ဘဏ်တိုးနှုန်းတွေ လျှော့ချတာနဲ့ ပတ်သက်ပြီး သေသေချာချာ သိစေချင်လို့ပါ။
၁။ ဘယ်လိုမျိုးလျှော့တာလဲ?
ဘဏ်အားလုံးလား?
ဘာဖြစ်လို့ လျှော့ကြတာလဲ?
- Call deposit (အလွယ်ခေါ် နေ့ပြန်တိုး) နဂို တစ်နှစ်ကို ၈% ပေးရာကနေ အခု ၆% ကို လျှော့ချတာပါ။ (သိန်း တစ်ရာအောက်ကို ၄%၊ တစ်ရာအထက်ကို ၆%ပါ)
ဘဏ်အားလုံး လျှော့တာ မဟုတ်ပါဘူး။ (ပုံတွေအရ MAB, MOB, GTB နဲ့ တစ်ခြားဘဏ်တွေ လျှော့ပါတယ်)။
KBZ, AYA က ကျပ်သိန်းတစ်ရာအထက်ကို call deposit အတွက် ၈% ပေးတုန်းပါ။
နေ့ပြန်တိုး ဆိုတဲ့အတိုင်း နေ့တိုင်းအတွက် အတိုး တွက်ပေးတာပါ။
- အိမ်၊ခြံ၊မြေ၊ ကား ရောင်းတဲ့သူတွေဆို သောကြာနေ့မှာ သိန်း ထောင်ချီ အပ်၊ နောက် အပတ်မှာ ပြန်ထုတ်သုံးပြီး၊ စနေ၊တနင်္ဂနွေ အတွက် အတိုး ထုတ်ယူကြပါတယ်။ ၈%နဲ့ဆို ( ကျပ်သိန်း တစ်ထောင်အတွက် တစ်ရက်ကို ၂၁၉၁၇ကျပ် အတိုး ရပါတယ်)။ ၆% နဲ့ဆို (ကျပ်သိန်း တစ်ထောင်အတွက် တစ်ရက်ကို ၁၆၄၃၈ ကျပ် အတိုးရပါမယ်)။
တစ်နှစ်စာအတိုးကို ၃၆၅ နဲ့ စားပြီး တွက်ထားတာပါ။ တိုးရင်းပေါင်းမဟုတ်ပါဘူး။
(သိသူများ ပြောပေးပါ)။
Call deposit မရှိခင်တုန်းကဆို ဘဏ်တွေမှာ လဆန်းရက်တွေပဲ လူများတာပါ။
- ဘဏ်တွေ အနေနဲ့က ရက်ပိုင်းပဲလာအပ်တဲ့ငွေကို မသုံးရပဲ၊ အတိုးထိုင်ပေးရသလို ဖြစ်နေတာပါ။ ဘဏ်ဆိုတာက အပ်ငွေကို ပြန်ချေးပြီး (multiplier effect) နဲ့ သွားရတာပါ။ အဲဒါနဲ့ပဲ ကိုက်အောင် ရွှေ(သို့) ဒေါ်လာဝယ်စုကြပါတယ်။ အရင်ကတော့ call deposit အတိုးကို customer အပြိုင်ခေါ်တဲ့အနေနဲ့ ဗဟိုဘဏ်က ပေးထားတဲ့ range အတွင်းမှာ အမြင့်ဆုံးတွေ ပေးကြတာပါ။ အခုက တချို့ဘဏ်သေးတွေက အနိမ့်ဈေးကို ပြောင်းလိုက်တာပါ။
(ကျွန်တော့်အထင် ဗဟိုဘဏ်က ဒေါ်လာဈေးတွေတက်လာလို့ ဒေါ်လာစုတာကို သတိပေးတာက တစ်ကြောင်း၊ ဘဏ်ကြီးတွေလို မတောင့်နိုင်တာက တစ်ကြောင်း call deposit အတိုးကို ၈% ကနေ ၆% လျှော့တယ်ထင်ပါတယ်)။
- အခုအတိုင်းဆို အတိုးမလျှော့တဲ့ KBZ တို့ AYA တို့မှာ call deposit အကောင့်ဖွင့်တဲ့သူတွေ များကုန်မှာပါ။ အဲ့ဒီဘဏ်တွေလည်း တစ်ချိန်မှာတော့ လျှော့နိုင်ပါတယ်။ လောလောဆယ် မလျှော့သေးတဲ့အကြောင်းပြောတာပါ။ (မီဒီယာ တော်တော်များများက ဒါကို မရှင်းပြကြပါဘူး။ ဘဏ်အားလုံးလျှော့သယောင် ရေးကြပါတယ်။)
- ဘဏ်ကြီးတွေက မလျှော့သေးတာက နိုင်ငံခြားဘဏ်တွေမလာခင် မားကတ်ကို ဦးထားချင်တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်က အတည်ပြုလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုဥပေဒေသစ် မှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို အခွင့်အရေးတန်းတူညီမျှ ပေးမယ်ဆိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် ကောင်းပေမယ့်၊ ပြည်တွင်းလုပ်ငန်းရှင်များအ တွက် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ထားရတော့မှာပါ။
ဒီရက်ပိုင်းဆို AYA ဘဏ်က(ကားတွေ ကွန်ဒိုတွေကို ၅နှစ် အရစ်ကျ စနစ် မိတ်ဆက်လာသလို၊ သိန်း ၅၀ကို ရက် ၅၀ အတိုးမပေးရတဲ့ အကြွေးဝယ်ကဒ် (credit card အစစ်)လည်း မိတ်ဆက်လာပါတယ်။ CB, KBZ မှာလည်း credit card ရှိပါတယ်။ ဒါပေမယ့် ဘဏ်အကောင့်မှာ သိန်း ၅၀ ကိုlock လုပ်ထားပါတယ်။ Credit cardတွေအားလုံး နိုင်ငံခြားမှာပါ သုံးနိုင်ပါတယ်။
AYA credit card မှာတော့ ATMမှာ ငွေသားထုတ်သုံးရင် တစ်သိန်းကို ၆၀၀၀ ဖြတ်ပါတယ်။ ဆိုင်တွေမှာ ကဒ်နဲ့ရှင်းရင်တော့ တချို့ဆိုင်တွေမှာ ၅% discount ရပါတယ်။ market place တို့မှာ ဈေးဝယ်တဲ့သူတွေ၊ ပိုက်ဆံအများကြီး မကိုင်ချင်သူတွေအတွက် တော်တော် အဆင်ပြေပါတယ်။ သိန်း ၅၀ လောက် သုံးတာကို ရက် ၅၀ အတိုး မပေးရတဲ့အတွက်။ အကြေးရရင် ဆင်တောင် ၀ယ်ချင်တဲ့ မြန်မာလူမျိုးနဲ့တော့ အကိုက်ပါပဲ။ ရက် ၅၀ အတွင်း ပိုက်ဆံ ပြန်မထည့်ရင်တော့ တစ်ရက်ကို ၁% အတိုး ပေးရမှာပါ။
- အခု လူတော်တော်များများက saving တွေပါ အတိုးလျှော့တယ် ထင်ကြပါတယ်။ saving အတိုး က ဘဏ်တော်တော်များများက အတူတူပါပဲ။
Fixed deposit တစ်နှစ်အပ်ငွေကို ၁၀% ပေးတယ်၊ ချေးငွေကို ၁၃% နဲ့ ပြန်ချေးတယ်။ saving အတွက် အတိုးက အရင်အတိုင်းပါပဲ။
အလွယ်ပြောရရင် သင်က ဘဏ်မှာ သိန်း တစ်ရာကို တစ်နှစ်ပုံသေအပ်ထားရင် တစ်နှစ်ပြည့်ရင် သင့်ဘဏ့်အကောင့်မှာ သိန်း တစ်ရာ့တစ်ဆယ်ရှိမယ်။ ဘဏ်ကလည်း တစ်ခြားလူကို တစ်နှစ် ပြန်ချေးတယ် ကြားထဲကနေ ၂ သိန်း စားမယ်။ (service က ၁%ပါ)
- နောက် လူတော်တော်များများက မြန်မာပြည်ရဲ့ ဘဏ်တိုးနှုန်းက များတယ် ထင်ကြတယ်။ အဲဒါက inflation ငြိမ်နေရင်တော့ ဟုတ်ပါတယ်။ အခုလို inflation က ၁၅% လောက် ဖြစ်နေတဲ့အချိန်ဆို
negative interest rate တောင် ဖြစ်နေတာပါ။ ထိုင်း မှာ (inflation က ၀.၄၆%၊ Interest rate 2%)၊
ဗီယက်နမ်မှာ (inflation က ၂.၂၈%၊ interest 7%)၊ လာအိုမှာ (inflation က ၁.၁၃%၊ Interest rate က ၅%)။ ဂျပန်မှာဆို ဘဏ်မှာ ငွေလာအပ်ရင် အတိုးမပေးတဲ့အပြင် ၀န်ဆောင်ခတောင် ပြန်ပေးရပါသေးတယ်။
NLD အစိုးရအနေနဲ့လည်း inflation ကို ထိန်းပြီး၊ အပ်ငွေကော ချေးငွေကောအတွက် ဘဏ်တိုးနှုန်းတွေကို အဆင်ပြေစေမယ့် နှုန်းထားတွေအဖြစ် သင့်လျော်သောအချိန်မှာ လျှော့ချစေချင်ပါတယ်။
အချက်အလက်တွေ မှားနေတာ၊ လိုအပ်နေတာကို ထောက်ပြ၊ ဖြည့်ဆွတ် ပြောနိုင်ပါတယ်။
အားလုံးပဲ စီးပွားလာဘ်လာဘတွေ တိုးပွားပါစေ။
Aung Moe Lwin
3.10.2016
-
မူရင်း Aung Moe Lwin
၁။ ဘယ်လိုမျိုးလျှော့တာလဲ?
ဘဏ်အားလုံးလား?
ဘာဖြစ်လို့ လျှော့ကြတာလဲ?
- Call deposit (အလွယ်ခေါ် နေ့ပြန်တိုး) နဂို တစ်နှစ်ကို ၈% ပေးရာကနေ အခု ၆% ကို လျှော့ချတာပါ။ (သိန်း တစ်ရာအောက်ကို ၄%၊ တစ်ရာအထက်ကို ၆%ပါ)
ဘဏ်အားလုံး လျှော့တာ မဟုတ်ပါဘူး။ (ပုံတွေအရ MAB, MOB, GTB နဲ့ တစ်ခြားဘဏ်တွေ လျှော့ပါတယ်)။
KBZ, AYA က ကျပ်သိန်းတစ်ရာအထက်ကို call deposit အတွက် ၈% ပေးတုန်းပါ။
နေ့ပြန်တိုး ဆိုတဲ့အတိုင်း နေ့တိုင်းအတွက် အတိုး တွက်ပေးတာပါ။
- အိမ်၊ခြံ၊မြေ၊ ကား ရောင်းတဲ့သူတွေဆို သောကြာနေ့မှာ သိန်း ထောင်ချီ အပ်၊ နောက် အပတ်မှာ ပြန်ထုတ်သုံးပြီး၊ စနေ၊တနင်္ဂနွေ အတွက် အတိုး ထုတ်ယူကြပါတယ်။ ၈%နဲ့ဆို ( ကျပ်သိန်း တစ်ထောင်အတွက် တစ်ရက်ကို ၂၁၉၁၇ကျပ် အတိုး ရပါတယ်)။ ၆% နဲ့ဆို (ကျပ်သိန်း တစ်ထောင်အတွက် တစ်ရက်ကို ၁၆၄၃၈ ကျပ် အတိုးရပါမယ်)။
တစ်နှစ်စာအတိုးကို ၃၆၅ နဲ့ စားပြီး တွက်ထားတာပါ။ တိုးရင်းပေါင်းမဟုတ်ပါဘူး။
(သိသူများ ပြောပေးပါ)။
Call deposit မရှိခင်တုန်းကဆို ဘဏ်တွေမှာ လဆန်းရက်တွေပဲ လူများတာပါ။
- ဘဏ်တွေ အနေနဲ့က ရက်ပိုင်းပဲလာအပ်တဲ့ငွေကို မသုံးရပဲ၊ အတိုးထိုင်ပေးရသလို ဖြစ်နေတာပါ။ ဘဏ်ဆိုတာက အပ်ငွေကို ပြန်ချေးပြီး (multiplier effect) နဲ့ သွားရတာပါ။ အဲဒါနဲ့ပဲ ကိုက်အောင် ရွှေ(သို့) ဒေါ်လာဝယ်စုကြပါတယ်။ အရင်ကတော့ call deposit အတိုးကို customer အပြိုင်ခေါ်တဲ့အနေနဲ့ ဗဟိုဘဏ်က ပေးထားတဲ့ range အတွင်းမှာ အမြင့်ဆုံးတွေ ပေးကြတာပါ။ အခုက တချို့ဘဏ်သေးတွေက အနိမ့်ဈေးကို ပြောင်းလိုက်တာပါ။
(ကျွန်တော့်အထင် ဗဟိုဘဏ်က ဒေါ်လာဈေးတွေတက်လာလို့ ဒေါ်လာစုတာကို သတိပေးတာက တစ်ကြောင်း၊ ဘဏ်ကြီးတွေလို မတောင့်နိုင်တာက တစ်ကြောင်း call deposit အတိုးကို ၈% ကနေ ၆% လျှော့တယ်ထင်ပါတယ်)။
- အခုအတိုင်းဆို အတိုးမလျှော့တဲ့ KBZ တို့ AYA တို့မှာ call deposit အကောင့်ဖွင့်တဲ့သူတွေ များကုန်မှာပါ။ အဲ့ဒီဘဏ်တွေလည်း တစ်ချိန်မှာတော့ လျှော့နိုင်ပါတယ်။ လောလောဆယ် မလျှော့သေးတဲ့အကြောင်းပြောတ
- ဘဏ်ကြီးတွေက မလျှော့သေးတာက နိုင်ငံခြားဘဏ်တွေမလာခင် မားကတ်ကို ဦးထားချင်တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်က အတည်ပြုလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုဥပေဒေသစ်
ဒီရက်ပိုင်းဆို AYA ဘဏ်က(ကားတွေ ကွန်ဒိုတွေကို ၅နှစ် အရစ်ကျ စနစ် မိတ်ဆက်လာသလို၊ သိန်း ၅၀ကို ရက် ၅၀ အတိုးမပေးရတဲ့ အကြွေးဝယ်ကဒ် (credit card အစစ်)လည်း မိတ်ဆက်လာပါတယ်။ CB, KBZ မှာလည်း credit card ရှိပါတယ်။ ဒါပေမယ့် ဘဏ်အကောင့်မှာ သိန်း ၅၀ ကိုlock လုပ်ထားပါတယ်။ Credit cardတွေအားလုံး နိုင်ငံခြားမှာပါ သုံးနိုင်ပါတယ်။
AYA credit card မှာတော့ ATMမှာ ငွေသားထုတ်သုံးရင် တစ်သိန်းကို ၆၀၀၀ ဖြတ်ပါတယ်။ ဆိုင်တွေမှာ ကဒ်နဲ့ရှင်းရင်တော့ တချို့ဆိုင်တွေမှာ ၅% discount ရပါတယ်။ market place တို့မှာ ဈေးဝယ်တဲ့သူတွေ၊ ပိုက်ဆံအများကြီး မကိုင်ချင်သူတွေအတွက် တော်တော် အဆင်ပြေပါတယ်။ သိန်း ၅၀ လောက် သုံးတာကို ရက် ၅၀ အတိုး မပေးရတဲ့အတွက်။ အကြေးရရင် ဆင်တောင် ၀ယ်ချင်တဲ့ မြန်မာလူမျိုးနဲ့တော့ အကိုက်ပါပဲ။ ရက် ၅၀ အတွင်း ပိုက်ဆံ ပြန်မထည့်ရင်တော့ တစ်ရက်ကို ၁% အတိုး ပေးရမှာပါ။
- အခု လူတော်တော်များများက saving တွေပါ အတိုးလျှော့တယ် ထင်ကြပါတယ်။ saving အတိုး က ဘဏ်တော်တော်များများက အတူတူပါပဲ။
Fixed deposit တစ်နှစ်အပ်ငွေကို ၁၀% ပေးတယ်၊ ချေးငွေကို ၁၃% နဲ့ ပြန်ချေးတယ်။ saving အတွက် အတိုးက အရင်အတိုင်းပါပဲ။
အလွယ်ပြောရရင် သင်က ဘဏ်မှာ သိန်း တစ်ရာကို တစ်နှစ်ပုံသေအပ်ထားရင် တစ်နှစ်ပြည့်ရင် သင့်ဘဏ့်အကောင့်မှာ သိန်း တစ်ရာ့တစ်ဆယ်ရှိမယ်။ ဘဏ်ကလည်း တစ်ခြားလူကို တစ်နှစ် ပြန်ချေးတယ် ကြားထဲကနေ ၂ သိန်း စားမယ်။ (service က ၁%ပါ)
- နောက် လူတော်တော်များများက မြန်မာပြည်ရဲ့ ဘဏ်တိုးနှုန်းက များတယ် ထင်ကြတယ်။ အဲဒါက inflation ငြိမ်နေရင်တော့ ဟုတ်ပါတယ်။ အခုလို inflation က ၁၅% လောက် ဖြစ်နေတဲ့အချိန်ဆို
negative interest rate တောင် ဖြစ်နေတာပါ။ ထိုင်း မှာ (inflation က ၀.၄၆%၊ Interest rate 2%)၊
ဗီယက်နမ်မှာ (inflation က ၂.၂၈%၊ interest 7%)၊ လာအိုမှာ (inflation က ၁.၁၃%၊ Interest rate က ၅%)။ ဂျပန်မှာဆို ဘဏ်မှာ ငွေလာအပ်ရင် အတိုးမပေးတဲ့အပြင် ၀န်ဆောင်ခတောင် ပြန်ပေးရပါသေးတယ်။
NLD အစိုးရအနေနဲ့လည်း inflation ကို ထိန်းပြီး၊ အပ်ငွေကော ချေးငွေကောအတွက် ဘဏ်တိုးနှုန်းတွေကို အဆင်ပြေစေမယ့် နှုန်းထားတွေအဖြစ် သင့်လျော်သောအချိန်မှာ လျှော့ချစေချင်ပါတယ်။
အချက်အလက်တွေ မှားနေတာ၊ လိုအပ်နေတာကို ထောက်ပြ၊ ဖြည့်ဆွတ် ပြောနိုင်ပါတယ်။
အားလုံးပဲ စီးပွားလာဘ်လာဘတွေ တိုးပွားပါစေ။
Aung Moe Lwin
3.10.2016
-
မူရင်း Aung Moe Lwin
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။