Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 18, 2017

(အဓိက)သမီးမိန်းကလေးရှိတဲ့ မိဘတွေ သေချာဖတ်ပေးပါ ။

 
 
(အဓိက)သမီးမိန်းကလေးရှိတဲ့ မိဘတွေ သေချာဖတ်ပေးပါ ။

စာနည်းနည်း ရှည်ပါတယ်။
ကလေးရှိသူ မိဘတွေ အထူးသဖြင့် ဖတ်သင့်ပါတယ်။
ကလေးသူငယ်တွေကို Sex Education သိမ်မွေ့စွာ ပေးနည်းပါ။
ဖတ်သင့်တယ် ယူဆလို့ Copyယူလာတာပါ။

Save Our Children.
-------------------------------------------------
ခုနက သားယောက်ျားလေးကိုလဲ Sexual Abuse လုပ်ကြတယ်ဆိုတာကို ရေးထားတာလေးဖတ်မိတော့ ကျွန်မရဲ့သူငယ်ချင်းလေးတွေအကြောင်း ပြန်ပြောပြချင်တယ်။

ကျွန်မသူငယ်ချင်း ၂ ယောက်အကြောင်းပေါ့။ တစ်ယောက်ကတော့ မြန်မာမိန်းကလေး၊ တစ်ယောက်ကတော့ အမေရိကန် ယောက်ျားလေးပါ။ တကယ်တော့ ကျွန်မအဲဒီအကြောင်းတွေမပြောချင်ဘူး။ အခုစာဖတ်တဲ့သူတွေက သူတို့ကိုမသိပေမယ့် ကျွန်မသူတို့အကြောင်းရေးရတာအားနာတယ်။ ဒါပေမယ့် တခြားကလေးတွေရဲ့ဘဝအတွက်ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မရဲ့သူငယ်ချင်းယောက်ျားလေးကတော့ ကျွန်မဘာတွေရေးနေမှန်းသူမသိပါဘူး။ မြန်မာစာလဲ မဖတ်တတ်ဘူးကိုး။ ကျွန်မသူငယ်ချင်းမိန်းကလေးကတော့ သူကိုယ်တိုင် "တခြားသူတွေ သတိထားမိဖို့ရေးပေးပါ" လို့ ပြီးခဲ့တဲ့နှစ်ကတည်းက ကျွန်မကိုပြောထားတာပါ။

သူငယ်ချင်းယောက်ျားလေးအကြောင်းအရင်ပြောပြမယ်။ တကယ်က သူကျွန်မကိုပြောပြတာ သူ့ကိုယ်ပိုင်အဖြစ်အပျက်မဟုတ်ပါဘူး။ သူ့ညီအစ်ကိုတစ်ယောက်အကြောင်းပါ။ သူတို့က ညီအစ်ကိုတွေချည်းပဲရှိကြတယ်။ အတူတူ ငါးမြှား၊ ဘောလုံးကန်၊ တောင်ပေါ်တက်ကြနဲ့ အချင်းချင်းသိပ်ရင်းနှီးကြတယ်။ သူတို့မိဘတွေဟာလဲ သူတို့နယ်ပယ်မှာ နာမည်ကြီးတဲ့၊ Influential ဖြစ်တဲ့သူတွေဖြစ်တယ်။ မိဘကောင်းတွေလဲ ဖြစ်ကြတယ်။ ဒါပေမယ့် သားတွေထဲက တစ်ယောက်က ဆယ်ကျော်သက်အရွယ်မှာ ထိန်းမရသိမ်းမရ အရမ်းဆိုးလာတယ်။ သူ့အတွက်လောကကြီးက အင်မတန်ခါးသီးစရာလိုပဲ ပြုမူလာတယ်။ မိဘတွေကလဲ သား ၅ ယောက်မှာ ဒီတစ်ယောက်ပဲ ဒီလောက်ဆိုးတာ ငါတို့ဘယ်နေရာမှာမှားမိပါလိမ့်လို့ထင်လာတယ်။ မိဘတွေက ကောင်လေးနဲ့စကားပြောဖို့အခြေအနေတစ်ခုရအောင် ကြိုးစားဖန်တီးပြီး သေချာမေးမြန်းလေ့လာမှ ကောင်လေးက သူ့အကြောင်းပြောပြတယ်။

သူ ကလေးဘဝတုန်းက အသက် ၁၀ နှစ်လောက်မှာ သူတို့မိသားစုနဲ့သိနေတဲ့ ယောက်ျားတစ်ယောက်က သူ့ကို rape လုပ်တယ်။ ပြီးတော့ မင်းဒီအကြောင်းတွေကို တခြားသူကိုပြန်ပြောရင် မင်းညီလေးတွေကိုလဲ ဒီလိုလုပ်ရလိမ့်မယ်ဆိုပြီး ကလေးကိုခြိမ်းခြောက်ထားတယ်။ သူ့ညီလေးတွေကို ကာကွယ်ချင်တဲ့ ဒီကလေးဟာ ဒီနာကျင်မှုကြီးကို ရင်ထဲမှာသိမ်းပြီး ကြီးပြင်းလာရတော့ အရာအားလုံးအပေါ်မှာ ခါးသီးလာပြီး ဆယ်ကျော်သက်အရွယ်ကနေ ဆိုးလာလိုက်တာ မိဘတွေအတော် အခက်တွေ့ခဲ့ရသလို သူလဲအင်မတန်နာကျင်ခဲ့ရတယ်။ (အခုတော့ သူ Therapy တွေ Counseling တွေနဲ့သွားပြီး အဆင်ပြေနေပါတယ်။)

မိန်းကလေးသူငယ်ချင်းအကြောင်းကတော့ ပြောရရင် နိုင်ငံရေးနဲ့ငြိမလားပဲ။ ရှစ်လေးလုံးတုန်းက ရုန်းရင်းဆန်ခတ်တွေဖြစ်ကြတဲ့အခါ ရန်ကုန်မှာ စားစရာမရှိ၊ သောက်စရာမရှိတွေဖြစ်ကြတယ်တဲ့။ အမေဖြစ်သူက စားစရာဆန်လေးရဖို့ သွားဝယ်တုန်းမှာ အိမ်မှာကျန်ခဲ့တဲ့ ဆယ်နှစ်မပြည့်သေးတဲ့ ကလေးကို Rape လာလုပ်သွားတာပါ။ ခြိမ်းခြောက်ခံထားရတော့ ကလေးက အဲဒီအကြောင်းကို ပြန်မပြောရဲပဲ အချိန်တွေအကြာကြီးဖြတ်သန်းခဲ့ရတယ်။ ကာလအတန်ကြာ လမ်းမလျှောက်နိုင်တော့ပဲ ချိသွားတယ်။ (အခုတော့ သူဟာ ကျွန်မက အတုယူရလောက်အောင် ထက်မြက်တဲ့မိခင်ကောင်းတစ်ယောက်ဖြစ် ရပ်တည်အသက်ရှင်နေပါပြီ။)

မိဘတွေမှားတတ်တဲ့အမှားက ကလေးတွေကို သူတို့ခန္ဓာကိုယ်အကြောင်း သိပ်မပြောကြဘူး။ ကလေးတွေ ငယ်သေးတယ်၊ Sex နဲ့ပတ်သတ်တာကြီးမပြောချင်ပါဘူးစသဖြင့် စဉ်းစားကြတယ်။ တကယ်က အရမ်းစောတယ်ဆိုတာမရှိပါဘူး။ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်း၊ မသင့်တော်တဲ့စကားလုံးတွေ မပါပဲပြောလို့ရပါတယ်။

သူတို့ကို ဘယ်လိုသင်ပေးရမလဲဆိုတဲ့အချက် (၁၀) ချက်ပြောပြပါမယ်။

၁ - သူတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းလေးတွေအကြောင်း ပြောပြထားပါ။

ပြောပြတဲ့အခါမှာ ကိုယ်က အေးအေးဆေးဆေးပြောပြပါ။ ကိုယ်ကစပြီး ရှက်သလို၊ မပြောရမယ့်ကိစ္စလိုလို မလုပ်ပါနဲ့။ မျက်လုံး၊ နှာခေါင်းကစပြီး ဘယ်အပိုင်းကိုဘယ်လိုခေါ်တယ်ဆိုတာ သင်ပေးထားပါ။ ဒါကို "အောက်ပိုင်း" လို့ခေါ်တယ်ဆိုတာမျိုး မသင်ပေးပါနဲ့။ တခုခုဆို သူကလဲရှင်းရှင်းလင်းလင်းမပြောတတ်၊ ကိုယ်လဲနားမလည်ဖြစ်တတ်ပါတယ်။ နာမည်ခေါ်ရမှာခက်ရင် အရှေ့ပိုင်းက "ရှက်ရှက်"၊ အနောက်ပိုင်းကတော့ "တင်ပါး" စသဖြင့်ခွဲပြီးသင်ပေးပါ။

၂ - ဘယ်အပိုင်းကို လူတွေကို ပေးကိုင်လို့၊ ပြလို့မရဘူးဆိုတာ သင်ထားပေးပါ။

ဖေဖေနဲ့မေမေကပဲ သားသား/မီးမီးရဲ့ ခန္ဓာကိုယ်အားလုံးမြင်ခွင့်ရှိတယ်။ သူများတွေမြင်လို့မရဘူး။ ပြခိုင်းရင် ပြလို့မရဘူးဆိုတာ ပြောပြထားပါ။ ဆရာဝန်တွေ ကျန်းမာရေးအတွက် စစ်ဆေးရင်တော့ ရတယ်ဆိုတာလဲ ပြောပြထားပါ။

၃ - Body Boundaries တွေ သင်ထားပေးပါ။

သူများက သူ့ကိုကိုင်လို့မရဘူး။ သူကလဲ သူများကို ကိုင်လို့မရဘူးဆိုတာ သင်ထားပေးပါ။ Sexual Abuse လုပ်တဲ့သူတွေဟာ ကလေးတွေကို အဲဒီလိုကိုင်တွယ်ရင်း၊ သူတို့ကိုကိုင်ခိုင်းရင်းကနေ စတာပါ။

၎ - ခန္ဓာကိုယ်နဲ့ပတ်သတ်လို့ ဘာမှလျို့ဝှက်ထားစရာမလိုဘူးဆိုတာ ပြောပြထားပါ။

ကျူးလွန်သူတွေဟာ ကလေးတွေကို လျို့ဝှက်ခိုင်းထားတာချည်းပါပဲ။ "မင်းနဲ့ကစားရတာပျော်တယ်။ ဒီလိုမျိုးကစားရတာ ကြိုက်လား? မင်းအမေတို့ကိုသွားမပြောနဲ့နော်၊ သွားပြောရင် နောက်တခါ မင်းနဲ့လာမကစားတော့ဘူး" ဆိုတာမျိုးဖြစ်တတ်သလို "ဒါကိုသူများကိုပြောရင် မင်းကိုငါ သတ်ပစ်မယ်" ဆိုတာမျိုး၊ "နင်က စပြီးငါ့ကိုင်တာလို့ ငါပြောမှာ" ဆိုတာမျိုးတွေရှိတတ်ပါတယ်။ ခန္ဓာကိုယ်ကိုကိုင်တာ၊ ထိတာနဲ့ပတ်သတ်လို့ တစ်ယောက်ယောက်က "မင်းအမေတို့ကို မပြောနဲ့နော်" လို့ပြောရင် သေချာပေါက်ပြန်ပြောရမယ့်အရာဖြစ်တယ်ဆိုတာ သင်ထားပါ။

၅ - သူတို့ရဲ့ private part တွေကို ဘယ်သူကိုမှ ဓါတ်ပုံရိုက်မယူစေနဲ့ဆိုတာ သင်ထားပါ။

တဏှာရူးတွေအရမ်းများတဲ့လောကမှာ ကိုယ့်ကလေးရဲ့ private part ကို ဓါတ်ပုံလာရိုက်သွားမှာလဲ ရှိပါသေးတယ်။ Private part ဆိုကတည်းက Privacy ထားရတယ်ဆိုတာ ရှင်းပြထားပါ။

၆ - ကလေးအတွက် စိတ်မသက်မသာဖြစ်စေတဲ့အနေအထားကနေ ဘယ်လိုဖောက်ထွက်ရမယ်ဆိုတာလဲ သင်ထားပါ။

"မလုပ်ဘူး။ မလာဘူး။ မကိုင်ဘူး။ မလုပ်နဲ့။" စသဖြင့် No ပြောခွင့်ရှိတယ်ဆိုတာ သင်ထားပါ။ ကိုယ့်ကိုအဆင်မပြေအောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လာကိုင်နေတာကို လူကြီးတွေမို့လို့ဆိုပြီး သည်းခံပြီးဆက်နေစရာမလိုဘူးဆိုတဲ့အကြောင်းနဲ့ သူတို့မှာထွက်သွားခွင့်ရှိတယ်ဆိုတာ သင်ထားပါ။ သူတို့ရဲ့ private parts ကိုလာထိတာ၊ ကိုင်တာနဲ့ သား/သမီး အိမ်သာသွားချင်လို့ဆိုပြီး ထွက်သွားခိုင်းပါ။ အဖေနဲ့အမေကို လှမ်းပြောခိုင်းပါ။

၇ - ကလေးနဲ့ကိုယ်နဲ့ကြားမှာ အန္တရာယ်အသိပေး Code ထားထားပါ။

သူတို့အန္တရာယ်ဖြစ်နေတာ၊ လာကြိုစေချင်တာမျိုးဆိုရင် အသိပေးဖို့ စကားဝှက်တစ်ခုလုပ်ထားပါ။

၈ - ကလေးက သူ့ကို တစ်ယောက်ယောက်က ကိုင်တဲ့ထိတဲ့အကြောင်း၊ သူဖြစ်ခဲ့တဲ့ပြဿနာကို ကိုယ့်ကိုပြောပြရင် ကိုယ်သူ့ကို မဆူဘူးဆိုတာ ပြောပြထားပါ။

ကလေးတွေ ကိုယ့်ဆီက ဖုံးကွယ်ထားတယ်ဆိုတာ အဆူခံရမှာကြောက်လို့က များပါတယ်။ အဲဒီကြောက်စိတ်ကို တဏှာရူးတွေက ကောင်းကောင်းသိလို့ ကောင်းကောင်းအသုံးချပါတယ်။ ပြဿနာတက်လို့ ကိုယ့်ကိုပြောပြရင် ကိုယ်သူ့ကိုမဆူဘူး၊ မရိုက်ဘူးဆိုတာ ကလေးကို သေချာပြောပြထားပါ။

**ကလေးက သူ့ရဲ့ နေ့စဉ်ပြဿနာတွေအသေးအမွှားလေးတွေကအစ ဖွင့်ပြောတိုင်ပင်တိုင်းမှာ ကဲ့ရဲ့တာတွေ၊ လှောင်သလိုလုပ်မိတာတွေ၊ ဆူတာတွေ၊ ရိုက်တာတွေ လုပ်ထားရင် တကယ့်ပြဿနာအကြီးမှာ ကလေးကလာပြောတော့မှာမဟုတ်ပါဘူးဆိုတာကိုလဲ သတိထားပါ။

၉ - ကိုင်တွယ်ထိတွေ့တာတွေက တခါတလေ ယားသလိုလို၊ နေလို့ကောင်းသလိုလိုဖြစ်တတ်တယ်ဆိုတာ ပြောပြထားပါ။

နူးနူးညံ့ညံ့လာကိုင်တဲ့အခါ အန္တရာယ်မရှိဘူးလို့ ကလေးတွေက ထင်တတ်ပါတယ်။ နေလို့ကောင်းသလိုလို၊ နူးညံ့သလိုလိုဖြစ်ပေမယ့် သူ့ရဲ့ private part ကို သူများကိုင်တာ မကောင်းဘူး။ မမှန်ဘူး။ ပေးမကိုင်ရဘူးဆိုတာ ပြောထားပါ။

၁၀ - အပေါ်ကပြောခဲ့တဲ့အချက်တွေဟာ မိဘနဲ့ရင်းနှီးတဲ့သူတွေ၊ ဆွေမျိုးနီးစပ်တွေသာမက တခြားကလေးရဲ့မိဘတွေပါ ပါတယ်ဆိုတာပြောပြထားပါ။

ဗဟုသုတရှိအောင် ကလေးတွေကိုပြောပြထားပါ။ တကြိမ်တခါပြောရုံနဲ့မလုံလောက်ပါဘူး။ သူတို့ကိုရေချိုးပေးတဲ့အချိန်၊ သူတို့အိမ်ထဲမှာ အင်္ကျီမပါပဲလျှောက်ပြေးလွှားကစားနေတဲ့အချိန်၊ ဖေဖေမေမေက သူတို့ကိုသန့်ရှင်းရေးလုပ်ပေးတဲ့အခါတွေမှာ ကြုံရင်ကြုံသလို ပြောပြပါ။

Credit - Jessica Mozart (A Cool Mom)

#ZLH

Free Myanmar Books and Knowledge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။