“လူမှုရေးလုပ်ငန်းတွေ လုပ်ဖြစ်လာတာဟာ စာပေက တွန်းအားပေးလိုက်လို့ပါ”
#သန်းမြင့်အောင်
Q. လူတစ်ယောက်ရဲ့ ဘ၀အတွက် စာပေဟာ ဘယ်လိုထောက်ပံ့မှုတွေ ပေးနိုင်ပါသလဲ ဆရာမ။
A. စာပေဟာ လူတစ်ယောက်ရဲ့ ဘ၀တစ်လျှောက်လုံးအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ စာပေကို ချစ်မြတ်နိုးမယ်၊ တန်ဖိုးထားမယ်၊ ပြီးတော့ သူဖတ်သမျှ စာပေတွေထဲက ကောင်းတဲ့အချက်တွေ၊ ကောင်းတဲ့စံနမူနာတွေ၊ ကောင်းတဲ့အတွေးအခေါ်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် သူတစ်ယောက်တင် မဟုတ်ဘူး။ သူ့ရဲ့ပတ်ဝန်းကျင်၊ သူ့ရဲ့မျိုးဆက်တွေအထိ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိနိုင်ပါတယ်။
Q. ဆရာမရဲ့ဘ၀အတွက် စာပေဟာ ဘယ်လောက်အထိ အရေးပါခဲ့ပါသလဲ။
A. ကျွန်မဘ၀မှာ ပရဟိတသမားကောင်းတစ်ယောက်ဖြစ်ဖို့နဲ့
လူ့ဘ၀၊ လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ လူမှုရေးလုပ်ငန်းတွေ
လုပ်ဖြစ်လာတာဟာ စာပေက တွန်းအားပေးလိုက်လို့ပါ။ ငယ်စဉ်က စာပေကို
စွဲစွဲမြဲမြဲဖတ်ဖြစ်တဲ့ ၀ါသနာကြောင့် အခြား အခြားသော လမ်းလွဲတွေကို
ရောက်မသွားဘဲ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်ကလေးတွေကို တစ်ပိုင်တစ်နိုင်
ဖြည့်စွက်ပေးရင်းကနေ အသက်အရွယ်နဲ့ အတွေ့အကြုံအရ တဖြည်းဖြည်းကြီးမားတဲ့
ပရဟိတအဖွဲ့အစည်းတွေ၊ သင်တန်းကျောင်းတွေအထိ ကိုယ်နဲ့ စိတ်တူကိုယ်တူ
ဝါသနာတူသူတွေနဲ့ အလှူရှင်တွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖြစ်သွားပါတယ်။
အဲဒီပရဟိတအကြောင်းတွေကို စာပြန်ရေးဖြစ်ရင်းနဲ့လည်း စာပေနဲ့ ပရဟိတဟာ
ကျွန်မဘ၀အတွက် အပြန်အလှန်အကျိုးပြုခြင်းတွေ ဖြစ်လာတဲ့အထိ အရေးပါအရာရောက်လာခဲ့ပါတယ်။
Q. ဆရာမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ရှိရင် ပြောပြပေးပါဦး။
A. “အများအတွက် လူဖြစ်ရခြင်းဖြင့် နေပျော်သောဘ၀” ဖြစ်ပါတယ်။
Eternal Light မဂ္ဂဇင်း၊ ဇန်န၀ါရီလထုတ်မှ ကောက်နုတ်ဖော်ပြသည်။
#စာပေတန်ဖိုး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကော င်း၊
Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application
တွင်လည်းကောင်း၊ နယ်မှ အိမ်တိုင်ရာရောက်စနစ်ဖြင့် တစ်အုပ်ချင်း
မှာယူလိုသူများအတွက် WE Distribution ဖုန်း ၀၉ ၂၅၀၀၉၁၉၁၃ တွင်လည်းကောင်း
အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည် ။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။
#သန်းမြင့်အောင်
Q. လူတစ်ယောက်ရဲ့ ဘ၀အတွက် စာပေဟာ ဘယ်လိုထောက်ပံ့မှုတွေ ပေးနိုင်ပါသလဲ ဆရာမ။
A. စာပေဟာ လူတစ်ယောက်ရဲ့ ဘ၀တစ်လျှောက်လုံးအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ စာပေကို ချစ်မြတ်နိုးမယ်၊ တန်ဖိုးထားမယ်၊ ပြီးတော့ သူဖတ်သမျှ စာပေတွေထဲက ကောင်းတဲ့အချက်တွေ၊ ကောင်းတဲ့စံနမူနာတွေ၊ ကောင်းတဲ့အတွေးအခေါ်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် သူတစ်ယောက်တင် မဟုတ်ဘူး။ သူ့ရဲ့ပတ်ဝန်းကျင်၊ သူ့ရဲ့မျိုးဆက်တွေအထိ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိနိုင်ပါတယ်။
Q. ဆရာမရဲ့ဘ၀အတွက် စာပေဟာ ဘယ်လောက်အထိ အရေးပါခဲ့ပါသလဲ။
A. ကျွန်မဘ၀မှာ ပရဟိတသမားကောင်းတစ်ယောက်ဖြစ
Q. ဆရာမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ရှိရင် ပြောပြပေးပါဦး။
A. “အများအတွက် လူဖြစ်ရခြင်းဖြင့် နေပျော်သောဘ၀” ဖြစ်ပါတယ်။
Eternal Light မဂ္ဂဇင်း၊ ဇန်န၀ါရီလထုတ်မှ ကောက်နုတ်ဖော်ပြသည်။
#စာပေတန်ဖိုး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကော

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။