတယ်ဆိုတာ ပိုက်ဆံ တစ်ယောက်သုံးမယ့်လူတစ်ယောက် ရောက်လာတယ်လို့ ငါတို့က ခံယူတာ။ ဒီတော့ မင်းအိတ်ထောင်ထဲက ပိုက်ဆံ တို့နိုင်ငံမှာ ကျန်ခဲ့ဖို့ နေရာတွေ လုပ်ပေးထားတယ်။ အဲ့ဒီနေရာတွေသွားမယ်၊ ကြည့်မယ်၊ ဝယ်မယ်၊ သုံးမယ်။ ဒီလိုနဲ့မင်းဆီက ငွေတွေ အားလုံး တို့ဆီမှာကျန်ခဲ့တော့မယ်။”
သူပြောတဲ့စကားက ဟုတ်တယ်။
သူတို့ဆီမှာ လူတွေလုပ်ထားတဲ့ ဖန်းတီးထားတဲ့ အဆောက်အဦတွေ ရှိတယ်။ သမိုင်းတန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးမဟုတ်ဘူး။ ဥပမာ Marlion ရုပ်တုဆိုပါစို့…ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း ပုံစံ ထုလုပ်ထားတယ်။ ဒီရုပ်ထုနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ ရှိတယ်။ သမိုင်း မဟုတ်ဘူး။ အဲ့ဒီရုပ်တု ဟာဘိလပ်မြေနဲ့ လုပ်ထားတယ်။ လူတွေလာခြင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတယ်။အမှတ်တရ ဓာတ်ပုံ ရိုက်စရာနေရာတွေ ဖန်တီးထားတယ်။ အဲ့ဒီရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။ သူတို့ရဲ့ MarLion ရုပ်တုဟာ ကျွန်တော်တို့ မန္တလေးကျုံးနဲ့ နှိုင်းရင်ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့ မန္တလေးကျုံးဟာ သမိုင်းရှိတယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေရှိတယ်။ အလှအပရှိတယ်။ အရှေ့ဘက်က တောင်တန်းပြာပြာ ၊ အနောက်ဘက်ကတောင်တန်းပြာပြာ၊ ရေပြာပြာနဲ့ အုတ်ရိုးနီနီတွေဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိတဲ့ အလှအပဆုံး သမိုင်းအမွေအနှစ်ဖြစ်တယ်။ Marlion ရုပ်တုအပြင် Sentosa ကျွန်းပေါ်ကိုရောက်သွားတယ်။ ဒီခေတ်လူတွေ ဖန်တီးထားတဲ့ အဆောက်အဦးတွေတွေ့ရတယ်။ သူတို့ဖန်တီးထားတာက ကျွန်တော့် အိတ်ထောင်ထဲက ပိုက်ဆံကို တဖြည်းဖြည်းချင်း နှိုက်ယူနေသလိုဖြစ်လာတယ်။

Sentosa မှာ သီချင်းဖွင့်ပြရင် ကပြတက်တဲ့ လင်းပိုင်ကြီးတွေ ရှိတယ်။ အဲဒီရေကန်ရဲ့ဘေးမှာ သူတို့မှာ မရှိတဲ့ “သဲ” တွေကို ဝယ်ပြီး ခင်းပြထားတယ်။ အမှတ်တရ ပစ္စည်းတွေရောင်းတဲ့ ရှော့ပင်းမောလ်ကြီးတွေရှိတယ်။ ဒီတော့ပိုက်ဆံကကုန်တော့တာပေါ့။ Aircon Bus ကိုစီးပြီး Underwater World ကိုရောက်ခဲ့ပြန်တယ်။ လူလုပ်ထားတဲ့ ကျောက်ဂူအတုကြီးကို မြင်လိုက်တယ်။ အဲ့ဒီကျောက်ဂူကြီးထဲမှာ ငါးမျိုးစုံပြထားတယ်။ လှည့်လည်ကြည့်ရှု့ရင်း ပြင်ဦးလွင်က ပိတ်ချင်းမြှောင်ကို သတိရမိတယ်။ ပိတ်ချင်းမြှောင်လောက်လည်း မလှပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထက် အတွေးကောင်းတယ်။ အမြင်ကျယ်တယ် ဒီတော့ ကျွန်တော် တို့အိတ်ထောင်ထဲက ပိုက်ဆံ ကုန်ပြန်တော့တယ်။ Underwater World ကအပြန် 3D , 4D ရုပ်ရှင်ဝင်ကြည့်ဖြစ်တယ်။ အသည်းယားစရာကောင်းလိုက်တာ။ ကိုယ့်ကိုတိုင်ရုပ်ရှင်ထဲမှာ ဝင်သရုပ်ဆောင်နေသလိုပဲ။ 4D ရုပ်ရှင်ဆိုရင် နှလုံးရောဂါ ရှိတဲ့သူ ၊ ကြောက်တဲ့သူတွေကြည့်လို့မရဘူး။

ညနေပိုင်လည်းရောက်ရော Musical Fountain လို့ခေါ်တဲ့ ရေပန်းအကကို ဝင်ပြီးကြည့်တယ်။ အကြာကြီးတန်းစီရတယ်။ နိုင်ငံခြားသား ဧည့်သည်ပေါင်း ၂၀၀၀ လောက်ရှိမယ်။ ရေပန်းအကဆိုတာ တကယ်တော့ ထူးထူးခြားခြားမဟုတ်ပါဘူး။ ရေပန်းတွေကို ရေထဲကမှုတ်ထုတ်တယ်။ အဲ့ဒီရေပန်းတွေကို ရုပ်ရှင်ပိတ်ကားလို လုပ်ထားတယ်။ အဲဒီ ရေမှုန် ၊ ရေမွှား ၊ ရေပန်းတွေကို ရုပ်ရှင်ပြဇာတ်နဲ့ ဆလိုက်ထိုးတယ်။ ဒါပါပဲ။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ထက် လျှပ်စစ်ကို ပိုပြီး အသုံးချတက်တယ်။ Lighting အကြောင်းကို နားလည်တယ်။ ဒီလိုနဲ့ ကျွန်တော့ အိတ်ထောင်ထဲက ပိုက်ဆံအချို့ ထွက်သွားပြန်တယ်။

အပြန်မှာ မစ္စတာဂျေမီနဲ့ စကားပြောဖြစ်တယ်။
“ဘယ်လိုလဲ OK တယ်နော်”
“OK ပါတယ်။ ကျုပ်… အိတ်ထောင်ထဲက ပိုက်ဆံတွေတော့ တဖြည်းဖြည်းနဲ့ ထွက်ကုန်ပြီ”
“ဒါ ငါတို့ရဲ့ အတက်ပညာပဲလေ”
“ငါတို့ ဆီမှာ ဒီထက်ကောင်းတာတွေ သာတာတွေအများကြီးပါကွာ”
“ဒါဆိုရင် ပိုက်ဆံရအောင် ရှာပေါ့။ ငါတို့ဆီမှာ မင်းတို့လို သယံဇာတမရှိဘူး၊ ခိုင်မာတဲ့ ရှည်လျားတဲ့ သမိုင်းမရှိဘူး။ သမိုင်းအဆောက်အဦတွေမရှိဘူး။ ဒါပေမယ့် ငါတို့မှာ အတွေးအခေါ် ရှိတယ်။ အမြင်တွေရှိတယ်။”

“မင်းတို့လို ဖန်တီးရတာ သိပ်မခက်ပါဘူးကွာ”
“သိပ်မခက်တာတော့ဟုတ်ပါတယ်။ ဒါပေမယ့် စည်းကမ်းရှိရှိလုပ်တက်တဲ့လူတွေလိုတယ်။ စေတနာကောင်းတဲ့သူတွေအများကြီးရှိဖို့လိုတယ်။ မင်းတို့လုပ်မယ်ဆိုရင် ငါတို့ထက်အများကြီးသာမှာပါ။

“မင်းကိုလည်း ငါတို့ဆီလာဖို့ ဖိတ်ခေါ်ပါတယ်”
“ကျေးဇူးတင်ပါတယ်။ သစ်ပင်တစ်ပင် ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွားစောင့်ရတယ်။ သစ်ပင်ကနေ နိုင်ငံခြားငွေရှာတယ်ဆိုတာ ကိုယ့်အသားကို ကိုယ်ဖဲ့စားနေသလိုပဲ။ မြေအောင်သယံဇာတတွေဆိုတာ လူတစ်ယောက်ရဲ့ခန္ဓ္ဓာကိုယ်ထဲက အသည်းတွေ၊ ကျောက်ကပ်တွေ၊ ကလိဇာတွေနဲ့တူတယ်။ ကျောက်ကပ်ထုတ်ပြီးရောင်းစားတဲ့လူတစ်ယောက်ဟာ ဘဝမှာ သက်တမ်းစေံနေနိုင်ဖို့ မလွယ်သလို ၊ ကျန်းကျန်းမာမာနဲ့ နေနိုင်ဖို့လည်း မလွယ်ကူပါဘူး။ ဒါကြောင့် သယံဇာတက နေပြီးငွေရှာတာထက် Idea နဲ့ ငွေရှာတာ ပိုမကောင်းဘူးလားကွ။ မင်းတို့အိတ်ထောင် ကပိုက်ဆံ ငါတို့ဆီမှာ ကျန်ခဲ့ဖို့ အိုင်ဒီယာနဲ့ ဖန်တီးထားတဲ့ နေရာတွေ အများကြီးကျန်သေးတယ်။ပစ္စည်းတွေအများကြီး ကျန်သေးတယ်။မင်းလာတဲ့ ရက်နည်းလို့ပါကွာ။များများနေရင် များများပိုက်ဆံကုန်မှာ။”

လူလုပ်ထားတဲ့ အတုတွေဆိုပေမယ့် ….
အဲဒီအတုတွေထဲမှာ စေတနာတွေပါတယ်။ စည်းကမ်းတွေပါတယ်။ အိုင်ဒီယာတွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ ကျွမ်းကျင်မှုတွေပါတယ်။ ပညာတွေပါတယ်။ ပူးပေါင်းဆောင်ရွက်တက်မှုတွေပါတယ်။ အပြန်အလှန်နားလည်းမှုတွေပါတယ်။ အပြန်အလှန်ယုံကြည့်မှုတွေပါတယ်။

ကျွန်တော့်တို့ ဆီမှာ သမိုင်းအမွေအနှစ် အစစ်တွေအများကြီးပဲ။ အဲဒီ အစစ်တွေထဲမှာ စေတနာတွေထည့်ကြရအောင်။ စည်းကမ်းတွေထည့်ကြရအောင်။ အတွေးအခေါ်တွေထည့်ကြရအောင်။ ကမ္ဘာ့အမြင်တွေထည့်ကြရအောင်။ နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရအောင်ဗျ။

ငှက်တစ်ကောင်၏…အတွေးရနံ့ (စင်္ကာပူ မလေးရှားခရီးသွား အတွေရသစာစု)
ဦးဘုန်း ၊ ဓာတု ၊ မန္တလေး။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။