“အိမ်နီးနားချင်းနိုင်ငံတွေ နဲ့ ရင်ပေါင်တန်းနိုင်ဖို့ စာတွေဖတ်ပြီး လေ့လာရလိမ့်မယ်” ဆိုတဲ့ ဆရာညီပုလေး
Q. ဆရာ ဘယ်အသက်အရွယ်လောက်မှာ စာပေကို ချစ်တတ်သွားတာလဲခင်ဗျ။
A. ကျွန်တော်က မိသားစုဝင်တွေထဲမှာ အငယ်ဆုံးဆိုတော့ အစ်ကိုတွေ၊ အစ်မတွေ လုပ်တာတွေကို ကြည့်နေ၊ အတုခိုးနေတာ။ သူတို့က စာတွေဖတ်တော့ ဒါကောင်းတဲ့အလုပ်ပဲလို့ ငယ်ကတည်းက မှတ်ယူထားတယ်။ အိမ်မှာက စာအုပ်ဆိုင်လည်းရှိတော့ စာအုပ်တွေကြား လူဖြစ်ခဲ့ရတာ။ ပတ်ဝန်းကျင်ကောင်းပေါ့။ ဘယ်နှနှစ်လို့ အပြောရခက်သား။ ငယ်တာတော့ အတော်ငယ်တယ်။
Q. ဆရာ ငယ်ငယ်တုန်းက တစ်နေ့ကို စာအုပ်ဘယ်နှအုပ် ဖတ်ဖြစ်ခဲ့သလဲခင်ဗျ။
A. ငယ်ငယ်က တစ်နေ့ တစ်အုပ် မဖတ်ဖြစ်ပါဘူး။ ဖတ်ထား၊ စာအုပ်ချထား၊ ကစား၊ ဖတ်အားရင်ဆက်ဖတ်။ ဒီလို ကြီးပြင်းခဲ့တာပါ။ တချို့များ စာတစ်အုပ်ကို ၀ါးစားပစ်လိုက်သလို ဖတ်တာတဲ့။ အဲဒီအထဲ ကျွန်တော်မပါဘူး။ စာအုပ်တွေက ရသလည်းပေး၊ သုတဖတ်တော့ သုတပေးတယ်။ တချို့က သုတရော၊ ရသရောပေးတာ။ ဆရာကြီးရွှေဥဒေါင်း ကြိုက်ခဲ့တယ်။ ဆရာသိပ္ပံမောင်ဝစာတွေကို သဘောကျခဲ့တယ်။
Q. စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးပါဦးခင်ဗျာ။
A. စာတွေဖတ်ရင် တိုးတက်မယ်။ အခြေမြင့်မယ်။ လူရာဝင်မယ်ဗျာ။ နို့မို့ရင် ဘာမှ မသိ၊ ခပ်အအ၊ ခပ်ထူထူ၊ ခပ်ထိုင်းထိုင်းဖြစ်နေမှာ။ စာမဖတ်တော့ သူများပြောတာယုံ။ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်မှန်း မသိတော့ဘူး။ ကျွန်တော်တို့ စစ်အုပ်ချုပ်ရေးစနစ်အောက် အကြာကြီးနေခဲ့ရတာ စာမဖတ်ကြတာတွေလည်း ပါတယ်။ သူတို့ကလည်း စာကောင်းပေမွန်တွေကို လူတွေ ဖတ်ကြ၊ သိကြမှာ စိုးတယ်။ ဒီတော့ အပျော်အပါးမျိုးစုံနဲ့ လမ်းလွှဲတော့တာပေါ့။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ စာတွေဖတ်ပြီး လေ့လာရလိမ့်မယ်။ ကျော်တက်နိုင်ဖို့တော့ အများကြီး အများကြီးဖတ်ကြရမှာ။
Eternal Light မဂ္ဂဇင်း၊ ဇန်န၀ါရီလထုတ်မှ ကောက်နုတ်ဖော်ပြသည်။
#စာပေတန်ဖိုး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Aeon Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကော င်း၊
Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application
တွင်လည်းကောင်း၊ နယ်မှ အိမ်တိုင်ရာရောက်စနစ်ဖြင့် တစ်အုပ်ချင်း
မှာယူလိုသူများအတွက် WE Distribution ဖုန်း ၀၉ ၂၅၀၀၉၁၉၁၃ တွင်လည်းကောင်း
အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည် ။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။
Q. ဆရာ ဘယ်အသက်အရွယ်လောက်မှာ စာပေကို ချစ်တတ်သွားတာလဲခင်ဗျ။
A. ကျွန်တော်က မိသားစုဝင်တွေထဲမှာ အငယ်ဆုံးဆိုတော့ အစ်ကိုတွေ၊ အစ်မတွေ လုပ်တာတွေကို ကြည့်နေ၊ အတုခိုးနေတာ။ သူတို့က စာတွေဖတ်တော့ ဒါကောင်းတဲ့အလုပ်ပဲလို့ ငယ်ကတည်းက မှတ်ယူထားတယ်။ အိမ်မှာက စာအုပ်ဆိုင်လည်းရှိတော့ စာအုပ်တွေကြား လူဖြစ်ခဲ့ရတာ။ ပတ်ဝန်းကျင်ကောင်းပေါ့။ ဘယ်နှနှစ်လို့ အပြောရခက်သား။ ငယ်တာတော့ အတော်ငယ်တယ်။
Q. ဆရာ ငယ်ငယ်တုန်းက တစ်နေ့ကို စာအုပ်ဘယ်နှအုပ် ဖတ်ဖြစ်ခဲ့သလဲခင်ဗျ။
A. ငယ်ငယ်က တစ်နေ့ တစ်အုပ် မဖတ်ဖြစ်ပါဘူး။ ဖတ်ထား၊ စာအုပ်ချထား၊ ကစား၊ ဖတ်အားရင်ဆက်ဖတ်။ ဒီလို ကြီးပြင်းခဲ့တာပါ။ တချို့များ စာတစ်အုပ်ကို ၀ါးစားပစ်လိုက်သလို ဖတ်တာတဲ့။ အဲဒီအထဲ ကျွန်တော်မပါဘူး။ စာအုပ်တွေက ရသလည်းပေး၊ သုတဖတ်တော့ သုတပေးတယ်။ တချို့က သုတရော၊ ရသရောပေးတာ။ ဆရာကြီးရွှေဥဒေါင်း ကြိုက်ခဲ့တယ်။ ဆရာသိပ္ပံမောင်ဝစာတွေကို သဘောကျခဲ့တယ်။
Q. စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးပါဦးခင်ဗျာ။
A. စာတွေဖတ်ရင် တိုးတက်မယ်။ အခြေမြင့်မယ်။ လူရာဝင်မယ်ဗျာ။ နို့မို့ရင် ဘာမှ မသိ၊ ခပ်အအ၊ ခပ်ထူထူ၊ ခပ်ထိုင်းထိုင်းဖြစ်နေမှာ။ စာမဖတ်တော့ သူများပြောတာယုံ။ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်မှန်း မသိတော့ဘူး။ ကျွန်တော်တို့ စစ်အုပ်ချုပ်ရေးစနစ်အောက် အကြာကြီးနေခဲ့ရတာ စာမဖတ်ကြတာတွေလည်း ပါတယ်။ သူတို့ကလည်း စာကောင်းပေမွန်တွေကို လူတွေ ဖတ်ကြ၊ သိကြမှာ စိုးတယ်။ ဒီတော့ အပျော်အပါးမျိုးစုံနဲ့ လမ်းလွှဲတော့တာပေါ့။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ စာတွေဖတ်ပြီး လေ့လာရလိမ့်မယ်။ ကျော်တက်နိုင်ဖို့တော့ အများကြီး အများကြီးဖတ်ကြရမှာ။
Eternal Light မဂ္ဂဇင်း၊ ဇန်န၀ါရီလထုတ်မှ ကောက်နုတ်ဖော်ပြသည်။
#စာပေတန်ဖိုး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Aeon Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကော

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။